Sunday, October 20, 2013

မုန့်ဟင်းခါး

blog မှာ ပိုစ့် မတင်ဖြစ်တာ ကြာနေပြီမို့ ...
ဘလော့လည်း အသက်သွင်းရင်း ...
ဘာရေးရမှန်းလည်း မသိဖြစ်ရင်း ...
ထုံးစံ အတိုင်း ဓာတ်ပုံပဲ တင်လိုက်ပါတယ်။ ...

ဓါတ်ပုံကတော့ ...


မုန့်ဟင်းခါး ....






မုန့်ဟင်းခါးကို ကော်ဖီခါး နှင့် တွဲစားရတာ အကြိုက်ဆုံးပါ ....























မုန့်ဟင်းခါး ချက်နည်းက ဟိုးအရင်ကတည်းက ချက်နည်း အဆင့်ဆင့် ဓါတ်ပုံများနှင့် ရေးပေးပြီးပြီမို့ မရေးတော့ဘူးနော် ...

ဒီနေ့ တနင်္ဂနွေ ... စိတ်ပြေ လက်ပျောက် ... 

ရှုပ်ထွေးနေသော ဖေ့ဘွတ်ကနေ .. ရှောင်ရင်း 

ဘလော့ပေါ် မျက်စိလည်လာတာပါ ...

ဘလော့မိတ်ဆွေများရဲ့ ဘလော့တွေကိုလည်း လာလည်ပါအုံးမည်။

လောလောဆယ်တော့ မအားသေးတာမို့ ဘလော့ မလည်ဖြစ်တာ နှစ်နှင့် ချီ ကြာနေပါပြီ ...

၂၀၀၈ကတည်းက ဘလော့ကို နေ့တိုင်း အိမ်လည်တတ်တယ်။ ကွန်မန့်သာ မချန်တတ်တာ သူများဘလော့ပိုစ့်တွေ တော်တော်များများ ဖတ်ဖြစ်တယ်။

အခုနောက်ပိုင်း ဖေ့ဘွတ် ဂိမ်း ကစားရင်းနှင့် ဖေ့ဘွတ် တစ်ခု နှင့်သာ အချိန်ကုန်နေတာမို့ ဘလော့ကို မသုံးဖြစ်တာ တော်တော်လေးကို ကြာနေပါပြီ ...

ဒီသီချင်းက ကိုယ့် အခု ရက်ပိုင်း အရမ်းကြိုက်လို့ အချိန်တိုင်း နားထောင်ဖြစ်နေသော သီချင်း ...

ကိုယ်နေချင်တာ အဲဒီလို Life မျိုးပါ ...


~(˘▾˘~) ~(˘▾˘)~ (~˘▾˘)~ 

Well open up your mind and see like me

♬♪♫ ヾ(*・。・)ノ ♬♪♫

Open up your plans and damn you're free

ヽ(* ̄o ̄*)ノ♩♫♪ 

Look into your heart and you'll find love love love love

ヽ( °◇°)ノ

Listen to the music of the moment people, dance and sing

♫♪♩ヾ(*◎○◎)ノ♫♪♩ 

We're just one big family

(∫˘▽˘)∫ 

And it's our God-forsaken right to be loved loved love love

♬♫♪◖(●◡●)◗♪♫♬

So I won't hesitate no more, no more
It cannot wait, I'm sure
There's no need to complicate, our time is short
This is our fate, I'm yours

ヽ( °◇°)ノ   

 ♬♫♪◖(●◡●)◗♪♫♬

My favorite song : Jason Marz - I'm Yours

Well you done done me and you bet I felt it
I tried to be chill but you're so hot that I melted
Before the cool done run out I'll be giving it my bestest
And nothing's going to stop me but divine intervention
I reckon it's again my turn to win some or learn some

But I won't hesitate no more, no more
It cannot wait, I'm yours

Well open up your mind and see like me
Open up your plans and damn you're free
Look into your heart and you'll find love love love love

Listen to the music of the moment people, dance and sing
We're just one big family
And it's our God-forsaken right to be loved loved love love

So I won't hesitate no more, no more
It cannot wait, I'm sure
There's no need to complicate, our time is short
This is our fate, I'm yours

D-d-do do you, but do you, d-d-do
But do you want to come on
Scooch on over closer dear
And I will nibble your ear

