" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Thursday, February 28, 2013

ဖေ့ဘွတ်၊ ကျောင်း

new share design

" ဖေ့ဘွတ် "

မနေ့က Facebook - Share button နှိပ်လိုက်တော့ On your own timeline .. On a friend's timeline .. In a group .. In a private message ဆိုပီး လာပေါ်နေတယ်။ ကိုယ် .. Facebook setting ကစားမိထားတာများလား မသိဘူး။ အဲဒီ ဖေ့ဘွတ် အကောင့်က ဖျောက်ထားတဲ့ အကောင့်ပါ။ Public မလုပ်ထားဘူး။ Facebook .. search နဲ့ ရှာရင် မတွေ့နိုင်တဲ့ အကောင့်ပါ။ အမေရိကား သီးသန့် ထားပီး နေ့စဉ် .. သုံးတယ်။ အဲဒီ ဖေ့ဘွတ် အကောင့်မှာ base ထိုင်ပီး မြန်မာ သတင်းတွေလည်း ဖတ်တတ်သလို ဒီဘက် ... အမေရိကားက သတင်း၊ စီးပွားရေး၊ လူမှု့ရေး၊ သားသမီးများ ပညာရေး update new feed တွေကိုလည်း အချိန်နဲ့ တပြေးညီ သိနိုင်အောင် ဖတ်တတ်တာ များပါတယ်။

FB

Friend except acquaintances ရင်းနှီးတဲ့ သူငယ်ချင်းမှလွဲ၍ Share ပြတဲ့ button .. အမေရိကားဘက် ဖေ့ဘွတ် အကောင့်မှာပဲ အုပ်စု ခွဲထားတယ်။ မြန်မာ အသိုင်းအ၀ိုင်းမှာတော့ မလုပ်ထားဘူး။ အကုန်လုံး public ပဲ ထားပီး .. ကလေးတွေ ဓာတ်ပုံကို အဲဒီ အကောင့်မှာ မတင်ဖြစ်ဘူး။ ၂၀၁၂ မှာတော့ ကလေးတွေ ဓာတ်ပုံ တင်ဖူးတယ်။ နောက်ပိုင်း အဲဒီ အကောင့်မှာ မိသားစု ဓာတ်ပုံတွေ သိပ် မတင်တော့ဘူးလို့ စဉ်းစားထားတယ်။ အဲဒီအကောင့်ကို နေ့စဉ် မသုံးဖြစ်လို့ပါ။

ဘလော့မှာ ဖေ့ဘွတ် ပရိုဖိုင်းထည့်ထားတာက ၀ပ်ဆိုဒ်တိုင်းပါပဲ ...နိုင်ငံတကာ ၀ပ်ဆိုဒ်တွေ .. ဘလော့တွေမှာ ကိုယ့်နှင့် သက်ဆိုင်ရာ ဖေ့ဘွတ် ပရိုဖိုင်းကို ဘလော့မှာ ထည့်ထားတတ်ပါတယ်။ ဖေ့ဘွတ်မှာ တင်တဲ့ ဓာတ်ပုံလေးတွေကိုလည်း ဒီဘက် ဘလော့မှာ မြင်နေရအောင်လည်း ပါတယ်။

blog က ထိန်းရတာ လွယ်ပါတယ်။ Negative attitude လူမျိုးတွေကို ထိန်းလို့ရတယ်။ ip trace လည်း လိုက်လို့ လွယ်တယ်။


Facebook မှာက ဘယ်သူ့လဲး .. ဘယ်ကလဲး မသိ .. လာအပ်လို့ လက်မခံရင် စိတ်ဆိုးမှာလည်း စိုးတယ်။ unfriend လုပ်လိုက်ရင် အသေမုန်းမှာလည်း စိုးတယ်။ block လိုက်ရင် လူလာသတ်မှာလည်း စိုးတယ်။ အမေရိကားမှာတော့ block လုပ်ရင် လူတောင် လာသတ်တယ်။ 

blog ကို Personal Blog ပုံစံမျိုး .. Personal Online Diaries ပုံစံမျိုး ရေးပါတယ်။

You can use blogs for everything from updating your friends and family about your life, giving your own advice column, or relating your experience in a topic of interest. 

