" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Saturday, April 27, 2013

ယင်ကောင်ဖမ်း ထောင်ချောက် ( Home made fly trap )


( ၁ ) ။   ။

  1. ၂ လီတာ ... ကိုကာကိုလာ အအေးဗူး အဟောင်းကို အပေါ်ထိပ် ၄ပုံ ၁ ပုံ ဖြတ်ပါ။
  2. ထိပ်ပိုင်း ပြတ်နေသော ကိုကာကိုလာဗူး အောက်ခြေ ပေါ်မှာ ဖြတ်စ ထိပ်ဗူး ကို ပက်လက်လန်ပေးပြီး စပ်ထားလိုက်။
  3. အထဲမှာ သကြားရည် ၁ လက်မ အမြင့် ဖြည့်ပြီး အသားတုံး ထည့်ထားလိုက်ပါ။ ( Ham အသားတုံး ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်ရာ အသားတုံး ဖြစ်ဖြစ် သကြားရည်နှင့် စိမ်ပြီး ထည့်ထားလိုက်ပါ။
  4. ပြီးရင် ဖြတ်စ ဗူး ၂ ပိုင်း ဆက်ကြောင်း နေရာမှာ တိတ်ဖြင့် ကပ်ထားလိုက်ပါ။

ခြင်ဖမ်း ထောင်ခြောက် လုပ်ပုံ လုပ်နည်း ထဲက ဗူး ဖြတ်ပုံ ဖြတ်နည်း အတိုင်းပါပဲ ...

၂ လီတာ ကိုကာကိုလာ အအေးဗူး အဟောင်း မရှိရင် သုံးပြီးသား ဖန်ပုလင်းလွတ် အဟောင်း - အ၀မှာ စက္ကူကို ကန်တော့ပုံစံ ခေါက်ပြီး ပုလင်းဝမှာ တပ်ထားပေးလိုက်ပါ။

အထဲမှာတော့ သကြားရည် နှင့် အသားတုံး စိမ်ထားလိုက်ပါ။

၂ လီတာ ဗူးလည်း မရှိဘူး၊ ပုလင်းလည်း မရှိရင် ပန်းကန်ပြား မောက်မောက်ထဲသာ ဆပ်ပြာပူပေါင်းမှုတ်သော bubble juice အရည်သာ ထည့်ထားလိုက်ပါ။ ယင်ကောင်များက ဆပ်ပြာရည်လည်း ကြိုက်လို့ လာနားပြီး မပျံနိုင်ကြတော့ပါဘူး။


( ၂ ) ။  ။

  1. ရေ - 2 cups
  2. သကြား - 1/2 cup 
  3. ရှာလကာရည် ( ဗီနီဂါ ) - 1/2 cup 
အပေါ်မှာ ရေးထားတဲ့ အတိုင်းပါပဲ .. ၂ လီတာ ဆိုဒါ အအေးဗူးအဟောင်းပဲ ဖြစ်ဖြစ်၊ ပုလင်း နှင့် စက္ကူကန်တော့ပဲ ဖြစ်ဖြစ် အထဲမှာ ဖျော်စပ်သော အရည် ဖျော်စပ်ပုံ ဖျော်စပ်နည်း ( မိမိ ကြိုက်နှစ်သက်ရာ ဖျော်စပ်နိုင်သည်။ )

( ၃ ) ။   ။

  1. 2 လီတာ ဆိုဒါ အအေးဗူး အခွံ
  2. ရှာလကာရည် ( ဗီနီဂါ ) - 1 cup 
  3. သကြား - 1 cup
  4. ဌက်ပျော်သီး အခွံ - 1 ခု
  5. ကြိုး
ကိုကာကိုလာဗူး အဟောင်း ကို ၂ ပိုင်းဖြတ်၊ ကန်တော့ကို ပက်လက်လန်၊ ရောစပ်ထားသော ရှာလကာရည်နှင့် သကြားရည် ထဲမှာ ဌက်ပျော်သီး အခွံကို ထည့် ... ပုလင်း အ၀ကို အပေါက် ၂ ပေါက် ဖောက်ပြီး ကြိုးဖြင့် ချည် .. သစ်ပင် မှာ ချိတ် .. မြေပြင်မှ ၄ ~ ၅ပေ အကွာမှာ ချိတ်ထားပါ။

( ၄ ) ။   ။
  1. 2 လီတာ ပက်စီ၊ ကိုကာကိုလာ - ဆိုဒါ အအေးဗူး အဟောင်း ( အဖုံး မလိုပါ ) 
  2. ယို ( သို့မဟုတ် ) ပျားရည်
  3. ကတ်ကြေး
  4. ရေ
  5. ရှာလကာရည်

credit image : Thrifty Fun 

 ( ၅ ) ။   ။


  1. နို့ဗူး အဟောင်း - ၁ ဗူး ( 1 milk jug )
  2. သကြား - 1/2 ခွက်
  3. ရှာလကာရည် - 1 cup
  4. ဌက်ပျော်သီး အခွံ - ၁ ခု
  5. ရေ