I've been spending way too long checking my tongue in the mirror
And bending over backwards just to try to see it clearer
But my breath fogged up the glass
And so I drew a new face and I laughed

I guess what I be saying is there ain't no better reason
To rid yourself of vanities and just go with the seasons
It's what we aim to do, our name is our virtue

But I won't hesitate no more, no more
It cannot wait, I'm yours
Open up your mind and see like me
(I won't hesitate)
Open up your plans and damn you're free
(No more, no more)
Look into your heart and you'll find that the sky is yours
(It cannot wait, I'm sure)

So please don't please don't, there's no need
(There's no need to complicate)
There's no need to complicate
(Our time is short)
Our time is short
(This is our fate)
This is, this is, this is our fate
I'm yours

Oh, I'm yours
Oh, I'm yours
Oh, whoa, baby you believe I'm yours
You best believe, best believe I'm yours

 


7 comments :

Anonymous said...

သက်ရေ..
ပဲကြော်မကြိုက်တဲ့ကိုယ်တောင်ပဲကြော်လေးနဲ့ မုန့် ဟင်းခါးစားချင်သွားတယ်။ ကော်ဖီပြင်းပြင်းနဲ့ မုန့် ဟင်းခါးစပ်စပ်ကိုယ်တို့ အကြိုက်ပေါ့။
ဟောလ၀န်းရာသီရောက်လာတာနဲ့ ဖရုံသီးရောင်နဲ့ ဖရုံသီးပုံပစ္စည်းလေးတွေပေါ်လာတော့တာဘဲနော်။ ကိုယ်လည်းဖရုံသီးပုံပစ္စည်းလေးတွေကိုချစ်တယ်။
အမြဲလိုလိုဝယ်ဖြစ်တယ်။ ဈေးသက်သာတာလေးတွေကိုပေါ့။း)
အို်င်အိုရာ

ဆုမြတ်မိုး said...

မုန့်ဟင်းခါးစားချင်တယ် မသက်ရယ်း(
စောစောစီးစီးကြည့်လိုက်မိတာ...သွားရည်တောက်တောက်ကျသွားတယ် ။

ချစ်ခင်လျက်
ဆုမြတ်

သီရိရတနာ said...

@အိုင်အိုရာ ...
@ ဆုမြတ် ...

ပထမဦးဆုံး ဖေ့ဘွတ် ဆာဗစ် ဒီနေ့ မနက် နယူးယောက် အချိန် ၈နာရီခွဲမှာ ဆာဗာဒေါင်းသွားပါသောကြောင့် အခု မနက် ၉ နာရီမှာ ဘလော့ ဖွင့်လိုက်တော့ ကွန့်မန့် ၂ ခု တွေ့ရတာ အရမ်းဝမ်းသာတယ်။

ဘလော့ကမှ နွေးနွေးထွေးထွေး ရှိသေးတယ်။

ဖေ့ဘွတ်ပေါ်မှာက လော်ဘီတွေကော တော်ကီတွေကော .. များလွန်းလို့ .. လူတွေကို လူကောင်း၊ လူလိမ်၊ လူညာ ခွဲနေရတာ အလုပ်တကယ်ရှုပ်ပါတယ်။

တကယ်ပါပဲ ၂၀၁၂ လောက်ကမှ စ ကြုံဖူးတော့တာပါ။

အရင်တုန်းက ဖေ့ဘွတ်၊ ဘလော့ သုံးလို့ အရမ်းကောင်းတာပဲ။ အခုတလော အွန်လိုင်းသုံးနေရတာ တမျိုးကြီးပဲ ...

ဟဲ .. ဟဲ ... ပြောချင်တာလေးတွေ အရင်ပြောမိတာ စိတ်မဆိုးနှင့်နော် ...

ကိုယ် စတိုင်က ပွင့်ပွင့်လင်းလင်း နေတတ်တယ်။ ဘ၀ ကို ပေါ့ပေါ့ပါးပါးလေး ဖြတ်သန်းချင်တယ်။ သေရင် စိတ်ရှင်းရှင်းနှင့် သေသွားချင်လို့ပါ။ အားနည်းချက်က စိတ်အရမ်းဆတ်တတ်ပါတယ်။ ဒေါသထွက်လွယ်စေသော ကိစမျိုးဆိုရင် အတတ်နိုင်ဆုံး ရှောင်တယ်။ ( အဲဒီအတွက် တရားမှတ်ပါတယ်။ မမှတ်ရင် စိတ်ကြီးတော့ ပြသနာကြီးမှာ စိုးလို့ )


မအိုင်အိုရာ ရေ ..

