" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Sunday, March 31, 2013

မိချောင်း - ပေါင်မုန့်


မိချောင်းပုံစံ ပေါင်မုန့်


Crocodile bread


Ingredients :
  1. All purpose flour - 2 1/3 cups
  2. Yeast - 7g  ( 1/4 oz )
  3. Salt - 1/8 tsp
  4. butter -  1 Oz
  5. Sugar - 1/8 cup = 1 oz
  6. Milk - 275 ml ( 1 cup )
  7. 1 egg
  8. 50 g / 1.8 oz flour ( for dusting )
  9. 1 egg beaten with 2 tbsps milk
  10. 0.5 tbsp - rock salt
  11. 1 tbsp - sesame seeds
  • Mix the flour, sugar, salt, egg and instant yeast in a bowl.
  • Mix the milk, butter into the mix.
  • Knead 1-2 times, form into a ball.
  • Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.
  • You can shape yourcrocodile's how ever you want.
  • Preheat oven to 375ºF .
  • Make egg yolk and the 2 teaspoon milk and brush the crocodile.
  • Let rise in a warm palace. Bake at 375ºF - 18 minutes, or until crocodile is golden brown and firm to the touch.
  • Let cool on a wire rack. Serve at room temperature, or reheated.
 
  1. ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups )
  2. ဆား - အနည်းငယ်
  3. ထောပတ် - 1 အောင်စ .. သာသာလောက်
  4. သကြား - 1/8 cup
  5. Yeast - 1/4 oz
  6. ကြက်ဥ အနှစ် - ၁ လုံး
  7. နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
  8. ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
  9. ကြက်ဥ တလုံးကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
  10. ဆား အနည်းငယ်
  11. နှမ်း အနည်းငယ်

ကြွေဇလုံ ထဲမှာ ..
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပါ ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ ...
မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...
ရေစိုလက်ကိုင်ပုဝါ ဖြင့် ၁နာရီ မှ ၂ နာရီ လောက် အုပ်ထားပေးပါ ...
လက်ကိုင်ပုဝါ ဖြင့် တစ်နာရီလောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...
ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့်  ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ ...
ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပါ ...
တ၀က် ၀က်ပါ။
ဂျုံ တ၀က်ကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...
ဒလိမ့်တုံးမှာ ဂျုံမှုန့် အနည်းငယ်သုပ်ပြီး ဂျုံကို ပြားသထက် ပြားအောင် ဆွဲ .. ဆွဲပြီး ဂျုံကို လိမ့်သွားပါ။


မိချောင်း ပေါင်မုန့်မှာ အသားထည့်စားချင်လည်း ရသလို .. အသား မထည့်စားပဲ ပေါင်မုန့် သပ်သပ် ပဲ မုန့်ဖုတ်စားလို့ ရပါတယ်။
အသား ထည့်စားမယ်ဆိုရင် ကြက်သား ( သို့မဟုတ် ) ၀က်သား၊ ကြက်သွန်နီ၊ မာရို့နိစ် တို့ကို သမနေအောင် ရောနှယ်ထားပါ။ ငရုတ်ကောင်းမှုန့် နည်းနည်း၊ ဆားနည်းနည်းပါ ထည့်နှယ်ထားပါ။


ဒလိမ့်တုံးဖြင့် ဂျုံကို အပြား ကြီးကြီး လိမ့်ပေးပြီးတဲ့နောက် ...


အနားများကို ညီညီညာညာ ဖြစ်သွားအောင် ဓါးဖြင့် တိ ဖြတ်လိုက်ပါ။


ဒီလိုမျိုးလေးဖြတ် ..


အသားတွေကို အလယ်မှာ ရှည်ရှည်မျှောမျှော စုံပုံ -


တစ်လိုင်းစီ အသားပေါ်မှာ ဂျုံပြားတွေကို လာအုပ် ---


မံမီလိုမျိုး အသားတွေကို တစ်ရစ်ခြင်းစီ --- တလိုင်းခြင်းစီ အုပ်ပါ ---


အပေါ်နှင့် အောက်ဘက်က တြိဂံ ပုံစံ ဂျုံများကိုပါ အုပ်ပါ။


နောက်တခု --- မိချောင်း ပေါင်မုန့် အတွက် --- လိုင်း ခပ်များများ ဖြတ်ထားသော ပုံစံ ---


