" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Monday, June 17, 2013

EA had finally deleted Petsociety















Pet Society ဂိမ်းကို ဇန်န၀ါရီ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်ကတည်းက စတင် ကစားလာခဲ့တာပါ။ ဒီကနေ့ဆိုရင် ၃ နှစ်ကျော်သွားပါပြီ။


ဒီနေ့ ဂိမ်း မပိတ်ခင် ကိုယ့်ရဲ့ cooking level




RIP










ခရစ်စမတ်




ရေချိုးခန်း


ယုန်


ကြောင်


ပျား 




အလှပြင်ခန်း ( ဆံပင်ဆိုးဆေး မှန်တင်ခုံများ )


ဝါ

 
 စိမ်း


နီ


ပြာ

 

မီးပိတ်ထားသော ငါးကန်အလှ


မီးမပိတ်ထားသော ငါးကန်


မီးပိတ်ထားတာ



မီးပိတ်လိုက်ရင် ပြူတင်းပေါက်ကနေ တံတားအလှ ရှုခင်းကို မြင်ရတယ်။

 

ပန်းခြံထဲမှာ ကော်ဖီ စားပွဲ




ကလေး အခန်း

 

အချစ်


ခရစ်စမတ် မုန့် ရောင်းသော မုန့်ဆိုင်


ဂျပန်မုန့် ရောင်းသော ဂျပန်စားသောက်ဆိုင်


Winter Season


Spring Season



Summer Season


 Fall Season



Office














မူကြိုကျောင်း


မနေ့ည အမေရိကား အရှေ့ဘက်ခြမ်း ( US - EST Time ) အချိန် ည ၁၀ နာရီလောက်ကပဲ ဂိမ်းကစားဖော် သူငယ်ချင်းတွေရဲ့ Facebook - Wall ပေါ်မှာ ကိုယ် ရေးခဲ့တဲ့ စာများ ...

In the next morning we're afraid that our pets will not be there. Have a good night, James.!

နောက်တစ်ယောက် Wall ပေါ်မှာ ကျတော့ ကိုယ် ရေးခဲ့တဲ့ စာက - 

I wonder if I'm going to see #Petsociety again tomorrow morning? 

EA က Pet Society ဂိမ်းကို June 14, 2013 ပိတ်မယ်လို့ ကြေငြာပေမယ့် မနေ့က June 16 အထိ မပိတ်သေးလို့ မျှော်လင့်ချက်များစွာနှင့် မပိတ်ပါစေနှင့် ဆုတောင်းရင်း ... ပိတ်သွားခဲ့ရင် ဆိုပြီး စိတ်ပူနေမိခဲ့တာပါ။

မနက် မိုးလင်း ကလေးတွေ ကျောင်းသွားကြပြီးနောက် ... ကိုယ်တယောက်တည်း ... မနက် ၇း၅၅ မိနစ်လောက်မှာ ကွန်ပြူတာဖွင့် ဖေ့ဘွတ်ထဲ ၀င်ကြည့်မိလိုက်တော့ EA က Pet Society ဂိမ်းကို လွန်ခဲ့တဲ့ ၄ နာရီ ပတ်ဝန်းကျင်လောက်က Facebook ဂိမ်း တွေ ထဲကနေ Shut down လုပ်သွားတာကို သူငယ်ချင်းများ Facebook wall ပေါ်မှာ ရေးထားတာ တွေ့လိုက်ရသလို .. ချက်ချင်း ကိုယ့်ရဲ့ pet socity game ကို ဖွင့်ကြည့်လိုက်တော့ ( အပေါ်ဆုံးက Photo ) - သရဲဂိမ်းက Pet Society ဂိမ်းနေရာမှာ အစားထိုး နေရာယူထားပါတော့တယ်။ 

My Pet's name Goldie & her friends ( B4 Pet Society Game Retire )


I'm really sorry, we won't see Pet Society in christmas anymore. Goodbye, Baby Pika!


A Hard Time to Say Goodbye, Jenna Pud .... Thank you for all the wonderful time.



Good bye, C.C. Thank you for all the good time. We will miss you. We all hope you have a wonderful time ...


Thank you for all these wonderful time.


 We are in Heaven.We can still play #PetSociety in Heaven!