Personal blogs
 
The personal blog, an ongoing diary or commentary by an individual, is the traditional, most common blog. Personal bloggers usually take pride in their blog posts, even if their blog is never read. Blogs often become more than a way to just communicate; they become a way to reflect on life, or works of art. Blogging can have a sentimental quality. Few personal blogs rise to fame and the mainstream but some personal blogs quickly garner an extensive following. One type of personal blog, referred to as a microblog, is extremely detailed and seeks to capture a moment in time. Some sites, such as Twitter, allow bloggers to share thoughts and feelings instantaneously with friends and family, and are much faster than emailing or writing.
source : Wikipedia

ဖေ့ဘွတ်ရဲ့ စတိုင်ပုံစံလည်း ဘလော့နှင့် နည်းနည်းလေးဆင်ပါတယ်။

အဲဒီ ဖေ့ဘွတ်မှာ  ဖေ့ဘွတ်စတိုင် မသုံးဖြစ်ပါဘူး။ ဖေ့ဘွတ်စတိုင်ဆိုတာက နေ့စဉ် .. ကိုယ့်ရဲ့ အကြောင်းလေးတွေကို ပြောပြတာ .. ကိုယ့် ဘာလုပ်တယ်။ ဘယ်သွားတယ်။ ဘယ်လိုခံစားရတယ်။ ဘယ်သူနဲ့ အတူရှိတယ်။

What's happening, Thet? ဆိုပီး ဖေ့ဘွတ်က မေးတတ်ပါတယ်။ အဲဒီ အချိန်မှာ ကိုယ့် ခံစားရတာ .. ကိုယ့်ပြောချင်တာ .. ကြုံရာ ကျပန်း ... ကိုယ့် ကြိုက်နှစ်သက်သလို ကိုယ့်ရဲ့ ဘ၀ .. ကိုယ့်ရဲ့ ခံစားချက်ကို ဆိုရှယ် အသိုင်းအ၀ိုင်းမှာ ရှယ်လို့ ( မျှဝေ ) လို့ ရပါတယ်။ အဲလိုမျိုး အဲဒီ အကောင့်မှာ ကိုယ့် မသုံးဖြစ်ပါဘူး။ သူများရေးထားတာတွေလည်း လိုက်ဖတ်တတ်တယ်။ ကွန်မန့်တော့ မရေးဖြစ်ဘူး။ ကွန်မန့်ရေးရင် အဲဒီ ဖေ့ဘွတ် အကောင့်ထဲကနေ ထွက်မရမှာ စိုးလို့ပါ။ ကွန်မန့်ကို သတိထားပီး ပေးတယ်။ ကိုယ် ကွန်မန့် သွားပေးမယ့် အကောင့် ပိုင်ရှင်က Friend တော်တော်များတဲ့ အကောင့်လား။ အဲလို အကောင့်မျိုးဆို အရမ်းကို ပြောချင်လွန်းမှ ကွန်မန့် ပေးလိုက်ပါတယ်။ ရန်များစေတဲ့ ကွန်မန့်မျိုး .. သူတပါးရဲ့ ကိုယ်ရေးကိုယ်တာကို ဘောင်ကျော်ပီး ပြောဆိုမိတဲ့ ကွန်မန့်မျိုးကို လုံးဝ မပေးမိအောင် ကိုယ့်ကိုကိုယ် အမြဲ သတိထားပါတယ်။

ဒီလထဲမှာ တိုးလာတဲ့ Friends list ထဲက တယောက် ရဲ့ Friends of Friends ကနေ တဆင့်
ဖေ့ဘွတ် မှာ ရေးထားတဲ့ စာတွေ လိုက်ဖတ်ကြည့်တယ်။

 တချို့က သူများကို နင်းပီး ကျော်တက်ချင်ကြတယ်။ နာမည်ကြီးချင်ကြတယ်။ အတိုက်အခိုက် လုပ်ပီး လူစိတ်ဝင်စားအောင် ပြုမူတတ်ကြတာကို သတိထားမိတယ်။

အဲဒီ မြန်မာ အကောင့်မှာ လာအပ်တဲ့ လူတွေကို Friend of friend ( Request ) လုပ်ထားတာ စိတ်မဆိုးပါနှင့် ... ကိုယ့်ဘ၀မှာ သူငယ်ချင်း ၁၀ ယောက်လောက် ရှိပြီ တော်ပါပြီ .. အဲဒီ အကောင့်ကို စဖွင့်ခါစက ကိုယ့် သိချင်တဲ့ လူတွေ .. ကိုယ် နှစ်သက်တဲ့ လူတွေကို လိုက်ပီး အပ်ထားတာပါ။ ဖေ့ဘွတ်က သူငယ်ချင်း အယောက် တစ်ရာကျော်လောက် ရှိမှ ဒီဘက် ဘေးနားက ဆိုဒ်ဘားလေးမှာ New feed တက်နေတာကို တပြိုင်တည်း မြင်ရတာပါ။ သူငယ်ချင်း ၅၀ အောက်ဆိုရင် ညာဘက် နားလေးမှာ သူငယ်ချင်းတွေရဲ့ New Feed တွေကို မမြင်ရပါဘူး။ Fun page တွေက Like နှိပ်ထားတာ အခု ၃၀၀ ကျော် .. လက်ရှိ Friend list က နှစ်ရာ ပတ်ဝန်းကျင်မို့ တော်ပါပြီ .. ကိုယ် မကြီးကျယ်ပါဘူး။ ကိုယ် လူတိုင်းကို respect ပေးပီး ခင်ခင်မင်မင် နေတတ်ပါတယ်။ အပြင်မှာလည်း အမြဲတန်း ပြုံးရွှင်စွာ နေတတ်ပါတယ်။