အိမ်မှာ ဂျုံဖြတ်တဲ့ ဓါးက ပလတ်စတစ်ဓါး .. ဘေးနားမှာ ပန်းရောင် ပလတ်စတစ်ဓါးလေး .. အဲဒီလိုမျိုး တစ်ခါသုံး ပလပ်စတစ်ဓါးတွေက အသုံးတည့်တယ်။ ကြက်ဥပြုတ်၊ ဘဲဥပြုတ် အတွက်ပဲ ဖြစ်ဖြစ်၊ ပျော့ပျော့ အရာတွေကို သူနဲ့ တခါတည်း တိဖြတ်လိုက်ရင် တိတိ ရိရိ ပြတ်နေတာမျိုး ပုံစံ ရတယ်။ အိမ်က ဘဲဥပြုတ်တွေ ဖြတ်ထားတာ အပ်ချည်ကြိုးများဖြင့် ဖြတ်ထားတာ မဟုတ်ပါဘူး။ အဲဒီ ပလတ်စတစ်ဓါးဖြင့် ဖြတ်ထားတာပါ။ အခု ဂျုံများကိုလည်း အဲဒီ ဓါးဖြင့် ဖြတ်ထားတာ ---


ဂျုံကို တလိုင်းစီ အုပ်တဲ့ အခါ -- ရှည်နေလိမ့်မယ်။ ဒီလို ပုံစံမျိုး ဂျုံကို ခေါက်ပြီး အသားပေါ်မှာ အုပ်ပေးထားမှ မိချောင်း ဗိုက်ဖောင်းဖောင်းလေး ဖြစ်လာပါလိမ့်မယ်။


ပီးလျှင် တစ်နာရီလောက် အ၀တ်ဖြင့် အုပ်ထားပြီးမှ ---
မိချောင်းကို မျက်လုံးတွေ .. လက်ချောင်း၊ ခြေချောင်းတွေ တပ် ---
မိချောင်း အကြေးခွံအတွက် ကတ်ကြေးဖြင့် ညီညီညာညာ -- ခပ်ဖွဖွ -- အပေါ်ယံလောက်ကို လိုက်ဖြတ် ---
ကြက်ဥ အနှစ်ကို နွားနို့ ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မိချောင်းကို စုတ်တံလေးဖြင့် လိုက်သုပ်ပါ။
ပီးရင် ကြိုတင် ပူနေအောင် ဖွင့်ထားသော oven ထဲ ထည့်ပြီး ပေါင်မုန့်ဖုတ်ပါ။


Preheat oven - 375ºF - 18 minutes ~ 20 minutes

 


 

 

 

 

 

 

Saturday, March 30, 2013

ဝက် -- ပြောင်းဖူး ချိုချဉ်ကြော်

  
  1. ကြိတ်ထားသော ၀က်သား - ၁ ပေါင်
  2. ဆား - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
  3. ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
  4. သကြား - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
  5. ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း ( ၃ ) ဇွန်း


 
အကြော်မှုန့် အတွက် ----

  1. ဂျုံမှုန့် - 1/3 cup
  2. ကော်မှုန့် - 1/3 cup
  3. ကြက်ဥ - ၁ လုံး
  4. ဆီ - ထမင်းစားဇွန်း ( ၁ ) ဇွန်း
  5. ရေ -  1/3 cup ( warm water ) 


ဟင်းသီးဟင်းရွက် အတွက် ပြောင်းဖူး အပြင် မုန်လာဥနီ၊ ပန်းငရုပ်ပွ၊ ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ နာနတ်သီး၊ ပဲသီး၊ ... အမျိုးစုံ ထည့်လို့ ရပါသည်။


ဆော့စ် အတွက် ---

  1. သကြား - ထမင်းစားဇွန်း ( ၄ ) ဇွန်း
  2. ခရမ်းချဉ်သီး ဆော့စ် Ketchup - ထမင်းစားဇွန်း ( ၂ ) ဇွန်း
  3. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
  4. ဆား - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း
  5. ရေ - 1/2 cup
  6. ရှာလကာရည် - ထမင်းစားဇွန်း ( ၄ ) ဇွန်း

  • ကော်မှုန့် - ထမင်းစားဇွန်း ( ၁ ) ဇွန်းကို ရေ - ထမင်းစားဇွန်း ( ၄ ) ဇွန်းဖြင့် ကော်ရည် ဖျော်ထားပါ။

  • အကြော်မှုန့်အတွက် ကြိုတင်ပြီး အမှုန့်များကို စပ်ထားပါ။

  • ကြိတ်ထားသော ၀က်သားကို ပဲငံပြာရည်အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နှယ်ထားပါ။

