" Fall in Leaves "

I love fall season. Fall season like colorful pictures. It's the most colorful time of the year. The leaves are beginning to turn, with trees taking on golden, amber and scarlet hues.

Shwe Kyi Sa Nywin Makin

( "Shwe Kyi Sa Nywin Makin" include Cashew Nuts, Raisins, Walnut, Almond, Coconut Cream, Butter and ..... I can only eat a little, because after I took about 5 bites, I feel full already.) My son like "Shwe Kyi Sa Nywin Makin" because there are mix nuts .... My son also likes poppy seeds that are on the "Shwe Kyi Sa Nywin Makin" very much, that's why I have to give my son extra poppy seeds about 1 small cup.

မုန့်ဟင်းခါး ....

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ... ဘလော့လည်း အသက်သွင်းရင်း ... ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ... ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ... ဓါတ်ပုံကတော့ ...

Have a lucky and wonderful 2014!

Happy new year everyone! Wishing you all a healthy, prosperous, and love filled new year. May the New Year bring to you warmth of love, and illuminates your path of life towards a positive direction.

ရွှေတောင်ခေါက်ဆွဲ အတွက် ကြက်သား အုန်းနို့ချက်

ကြိုက်နှစ်သက်သော . . . အန်တီစု စကားလုံး - ကျွန်မအခက်အခဲတွေ ကြုံတွေ့ခဲ့ရတဲ့ အခါမှာ တာဝန်ထဲမှာ စိတ်နှစ်ထားတာထက် ဘ၀မှာ အရေးကြီးတာ မရှိဘူးဆိုတဲ့ ခံယူချက်နဲ့ အားတင်းခဲ့ပါတယ်။ အဲဒီစိတ်ကြောင့် ကျွန်မ ရှေ့ဆက်နိုင်ခဲ့တာပါ။

Wednesday, January 30, 2013

မြန်မာကြိမ် ပရိဘောဂများ


Photo Credit to My Sister
Myanmar Cane - One Seator Chair
မြန်မာကြိမ် ပရိဘောဂ


Myanmar Cane - Side Table
ကြိမ် စားပွဲ


Myanmar Cane - 4 seator chair
လေးယောက်ထိုင် ကြိမ် ထိုင်ခုံ

 

 

 


ဒီ အဖြူရောင် ကြိမ် ဆက်တီစုံကို သဘောကျတယ်။

ဆက်တီ တစုံမှာ -
တစ်ယောက်ထိုင် ကုလားထိုင် - ၃ လုံး
လေးယောက်ထိုင် ကုလားထိုင် - ၁ လုံး
ဘေး စားပွဲ အသေး - ၂ လုံး
အလယ် စားပွဲ အကြီး - ၁ လုံး

 

 


ကြိမ် မီးအုပ်ဆောင်း

 

 

 

 

ကြိမ် ကုလားထိုင်က တော်တော်ကြီးတော့ ကူရှင် ထပ်ခင်းလို့ ရသေးတယ်။

 

 

 

 

ဒီလို ဘုသီး ပက်လက်ကုလားထိုင်တွေက Massage နှိပ်ပေးသလိုမျိုးပဲ ... ထိုင်လို့ ကောင်းတယ်။

 


ရန်ကုန်မှာ အရမ်းသုံးသော ကန်တော့တဲ့ လက်ဆောင် ကြိမ်ခြင်းတောင်းတွေ မျက်နှာကျက်မှာ ချိတ်ဆွဲထားတယ်။


ခြင်းလုံး


မျက်နှာကျက် မီးအုပ်ဆောင်း


ကြိမ် ဗန်း ..

 


Laptop ထည့်သော အိတ် ( သို့မဟုတ် ) ဘေးလွယ်သော အိတ်


ပိုက်ဆံအိတ်

 

ဆံထိုး
 

 

 

 

 

ထမင်းအုပ်ဆောင်း


ဒီ တံမြက်စည်း အရမ်း သဘောကျတယ်။ ခြံထဲမှာ တံစက်မြိတ် က ကျလာတဲ့ မိုးရေစက်တွေ ကြောင့် ကွန်ကရစ် သံမံတလင်းက ရေညှိ တက်ပီး ချောနေတာကို ...
အဲဒီ ရေညှိပေါ် သဲဖြူးပီး .. အဲဒီ အုန်းတံမြက်စည်းနဲ့ ဖိပီး ပွတ်တိုက်ပေးလိုက်လို့ ရှိရင် ... ချက်ချင်းကို ရေညှိ ပြောင်သွားတာပဲ ...
မြက်ခင်းပေါ်မှာ သစ်ရွက်ခြောက်တွေ တင်နေရင်လည်း လှည်းလို့ အရမ်းကောင်းတယ်။
မျက်နှာကျက် ကျပ်ခိုးတွေလှည်းဖို့ အတွက်လည်း အသုံးဝင်တယ်။


ကြိမ် ပိုက်ဆံအိတ်

 