 I can stay #play #Petsociety, I'm not sure when the Petsociety gone end.

June 14, 2013 မှာ Petsociety က ပိတ်မယ်ဆိုပေမယ့် စနေနေ့ တုန်းက သူငယ်ချင်းရဲ့ အိမ်တွေကို လည်လို့ ရနေသေးတာမို့ ပျော်နေတဲ့ အချိန် အမှတ်တရ ...



EA က Pet Society ဂိမ်းကို June 14, 2013 မှာ ပိတ်မယ် ကြေငြာပေမယ့် June 17, 2013 မှာ တကယ် ပိတ်သွားပါတယ်။ 

သောကြာနေ့ ပိတ်မယ် ပြောပေမယ့် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ထိ မပိတ်သေးပဲ ရုံးဖွင့်ရက် တနင်္လာနေ့ မနက်မှာ ဂိမ်းကို အပြီးအပိုင် ပိတ်သိမ်းလိုက်တာပါ။ အဲဒီဂိမ်းက Facebook ပေါ်မှာ ၄နှစ်နီးပါးလောက် သက်တမ်း ကြာရှည်ခဲ့ပါတယ်။ သူတို့ Facebook နှင့် နောက်ထပ် စာချုပ် အသစ် ထပ်မချုပ်ဖြစ်တာလည်း ပါသလို ... အဲဒီဂိမ်းကို ဂိမ်းကစားတဲ့ လူ တော်တော်များများက နောက်ပိုင်း တကယ့်ပိုက်ဆံဖြင့် သုံးပြီး မကစားကြတော့တာလည်း ပါ ပါတယ်။ 

EA ဂိမ်း company က သပ်သပ် .. Facebook က သပ်သပ်ပါ။ EA က ဖေ့ဘွတ်ပေါ်မှာ ဂိမ်း အများကြီးပဲ ရှိပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ အရှုံးပေါ်ရင် သူတို့ဂိမ်းတွေကို ပိတ်ပစ်လိုက်တတ်တာ များပါတယ်။ ဒီ Pet Society ဂိမ်းပဲ ၄ နှစ်သက်တမ်း ကြာတာပါ။ တခြားဂိမ်းတွေဆိုရင် ၂ နှစ် သက်တမ်းလောက်ပဲ ရှိပါတယ်။ 

အဲဒီ ဂိမ်းကို online game သပ်သပ်လည်း မထုတ်ထားသလို CD ဂိမ်း လည်း မထုတ်ထားပါဘူး။ ဥပမာ PS3 တို့လိုမျိုး အဲလိုမျိုးလည်း ဂိမ်း ဆော့ဝဲလ် မထုတ်ထားပဲ Facebook နှင့် စာချုပ် ချုပ်ပြီး Facebook ကနေ တဆင့် ဆော့ရတဲ့ ဂိမ်းကစားနည်း တမျိုးပါ။ 

ကိုယ့် ဖေ့ဘုတ်ကို စသုံးသုံးချင်း အဲဒီဂိမ်းကို ဆော့ကစားလာတာမို့ အခု အဲဒီဂိမ်း ဖြတ်သိမ်းလိုက်တော့ ဖေ့ဘုတ်တောင် သုံးချင်စိတ် ပျောက်သွားတယ်။ 

အဲဒီဂိမ်းကို တကယ့်ပိုက်ဆံနှင့် ကိုယ့်တို့ သားအမိ သုံးယောက် ဆော့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကတည်းက အမေရိကားကနေ ပိုက်ဆံသွင်းပြီး ဆော့ကစားလာတာပါ။ 

အဲဒီဂိမ်းက ယဉ်ကျေးတဲ့ ဂိမ်း အမျိုးအစားပါ။ သွေးသံရဲရဲ နှင့် ရက်စက် ကြမ်းကြုတ် သတ်ဖြတ် နေတဲ့ ဂိမ်း အမျိုးအစား မဟုတ်ပါဘူး။ ဒီနေ့ခေတ် ပေါ်ပြူလာဖြစ်နေတဲ့ ဂိမ်း အမျိုးအစားတွေက အရမ်းကို ရက်စက်၊ သတ်ဖြတ် နေတဲ့ ဂိမ်းတွေ ..  သူခိုးဂိမ်း သရဲဂိမ်းတွေ များပါတယ်။ 