 

credit Youtube : Home made fly trap

အကယ်လို့ သစ်ပင်စိုက်တာ ၀ါသနာပါရင် - venus fly trap အပင်ကို ၀ယ်စိုက်လိုက် .. ဒီမှာတော့ ယင်ကောင် စားတဲ့ အပင်ကို ၉ ဒေါ်လာကနေ ဒေါ်လာ ၃၀ ထိ ရှိတယ်။ 

အဲဒီ အပင် မမြင်ဘူးရင် google image မှာ ရှာကြည့်လိုက်ပါ။




Wednesday, April 24, 2013

ခြင်နိုင်ဆေး ( Home made Mosquito Repellent )


credit image : Essante Organics

ဓာတ်ပုံထဲက အချိုးအစား အတိုင်း ပေါင်းစပ်ပြီး ခြင်နိုင်ဆေး လုပ်လို့လည်း ရပါသည်။


Homemade Mosquito Repellent

  1. 15 drops of lavender oil
  2. 3-4 Tbsp of vanilla extract
  3. 1/4 cup lemon juice.

Put in a 16 oz bottle fill bottle with water; shake to combine ingredients and spray away.


Lavender essential oil က ရန်ကုန်  shopping mall တော်တော်များများမှာ ရောင်းတဲ့ ... ဖယောင်းခွက် မှာ အနံမွှေးအောင် ထည့်ရသော အမွှေးဆီ ရောင်းတဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ ရပါတယ်။ 

၂၀၁၁ ခုနှစ်လောက်က lavender oil အမွှေးဆီ ပုလင်း သေးသေးလေးမှ တပုလင်းကို ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ် ပတ်ဝန်းကျင်လောက် ရှိပါတယ်။

( ၁ ) Lavender oil - ၁၅ စက်
( ၂ ) Vanilla extract - ထမင်းစားဇွန်း ၄ ဇွန်း
( ၃ ) သံပုရာရည် - ခွက်၏ လေးပုံ ၁ ပုံ
( ၄ ) ရေ - 2 cups ( 16 Oz )

စပရေးဗူး အဟောင်းထဲ ထည့်ပြီး သမနေအောင် shake လုပ်ပေးလိုက်ပါ။

ဒီနည်းက မြန်မာလူမျိုးများအတွက် အလွယ်ကူဆုံး နည်းလမ်းပါ။

နောက်တနည်းက - 


credit image : Jillee

  1. 2 cups witch hazel
  2. 15 drops citronella essential oil
  3. 15 drops lemongrass essential oil
  4. 5 drops lavender essential oil
  5. 5 drops peppermint essential oil
 အားလုံး ရောစပ်ပြီး စပရေးဗူးထဲထည့် shake လုပ်ပြီး သုံးရုံပါပဲ .. လူ .. မျက်နှာ နားကို မဖြန်းမိပါစေနှင့် ...
  •  ဟေဇယ် အမွှေးဆီက တပုလင်းကို ၆ ဒေါ်လာလောက် ရှိပါတယ်။
  • citronella essential oil - ၃ ဒေါ်လာကနေ ၉ ဒေါ်လာအထိ ရှိပါတယ်။
  • စပါးလင် အမွှေးဆီက လေးဒေါ်လာ သာသာလောက်
  • ခရမ်းပြာနုရောင် လာဗင်ဒါ အမွှေးဆီက ပုလင်း အသေးဆုံးလေးကို လေးဒေါ်လာ
  • ပင်စိမ်းအနံ - ပူရှိန်း အနံ အမွှေးဆီက ပုလင်း အသေးဆုံးလေးကို ခြောက်ဒေါ်လာခွဲ 

ခြင်နိုင် စပရေးဗူးက အမေရိကားမှာ တဗူးကို အများဆုံး ၆ ဒေါ်လာလောက်ပဲ ရှိတော့ အလွယ်တကူ ဗူးတွေပဲ ၀ယ်သုံးကြပါတယ် .. တချို့ကလည်း အိမ်တွင်း ပြုလုပ်သော ခြင်နိုင် စပရေးဗူးကို ပိုကြိုက်နှစ်သက်ကြပါတယ်။

ကိုယ်ကတော့ လာဗင်ဒါ အနံလည်း ကြိုက်တယ်။ သံပုရာ အနံလည်း ကြိုက်လို့ ခြင်နှင်ဖို့ မဟုတ်ဘူး။ အခန်း မွှေးဖို့ နာရီဝက် တကြိမ်လောက် အခန်းမှာ ဖျန်းမိမလားပဲ .. 


တရားသဘောနှင့် ကြည့်ရင် .. ခြင်သတ်တဲ့ ဆေးတွေပဲ .. မလုပ်တော့ပါဘူး။ ခြင်တွေကို သတ်ဖို့ ဆေးတွေ စီရင်နေရအုံးမယ်။ အကုသိုလ်များပါတယ် .. ကွယ် ... :D

စကားမစပ် ပါ .. ကိုယ့်၏ သူငယ်ချင်း ... ဖေ့ဘွတ်မှာ အလူးအလိမ့် နှိပ်ကွပ်ခံရလို့ သူ .. သွားပြန်ပြောတဲ့အခါမှာ ..  တဖက်လူက ဘာသာရေး အကြောင်းပြပြီး ဘုရား .. တရားစာများဖြင့် ... သူတော်ကောင်းလုပ်သွားပါတယ်။

ကိုယ့်အတွက်တော့ ရီစရာကြီးပါပဲ ... အဲဒီ တဖက်လူက ကိုယ့်ကို မသိပါဘူး။ သူတို့ အချင်းချင်း ဖိုက်နေကြတာ .. ကိုယ့်က ဇာတ်ကြောင်းစုံ သိတော့ တကယ့်ကို ရီစရာကြီး ..