အမှန်အတိုင်း ပြောရရင် အဲဒီ မြန်မာ ဖေ့ဘွတ် အကောင့်က လူတွေ အားလုံး နီးပါးကို အပြင်မှာလည်း မတွေ့ဘူးသလို ရင်းလည်း မရင်းနှီးဘူး။

မြန်မာလူမျိုးတွေ အတွက် မထူးဆန်းဘူးပေါ့နော်။ ဖေ့ဘွတ်က လူတိုင်းက ဒီလိုပဲ အွန်လိုင်းသူငယ်ချင်းတွေပဲ ဆိုပီး ပြောကြမှာပါပဲ ...

ဒီဘက်မှာက ဖေ့ဘွတ်ကို သတိထားပီး သုံးမှ တော်ကာ ကြလို့ပါ။ ကိုယ့် အရင် ပိုစ့်တွေမှာ ဖေ့ဘွတ်ကြောင့် ပြသနာ တက်သွားတဲ့ အကြောင်းတွေကို သတင်းဝပ်ဆိုဒ်လင့် source အပါ ရေးခဲ့ဖူးပါတယ်။

မြန်မာသတင်းတွေ လိုက်ဖတ်ကြည့်တယ်။ လူတွေ တယောက် နဲ့ တယောက် ချိတ်ဆက်ထားတဲ့ ဖေ့ဘွတ်ကို သူ့ သူငယ်ချင်းကနေ တဆင့် နောက် တခြား သူငယ်ချင်း အဆင့်ဆင့် ဖတ်ကြည့်တော့ ကြီးကြီးကျယ်ကျယ် ပြောတတ်တဲ့ လူတွေကိုလည်း တွေ့တယ်။

တချို့ အပျို အရွယ် မိန်းကလေးတွေ စကားလုံး ကြမ်းကြမ်းတမ်းတမ်း သုံးတာကို တွေ့တော့ မိန်းခလေး သုံးနေတဲ့ ဖေ့ဘွတ် အကောင့် မဟုတ်ပဲ ယောကျာ်းလေးများလားလို့တောင် ထင်ရတယ်။


ဒါက လွန်ခဲ့တဲ့ လေးလလောက်က ကနေဒါ နိုင်ငံသူ ဆိုရှယ်ဆိုဒ်မှာ ဘူလီကျ ခံရလို့ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ ဗီဒီယိုဖိုင်လေးပါ။

YouTube : Amada Todd R.I.P

" ကျောင်း " 

YIS ကျောင်းက ဒီနှစ် ဖေဖော်ဝါရီ ပြည်ထောင်စုနေ့ကနေ စပြီး အင်းလေးကို Field trip သွားကြပါတယ်။ " Help Protrait @ Inle Lake " အင်းသူ အင်းသား ကလေးငယ်များနှင့် အတူ ကျောင်းသူကျောင်းသားများ ပျော်ပျော်ရွှင်ရွှင် ဓာတ်ပုံရိုက်ထားတာ ကြည့်လို့ကောင်းတယ်။ နိုင်ငံခြားသား ဆရာ၊ ဆရာမများလည်း ပါတယ်။

အဆင့်မြင့် ကျောင်းတွေနဲ့ ပတ်သက်ပြီး ကိုယ့်ဘလော့က ကျောင်းဈေးနှုန်းတွေ လာ လာ ဖတ်တတ်ကြတဲ့ လူတွေကို တွေ့ပါတယ်။ အဲဒါ  သမီး ILBC ကျောင်းတက်တုန်းက ဒုတိယတန်း ကျောင်းလခ ဈေးနှုန်းတွေပါ။

အခု ဈေးနှုန်းနှင့်ဆိုလျှင် သောင်းဂဏာန်းလောက်ပဲ ကွာမယ်လို့ ထင်ပါတယ်။ သိပ်ပီး အသေအချာ မသိပါဘူး။

စင်ကာပူ၊ မြန်မာ၊ အမေရိကား၊ သြစတြေးလျား လာဖတ်တတ်တာကို တွေ့ပါတယ်။

အရင်ပိုစ့်မှာ ရေးထားတာက ...

