Saturday, September 7, 2013

ဖေ့ဘွတ်ခ် အကောင့်


ကိုယ့်ရဲ့ fb user name = thetnandar.myanmar ဖေ့ဘွတ်ခ် အကောင့် ... ကို ဖွင့်တော့ ဖေ့ဘွတ်ခ်က မေးခွန်းတွေ မေးနေတာ ကိုယ် မဖြေနိုင်ဘူး။ အဲဒါနဲ့ အခု ဖေ့ဘွတ်ခ် မှာ အဲဒီ အကောင့် မရှိတော့ပါဘူး။ ဖေ့ဘွတ်ခ်က ဖျက်ပလိုက်တာပါ။

စိတ်မကောင်းပေမယ့် မတတ်နိုင်ဘူးလေ။

အဲဒီ အကောင့်နှင့် Facebook Fan page & Follow တွေကို Interest မှာ Like မနှိပ် ... Follow မလုပ်ပဲ List ထဲ ထည့်ပြီးသိမ်း ...



အရင်တုန်းက ဒီ ဘလော့ အောက်နားမှာ facebook interest list ဆိုပြီး list ထည့်ထားပေးထားတယ်။


အဲဒါ အခု အဲဒီ အကောင့်က ဖွင့်မရတော့ဘူး။ ဓာတ်ပုံတွေကို မှန်ကန်အောင် ဖြေဆိုနိုင်မှ အကောင့်ပြန်ရမယ့်ပုံပဲ ...

ထားလိုက်ပါတော့ အဲဒီအကောင့်မှာက လူပေါင်းစုံမို့ ကိုယ် ဖြေနိုင်မှာ မဟုတ်ဘူး။ တချို့ နည်းနည်းလောက် သိကျွမ်းတဲ့ လူတွေကိုတောင် ကိုယ် နာမည် မေ့နေတယ်။

a ရိုက်လိုက် ... အေ နှင့် စသော နာမည်တွေ လိုက်ကြည့်မှ မှတ်မိတယ်။ လူကို သိတယ်။ နာမည်မေ့နေတာ။ နာမည် မြင်ရင်တော့ မှတ်မိလို့ တော်သေးတယ်။

ဒါပေမယ့်လည်း တချို့ ဓာတ်ပုံတွေကို ကိုယ် ဘယ်လိုမှ မဖြေနိုင်ဘူး။

မနေ့ကတည်းက ဖွင့်မရလို့ ၅ နာရီ တခါ အဲဒီ အကောင့် သွားပြီး ဓာတ်ပုံတွေကို နာမည်ဖြေနေတာ။ အခုတော့ စိတ်လျှော့လိုက်ပြီ။ 

သိမှ မသိတာ။ ၂ ခေါက် ၃ ခေါက်လောက်ပဲ မှန်အောင် ဖြေနိုင်တာ ... အားလုံး မဖြေနိုင်တော့ မရတော့ဘူးလေ။

အဲဒီ အကောင့်ကို ဖေ့ဘွတ်ခ်က ဖျက်လိုက်တာ ... မပြောပဲ ဒီအတိုင်း ထားလိုက်မလို့ပါပဲ ...

ဒါပေမယ့် မတ်ဆေ့ခ်ျတော့ ပေးလိုက်မယ်။

ဖေ့ဘွတ်ခ်ကို အကောင့်တစ်ခု ... ထပ် ပိုသုံးရင် ဖေ့ဘွတ်ခ် လော့ဂင် ၀င်တိုင်း www.facebook.com ကနေ သွားဝင်ပါ။ အကောင့်တစ်ခုကို ဆိုင်းအောက် လုပ်ထားပြီးတဲ့ နေရာကနေ ထပ်မ၀င်ပါနှင့် ....