အခု Pet Society ဂိမ်းကို ဖြတ်သိမ်းပြီး သူ့နေရာကို အစားထိုး ၀င်လာတဲ့ ဂိမ်းက Zombie ဂိမ်းပါ။


ဗီဒီယို ၀ပ်ဆိုဒ်လင့်များ -

  1. ဒါက သားသား ၃ နှစ်သားလေး Pet Society ဂိမ်း ကစားနေတဲ့ ဗီဒီယို ( မြန်မာမှာ နေထိုင်စဉ် အချိန်တုန်းက ) 
  2.  သားသားနဲ့ သမီးလေး Pet Society ဂိမ်း ဆော့နေစဉ်
  3. ဂိမ်း အိမ်နီးချင်းကောင်းတွေ နဲ့ နောက်လ ဂျွန် ၁၄၊ ၂၀၁၃ ရက်ကျရင် ဖေ့ဘွတ်ဂိမ်းကနေ တွေ့ဆုံခွင့် မရှိတော့လို့ ဂိမ်းဆော့ရင် အိမ်လည်နေသော သားသား 
  4.  June 14,2013 Petsociety Game ပိတ်တော့မယ် ကြေငြာထားလို့ အမြန် သားအမိ ၃ယောက်ဂိမ်းကို browser 2 ခုဖွင့်ပြီး အမှတ်တရ ဗီဒီယို မှတ်တမ်းတင်ထားတယ်။ အဲဒီ ဂိမ်းကို ဆော့တာ သားအမိ ၃ယောက်မို့ ဂိမ်း အကောင့် ၃ ခု မှတ်တမ်း ဗီဒီယို







 































st.patrick's day

Petsociety game က အပြင်မှာ နေ့ထူး ပွဲတော်တွေကို ဂိမ်းထဲမှာ ကျင်းပနိုင်အောင် တပတ် တကြိမ် လုပ်ပေးပါတယ်။ ဒီဂိမ်း ဆော့ကစားလို့ ကိုယ် မြန်မာနိုင်ငံမှာ နေစဉ်ကတည်းက ကမ်ဘာပေါ်မှာ ရှိတဲ့ လူမျိုးပေါင်းစုံရဲ့ ဘာသာစကား ( google translate ) အားကိုးပြီး သုံးတတ်လာသလို ... တခြား လူမျိုးများ၏ ပွဲတော်၊ အခန်းအနားတွေကိုလည်း ရင်းနှီးလာတယ်။ ဒီနေ့ခေတ် Limited အကန့်အသတ် ထုတ်သော ပစည်းများကို ၀ယ်တတ်လာတယ်။ Limited item ဆိုတာကို သဘောပေါက်လာတယ်။




ဂျပန် ပွဲတော်နေ့ဆိုရင် ဒီလိုပစည်းမျိုးတွေ ဂိမ်းထဲမှာ ၀ယ်လို့ရတယ်။



မက်ဆီကန်


အမေရိကန် လွတ်လပ်ရေးနေ့


တရုတ်နှစ်သစ်ကူးပွဲတော်နေ့
အများကြီးပဲ ရှိပါတယ်။ ပွဲတော်နေ့တွေနှင့် အပြင်မှာ ပေါ်ပြူလာ ဖြစ်နေသော လေဒီဂါဂါ ဒီဇိုင်းမျိုးတွေ ... ဂိမ်းထဲမှာ ရှိပါတယ်။









ဂိမ်းထဲက ပစည်းလေးတွေ ၀ယ်ပြီး ကိုယ့် စိတ်ကူးများဖြင့် ကိုယ့်ဘာသာကို အခန်းပြင်ဆင် ကိုယ့်ရဲ့ Pet ကို ခြယ်မှုန်းပေးရတာပါ။

















Facebook ( Group ) - Please Save Pet Society

အဲဒီ ဂရုက အိုပန် ဂရုပါ ... ဒီနေ့ အဲဒီ ဂိမ်း ပိတ်သွားပြီမို့ အီအေ ကမ်ပနီကို ပေါက်ကွဲနေတဲ့ ဂိမ်းပရေရာ တွေရဲ့ ပေါက်ကွဲသံစဉ်တွေကို သွားဖတ်ကြည့်လို့ ရပါတယ်။