ကျောင်းလခ ဈေးနှုန်းက I.L.B.C ကျောင်းပဲ အတိအကျ သိပါသည်။
ကျန်တဲ့ နာမည်ကြီးကျောင်းတွေက ပျမ်းမျှလောက်ပဲ သိတာပါ။

I.L.B.C မှာ Primary 2 ကို နှစ်စဉ်ကြေး (Admin Fees) = 40,000 + ကျောင်းလခ (242,000/months)

ပထမ တစ်သုတ်က ၃ လစာ ရှင်းရသည် = 726,000 ကျပ် (Jun to Aug) ၊
ဒီနေ့ ဒုတိယ အသုတ် ပိုက်ဆံ သွင်းပါမည် 4 လ စာ ( 242,000 * 4 = 968,000 ကျပ် ) (Sep’09 to Dec’09)၊
End of December ကျမှ နောက်ဆုံး အသုတ် ငွေသွင်းရမှာပါ 3 လစာ (242,000 *3 = 726,000 ကျပ် ) .

အားလုံး စုစုပေါင်း တစ်နှစ်စာ (ကျောင်းတက် ၁၀လ) မြန်မာငွေ ၂၄ သိန်း ၆ သောင်းပါ။
စာအုပ်ဖိုး အပီးအစီးပါ။ အခြား အပို ထပ်မကုန်ပါ။


မူကြိုကလေးအတွက် တစ်လကို တစ်သိန်းသုံးသောင်း၊
မူလတန်းကလေးအတွက် တစ်လကို တစ်သိန်းခုနှစ်သောင်းနဲ့ အတန်းအလိုက် တဖြည်းဖြည်း ဈေးများလာတယ်။
၉တန်း ၁၀ တန်း ( အထက်တန်း ) ဆိုရင် တလကို ၃ သိန်း နီးပါးလောက် ရှိပါတယ်။
သံတမန် သားသမီးများ နှင့် မြန်မာ တိုင်းရင်းသားများပါ တက်တဲ့ Diplomatic က တစ်လကို $ 300
တချို့ကျောင်းတွေက တစ်နှစ်စာ ကျောင်းတက် ၁၀ - $ 4000
YIS .. ISM .. ISY တို့ဆို တစ်နှစ်စာ အထက်တန်းကျောင်းလခ ဒေါ်လာ တစ်သောင်းခွဲနီးပါး ( ဒေါ်လာ ၂ သောင်း ပတ်ဝန်းကျင် ) ဒေါ်လာ တစ်သောင်းအောက်တော့ မရောက်ဘူး။
Field trip ဆိုရင် နိုင်ငံခြားကို သွားတာ များတယ်။ မြန်မာ့ယဉ်ကျေးမှု့လည်း မပျောက်ပျက်အောင် သင်ကြားပေးပါတယ်။ မြန်မာ အခါကြီး ရက်ကြီးဆိုရင် မြန်မာ့ရိုးရာ ၀တ်စုံများ ၀တ်ဆင်ကြပါတယ်။ သံတမန် သားသမီးတွေ အများဆုံးတက်တဲ့ ကျောင်းပါ။

အဲလို ဈေးနှုန်းတွေကို ပြည်ပမှာ နေထိုင်တဲ့ လူတွေ ကြည့်ပြီး တော်တော်လန့်သွားကြမှာ အမှန်ပါပဲ .. အဲဒါက Private school fees ပါ .. အမေရိကား Private school fees လည်း တစ်နှစ်ကို ဒေါ်လာ နှစ်သောင်းခွဲ ရှိပါတယ်။

ဆိုးတာက အမေရိကားမှာ နေထိုင်တဲ့ စင်ကာပူ လူမျိုး မူလတန်းကလေးငယ်က သူ့နိုင်ငံ ပြန်ရင် စင်ကာပူ အစိုးရကျောင်း မူလတန်း ကျောင်းကို MOE ဖိုးပဲ နည်းနည်း ကုန်ပြီး ကျောင်းဆက်တက်လို့ ရပေမယ့် ..
အမေရိကားမှာ နေထိုင်တဲ့ မြန်မာလူမျိုး ကလေးငယ်ကတော့ တစ်နှစ်စာ ဒေါ်လာ 3000 လောက် ကျောင်းစရိတ် တတ်နိုင်မှပဲ ရမှာပါ။ သင်ရိုးညွှန်းတမ်းကတော့ GCE သင်ရိုးညွန်းတမ်း ရှိသလို အမေရိကန် ပုံစံ သင်ရိုးညွှန်းတမ်းလည်း ရှိပါတယ်။ YIEC