ဖေ့ဘွတ်ကလည်း လူတွေ စိတ်ထွက်ပေါက် အနေဖြင့် သုံးစွဲနေကြတော့ တနေ့တမျိုး မရိုးနိုင်အောင် ဖောက်ခွဲမှု့ အမျိုးအစား အစုံအလင်ဖြင့် ခင်းကျင်း ပြသထားသလိုမျိုးပဲ ..

ကိုယ့် သူငယ်ချင်းများကို အကြံပေးသလို အကြံပေးမယ်နော် .. ဖေ့ဘွတ်က သုံးတတ်ရင် တကယ့် အကျိုးရှိတာပါ။ update မို့ အရမ်းလည်း မြန်သလို .. sharing ကြောင့် ဗဟုသုတလည်း အများကြီး တိုးပွားပါတယ်။ ( စိတ်ဓါတ် မကောင်းတဲ့ လူစားမျိုးကျတော့ sharing ကို အသုံးချပြီး မဟုတ်တဲ့ သတင်းတွေ ဖွတဲ့ နေရာမှာ သုံးတယ်။ လူတိုင်း တချိန် မဟုတ် တချိန် ကိုယ်စိုက်သည့်အတိုင်း ကိုယ်ပြန်ရိတ်သိမ်းရမှာပါပဲ ... )

အခု ခြင်နိုင်ဆေးတွေက ဖေ့ဘွတ်က US - သူငယ်ချင်းတွေ ရှယ်ထားတဲ့ DIY တွေပါ ...
ဒီဘက်မှာတော့ DIY က အရမ်း ခေတ်စားတယ်။ တချို့ဟာလေးတွေတော့ သိပ်မကြိုက်ဘူး။ အချိန်ကုန်တယ်။ လက်ဝင်တယ်။ အပြင်မှာ ၀ယ်လိုက်ရင် ဘာမှ မပေးရတဲ့ ပစည်းမျိုးတွေပေါ့ ... အဲဒါကိုရှည်လျား .. ထွေပြား .. စိတ်ကူးများဖြင့် ကွန့်နေကြတယ်။

Tuesday, April 23, 2013

သိုးသား ကုလားပဲဟင်း၊ ပလာတာ၊ ပူစီနံ အချဉ်၊ ၀က်ခေါက်ကင်၊ ထမင်းကြော်၊ ရေခဲမုန့်၊ မှို ငပိထောင်းသုပ်၊ မှို ကန်စွန်းရွက်ကြော်

  
သိုးသားတွေကို အရင်ဆုံး ရေနှင့် သေချာဆေးပါ။ 
မိမိကြိုက်နှစ်သက်ရာ အသားတုံး လှီးဖြတ်ထားလိုက်ပါ။ 
ဇလုံတစ်ခုထဲမှာ ရှာလကာရည်ဖြင့် ၁ နာရီကြာမျှ စိမ်ထားပါ။
 ပြီးလျှင် သိုးသားတွေကို ( မပူမအေး )  ရေနွေးနွေးဖြင့် ၃ ကြိမ် လောက် ဆေးချလိုက်ပါ။

သန့်စင်ပြီး သိုးသားများကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အရောင်တင်မှုန့်တို့ဖြင့် နှယ်ပါ။
မီးဖိုပေါ်မှာ ဆီကို အပူပေးပီး -
သစ်ကြားပိုးခေါက်ထည့်၊ ကရဝေးရွက်ထည့် ဆီသတ်ပါ။
ငရုတ်သီးတောင့် ( ခြောက် ) ထည့် ဆီသတ်ပါ။
ပြီးမှ ကြိတ်ထား ( ထောင်းထား ) သော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ထည့် ဆီသတ်ပြီး
သိုးသားများကို ထည့်မွှေပါ။
သိုးသားများနှင့် ဟင်း အနှစ်ဖတ်များ နှံစပ်နေအောင် ( အသားကျစ်သည့်အထိ ) ဆီပြန်လာသည့်အထိ ဟင်းအိုးတည်ထားပြီးမှ ရေစိမ်ထားသော ကုလားပဲများကို ထည့်ပါ။
ရေကို လိုသလောက် ဖြည့်ပါ။ 

သိုးသား ကုလားပဲရည်ဆမ်း စားမည် ဆိုလျှင် ရေခပ်များများ ထည့်ပြီး။ ဆီပြန်ရုံ ချက်မည်ဆိုလျှင် ဟင်းရည်သောက် ပန်းကန်လုံး ၂ လုံးစာ ( အသားများ မြုပ်ရုံလောက် ရေထည့်ရင် ရပါပြီ )။

ကြိုက်နှစ်သက်လျှင် မန်းကျည်းမှည့်ရည် ထည့်ချက်လို့လည်း ရသလို၊ ကရဝေးရွက် ပါပေမယ့်လည်း ပျဉ်တော်သိမ်ရွက်ကို ထည့်ချက်လို့ ရပါသေးတယ်။