ကိုယ်ကတော့ တရား သဘောနှင့် ဖြေပါတယ်။
တော်တော်လေးလည်း တရား ရပါတယ်။
အဲဒီဂိမ်းကို လွန်ခဲ့တဲ့ လ သင်္ကြန်မတိုင်ခင်ကတည်းက ဂိမ်း ပိတ်သိမ်းတော့မယ် ဆိုတာ ကြေငြာပီးသားမို့ ဂိမ်းထဲက ( တကယ့် ဒေါ်လာနှင့် ၀ယ်ထားသော - ဂိမ်းကစားသော ပိုက်ဆံ ) တွေကိုလည်း အကုန်သုံးခဲ့ပြီးပါပြီ။

သေတော့မယ့် နေ့ကို target ရက် ပေးထားသလိုမျိုးပဲ .. ဘယ်လိုနေရမယ် .. ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ သဘောပေါက်လာပါတယ်။

ဒါကြောင့်မို့ ဒီရက်ပိုင်း ... ဖေ့ဘွတ်မှာ အဲဒီဂိမ်းကို ဆော့ကစားနေတာ ... အရင်တုန်းက မသုံးရက်၊ မစားရက် တဲ့ ဂိမ်းထဲက အစားအသောက် လှ လှ ပ ပ လေးတွေ .. ပိုက်ဆံချွေတာပြီး ၀ယ်ချင်တာကို မ၀ယ်ဘဲ ထားခဲ့တဲ့ ပစည်းလေးတွေလည်း ဒီရက်ပိုင်းအတွင်း ဂိမ်းထဲမှာ ၀ယ်၊ စား၊ နေထိုင်လိုက်တယ်။ ဂိမ်းထဲက သူငယ်ချင်းတွေအိမ်သွားလည် စာလေးတွေ ရေး .. ဂိမ်းကစားဖော် ဂိမ်းကစားဖက်မို့ ရင်ဘတ်ခြင်း တူပါတယ်။

ကိုယ့်ဘလော့ မှာ - ဒီပိုစ့် အောက်နား .. ကော်ပီ မကူးဖို့ တားမြစ်ထားတဲ့ စာ အောက်နားမှာ ...

Facebook - Interest ဆိုတာ ရှိတယ်။ အဲဒီမှာ List တွေ အများကြီး ထည့်ထားတယ်။

 ဖေ့ဘုတ် ရဲ့ Fan Page များနှင့် Follow သမားတွေကို Interest ထဲမှာ List ထည့်ထားပါတယ်။

ဥပမာ -

Myanmar - Blogger - ကို နှိပ်လိုက်ရင် ဖေ့ဘုတ် ကို ရောက်သွားပါလိမ့်မယ်။


အဲဒါ Thet Nandar.Myanmar - FB a/c နှင့် FB စီထားတာပါ။

တကယ့်တန်း ကိုယ့် နေ့စဉ် ပုံမှန် သုံးတာက ဒီဘက်က ဖေ့ဘုတ် အကောင့်မို့ အဲဒီ List တွေကို ကိုယ်က Follow လုပ်လိုက်တယ်။
အဲဒါဆို Facebook - Home Page က Interests ထဲမှာ List ရောက်သွားလိမ့်မယ်။ အဲဒီအခါမှာ သူ့ဘေးနားက Myanmar-blogger ဘေးနားမှာ ခဲတံ ပုံစံလေး ရှိတယ်။ အဲဒါကို နှိပ်လိုက်ရင် Add to Favorites ဆိုတာ နှိပ်လိုက်ရင် အပေါ်ကို တက်သွားမယ်။
Facebook - Favorites မို့ အသစ်တွေ new feed တက်နေရင် ဘေးနားမှာ ဂဏာန်းလေးနှင့် မြင်နေရပါတယ်။

ကိုယ့် အသုံးများတဲ့ ဖေ့ဘုတ်ကနေပဲ Follow လုပ်ပြီး မြန်မာသတင်းတွေ နေ့တိုင်း ဖတ်တတ်ပါတယ်။

စကားမစပ် -
ကြိုက်နှစ်သက်ဆုံး၊ ရေပန်းအစားဆုံး
UK - အခေါ် - Favourite
US - အခေါ် - Favorite