မြန်မာ အစိုးရကျောင်းလည်း တက်လို့ ရ မရ မသိပါဘူး။ ကျောင်းလခ၊ ကျူရှင်စရိတ်ဖိုး .. မြန်မာ အစိုးရကျောင်းက နိုင်ငံခြား ကျောင်းထွက်လက်မှတ် လက်ခံ .. မလက်ခံ သေချာ မသိပါဘူး။
မြန်မာ အစိုးရကျောင်းမှာ မူလတန်း ပြီးရင် သင်ရိုးညွန်းတမ်း ( မြန်မာစာ ဘာသာမှ လွှဲလို့ ) အားလုံး အင်္ဂလိပ်လို သင်တာမို့ အဆင်ပြေမယ် ထင်တာပါပဲ .. သေချာ မသိပါဘူး။

မြန်မာ အစိုးရကျောင်းမှာ ပြဌာန်းထားတဲ့ သင်ရိုးညွန်တမ်းလည်း အဆင့်မှီပါတယ်။
စာသင်ပုံ၊ စာသင်နည်း၊ training ပိုင်းပဲ ကွာသွားတာပါ။

တချို့ အဲဒီ ကျောင်းလခမှာ ပြသနာ တက်နေတာကို တွေ့ရလို့ စိတ်မကောင်းပါဘူး။

အဲဒါနဲ့ပဲ မြန်မာမှာ ... နိုင်ငံတကာ အဆင့်မြင့် ကျောင်းတက်နေသော ကျောင်းတွေကို ပစ်မှတ်ထားပီး တော်တော်များများ စပျစ်သီးချဉ်တယ် ပြောနေ .. ရေးနေကြတာကို တွေ့ပါတယ်။

စိတ်တော့ မကောင်းပါဘူး။ ကိုယ်ချင်းစာပါတယ်။

မြန်မာမှာနေသူ မြန်မာပြည်သူများအတွက်လည်း အဲဒီ ကျောင်းလခ က ဈေးအရမ်းများနေသလို နိုင်ငံခြားမှာ အစိုးရကျောင်း အလကားတက်နေရတဲ့ လူတွေအတွက်လည်း အဲဒီ ကျောင်းလခ က ဈေးအရမ်းများနေပါတယ်။

ဒါပေမယ့် .. အဲဒါ International Private School လေ .. တခန်းမှာ ကျောင်းသူ၊ ကျောင်းသား အယောက် ( ၂၀ ) နှင့် ဆရာမ ၂ယောက်

ဆိုးတာက မြန်မာ Private school က စင်ကာပူ အစိုးရကျောင်း နှင့် အမေရိကား အစိုးရကျောင်းကို မမှီတာ ဆိုးနေတာပါ။ အဲဒါကြောင့် တော်တော်များများ လက်တွန့်နေကြတာ။

နောက်ဆို အကူအညီပေးမယ့် တိုင်းပြည်တွေ အများကြီး ရောက်လာတော့မှာမို့ စိတ်မပူပါနဲ့ .. မြန်မာ ပညာရေးစနစ်ကို မြင့်တင်ပေးမယ့် နိုင်ငံရပ်ခြား တိုင်းပြည်တွေ လာကြတော့မှာပါ။ ( သတင်းတွေမှာ တွေ့တာကိုပြောတာ )


ဒီပိုစ့်က ကိုယ့်ရဲ့ personal post ဖြစ်ပါတယ်။

ဘလော့ကလည်း Personal Blog ပါ။

နိုင်ငံတကာ ဘလော့တွေမှာ Personal Blog ဆိုတာ မိသားစုအကြောင်းနှင့် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို open heart ( မြန်မာလို နှလုံးတံခါးဖွင့်ပီး ) ရေးထားတာပါ။ ကိုယ်က သိပ်ပီး အနုအရွတွေ မဆန်တတ်လို့ ငါ နှလုံးတံခါးဖွင့်ပီး ရေးတာလို့ မပြောရဲဘူး။

ဟေ့ .. ဒါ ငါရဲ့ Personal Blog ... သဘောပေါက်တယ်နော် ...

IMG_3800

အမဲအူပြုပ်ကို သံပုရာသီး ညစ်ထားသော ငပိထောင်းထည့်ပီး စားနေတယ်။

အရင်ပိုစ့် ...