သိုးသားက ဆိတ်သားထက် အရသာ ပိုကောင်းတယ်လို့ တချို့က မှတ်ချက်ပေးသလို ...
သိုးသား အရသာလည်း စားလို့ တမျိုး ကောင်းသလို .. 
ဆိတ်သား အရသာလည်း စားလို့ တမျိုးကောင်းပါတယ်။
သိုးသားကော၊ ဆိတ်သားကော မညှီအောင် ချက်စားကြည့်ပါ။ 

အဓိက က - အသား အစိမ်းကို ရှာလကာရည် သို့မဟုတ် သံပုရာရည်ဖြင့် စိမ်ပြီး ရေဆေးချပါ။

အိမ်မှာ မေမေကတော့ ဆိတ်သားကို သံပုရာသီး ၃ လုံးလောက် ကုန်ပါတယ်။ ဆိတ်သား ၄၀ သားကို ... သံပုရာသီး တစ်လုံးချင်းစီ ညစ်ထည့်ပြီး အသားတုံး အနေတော် တုံးထားသော အသားတုံးများကို လက်ဖြင့် ဆုပ်နှယ်ပြီးတာနှင့် ရေဆေးချတယ်။ သံပုရာရည်ဖြင့် ၃ ကြိမ်လောက် ရေဆေးချတာ။

 ပြီးရင် ရေစိမ်ထားတဲ့ ငရုတ်ပွတောင့်၊ ကြက်သွန်နီ အလုံးတို့ကို နွှင်ထားတဲ့ ကြက်သွန်ဖြူ၊ ဂျင်းတို့ နှင့် အတူ ငရုတ်ဆုံမှာ ထောင်းပါတယ်။

ငရုတ်ပွတောင့်ကို အညှာခြွေပြီး အရင်ထောင်း၊ ပြီးရင် ကြက်သွန်ဖြူထည့်၊ လေးစိတ်ခြမ်း ကြက်သွန်နီ နှင့် ဂျင်းထည့်ထောင်းပါတယ်။

ငရုတ်ပွဖြင့် ချက်ထားသော ဆိတ်သားဟင်းမို့ ဟင်းအရောင်လည်း လှသလို .. အစပ်လေး ပါတော့ ခံတွင်းလည်း လိုက်တယ်။

ကိုယ့်လက်ထက် ငရုတ်ပွကို ရိုးရိုးရေပဲ စိမ်စိမ်၊ ရေနွေးဖြင့်ပဲ ပြုတ်ပြုတ်၊ ရေနွေးဖြင့်ပဲ စိမ်စိမ် .. နေ့တိုင်း မလုပ်ဖြစ်တော့ပါဘူး။ ငရုတ်ပွ နေရာမှာ ငရုတ်သီး အစိမ်းမှုန့် ( Chilli Powder ) သုံးတဲ့ အခါ သုံးသလို ငရုတ်သီး အရောင်တင်မှုန့် ( Paprika Powder ) ထည့် ချက်တဲ့အခါလည်း ထည့်ချက်ပါတယ်။

ကိုယ့် အမေ လက်ထက်က မြန်မာဟင်းချက်နည်းတွေက တော်တော်လေး လက်ဝင်ပါတယ်။

ကိုယ်တို့ခေတ်ကျတော့ အမြန်ချက်ရတာ။ ဒီဟင်းဆိုရင် ချက်တာ လွန်ရော ကျွံရော နာရီဝက်၊ တစ်နာရီလောက်ပဲ ကြာပါတယ်။

ကိုယ်သေချာ ပြန်ပြောပြမယ်။

အရင်ဆုံး  သိုးသား ပေါင်သားကို အရိုးနားကနေ ကပ်ပြီး အသားတုံး လှီးဖြတ်၊ အဲဒီ အသားတုံးကနေမှ အသားတုံး သေးသေးလေးတွေ လှီးစိတ်လိုက်တယ်။
ပြီးရင် ဇလုံထဲမှာ ရှာလကာရည်နဲ့ သိုးသားတုံးတွေကို ရှာလကာရည်ထဲမှာ လက်နဲ့ ဆုပ်နှယ်ပေးပြီး မြုပ်နေအောင် စိမ်ထားလိုက်တယ်။
ပြီးတာနှင့် ကုလားပဲ ကို ရေဆေးပြီး ရေစိမ်ထားလိုက်တယ်။
ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းကို အခွံသင်ပြီး ကြိတ်စက်ဖြင့် ကြိတ်လိုက်တယ်။
အဲဒီ ကြားချိန်မှာ ထမင်းအိုးတည်တာ၊ အချဉ်အတွက် ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊ ပူစီနံ၊ Fridge ထဲက လိုတာလေးတွေ ထုတ်ပြီး ပါးပါးလှီးချွတ်၊ သံပုရာသီးထည့်။ သကြားနည်းနည်း၊ ဆားနည်းနည်းထည့် ...