အဲလိုလေး ကွာပါတယ်။ ကိုယ့်က မြန်မာနိုင်ငံ ပညာရေး စနစ်အောက်မှာ သင်လာတာမို့ UK စတိုင်ပါ .. Favourite Memories လို့ပဲ သုံးပါတယ်။

Colour ( UK - တနည်းအားဖြင့် အမေရိကား အပြင်ဖက်က တိုင်းပြည်တွေ အသုံးများပါတယ်။ ) - Color ( US ) ကိုယ့်ရဲ့ wordpress blog name တွေ စာလုံးပေါင်းက UK  စာလုံးပေါင်း အတိုင်းပါပဲ။

နောက်တခုက သီရိရတနာ ပါ။ မြန်မာမှာ တရားဝင် ရတနာ အင်္ဂလိပ် စာလုံးပေါင်းက Yadanar

အသံထွက်ကြည့်ရင် ရ ... ဒါ .. နာ  ...

သီရိ = ကျက်သရေ .. ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော ရတနာမို့ Yatanar လို့ပဲ ကိုယ်ပေါင်းပါတယ်။

ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော ရ .. ဒါ .. နာ ဆိုတဲ့ အသံထွက် စကားလုံးကို မကြိုက်လို့ပါ။ 

အဲဒီ Yadana  စာလုံးပေါင်းကို မကြိုက်လို့ သီရိရတနာကို Thiri Yatanar လို့ ကိုယ့်ဘာသာကို စာလုံးပေါင်းထားတာပါ။ မြန်မာက တရားဝင် စာလုံးပေါင်း မဟုတ်ပါဘူး။

တကယ့် တရားဝင် စာလုံးပေါင်း က Yadanar
( အိုကေ နော် ... ဘယ်သူ့မှတော့ လည်း မေးလို့ မဟုတ်ပါဘူး။ စကားစပ်ရင်း ပြောပြတာ )

ရုံးပိုင်းဆိုင်ရာ စာရွှက် စာတမ်းတွေမှာ နာမည် စာလုံးပေါင်း သတ်ပုံ မှားသွားမှာစိုးလို့ သတိပေးတာပါ။ မြန်မာမှာ တရားဝင် ပေါင်းသော ရတနာ အင်္ဂလိပ်စကားလုံးက Yadanar ...

နောက်တခုက - ILBC ( Private School ) က GCE - အင်္ဂလန် စတိုင်ပါ။
ISM, YIS ... ( Myanmar Private School ) က အမေရိကန် စတိုင်ပါ။

နိုင်ငံတကာကနေ မြန်မာမှာ ပြန်အခြေချချင်တဲ့လူတွေ ကလေးတွေကို ကျောင်းထားတဲ့ အခါ အတွေ့အကြုံ တခု အနေနှင့် မတ်ဆေ့ခ်ျပေးတာပါ။ တချို့က မြန်မာက ပုဂလိက စာသင်ကျောင်းတွေ စာသင်ပုံ စာသင်နည်း တူနေတယ် ထင်နေကြတယ်။ တကျောင်းနှင့် တကျောင်း စာသင်တာ မတူပါဘူး။ စင်ကာပူစတိုင် စာသင်တဲ့ ပုဂလိကကျောင်းတွေလည်း ရှိပါတယ်။ သေချာ စုံစမ်းပြီးမှ ကလေးများကို  ကျောင်းအပ်စေချင်ပါတယ်။

( ISM ကျောင်းက ဒီနှစ်  ကျောင်းလခ ဈေးတက်သွားပါတယ်။ အဲဒါကို သူငယ်ချင်း၏ သူ့ အသိ က " ILBC မှာ ကျောင်းပြောင်းပြီး ထားပါလား  လာပြီး အကြံပေးနေလို့ သက်ရေ " .. တဲ့ ...