  1. ဖြစ်ပြန်ပြီ
  2. FB 
  3. ၀က်သားတုပ်ထိုး ပိုစ့်က ကွန့်မန့်

Wednesday, February 27, 2013

ဝက်သား စပါးလင် ချို-စပ်


ဝက်သား စပါးလင် အချိုချက်


Pork with lemon grass curry

Ingredients
  1. 2.5 lb   - pork
  2. 4 cloves garlic, crushed
  3. 1 lemon grass, chopped
  4. 1/4 cup finely chopped fresh corinder stalks
  5. Red onion ( Medium ) - 1
  6. 2 tbsp - soy sauce
  7. 2 tbsp - fish sauce
  8. 3 tbsp - seasame oil
  9. 1 tbsp - sugar
  10. 1/4 cup - Chilli Sauce

fresh corinder stalks ( နံနံပင် ရိုးတံများ )


  1. ၀က်သား - ၂ပေါင်ခွဲ
  2. ကြက်သွန်ဖြူ - ၄ မွှာ
  3. စပါးလင် - ၁ ချောင်း
  4. နံနံပင် ရိုးတံ - အနည်းငယ်
  5. ကြက်သွန်နီ  - ၁ ဥ
  6. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း     ( ၂ ) ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
  8. နှမ်းဆီ - ထမင်းစားဇွန်း ( ၃ ) ဇွန်း
  9. သကြား - ထမင်းစားဇွန်း ( ၁ ) ဇွန်း
  10. ငရုတ်ဆီ - ခွက် လေးပုံ ၁ ပုံ
  • ၀က်သားကို တစ်လက်မ အရွယ် အသားတုံး တုံးထားပါ။
  • ၀က်သားကို ပဲငံပြာရည်၊ ငါးငံပြာရည်၊ နှမ်းဆီ ထမင်းစားဇွန်း ( ၂ ) ဇွန်း၊ သကြား၊ ငရုတ်ဆီတို့ဖြင့် နှံစပ်နေအောင် နှယ်ပီး နာရီဝက်လောက် နှပ်ထားပါ။
  • ကြက်သွန်ဖြူ - ၄ မွှာကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
  • စပါးလင် တချောင်းကို ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။
  • နံနံပင် ရိုးတံများကို  နှုတ်နှုတ်စင်းထားပါ။
  • ကြက်သွန်နီ တဥ ကို လေးစိတ် စိတ်ထားပါ။

အသားများ နှပ်ထားပီး နာရီဝက်အကြာမှာ -
  • ချက်မယ့်အိုးထဲ ဆီကို ထမင်းစားဇွန်း တစ်ဇွန်းထည့် အပူပေးပါ။
  • ဆီပူပီ ဆိုတာနှင့် ကြက်သွန်ဖြူ ထည့် အရင်မွှေပီး ဆီသတ်ပါ။
  • ပီးလျှင် စပါးလင် ထည့် မွှေ ကြော်ပါ။
  • နှုတ်နှုတ်စင်းထားသော နံနံပင် ရိုးတံများထည့်ပါ။
  • ဆီကိုမွှေးနေအောင် ဆီသတ်ကြော်ပီး တအောင့်ကြာမှ -
  • နှပ်ထားသော ၀က်သားများကို ထည့်မွှေပါ။
  • ၀က်သား အသားကျစ်သည့် အထိ မွှေပါ။
  • ပီးမှ ရေ ထည့်ပါ။
  • ရေ ၃ ရေလောက် ချက်ပီးလျှင် ၀က်သား အသား နူးအိနေပါပြီ။
  • ၀က်သား ဆီပြန်လာခါနီးမှာ ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( သို့မဟုတ် ) လက်ဘက်ရည်ဇွန်း တ၀က် ဆားဖြူးပီး မွှေ ... ဆီကျန် ရေကျန် အနေအထားလောက် ရပြီဆိုလျှင် မီးဖိုမီး ပိတ်လို့ရပါပြီ။


ဝက်သား စပါးလင် အချိုချက် ...
ငရုတ်ဆီကြောင့် အစပ် အရသာလည်း ပါသလို ... ( ခပ်စပ်စပ်လေး စားနိုင်လျှင် ငရုတ်ဆီကို ခွက် ၁ ခွက်လောက် ထည့်ချက်နိုင်ပါတယ်။ )
စပါးလင် အနံမွှေးမွှေး .. နံနံပင် ရိုးတံ မွှေးမွှေးလေးဖြင့် စားချင်စဖွယ် ဟင်းလျှာ တစ်မျိုးပါ။
စပါးလင်ကိုလည်း ၂ချောင်းလောက် ထည့်ချက်နိုင်ပါသေးတယ်။