ပြီးမှ စိမ်ထားသော ရှာလကာရည်တွေကို သွန်ချပလိုက်ပြီး။ ဘေစင်မှာ ရေပူ ဘက် ခလုတ်ကို များများဖွင့်၊ ရေအေးဘက်ကို နည်းနည်းဖွင့် ရေနွေးနွေး စပ်ပြီး သိုးသား ဇလုံထဲ ဖြည့်။ လက်ဖြင့် ဆုပ်နှယ်.. ရေတွေ သွန်ချ .. ( သုံးကြိမ် လောက် လုပ်တယ်။ )

ပြီးမှ အပေါ်မှာ ပြောထားသလိုပဲ အဲဒီ ချက်နည်း အဆင့်ဆင့်ဖြင့် ချက်တာ ...
Pressure cooker ဖြင့် မီးမြေးမြေး ( medium heat ) ၂၀ မိနစ်ပဲ ချက်ပါတယ်။ 

ပလာတာ ကြော်တာလည်း ၃ မိနစ်လောက်ပဲ ကြာတာပါ။

( ကြော်လှော် ချက်ပြုတ်တာ .. အိမ်ရှင်မတွေ ဆံပင်မှာ ဟင်းအနံ မစွဲစေဖို့ ခေါင်းစွပ် ( သို့မဟုတ် ) မျက်နှာသုတ်ပုဝါကို ခေါင်းမှာ ပတ်ထားပေါ့ ) ဒါမှ မဟုတ် ခေါင်းလျှော်ပါ။ :)

အိမ်က ကော်ဇောတွေက အမွှေးအနံပါသော ကော်ဇော သန့်စင်သော ပေါင်ဒါမှုန့်ကို တစ်နာရီလောက် ဖြူးပြီး ဖုန်စုပ်စက်ဖြင့် ဖုန်စုပ်တယ်။ အဲဒီ ပေါင်ဒါမှုန့် မရှိရင်  baking soda ကို အစားထိုးလို့လည်း ရသည်။

အမေရိကားမှာ baking soda ဘူးက တစ်ဘူးကို ၉၉ ပြားပဲ ရှိပါတယ်။ အဲဒီ ပါကင်ဘူး ဖောက်ပြီးရင် တစ်လ အတွင်း သုံးရတာပါ။ တခါတလေ ဆိုဒါမှုန့်က တစ်လ အတွင်း မကုန်ဘူး။ ဘူးဖောက်ပြီးရင် ဘူးမှာ ရက်စွဲ တပ်ရတယ်လေ။ မီးဖိုချောင်မှာ permanent marker တစ်ချောင်းထားထားတယ်။ အဖုံးဖွင့်ပြီးသား ပုလင်းတွေကို ရက်စွဲတပ်ဖို့။ တလအတွင်းမကုန်သော ၉၉ ပြားတန် ဆိုဒါမှုန့် တွေ ကို ကော်ဇောပေါ်မှာ ဖြူးချ .. တနာရီလောက် ဖြစ်ဖြစ် နာရီဝက်လောက် ထားပြီးမှ ဖုန်စုပ်ချလိုက်ရင် ဟင်းချက်လိုက်လို့ ဟင်းအနံစွဲနေသော ကော်ဇော မဆလာ အနံလေး ပျောက်သွားပါတော့တယ်။ 

ရန်ကုန်အိမ်မှာတုန်းက ဧည့်ခန်းကို ကော်ဇော အပြည့်ခင်းထားတယ်။ အဲဒါကြောင့်မို့ ကော်ဇောကို သန့်ရှင်းတဲ့နေရာမှာတော့ ကိုယ် တော်တော်ကျွမ်းနေတာ ...

ရုံးမှာတုန်းကလည်း အဲယားကွန်းအခန်း၊ ကော်ဇော အပြည့်ခင်းထားတဲ့ ၁၅ပေ ပတ်လည် အခန်းဆိုရင် ရုံးခန်းထဲမှာ ထမင်းစားရင်  အနံ အရမ်းစွဲတာ။  ၂၅ ပေ ပတ်လည် အခန်းက တော်သေးတယ်။ 

ဒါကြောင့် ကော်ဇော သန့်စင်တဲ့ ပေါင်ဒါမှုန့်တို့ ကော်ဇော အရောင်စွန်းရင် ချွတ်တဲ့ ဆေး၊ ကော်ဇောပေါ် အရည်ကျရင် သန့်စင်ပြီး အမြန်ခြောက်တဲ့ ဘူးတွေ ရန်ကုန်က စီးတီးမတ်တို့ ရှော့ပင်းမောလ်တို့မှာ ၀ယ်ပြီး သုံးဖူးပါတယ်။

" သြော် ..  Pressure cooker ကို ဟင်းပဲ ချက်လို့ရမယ်ထင်တာ .. အခုမှပဲ ဗုံးပါ ခွဲလို့ရမှန်း သိတော့တယ်။ "


သိုးသား ကုလားပဲဟင်း




သခွါးသီး အသေး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီ၊ ပူစီနံ၊ ခရမ်းချဉ်သီး၊ သံပုရာသီး၊ သကြားနည်းနည်း၊ ဆားနည်းနည်း ကြက်သွန်နီ ပါးပါးလှီးထည့်လို့လည်း ရသည်။