 





Tuesday, January 29, 2013

သရက်သီးစိမ်း ထမင်း

 

သရက်သီးစိမ်း ထမင်း


Green Mango Rice

Ingredients
  • 3 cups rice, cooked
  • 1~2 cups Green Mango, grated
  • 1~2 Green Chillies, sliced
  • 1~2 Dried Red Chilli
  • 1 tbsp Ghee
  • 1/4 tsp Turmeric Powder
  • 1 tsp Mustard seeds
  • 1/2 ~ 1 cup Coconut milk
  • Salt to taste
  • Curry leaves
  •  သရက်သီးစိမ်းကို အခွံခွါပီး ခြစ်ထားပါ။
  • Ghee ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း အပူပေးပါ။
  • ပျဉ်တော်သိမ်ရွက်ထည့်ကြော်ပါ။
  • ငရုတ်သီးခြောက် ထည့်ပီး ထောပတ်ဆီတွင် လှိမ့်ကြော်ထားပါ။
  • မုံညင်းစေ့ထည့်ပါ။
  • ငရုတ်သီးစိမ်းကို ထက်ခြမ်းခွဲထည့်ပါ။
  • ဆားနှင့် ဆနွင်းမှုန့်ထည့်ပါ။
  • ( မီးမြေးမြေး ) မီးလျှော့ပီး ... ခြစ်ထားသော သရက်သီးခြစ်ထည့်ပါ။
  • ထမင်းထည့်ပါ။ ( ကြော်သည့် ယောင်းမ ဇွန်း ၂ ချောင်းဖြင့် ခက်ဖွဖွ မွှေကြော်ထားပါ )
  • အုန်းနို့ ခွက် တ၀က်လောက် ထည့် မွှေပါ။

 သရက်သီး ထမင်း

Monday, January 28, 2013

ကြက်သား အစပ်ကြော်


အရိုးမပါ အသားသပ်သပ် ကြက်သား - ၂ ပေါင်
ငရုတ်ကောင်းမှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ဆား - ထမင်းစားဇွန်း ၁ ဇွန်း ( ကြက်သား နှယ်သည့်အခါမှာ ထည့်ရန် )
ဆား - လက်ဘက်ရည်ဇွန်း - ၁ ဇွန်း ( ဂျုံမှုန့် နှယ်သည့်အခါမှာ ထည့်ရန် )
ကြက်ဥ - ၃ လုံး
ဂျုံမှုန့် - ၁ ခွက်
ရေ - သုံးပုံ ၁ ပုံ ချိန်ခွက်
ငရုတ်ဆီ - ခွက် တ၀က်
ဆီနှစ်ပီး မီးမြေးမြေးဖြင့် ရွှေအိုရောင် သန်းသည့် အထိ ကြော်ပါ။

 

Boneless Chicken - 2 lb
Salt & Black Pepper to taste
Egg - 3
Hot Chilli Sauce - ½ cup
All purpose flour - 1 cup
Water - ¹/3 cup
deep fried
Medium heat



ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်ဖြင့် နှယ်ပီးသည့်အခါမှာ ကြက်ဥထည့်၊ ဂျုံမှုန့်ထည့်၊ ရေထည့် နှယ်ပီးမှ ငရုတ်ဆီများ ထည့်နှယ်ပါ။


အခုရက်ပိုင်း ... အစပ်တွေပဲ စားချင်နေမိတယ်။ ထမင်းသုပ်ဆိုလည်း ငရုတ်ပွ အနှစ် + နှမ်းဆီများဖြင့် နှယ်စားလို နှယ်စား ...
အစပ်ပါမှပဲ ခံတွင်းလိုက်သလိုမျိုး ဖြစ်နေတယ်။

Spicy food ကြိုက်နှစ်သက်သူများအတွက် .. ချက်နည်းလေး မျှဝေလိုက်ပါတယ်။
အစပ် ကို နည်းနည်းပါးပါး စားပေးပါ .. အလွန်အကျွံတော့ မစားပါနှင့် ...

Saturday, January 26, 2013

ငရုတ်သီးစိမ်း ငပိကြော်



ငပိကြော်၊ ငပိချက်တွေကတော့ အများကြီးပါပဲ။

မန်ကျည်းသီးစိမ်း ငပိချက်၊
မရမ်းသီး ငပိချက်၊
ခရမ်းသီး ငပိချက်၊
ခရမ်းချဉ်သီး ငပိချက်၊
ဒန်သလွန်သီး ငပိချက် အမျိုးမျိုး ပါပဲ။

ငါးပိလိမာချက် 

ငပိကြော်
ဂွေးသီး ငပိကြော်
တညင်းသီး ငပိကြော်
မရမ်းသီး ငပိကြော်
ပန်းသီး အစိမ်း ငပိကြော်
မန်းကျည်းသီးထောင်း ငပိကြော်
မန်းကျည်းသီးမှည့် အနှစ် ငပိကြော်
သံပုရာသီး ငပိကြော်
ရှောက်သီး ငပိကြော်

(ေ၇ှာက်သီးသုပ်ရင် ရှောက်သီးဖတ်တွေ နွှင်သလိုမျိုး .. အဲဒီ ရှောက်သီးဖတ်တွေကို ငပိကြော်ထဲ ထည့်ပီး ရောကြော်ထားသော ငပိကြော်လိုမျိုး ...

