" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Monday, September 16, 2013

Facebook မှာ #Hashtag သုံးပေးပါ။

Lobster dinner .... #Lobster

ကိုယ့်ဆီမှာ မြန်မာ ဖန်ပေ့ခ်ျ တွေကို LIKE လုပ်ထားတာ နည်းတယ်။

ဖေ့ဘွတ် Home Page မှာ မျက်စိရှုပ်မှာ စိုးလို့ Myanmar Fan Page ဖန့်ပေ့ခ်ျတွေကို LIKE မနှိပ်ထားတာပါ။

ဒါပေမယ့် တခါတလေ ... မြန်မာသတင်းတွေကို up to date သေသေချာချာ ... တကယ့်ကြုံတွေ့ရတဲ့သူတွေက ဆိုရှယ် ဆိုဒ်တွေကနေ တဆင့် ပြောပြတာမျိုး အသိပေးတာမျိုးတွေ ဖတ်ချင်တယ်။ သူတို့ အတွေ့အကြုံတွေကို မျှဝေတာမျိုးပေါ့ ....

ဒါပေမယ့် မြန်မာတွေက #Hashtag ကို အသုံးနည်းနေသေးတယ်။ သုံးကို မသုံးကျတာပါ။

ဒီဘက်မှာ တော်တော်လေး သုံးပါတယ်။ ဥပမာ - ကော်ရိုရာဒိုပြည်နယ်မှာ ရေကြီးတယ်။ အဲဒီပြည်နယ်က ဒေသခံတွေရဲ့ ဓာတ်ပုံတွေကို တိုက်ရိုက်မြင်ရတယ်။ သူတို့နဲ့ သူငယ်ချင်းမဟုတ်၊ ဖန်ပေ့ခ်ျ ကနေ တဆင့်မဟုတ်ပဲ .... တကယ့် ကြုံတွေ့နေရတဲ့လူကို တိုက်ရိုက် ဆိုရှယ်ဆိုဒ်ကနေ တဆင့် တွေ့ရတာမျိုး ...

#coloradoflood ရိုက်ပြီး ရှာလိုက်ရင် ဓာတ်ပုံနှင့် အကြောင်းအရာကို up to date ( New Feed ) ချက်ချင်းတက်လာတဲ့ သတင်းတွေကို တွေ့ရတယ်။

It's like twitter.

ဒီနေ့ဆိုရင် #NavyYardShooting ဆိုပြီး ရိုက်လိုက်ရင် Home page မှာ သတင်းတွေ ချက်ချင်း မြင်နေရတယ်။

မြန်မာဆိုရင်လည်း ရေကြီးသတင်း ( သို့မဟုတ် ) မလေးရှားသတင်း ... စင်ကာပူသတင်း .. အဲဒီရှေ့မှာ
 #Motehinkar  
#MyanmarMovie 
 #DawAungSanSuKYI  
#WuttMoneShweYi ...  
#MandalayFlood 
အဲလိုမျိုးလေး ထည့်ပေးထားရင် ကောင်းမယ်။

ရိုးရိုး သာမာန်လူတစ်ယောက်ရဲ့ မျှဝေတဲ့ သတင်းတွေကို ဆိုရှယ်ဆိုဒ်ကနေ တဆင့် မြန်မြန်ဆန်ဆန် ရှာဖတ်နိုင်အောင် #Hashtag သုံးတာ ပိုကောင်းတယ်။

( အဓိက ဖတ်ချင်တာက မြန်မာက Up to date သတင်းတွေ ... ) ဖန်ပေ့ခ်ျတွေက ဟိုလူဆီက ကော်ပီကူး .. ဒီလူဆီက ကော်ပီကူးနှင့် .. 
ဒီနေ့ ရှယ်ထားတဲ့ တွန်ခရုစ် ဟာသတောင် အဲဒီ ဖန်ပေ့ခ်ျက ကော်ပီကူးပြီး ခပ်တည်တည်နှင့် တင်ထားတာတဲ့ ။ 
မူရင်းပိုင်ရှင်က သွားပြောတာတောင် ... သူ့ဖန်ပေ့ခ်ျမှာ အဲဒီ တွန်ခရုစ် ဟာသ တင်လို့ နာမည်ကြီးတာတဲ့ ... ဟီး ဟီး ( လေပါတယ်။ သူခိုးက ပြန်ဟစ်နေသေးတယ်။ )

ဒီလိုမျိုး #Hashtag တွေ သုံးလိုက်လို့ ရှိရင် သူငယ်ချင်း မများလည်း၊ ဖော်လိုဝါ မများလည်း၊ ဖန်ပေ့ခ်ျ မဟုတ်လည်း #Hashtag သာ ဖော်ပြထားရင် ဖေ့ဘွတ် ဆိုရှယ်ဆိုဒ်ကနေ တဆင့် မြင်ရလွယ်ကူတယ်။

ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အရှေ့ကနေ #Hashtag ထည့်ပြီး ရိုက်လိုက်ရင် သူအကြောင်း ပြောဆိုနေကြတာတွေ သူ့ ဓာတ်ပုံတွေကို တွေ့နေရမှာပါ။
eating dinner
 
ဥပမာ - ဒေါ်အောင်ဆန်းစုကြည် သတင်း၊ ဓာတ်ပုံတွေ ဆိုရင် #DawAungSanSuKyi တဆက်တည်း ရိုက်ထည့်ထားပါ။ 
အဲဒါဆို သူ့အကြောင်း ဖတ်ချင်တဲ့လူက ဖေ့ဘွတ် Search နေရာမှာ  
#DawAungSanSuKyi
ရိုက်ပြီး ရှာရင် သတင်းတွေကို တစုတစည်းတည်း မြင်နေရမှာပါ။
 မုန့်ဟင်းခါး ဆိုရင်လည်း 
#Motehinkar 
#MyanmarTraditionalfoods အဲလိုမျိုးလေး ထည့်ပေးထားတာ ပိုကောင်းတယ်ဆိုတာ ပြောချင်ပါတယ်။  
#Myanmar ဆိုတာပါ ပါရင် မြန်မာနှင့် သက်ဆိုင်တမျှ အားလုံး တစုတစည်းတည်း မြင်နေရမှာပါ။ 
( အခု ရေးထားတဲ့စာတွေက ဖေ့ဘွတ်မှာ ရေးပြီးမှ ဘလော့ပေါ်မှာ လာတင်ထားတာမို့ ... ကော်ရိုရာဒို နှင့် နေဗီ ကို ကလစ်နှိပ်ကြည့်ရင် ဖေ့ဘွတ်မှာ ရှိတဲ့ သူတို့ သတင်းတွေ တွေ့နေရမှာပါ။ )




 

Saturday, September 7, 2013

ဖေ့ဘွတ်ခ် အကောင့်


ကိုယ့်ရဲ့ fb user name = thetnandar.myanmar ဖေ့ဘွတ်ခ် အကောင့် ... ကို ဖွင့်တော့ ဖေ့ဘွတ်ခ်က မေးခွန်းတွေ မေးနေတာ ကိုယ် မဖြေနိုင်ဘူး။ အဲဒါနဲ့ အခု ဖေ့ဘွတ်ခ် မှာ အဲဒီ အကောင့် မရှိတော့ပါဘူး။ ဖေ့ဘွတ်ခ်က ဖျက်ပလိုက်တာပါ။

စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလေ။

အဲဒီ အကောင့်နှင့် Facebook Fan page & Follow တွေကို Interest မှာ Like မနှိပ် ... Follow မလုပ်ပဲ List ထဲ ထည့်ပြီးသိမ်း ...



အရင်တုန်းက ဒီ ဘလော့ အောက်နားမှာ facebook interest list ဆိုပြီး list ထည့်ထားပေးထားတယ်။


အဲဒါ အခု အဲဒီ အကောင့်က ဖွင့်မရတော့ဘူး။ ဓာတ်ပုံတွေကို မှန်ကန်အောင် ဖြေဆိုနိုင်မှ အကောင့်ပြန်ရမယ့်ပုံပဲ ...

ထားလိုက်ပါတော့ အဲဒီအကောင့်မှာက လူပေါင်းစုံမို့ ကိုယ် ဖြေနိုင်မှာ မဟုတ်ဘူး။ တချို့ နည်းနည်းလောက် သိကျွမ်းတဲ့ လူတွေကိုတောင် ကိုယ် နာမည် မေ့နေတယ်။

a ရိုက်လိုက် ... အေ နှင့် စသော နာမည်တွေ လိုက်ကြည့်မှ မှတ်မိတယ်။ လူကို သိတယ်။ နာမည်မေ့နေတာ။ နာမည် မြင်ရင်တော့ မှတ်မိလို့ တော်သေးတယ်။

ဒါပေမယ့်လည်း တချို့ ဓာတ်ပုံတွေကို ကိုယ် ဘယ်လိုမှ မဖြေနိုင်ဘူး။

မနေ့ကတည်းက ဖွင့်မရလို့ ၅ နာရီ တခါ အဲဒီ အကောင့် သွားပြီး ဓာတ်ပုံတွေကို နာမည်ဖြေနေတာ။ အခုတော့ စိတ်လျှော့လိုက်ပြီ။ 

သိမှ မသိတာ။ ၂ ခေါက် ၃ ခေါက်လောက်ပဲ မှန်အောင် ဖြေနိုင်တာ ... အားလုံး မဖြေနိုင်တော့ မရတော့ဘူးလေ။

အဲဒီ အကောင့်ကို ဖေ့ဘွတ်ခ်က ဖျက်လိုက်တာ ... မပြောပဲ ဒီအတိုင်း ထားလိုက်မလို့ပါပဲ ...