  • ပီးလျှင် အကြော်မှုန့်ဖြင့် နှယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ 
  • ဆော့စ်  ဖျော်ထားပါ။
  • ဆီအိုးတည်ပြီး ၀က်သားလုံးများ ကို ဆီနှစ်ပြီး ကြော်ပါ။
  • ရလာသော ရွှေအိုရောင် ၀က်သားလုံးကြော်များကို တစ်သျှူးစကူပေါ်မှာ ဆီစုတ်ဖို့အတွက် တင်ထား --
  • ဆီ ထမင်းစားဇွန်း ၂ ဇွန်း ကို အပူပေးပြီးနောက် -
  • ဓါးပြားရိုက် ကြက်သွန်ဖြူ ၃ မွှာ ထည့် ဆီသတ်ပြီးတာနှင့် 
  • ပြောင်းဖူးကို ထည့်ကြော်ပါ။ 
  • ၀က်သားလုံးများကို ထည့်မွှေကြော်ပါ။
  • ဆော့စ် ထည့်မွှေပါ။
  • နောက်ဆုံးမှ ကော်ရည်ကို လောင်းထည့်ပြီး မွှေပါ။


ကြက် အသဲအမြစ် - ကြက်သား ဒန်ပေါက်


ခဏ -- ခဏ -- ဒန်ပေါက် ပိုစ့်များ ရေးဖူးလို့ ထပ်မရေးတော့ပါဘူး။ 
အသစ်တွေ အများကြီးပဲ ရေးစရာ ကျန်နေသေးလို့ -- 


ပေါင်မုန့် ကိုင်ထားသော စားဖိုမှုးက မေးနေတယ်။ သူ့ဗိုက်ပေါ်က သရက်သီးသနပ် နှင့် အတူ ကြက်သား -- ကြက် အသဲအမြစ် ဒန်ပေါက် စားပါအုံး တဲ့ --- :)

Friday, March 29, 2013

သိုးသားကင် ( သိုးပေါင် )


Happy Good Friday!


Roast Lamb Leg


with baked potatoes


Lamb leg


Roast Leg of Lamb
  1. 1 Lamb Leg
  2. 2 Garlic cloves, sliced
  3. 1 Tbsp olive oil
  4. 2 Tsp dried thyme
  5. 1 Tsp dried  rosemary
  6. 1/8 tsp salt
  7. 1/8 tsp pepper
  • Make several small incisions into the leg and insert the garlic slices. Rub Leg with oil and sprinkle with herbs. Season with salt and pepper.
  • Place Lamb into roasting pan.
 
Roasting Instruction 

  • Preheat oven to 425ºF roast for 15 minutes.
  • Lower oven to 375ºF and continue roasting for 20min/pound of meat 
         or 
  • until the pop-up timer activates which will occur when the meat reaches an internal 155ºF.
  • Let meat stand, covered, for 10 minutes before carving.

သိုးသား တစ်ပေါင် 4.99 ဒေါ်လာ


Red wine vinegar
Lemon Pepper



သိုးပေါင်ကို ရေသေချာဆေးပါ။
သံပုရာသီး ညစ်ပီး တစ်နာရီလောက် ခဏ သိုးသားကို ညီနံပျောက်သွားအောင် သံပုရာရည်ဖြစ်ဖြစ်၊ ရှာလကာရည်ဖြစ်ဖြစ် စိမ်ထားပီးမှ ရေသေချာ ပြန်ဆေးချပါ။

  1. သိုးပေါင် တစ်ချောင်း
  2. ဓါးပြားရိုက် ကြက်သွန်ဖြူ ၅ မွှာ
  3. သံလွင်ဆီ ထမင်းစားဇွန်း ၂ ဇွန်း
  4. ( dried thyme ) စမုန်ဖြူ အခြောက် ထမင်းစားဇွန်း - ၂ ဇွန်း
  5. ( dried  rosemary ) ဟင်းခတ်အမွှေးအကြိုင် ရိုစ့်မေရီ - ထမင်းစားဇွန်း - ၂ ဇွန်း
  6. ဆား - ထမင်းစားဇွန်း ၁ ဇွန်း
  7. သံပုရာ ငရုတ်ကောင်းမှုန့် - ထမင်းစားဇွန်း - ၂ ဇွန်း
  8. ဗနီကာ အနီ - ထမင်းစားဇွန်း - ၁ ဇွန်း
  9. ထောပတ် - အနည်းငယ်
  10. အားလူး - ၂ လုံး

သိုးပေါင်ကို ဓါးပြားရိုက် ကြက်သွန်ဖြူ၊ သံလွင်ဆီ၊ စမုန်ဖြူ၊ rosemary၊ ဆား၊ သံပုရာ ငရုတ်ကောင်းမှုန့်၊ ဗနီကာ အနီ တို့ဖြင့် နှံစပ်နေအောင် နှယ်ပါ။