အရင်တုန်းက စိတ်နှင့် ဆိုရင် ကိုယ် အဲလိုမျိုး ကြားရင် ရီချင်ပါတယ်။ အခု အချိန်မှာတော့ မရီရက်တော့ပါဘူး။ နားမလည်ပဲနှင့် သွားပြီး လူတတ်ကြီး လုပ်ချင်နေတဲ့ လူတွေကို ခေါင်းပဲ ခါထုတ်ရင်း စိတ်လေမိပါတယ်။ )

ISM ကျောင်းက ဈေးတက်သွားပေမယ့် သူ့ကျောင်းကနေ ထွက်ပြီး ILBC သွားတက်ရင် စာသင်ပုံ၊ စာသင်နည်း ကွာတာမို့ အခက်အခဲ အနည်းငယ်လောက် ရှိပါတယ်။ နောက်ဆက်တွဲလေးတွေလည်း ရှိပါသေးတယ်။ ( အရမ်း မပြောချင်လို့ပါ။ တဖက်သားကို အားနာလို့ပါ )

အမေရိကားကနေ ကျောင်းထွက်လာတဲ့ ကလေးတွေ မြန်မာပြန်ရင် ISM, YIS, YIEC ... မှာ ကျောင်းတက်မှ အဆင်ပြေမှာပါ။ အဲဒီကျောင်းတွေက အမေရိကန် ကျောင်းတွေမှာ သင်ကြားတဲ့ အတိုင်း သင်ယူပုံ သင်ယူနည်း တူပါတယ်။

ILBC က GCE course ပါ။ ( အလွယ် ပြောရရင် အင်္ဂလန် စတိုင်ပါ ) ဘလော့မှာ Google search ကနေ လာဖတ်တတ်သူတို့က ILBC ကျောင်းလခ ဈေးနှုန်းတွေကို လာကြည့်တတ်ပေမယ့် အဲဒီပိုစ့်မှာ ကိုယ် သိပ်ပြည့်ပြည့်စုံစုံ မရှင်းပြဖြစ်ခဲ့ပါဘူး။ လိုမယ် မထင်လို့လည်း ပါ ပါတယ်။

အခုလိုမျိုး သူငယ်ချင်းဆီက ကြားရမှ သေသေချာချာ မသိသေးတဲ့သူများ အတွက် ပြောပြပေးရုံ သပ်သပ်ပါ။

နောက်တခု ထပ်ပြောပြအုံးမယ်။ အခု အမေရိကားမှာ Home Schooling အရမ်းခေတ်စားတယ်။ အေရှန် အသိုင်းအ၀ိုင်းမှာ သိပ် ခေတ်မစားပေမယ့် အဖြူတွေက သူတို့ သားသမီးတွေကို အိမ်ကနေ အင်တာနက်ကနေ တဆင့် သင်ကြားတာပါ။ ဈေးလည်း အရမ်းကြီးပါတယ်။ ကျောင်းလခ တခုတည်း ကုန်သွားတာမျိုး မဟုတ်ပါဘူး။ အနောက်ကနေ စာအုပ်၊ စာတမ်းနှင့် အခြား စရိတ်တွေလည်း အများကြီး ရှိပါသေးတယ်။ ကျုရှင်သဘောမျိုးလို့ အလွယ်တကူ ခေါ်လို့လည်း ရပါတယ်။ သူ့က တရားဝင် ပညာရေး စနစ်ပါ။ ကိုယ်တော့ မကြိုက်ပါဘူး။ လူမှု့ဆက်ဆံရေး ညံ့သွားမယ်။ လူတောမတိုးသလို ဖြစ်သွားမှာ စိုးပါတယ်။


Google reader က July 1 2013 ဆို ပိတ်တော့မှာမို့ New Feed .. blogger's new post တွေကို google reader ကနေ ဖတ်လို့ မရတော့တာမို့ ဒီဘလော့ရဲ့ sidebar ... blog post list မှာ Snippet of most recent item ကို on လိုက်ပါတယ် ... blogpost များကို show all နှိပ်ပီး blog များ ကို ဖတ်လို့ရပါတယ် ...

Recipe blog - 5 ခု ပဲ မြင်ရပေမယ့် Show all နှိပ်ရင် အားလုံး မြင်ရပါတယ် ...

အရင်တုန်းက Snippet of most recent item မ on ပဲ ဘလော့ ၁၀ ခု ... 
အခု - ၅ ခု ပဲ မို့

တော်တော်များများက FB Fan Page သုံးနေပီမို့ အောက်နားမှာ လက်လှမ်းမှီရာ FB Recipe Fan တွေ ကို Food မှာ list လုပ်ထားပါတယ် ...