ဒါပေမယ့် မတ်ဆေ့ခ်ျတော့ ပေးလိုက်မယ်။

ဖေ့ဘွတ်ခ်ကို အကောင့်တစ်ခု ... ထပ် ပိုသုံးရင် ဖေ့ဘွတ်ခ် လော့ဂင် ၀င်တိုင်း www.facebook.com ကနေ သွားဝင်ပါ။ အကောင့်တစ်ခုကို ဆိုင်းအောက် လုပ်ထားပြီးတဲ့ နေရာကနေ ထပ်မ၀င်ပါနှင့် ....

ဖေ့ဘွတ်ခ် ဒေါ့ကွန်ကနေ ပဲ ၀င်ပါ။ ထရက်ကင် ကွတ်ကီးတွေနှင့် ဖမ်းထားတာမို့ ဖေ့ဘွတ်ခ် အကောင့် lock ကျတာတို့ fake အကောင့်ဆိုပြီး ဖေ့ဘွတ်ခ်က လုပ်တတ်တယ်။

အဲဒီ အကောင့်ကို ကိုယ့်အထင် ဘယ်သူမှတော့ အားအားယားယား ရီပို့ မလုပ်လောက်ပါဘူး။ အဲဒီ အကောင့်က မသုံးတာ တော်တော်ကြာပါပြီ။

မနေ့က ဂျီမေလ်းကနေ thetnandar.myanmar ဖေ့ဘွတ်ခ် မတ်ဆေ့ခ်ျ တက်လာလို့ ယောင်ပြီးတော့

ကိုယ့် သုံးနေကျ ဖေ့ဘွတ်ခ် thetnandar အကောင့် သုံးလက်စ နေရာကနေ ဂျီးမေလ်းထဲက thetnandar.myanmar ဖေ့ဘွတ်ခ် မတ်ဆေ့ခ်ျကို နှိပ်လိုက်တာ ... အဲဒီ အကောင့် အဲလို ဖြစ်သွားတယ်။ 


မနေ့ကတည်းက ထိုင်ဖြေနေတာ .. စိတ်လေသွားပြီ။
ထားလိုက်တော့မယ်။
ဖြေရင်း ဖြေရင်း ပို ... ပို ဝေးသွားတယ်။

Myanmar Facebook Fan page နှင့် Follow တွေကို ပြန်ပြီး interest list ပြန်စုရတော့မယ်။

လောလောဆယ်တော့ မအားသေးဘူး။ နောက်မှ ပြန်စုတော့မယ်။

သတင်းထူးတွေကို ကိုယ့်အမ ဖေ့ဘွတ်ခ် ဝေါ်မှာပဲ သွားကြည့်လိုက်တယ်။ သူ့က သတင်းစုံတယ်လေ။





ဘလော့က Google reader ပိတ်လိုက်တာ တော်တော်ဆိုးပါတယ်။

အဲဒါကြောင့် ကိုယ်လည်း ဘလော့တောင် မဖတ်ဖြစ်တာ သင်္ကြန်ပြီးကတည်းကပဲ ...

အခု လက်ရှိသုံးနေတဲ့ အကောင့်က တယ်လီဖုန်းနံပါတ် verify account ထည့်ထားတယ်။

ဂိမ်းကစားတဲ့ လူတွေက ဂိမ်း Fan page မှာ Add me please လို့လည်း ပြောသေးတယ်။

ကိုယ်က Game friend request - add တာပေါ့ ... တချို့က မသိပါဘူး .. No ပါ လုပ်လိုက်တော့ ကိုယ့်ကို ဖေ့ဘွတ်ခ် က နှစ်ကြိမ် ၇ှိသွားပါပြီ။

Message မတ်ဆေ့ခ်ျ နှင့် Friend request ဖရန့်ရီကွတ်စ် အပ်ခွင့် နှစ်ကြိမ် ပိတ်ပလိုက်တယ်။ တစ်ခါ ပိတ်ရင် ၂ ပတ် ( ၁၄ ) ရက် ....

အားအားယားယား ... သူတို့ကလည်း အပ်ခိုင်းသေးတယ်။ အပ်တော့လည်း နိုး လုပ်တော့ နေ၇င်း ထိုင်ရင်း ဖေ့ဘွတ်ခ် ဂျေးလ် Facebook Jail ထဲ ကျသွားတယ်။

ဒါကြောင့် နောက်ပိုင်း ဖရန့် မအပ်တော့ဘူး။ သူတို့ကိုပဲ အပ်ခိုင်းလိုက်တယ်။ အပ်မီ ဆိုပြီး ...

ကိုယ့်ကို ဖရန့်အဖြစ် လာအပ်လာရင် အဲဒီ လူရဲ့ ဖေ့ဘွတ်ခ် ပရိုဖိုင်းကို မကြိုက်ရင် Cancel သာ လုပ်လိုက်ပါ။ နိုး ဆိုရင် သူ့ကို ဘလော့ခ် လုပ်သလို ဖြစ်ပြီး ဖေ့ဘွတ်ခ် ရဲ့ ကွန်ပြူတာ စစ်စတန်အရ အဲဒီ လူဟာ ဖရန့်ရီကွတ် ဘန်းခံရတတ်တယ်။