သက်ရဲ့ပဲကြော်ကလေ သိပ်မ၀ိုင်းဘူး။ အိမ်မှာ ချက်စားတာမို့ပဲကြော်ဝိုင်းဝိုင်းမ၀ိုင်းဝိုင်းပြသနာ မရှိတာမို့ .. ဆီပူထဲ ဒီအတိုင်းပဲ ထည့်ကြော်လိုက်တာပါပဲ။ ပဲကြော်ချက်နည်းမှာ ပဲကြော်ဝိုင်းဝိုင်းလေးလိုချင်ရင် သံဇကြာခွက် ယောင်းမကို အရင် ဆီပူထဲမှာ ထည့်ပီးမှာ ပဲ နှင့် မုန့်နှစ်ကို အဲဒီထဲ ထည့်ကြော်ရင် ပဲကြော်ဝိုင်းဝိုင်းရတယ်ဆိုတာ ရေးဖူးသေးတယ်။

မလှ မပ သက်ရဲ့ ပဲကြော် ကို ချီးမွမ်းသွားလို့ ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ ပန်းကန်လေးတွေကတော့ သမီးလေး နှင့် သားလေး အကြိုက်ပါ။ ရန်ကုန်မှာတုန်းက ဖိုက်ဘာ ပန်းကန် ဒီဇိုင်းလေးတွေလည်း လှပေမယ့် သူ့က အစွန်းအထင်းလွယ်တယ်။ ဒီလိုမျိုး ကြွေပန်းကန် ဒီဇိုင်းတွေက ဆေးလို့လည်းကောင်းသလို အရောင်လည်း မမှိန်သွားဘူး။ လက်ရာလည်း ကောင်းတယ်။ ဒါကြောင့်မို့လို့ ဒီလို ဒီဇိုင်း ကလေးအကြိုက် လှတ ပတလေးဆိုရင် ၀ယ်ဖြစ်ပါတယ်။ သက်အကြိုက်က ပန်းပွင့်ပုံ ပါသော ပန်းကန် အဆက်လိုက် နှင့် ကာလာ ပါသော ဖန် အကြည် လက်လက်လေးတွေ အဆက်လိုက် အဲလိုမျိုးကို ပိုကြိုက်ပါတယ်။ အဲဒီ အဆက်လိုက်က အနည်းဆုံး ၃၀၀ နှင့် ၁၅၀၀ ကြားပဲ ... သူများတွေ လ နှင့် အကြွေးဝယ် ပီး ဧည့်ကောင်းဆောင်ကောင်း ဘုန်းကြီးပွဲတွေမှာ သုံးကြတယ်။ တစ်နှစ်စာ အကြွေးဝယ်ရင် တလကို ဒေါ်လာ ၂၀ သာသာပဲ ပေးရတယ်လေ။ အတိုး နှင့် ပစည်းဖိုး အပေါင်းပေါ့နော်။ မေစီမှာ ရတယ်ပြောတာပဲ။ သက်လည်း ကလေးတွေ ငယ်သေးတာမို့ ကွဲမှာ စိုးတာရယ်။ မှန်ဗီဒိုလည်း မရှိတာရယ် ... ဘာရယ် ညာရယ် နှင့် ကြိုက်ပေမယ့်လည်း မ၀ယ်ဖြစ်ပါဘူးကွယ်။ မတော်လို့ အိမ်ပြောင်း စတိတ်ပြောင်း ...( ကားခက စတိတ်တခု နှင့် တခု သယ်ယူခပဲ ဒေါ်လာ ၃၀၀၀ လောက်ရှိတယ်။ ယူဖော် ကား အေဂျင်စီလေ .. အသိတွေ ပြောင်းကျ ရွှေ့ကျလို့ သိနေတာပါ။ ) ပြည်တော်ပြန်ရင် အဲဒါတွေက မသယ်နိုင်ရင် ထားခဲ့ရမှာလေ ... ( ဟီး .. ဟီး )