သရက်သီးသနပ်နှင့် တွဲစားလို့လည်း ရသည်။








ပြည် ပလာတာသုပ်လိုမျိုး စားချင်ရင် သိုးသား ( ကြက်သား၊ ဆိတ်သား ) ကုလားပဲဟင်းရည် ချက်ပါ။ ကုလားပဲကို ချေပြီး ကုလားပဲ အနှစ်ဟင်းရည် ချက်ပါ။  ပလာတာကို ဖွပြီး နွှင်ထားသော ပလာတာ အမျှင် နှင့် အတူ ဘေးနားက အချဉ် ပန်းကန်ထဲက အချဉ်တွေ ထည့်၊ ပဲရည်ဆမ်းပြီး သုပ်စားရင် ပြည်ပလာတာသုပ်လိုမျိုးပါပဲ .. အချဉ် အနေဖြင့် ကြိုက်တတ်လျှင် သံပုရာရည် အစား မန်းကျည်းမှည့်ရည် ထည့်သုပ်စားလို့လည်း ရပါသည်။

ပြည်ပလာတာသုပ် နှင့် လိုက်ဖက်တာက လက်ဖက်ရည် - ကျစိမ့်ပါ ...

လက်ဘက်ခြောက် ( အချိုခြောက် ) ( ရေနွေးကြမ်း လက်ဖက်ခြောက် အခါးခြောက် မဟုတ်ပါဘူး ) ကို အ၀တ်ပါးထဲ ထည့်ပြီး ထုတ်ပါ။

 လက်ဖက်ခြောက် အချို ထုပ်ကို ရေနွေးအိုးထဲ ထည့်စိမ်ပါ။

ပိတ်ရေစစ်ဖြင့်လည်း ရေနွေးအိုး အပေါက်ဝမှာ ထားပြီး လက်ဖက်ခြောက် နှပ်လို့ ရပါသည်။

ရေနွေးပွက်ပွက်ဆူထဲမှာ ထည့်ပြီး လက်ဖက်ခြောက် အချို နှပ်ပါ။
ပထမ တစ်ရေ ကို သပ်သပ်ထားပါ။
နောက်ထပ် ရေနွေးအိုး ထဲသို့ ပထမ နှပ်ပြီးသား လက်ဖက်ခြောက် ( အချို ) ရေစစ်ကို ခပ်ကြာကြာလေး စိမ် နှပ်ထားပါ။

အဲလို နှပ်ထားတဲ့ အခါးရည်ကို သကြား၊ နို့စိမ်း၊ နို့ဆီဖြင့် ခပ်ကျကျလေး၊ ခပ်စိမ့်စိမ့်လေး ဖျော်ပါ။

လက်ဖက်ရည် ခပ်ကျကျ လိုချင်ရင် ပထမ တစ်ရေက အခါးရည်ကို ထပ်ထည့် ..
ချို ချိုလေးဆို သကြားထည့်၊ နို့ဆီထည့် ..
အစိမ့် အရသာဆိုရင် နို့စိမ်းများများထည့် .. လက်ဖက်ရည်ကို ဖျော်ပြီးရင် နို့စိမ်းများများထည့် ..

လက်ဖက်ရည်ကို ခွက် .. ၂ ခွက် ဖြင့် တခွက်ထဲမှ အရည်ကို နောက်တခွက်ထဲ ထည့်ပြီး ဆွဲ ဖျော်သွားရင် ပိုပြီး သောက်လို့ကောင်းတယ်။ ဇွန်းဖြင့် မွှေဖျော်တာထက် ပိုကောင်းတယ်။


Facebook style - eating dinner


ကော်ဖီပူပူလေး နှင့် တွဲဖက်စားလို့လည်း ရသည်။






ဝက်ခေါက်ကင် 
( ၀က်ခေါက်ကင် ချက်နည်း ပိုစ့် ရေးပြီးပါပြီ ) 
ဘလော့ - side bar -  Search ဆိုတဲ့ နေရာမှာ ၀က်ခေါက်ကင် လို့ ရေးပြီး ရှာကြည့်လိုက်ပါ။






ဝက်ခေါက်ကင် နှင့် ထမင်းကြော်







- eating ice cream 







ကော်ရည်ခေါက်ဆွဲ ချက်တုန်းက ကျန်နေသေးသော မှို၊ ပဲပင်ပေါက် ကို ငပိထောင်း နှင့် အတူ ကြက်သွန်နီ ပါးပါးလှီးပြီး သုပ်ထားသော မှို ငပိထောင်းသုပ်



ရေနွေးဖျော ပဲပင်ပေါက်၊ မှိုပြုတ်၊ ငပိထောင်း၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ သံပုရာသီး



ငပိထောင်းက ထမင်းနှင့် နှယ်စားတာ မဟုတ်ဘဲ မှို ဖြင့် ခပ်ပါးပါးနှယ်စားတာ ဆိုတော့  ( တော်တော်စပ်တယ်။ ) 




မှို ကန်စွန်းရွက်ကြော်



Saturday, April 20, 2013

မွေးနေ့မှစ သက်ဆုံးတိုင် သားသား၊ မီးမီးနှင့် ပျော်ရွှင်ရပါလို၏


Birthday cake


ပထမဦးဆုံး .. ကိုယ့်ကို လူလောကထဲရောက်အောင် မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မေမေ ကောင်းရာသုဂတိ လားပါစေ ... 