ပလပ်စတစ်အိတ်ထဲ ထည့်ပြီး တညလောက် ရေခဲသေတာထဲမှာ ထည့်နှပ်ထားနိုင်လျှင် ပိုကောင်းပါသည်။
မနက်ကျမှ သိုးသားမကင်ခင် ရေခဲသေတာထဲမှာ နာရီဝက်၊ ၁၅ မိနစ်လောက် ကြိုထုတ်ထားပြီး
oven tray ထဲ ထည့်ပါ။

Preheat oven -
  • 425ºF - Roast  - 15 Minutes
375ºF - ၂၀ မိနစ် / တစ်ပေါင် ( အခု သိုးပေါင်က 5.9lb = ၆ပေါင် နီးပါးလောက် ရှိတာမို့ - ၂ နာရီလောက် ကင်ရပါမယ်။ )
  • 375ºF - 1 hours ( 60 minutes ) 
 
သိုးသားကို oven tray မှ ထုတ်ပြီး တဖက် သိုးပေါင် ဘက်ခြမ်းကို လှန်ပြီး oven rack ( အလယ်စင် ) ပေါ်မှာ ထားလိုက်ပါ။

သိုးသားကို ထောပတ် အနည်းငယ် သုပ်ပေးပါက ထောပတ် သိုးသားကင် အနံမွှေးမွှေးလေးဖြင့် ပိုစားကောင်းသည်။

oven tray ထဲမှ ဆော့စ်များကို ပန်းကန်လုံးထဲ ထည့်ထားပါ။

အောက်မှာ oven tray ထဲ အားလူးကို အတုံးသေးသေးစိတ်ပြီး ကင်ပါ။
  • 375ºF - 1 hours ( 60 minutes )
  • 200ºF - 10 minutes

၁၀ မိနစ်လောက် အအေးခံပြီးရင် လှီးစားလို့ ရပါပြီ။



ခရမ်းချဉ်သီး ငံပြာရည်ချက်


သိုးသားကင်ကို ခရမ်းချဉ်သီး ငံပြာရည်ချက် ထမင်းနှယ်ထားသော ထမင်းဖြင့် တွဲစားပါတယ်။

Grilled rib eye steak


credit photo - food gifs
ထောပတ် အရည်ဖျော်နေတဲ့ ပုံ


Grilled rib eye steak
  1. unsalted butter, softened
  2. garlic
  3. salt
  4. ground black pepper to taste.
  • Thoroughly combine softened butter with garlic.
  • Season steaks with salt and pepper. Grill to desired doneness.

အမဲသားက တစ်ပေါင် 11.49 ဒေါ်လာ ...
ခုဏ ပိုစ့် -  အမဲသားပြုတ်ကြော်က အမဲသားက တစ်ပေါင် 5.49 ဒေါ်လာ
ဒီ အမဲသားက အမေရိကားမှာ အကောင်းဆုံး အသား အမျိုးအစားပါ။

အမဲသား အသား အရမ်းကောင်းတယ်ဆိုတာ ပြတာ ..
တချို့က အဆီ ကို ဖယ်တယ်။ Trim excess fat.
ကိုယ့်က အဲဒီ အဆီပါလို့ ကင်စားတာ။

ဒယ်ဒီ ကင်တာ ...
လွယ်လွယ်လေးပဲ ...
Pan ကို အရင်ဦးဆုံး ပူနေအောင် ထား ..
ပီးရင် ထောပတ်တုံး နည်းနည်းထည့် .. ၁ အောင်စလောက်ဆို ရပြီ ..
အမဲသားကို ဆား နှင့် ငရုတ်ကောင်းမှုန့် ဖြူးထားပြီး
ကင်လိုက်ရုံပဲ ..
ဟိုဘက် ဒီဘက် လှန်ပြီး ကင်ပေးရင် ၅ မိနစ်ကျော်လောက်ဆို ရပြီ ...
အကွက်လေးတွေ လိုချင်တယ်ဆိုရင် ကင်တဲ့ အခါမှာ အလိုင်းကွက်တွေ ပါတဲ့ အသားကင်တဲ့နေရာမှာ သုံးတဲ့ ဟာ ရှိတယ် ... သူနဲ့ ဖိပီး ကင်ပေးရင် အမဲသားကင်ကို အကွက်လှလှ ပုံဖော်နေလိမ့်မယ်။ ဇကားကွက် ဒီဇိုင်း အမဲသားကင် ...
အသားအရမ်းကောင်းပြီး လတ်ဆတ်တာမို့ ခဏလေးနဲ့ ကျက်ပါတယ်။ လှီးထားတာလည်း အသား အလွှာပါးတယ်။
ညီနံလည်း မရှိပါဘူး။