Colourful Muffin

Tuesday, February 26, 2013

ဆန် နှင့် ကောက်ညှင်းဆန်




Jasmine Rice  ( ထမင်းချက်သည့်ဆန် )

ဆန်စေ့ ပုံစံက -
ကော် အရောင်၊
ဆန်လုံး သေးသေး .. ရှည်ရှည်။

ထမင်းချက်သည့်အခါ

ဆန်း ရေ

၁း ၁ နှုန်းဖြင့် ချက်စားလို့ရပါတယ်။

ဆန် - ၁ ခွက်
ရေ - ၁ ခွက် နှုန်းဖြင့် ချက်စားလို့ရပါတယ်။

( အစာကြေလွယ်တာရယ်၊ တချို့ကလည်း စားလိုက်ရင် ၀မ်းချုပ်တတ်လို့ Jasmine Rice နှင့် Basmati Rice ကို ရောစပ်ပီး ထမင်းအဖြစ် ချက်စားတတ်ကြပါတယ်။ )



Basmati Rice

ဒန်ပေါက်ချက်သည့် နေရာမှာ သုံးသော ဆန်

( တချို့ကလည်း Jasmine Rice က အစာကြေလွယ်လို့ Basmati Rice ကို နေ့စဉ်စား ထမင်း အဖြစ်နှင့် ချက်စားတတ်ကြပါတယ် )


Sweet Rice ( ကောက်ညှင်းချက်သည့်ဆန် )


ကောက်ညှင်းဆန်
ကောက်ညှင်းဆန် ပုံစံက
အဖြူရောင်
ဆန်လုံး သေးသေး .. ရှည်ရှည်။


ကောက်ညှင်းဆန်ကို
Glutinous rice
Sticky rice
Sweet rice
အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။


ချက်သည့်အခါ ၁း ၁ ဖြင့် ချက်လို့ရပါတယ်။
Sweet rice က နူးညံမှု ရှိတာမို့ တခြား ကောက်ညှင်းဆန်များလို ရေစိမ်ပီး ချက်စရာ မလိုပါ။
Sweet rice ကို စားသည့်အခါမှာလည်း ၀မ်းမချုပ်ပါဘူး။
အစာကြေလွယ်တာမို့ အိမ်မှာ ချက်သည့် ကောက်ညှင်းမုန့် တော်တော်များများမှာ Sweet Rice ဖြင့် ချက်စားတတ်ပါတယ်။
Glutinous rice ကို ချက်စားမယ်ဆိုရင် ရေစိမ်ပီး ချက်စားမှ ရပါမည်။


မြန်မာ ပေါ်ဆန်မွှေးက ဆန်လုံး တိုတို၊ အရောင် - အဖြူရောင်၊ ကောက်ညှင်းဆန်လိုမျိုး ပိန်ပိန်ရှည်ရှည်သွယ်သွယ်လေး မဟုတ်ပါဘူး။


Sweet Rice ဖြင့် ချက်ထားသော ဌက်ပျော်သီး၊ ပဲ ကောက်ညှင်းထုပ်

Monday, February 25, 2013

ဝက်သား ပေါင်မုန့်


 Pork buns

Evy's Kitchen - Tuna Buns ချက်နည်း အတိုင်း မုန့်ဖုတ်ထားသော ၀က်သား ပေါင်မုန့်


 

Thank you for sharing your recipe & cooking method, Evy. :)
 
 


ကိုယ် .. ဂရမ်တို့ .. မီလီလီတာ တို့ကို သိပ် မတွက်တတ်ဘူး။
အမေရိကန် စံနှုန်း - cup နှင့် tea spoon ပဲ တွက်တတ်ပါတယ်။ 


အိမ်မှာ ဒီ ချိန်တွယ်ခွက် နှင့် ချိန်တွယ်ဇွန်းပဲ ရှိတာလည်း ပါတယ်။




ပါဝင်ပစည်းများ


iPad နှင့် စာရွက်ကို မီးဖိုချောင် ထဲ ယူလာ ..