ဒီနေ့ မြန်မာပြက္ခဒိန် - တန်ခူးလဆန်း ( ၁၀ ) ရက်နေ့ - ကျေးဇူးရှင် ဖေဖေ၏ ( ၇၈ ) နှစ်ပြည့် မွေးနေ့  နှင့် အင်္ဂလိပ်ပြက္ခဒိန် ၂၀၁၃ - ဧပြီလ ( ၂၀ ) ရက်နေ့ - ကိုယ်၏ ( ၄၀ ) နှစ်ပြည့် မွေးနေ့ သွားတိုက်ဆိုင်နေပါသောကြောင့် ဒီနှစ်က အမှတ်တရ အရှိဆုံး မွေးနေ့ ရက်မြတ်ပါ။

ဖေဖေ .. ကျန်းမာပါစေ .. ဖေဖေ .. ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းပါစေ ... ဖေဖေ .. အသက်ရာကျော်ပါစေ ...

ဖေဖေကို လေလှိုင်း ဆက်သွယ်မှု့ကနေ ရှိခိုးကန်တော့ပြီးပါပြီ။ အမြဲတမ်း သတိရပါတယ်။ မေမေကိုလည်း သတိရတယ်။ အဝေးရောက်အောင် ပို့လိုက်တဲ့ ကံဇာတာကိုလည်း ပြင်ချင်တယ်။


သမီးလေး မုန့်ဖုတ်ပေးသော မွေးနေ့ကိတ်


Google's birthday wish home page


Thanks * lot for Birthday wish, Google Team!


မွေးနေ့ကိတ် ပေါ်မှာ cursor ထားလိုက်ရင် " Happy Birthday Thet "


ပေါ်လာတယ်။


Google Plus

Facebook က ကိုယ့်ကို Birthday wish မလုပ်ပေးဘူး။ Google Plus က ကိုယ့်ကို Birthday wish လုပ်ပေးတယ်။ မွေးနေ့ကိတ်ပုံစံ Google sign ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Google plus - Profile ကို ရောက်လာပါတယ်။


Whipping cream
Chocolate
Cocoa Powder
Milk


9 3/4 in - Spring Form Pan


ဘေးက ကလစ်ကို ဖြုတ်လို့ရတယ်။


အောက်ခံ အ၀ိုင်း



Cocoa Powder

ချောကလက်ကိတ်မှာ ပါဝင်ပစည်းတွေက -

  1. 1 tbsp - butter
  2. 2 cup - sugar
  3. 1 3/4 cup - Flour
  4. 3/4 cup - Cocoa Powder
  5. 1 1/2 tsp - baking powder
  6. 1 1/2 tsp - baking soda
  7. 1 tsp - salt
  8. 2 - egg
  9. 1 cup - milk
  10. 1/2 cup - oil
  11. 2 tsp - vanilla extract
  12. 1 cup - hot coffee

  • Preheat oven - 350ºF - 30 min ~ 35 min ( For 2 cakes )
  • Preheat oven - 350ºF - 50 min ~ 55 min ( For 1 cake )


အရင်ဦးဆုံး -

  • ကြက်ဥ ၂ လုံးကို မွှေစက်ဖြင့် မွှေပါ
  • ထောပတ် ( ထမင်းစားဇွန်း - ၁ ဇွန်း ) ထည့်မွှေပါ။
  • သကြား - ၂ ခွက် ထည့်မွှေပါ။
  • Cocoa Powder / Baking powder / Baking Soda / salt / Flour / Milk ထည့်မွှေပါ။
  • ဆီ၊ ဗီနီလာ အမွှေးဆီ ထည့်မွှေပြီးပါက 
  • နောက်ဆုံးမှာ ကော်ဖီ တခွက်ကို ထည့်မွှေပါ။
  • မုန့်သား ညက်နေအောင် ၅ မိနစ် ကျော်လောက် မွှေပါ။

  • ၉ လက်မ ကိတ်မုန့်ဖုတ်သော အ၀ိုင်းထဲမှာ ချောကလက်ကိတ်ကို ကိတ်မုန့်သား ၂ တုံး ဖုတ်မည်ဆိုလျှင် ခွက် ၂ ခု လိုပါသည်။ 

  • ခွက်ထဲမှာ တ၀က် စီ မုန့်နှစ်ရည် ထည့်ပြီး ကိတ်မုန့် နှစ်ခုစာ မုန့်ဖုတ်လို့ရပါတယ်။

  • ပူနေအောင် ကြိုတင်ဖွင့်ထားသော Preheat oven မှာ 350ºF - 30 မိနစ် မှ 35 မိနစ်ထိ ကိတ်မုန့်ဖုတ်ပါ။ ( ကိတ်မုန့် ၂ ခု စာ အတွက် ) 

  • မုန့်နှစ်ရည် အားလုံးကို ကိတ်မုန့် တစ်ခု စာ အတွက်ပဲ ဆိုလျှင် Preheat oven - 350ºF - မိနစ် ၅၀ လောက် ကိတ်မုန့် ဖုတ်ရပါမည်။

  • ကိတ်မုန့်သားကျက်၊ မကျက်ကို သွားကြားထိုးတံ ဖြင့် မုန့်၏ ခလယ်ကောင် နေရာကို ထိုးပြီး မုန့်နှစ်ရည်များ သွားကြားထိုးတံမှာ ကပ်ပါလာတယ် ဆိုလျှင် မုန့်သား မကျက်သေးပါဘူး။ မကပ်ပါလာဘူးဆိုလျှင် မုန့်သားကျက်ပါပြီ ...