ကိုယ့်က ငပိကြော်ကို အခွံပါး သံပုရာသီး အစိမ်း .. ကို ပါးပါး သေးသေးလေးလှီး စိတ်ပီး ငပိကြော် နှင့် နှယ်ထားသော ထမင်းထဲမှာ မြုပ်ပီး စားတတ်ပါတယ် .. သံပုရာအခွံပါ တခါတည်း ၀ါးစားတတ်တာလေ ) 

( ချဉ်တဲ့ အသီး  မှန်သမျှ ... ငံသော အရသာ ရှိသော ငပိကြော်နှင့် ရော ကြော်စားတတ်ကြပါတယ်။ )

ချက်ပုံချက်နည်း သဘောတရားကတော့ အတူတူကြီးပါပဲ။ အဓိက ကတော့ ခံတွင်းလိုက်တဲ့ ချဉ်၊ ငံ၊ စပ် အရသာမျိုး။

အခု ငပိကြော်က ငရုတ်သီးစိမ်း ငပိကြော်၊ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်း များများ ထောင်း ထည့်ပါ။ အိမ်မှာကတော့ အစပ်ကို စားတယ်။ တရားလွန်ကြီးတော့ မစားနိုင်လို့ ပုဇွန်ခြောက်မှုန့် နိုင်နိုင် နဲ့ ချက်ထားတဲ့ ငရုတ်သီးစိမ်း ငပိကြော်

ဒယ်အိုးထဲ ဆီ ထည့်ပီးတဲ့ အခါမှာ ကော်ဖီသောက် ပန်းကန်ပြားဝိုင်းလေးတွေ နဲ့ ကြိုတင် ပြင်ဆင် ထောင်းထု ထားသော  ~~~~

ကြက်သွန်ဖြူ၊ ကြက်သွန်နီ ထောင်းထားတာကို ထည့်ပါ။
ဆနွင်းမှုန့် နည်းနည်းထည့် ဆီသတ်ကြော်ပါ။
ကြက်သွန်များ ကျက်လောက်ပီ ဆိုရင်
လတ်ဆတ်သော ပုဇွန်ခြောက်မှုန့်ကို ထည့်ပါ။
ငရုတ်သီးစိမ်းထောင်းထားတာများကို ထည့်ပါ။
လက်ဘက်ရည် ပန်းကန်ခွက် တလုံးစာ ရေ နဲ့ ကွမ်းသီးလုံး တလုံးစာ စိမ်းစားငပိ ကို ဖျော်ပီး အနယ်များ စစ်ထားတဲ့ စိမ်းစားငပိရည်ကို ထည့်ပါ။
ဆား သို့မဟုတ် အချိုမှုန့်ကို ဖြူးပေးပါ။
ငပိ အနံ မွေးပီး အဆာ ပလာစာများ မကျွတ်လွန်း၊ မစိုလွန်းတဲ့ အနေအထားမျိုးကို ရပီဆိုလျှင် ဒယ်အိုးကို ချလိုက်ပါ။

အချဉ်ကြိုက်လျှင် မန်ကျည်းသီးမှည့်ကို အရည်ဖျော်ထားပီး ထည့်ချက်နိုင်ပါသေးတယ်။

အိမ်မှာက အခုလောလောဆယ် ငပိကြော် အရသာကို စားချင်တာ။ ငပိ ရဲ့ အရသာကို ထိန်းထားပေးမယ့် ခပ်စပ်စပ်လေး၊ ထမင်းနဲ့ နှယ်စားတဲ့အခါမှာ လျှာဂျွန်းပျံသွားအောင် စားချင်လို့ ငရုတ်သီးစိမ်း ငပိကြော် ကို ချက်စားတာပါ။


တို့စရာကတော့ ကတက်စာ။


ထမင်းဖြူဖြူ ပူပူလေးမှာ ငရုတ်သီးစိမ်း ငပိကြော် နဲ့ နှယ်ပီး၊ တို့စရာ ကတက်စာလေးနဲ့ မြုပ်ပီး စားလို့ ပဲ ဖြစ်ဖြစ်၊ ချဉ်ပေါင် နဲ့ မျှစ် ကို မြုပ်ပီး စားလို့ ပဲ ဖြစ်ဖြစ် ရှုးရှုးရှဲရှဲ နဲ့ ချဉ် ငံ စပ် အရသာမျိုးမို့ ထမင်းမြိန်စေတဲ့ မြန်မာဟင်းလျာများဖြစ်ပါတယ်။