ကလစ်ဖြင့် ချိတ်ပီး ချက် ..
ဒီနေ့ ညနေ ပေါင်မုန့် ဖုတ်ထားတာမို့ လတ်လတ်ဆပ်ဆပ် ပေါင်မုန့် 


Yeast ( အထုတ်ကို နမူနာ ပြထားတာပါ။ အဲဒီ ဓာတ်ပုံက မနှစ်က ပိုစ့်ထဲက ဓာတ်ပုံ )


ဂျုံနှယ်ပီး


တစ်သျှူး အကြီး ကို ရေ နည်းနည်း စွတ် .. ရေစင်အောင် ညစ်


ဂျုံ ဖန်ဇလုံ မှာ အုပ်


Timer ပေးထား .. တစ်နာရီခွဲ 


နောက်တသုပ် .. ဂျုံ၊ သကြား၊ ကြက်ဥ၊ ထောပတ်တို့ဖြင့် ရောပီး နှယ် .. တစ်သျှူးစို အုပ်


၆ တုံးဖြတ်လိုက်တယ်။ 
ဂျုံချောင်း လိမ့်ပီး


S ပုံစံ ( သို့မဟုတ် ) 8 ပုံစံ 


တစ်သျှူးစိုဖြင့် အုပ်  ( ရေစင်အောင် ညစ်ထားသော အ၀တ်စိုဖြင့်အုပ် )


ပွဆေး တန်ခိုးဖြင့် ဂျုံများ ၂ဆ ထွားလာ


အိမ်မှာ ၀က်သားပဲ ရှိလို့ ၀က်သား၊ ကြက်သွန်နီ၊ mayoniase နည်းနည်းတင်ပီး ကြက်ဥ သုပ်


Preheat oven - 375ºF - 18 minutes
၁၅ မိနစ် အနေအထားလည်း စားကောင်းပါတယ်။
အခု မုန့်ဖုတ်ထားတာက ၀က်သား ကြိတ်သားမို့လို့ ၃ မိနစ်လောက် မီးနည်းနည်း ထပ်တင်လိုက်တာ။
ပူနေအောင် ကြိုဖွင့်ထားသော oven မှာ ၁၈ မိနစ်လောက် ပေါင်မုန့်ဖုတ်ပီး ..
၁၀ မိနစ် သာသာလောက်ပဲ အအေးခံပြီးတာနှင့် ကလေးများက ချက်ချင်းကို စားနေကြတာပါ။


ကလေးတွေကလေ အရမ်းကြိုက်တယ်။ သမီးဆို တစ်ယောက်တည်းနဲ့ ၃ ခုလောက် စားပီး .. သားသားက ၂ ခု ..
၆ ခု လုပ်တာ အခု ကုန်သွားပြီ ...


အရမ်း စားလို့ ကောင်းတာပဲ .. Evy ... ချက်နည်း မျှဝေပေးတာ ကျေးဇူး အထူးတင်ပါတယ်။




Chili sauce & tomato sauce

ဒီ ပုံလေးက ရန်ကုန် စီးတီးမတ် Season & bakery မှာ ရောင်းတဲ့ ပေါင်မုန့်ကို သမီးစားနေတာ .. သားသားက သူ့ ပေါင်မုန့် တခု ကုန်သွားပြီ .. အဲဒါ နောက်တခု ထပ်စားချင်နေတာလေ ..

အိမ်က ကလေးတွေက အဲလို မုန့်ဖုတ်ထားတဲ့ ပေါင်မုန့် ဆို အရမ်းကြိုက်တယ်။

သူ့အရသာက hamburger အရသာ နှင့်လည်း မတူဘူး။ sandwich လိုလည်း မဟုတ်ပါဘူး။ 
စင်ကာပူမှာတုန်းက Tampines bus station မှာ ရောင်းတဲ့ အခုလို ပေါင်မုန့်မျိုးကို အဲဒီမှာ ဘက်စ်ကား ပြောင်းစီးတိုင်း ၀ယ်စားဖြစ်တယ်။ 


ဒါက Foxwood - Connecticut, USA သွားတုန်းက ၀ယ်စားတဲ့ ပေါင်မုန့်ဆိုင် ..
အဲလို ပေါင်မုန့်ဆိုင်မျိုးက နေရာ တကာ မရှိပါဘူး။ 

 ရန်ကုန်၊ season and bakery က ပေါင်မုန့်ဆိုင်လိုမျိုး၊ ဒယ်ဒီက အဲဒီ ပေါင်မုန့်တွေ ကြိုက်လို့ ၀ယ်စားနေတာပါ။ ဈေးတွေက အသေးစိတ်တော့ မရေးတော့ပါဘူး။ ရန်ကုန်မှာ ၅၀၀၀ကျပ်ဖိုး ၀ယ်တဲ့ ပေါင်မုန့် အမျိုးစားစုံ တွေက ဒီမှာဝယ်ရင် ဒေါ်လာ ၂၀ဖိုးပါ။ ^o^


အရင်ပိုစ့်