မုန့်ဖုတ်အပြီး Pan ၏ ကလစ်ကို သားသား ဖြုတ်နေတာ။


အောက်ခံ အ၀ိုင်း သပ်သပ်၊ ဘေး အ၀ိုင်း သပ်သပ်မို့ ကိတ်မုန့် လှလှပပ ..


ကိတ်သား ဖောင်းဖောင်းကြွကြွ


ဓါးဖြင့် ရှပ်ပြီး လှီးဖြတ်လိုက်တယ်။
လှီးဖြတ်လိုက်သော ကိတ်သားကို သားသား၊ မီးမီး ချက်ချင်း စားလို့ ရပါပြီ ...


မျက်နှာပြင် ညီညီညာညာလေး


ချောကလက်တုံးကို ဓါးဖြင့် ရှပ်ပြီး ခပ်ပါးပါးလှီး 
ဇွန်း သေးသေးဖြင့် ချောကလက်တုံးကို အုန်းသီးခြစ်သလိုမျိုး ခြစ်လို့လည်း ရသည်။ 
အဲဒါဆိုရင် နှင်းဆီပွင့်ဖတ် ချောကလက် အလွှာအချပ် ပုံစံမျိုး ဖြစ်နေလိမ့်မည်။


ချောကလက် အမျှင်၊ သေးသေးမျှင်များ



ကြွေဇလုံထဲထည့်


သကြား - 1/2 cup 
ချိုတာ ကြိုက်လည်း - 3/4 cup လောက် ထည့်လို့ရသည်။

မွှေစက်ဖြင့် အရင်ဆုံး heavy wipping cream ကို တမိနစ်လောက် high speed ဖြင့် မွှေပါ။
တစ်မိနစ်ခြားဆီ သကြားကို ထမင်းစားဇွန်း ၁ ဇွန်းကျော်လောက် ထည့် ထည့်ပြီး မွှေစက်ဖြင့် ဆက်တိုက် မွှေသွားပါ။
၇ မိနစ်လောက် မွှေပြီးလျှင် ကိတ်မုန့်ပေါ်မှာ သုပ်သော cream ကို ရရှိနိုင်ပါသည်။
အရောင် ထည့်လို့လည်း ရပါသည်။


ရလာသော ကိတ် ခရမ်ကို သမီးက ကိတ်မုန့် ပေါ်မှာ သုပ်နေတာ 


 ဘေးဖက်တွေလည်း လိုက်သုပ်


ကိတ်မုန့်သား အ၀ိုင်း ဘေးပတ်ပတ်လည်လည်ကို ခရမ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လက်ကို ကောက်ကြောင်းရေးရင် တွန့်သလိုမျိုး လိုက်တွန့်ပြီး ကိတ် ပတ်ပတ်လည်လည် ခရမ် ရေးဆွဲထားပြီး
အလယ်မှာ ချောကလက်မျှင်များ ဖြူးနေသော သမီး




ဒီအရသာ ချောကလက် ကိတ်ကို ကြိုက်တာမို့ ချောကလက်များများ၊ ခရမ်များများ



Black forest cake နှင့် တူသွားအောင် ချယ်ရီသီးများ ထည့် 
ချယ်ရီက ဒီအချိန် မပေါ်ဘူး။
ဒါကြောင့် ရေခဲရိုက် ချယ်ရီသီး


မွေးနေ့ - ကော်ရည်


ကော်ရည်ခေါက်ဆွဲ


ကော်ရည် ဟင်းအိုး




အသက် ( ၄၀ )  ပြည့် မွေးနေ့ရှင်


မာမီဘေးနားမှာ တချိန်လုံး နေပေးသော သားသား နှင့် သမီး


ပျော်ပျော်နေတတ်သော သားသားနှင့် အတူ


အမေကို အရမ်း သိတတ်၊ လိမ္မာသော သမီးလေးနှင့် အတူ


သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေရပါလို၏ ...
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့် ပြည့်စုံရပါလို၏ ...
သွားလေရာ .. လာလေရာ အရပ်ရှစ်မျက်နှာတိုင်းမှာ ... သူတော်ကောင်း၊ သူမြတ်လောင်းများနှင့်သာ တွေ့ဆုံရပါလို၏ ...
ဘေးဥပါဒ် အန္တရာယ် ခပ်သိမ်း ကင်းဝေးရပါလို၏ ...


မွေးနေ့ရှင် နှင့် မွေးနေ့ကိတ်




မွေးနေ့ကိတ် နှင့် မွေးနေ့ ကော်ရည် ခေါက်ဆွဲ


ကြက်ဥခေါက်ဆွဲဖတ် ( WONTON ) ၊ မှိုပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ရေနွေးဖျော ပဲပင်ပေါက်၊ ၀က်နံရိုး၊ ကြက်သွန်ဖြူ ဆီချက်၊ ငပိထောင်း


ပဲပင်ပေါက်ကို အမျှင် သင်ပြီး ရေနွေး ဖျော ရုံလေးပဲ.. 
မပြုတ်ဘူး။ အဲဒါမှ စားကောင်းတာ