မဆုမြတ်ရေ ... အားရ ပါးရသာ သုံးဆောင်ပါနော်။ အဲလို အားပေးမယ့်သူများ ရှိရင် ကျွေးချင်ပါဘိ .. အဟုတ် .. တကယ် .. အိမ်နီးရင် ကောင်းသားနော်။ ကိုယ် ဒီမှာ မုန့်ဟင်းခါး ချက်ပြီးရင် ၅ပွဲစာလောက် ပန်းကန်ပြား မုန့်ဖတ်ထည့်၊ ဟင်းရည်ထည့်ပြီး ရန်ကုန်မှာ အိမ်နီးချင်းကို ပေးနေကြမို့ ဒီမှာလည်း ပေးချင်တယ်။ ချက်တာက ၈ ကွာတား အိုးကြီးနှင့်ဆိုတော့ အများကြီးပဲလေ ...

ကိတ်မုန့်၊ ပေါင်မုန့် နှင့် ခေါက်ဆွဲပဲ အိမ်နီးချင်းကို ပေးတယ်။ မုန့်ဟင်းခါး၊ လက်ဖက်တော့ မပေးဖူးသေးဘူး။ မုန့်ဟင်းခါးက ငံပြာရည် နှင့် ချက်ထားတာ .. ကိုယ်ကတော့ အဲဒီလို ငါးခူ အကောင်လိုက်ကို ငံပြာရည် စပါးလင် ဒါးပြားရိုက်နှင့် ပြုတ်ပြီး ဆန်မှုန့်လှော်၊ ပဲမှုန့်လှော် ပြီး ငါးဆီသတ် နှင့် ကြက်သွန်နီဥ၊ ဌက်ပျော်အူမုန့်ဖတ်၊ ဘဲဥပြုတ်၊ ငရုတ်ကောင်းလှော်မှုန့်နှင့် ချက်ထားတဲ့ မုန့်ဟင်းခါးကို အကြော်စုံထည့် ပီးရင် နံနံပင် များများထည့် သံပုရာသီး များများညစ်၊ ငရုတ်သီးမှုန့် ထည့်ပြီး စားရင် အရမ်းကြိုက်တယ်။ ကျန်းမာရေးနှင့်လည်း ညီညွတ်တယ်။

အဲဒါစားပြီး ဘာမှ သွေးမတိုးဘူး။ ၀မ်းကောင်းလို့ အကြောအခြင်တောင် ပြေသေးတယ်။

ဒီက အဖြူတွေကျတော့ ငရုတ်သီးမစား၊ သံပုရာသီး မညစ်တော့ သူတို့အတွက် မုန့်ဟင်းခါးက သွေးတိုးစာ ဖြစ်နေမလားလို့ပါ ...
















သက်ဝေ said...

စားချင်လိုက်တာ... စောစောစီးစီး ကြည့်ပြီး သက်ပြင်းတွေ ချသွားတယ်... အဟင့်...

သီရိရတနာ said...

@ သက်ဝေ - ဟီး .. ဟီး ... ကိုယ်လည်းလေ ... မသက်ဝေ ရဲ့ လက်ရာ ကို ဖေ့ဘွတ်ပေါ်ကနေ ကြည့်ပြီး သရေတွေ ကျနေမိတာ အမှန်ပါ။ ကဏန်းဟင်းတွေရော၊ ဝက်ခေါက်ကင်ထမင်းပေါင်း၊ သရက်သီးစိမ်းကက်ကတစ်ချဉ်စပ်ဟင်း ပြောရင်းနှင့်တောင် သရေတွေ ကျလာပြီ။ ဟီး ဟီး

Anonymous said...

ရုံးအလုပ်နဲ့ ချင်းမိုင်ရောက်နေတုန်း မြန်မာအစားအစာတွေ ဘလော့ပေါ် လိုက်ငေးတာ ညီမသက်မုန့်ဟင်းခါးမှာ သွားရည်ယိုနေတယ် /
အမခင်မင်းဇော်

သီရိရတနာ said...

@ အမခင်မင်းဇော် - အမရေ . . . ဘလော့က ပစ်ထားတာ ကြာနေလို့ အမ ကွန့်မန့်ကို မတွေ့လိုက်မိဘူး။ ဆောရီးပါနော်။ အမ အခုကော ချင်းမိုင်မှာပဲလား။ ကျန်းမာရေး ဂရုစိုက်နော်။ အမ ခရီးစဉ် အစစ အဆင်ပြေပါစေ . . . ဘေးကင်းပါစေ အမ . . .