ဖေ့ဘွတ်ခ် ဒေါ့ကွန်ကနေ ပဲ ၀င်ပါ။ ထရက်ကင် ကွတ်ကီးတွေနှင့် ဖမ်းထားတာမို့ ဖေ့ဘွတ်ခ် အကောင့် lock ကျတာတို့ fake အကောင့်ဆိုပြီး ဖေ့ဘွတ်ခ်က လုပ်တတ်တယ်။

အဲဒီ အကောင့်ကို ကိုယ့်အထင် ဘယ်သူမှတော့ အားအားယားယား ရီပို့ မလုပ်လောက်ပါဘူး။ အဲဒီ အကောင့်က မသုံးတာ တော်တော်ကြာပါပြီ။

မနေ့က ဂျီမေလ်းကနေ thetnandar.myanmar ဖေ့ဘွတ်ခ် မတ်ဆေ့ခ်ျ တက်လာလို့ ယောင်ပြီးတော့

ကိုယ့် သုံးနေကျ ဖေ့ဘွတ်ခ် thetnandar အကောင့် သုံးလက်စ နေရာကနေ ဂျီးမေလ်းထဲက thetnandar.myanmar ဖေ့ဘွတ်ခ် မတ်ဆေ့ခ်ျကို နှိပ်လိုက်တာ ... အဲဒီ အကောင့် အဲလို ဖြစ်သွားတယ်။ 


မနေ့ကတည်းက ထိုင်ဖြေနေတာ .. စိတ်လေသွားပြီ။
ထားလိုက်တော့မယ်။
ဖြေရင်း ဖြေရင်း ပို ... ပို ဝေးသွားတယ်။

Myanmar Facebook Fan page နှင့် Follow တွေကို ပြန်ပြီး interest list ပြန်စုရတော့မယ်။

လောလောဆယ်တော့ မအားသေးဘူး။ နောက်မှ ပြန်စုတော့မယ်။

သတင်းထူးတွေကို ကိုယ့်အမ ဖေ့ဘွတ်ခ် ဝေါ်မှာပဲ သွားကြည့်လိုက်တယ်။ သူ့က သတင်းစုံတယ်လေ။





ဘလော့က Google reader ပိတ်လိုက်တာ တော်တော်ဆိုးပါတယ်။

အဲဒါကြောင့် ကိုယ်လည်း ဘလော့တောင် မဖတ်ဖြစ်တာ သင်္ကြန်ပြီးကတည်းကပဲ ...

အခု လက်ရှိသုံးနေတဲ့ အကောင့်က တယ်လီဖုန်းနံပါတ် verify account ထည့်ထားတယ်။

ဂိမ်းကစားတဲ့ လူတွေက ဂိမ်း Fan page မှာ Add me please လို့လည်း ပြောသေးတယ်။

ကိုယ်က Game friend request - add တာပေါ့ ... တချို့က မသိပါဘူး .. No ပါ လုပ်လိုက်တော့ ကိုယ့်ကို ဖေ့ဘွတ်ခ် က နှစ်ကြိမ် ၇ှိသွားပါပြီ။

Message မတ်ဆေ့ခ်ျ နှင့် Friend request ဖရန့်ရီကွတ်စ် အပ်ခွင့် နှစ်ကြိမ် ပိတ်ပလိုက်တယ်။ တစ်ခါ ပိတ်ရင် ၂ ပတ် ( ၁၄ ) ရက် ....

အားအားယားယား ... သူတို့ကလည်း အပ်ခိုင်းသေးတယ်။ အပ်တော့လည်း နိုး လုပ်တော့ နေ၇င်း ထိုင်ရင်း ဖေ့ဘွတ်ခ် ဂျေးလ် Facebook Jail ထဲ ကျသွားတယ်။

ဒါကြောင့် နောက်ပိုင်း ဖရန့် မအပ်တော့ဘူး။ သူတို့ကိုပဲ အပ်ခိုင်းလိုက်တယ်။ အပ်မီ ဆိုပြီး ...

ကိုယ့်ကို ဖရန့်အဖြစ် လာအပ်လာရင် အဲဒီ လူရဲ့ ဖေ့ဘွတ်ခ် ပရိုဖိုင်းကို မကြိုက်ရင် Cancel သာ လုပ်လိုက်ပါ။ နိုး ဆိုရင် သူ့ကို ဘလော့ခ် လုပ်သလို ဖြစ်ပြီး ဖေ့ဘွတ်ခ် ရဲ့ ကွန်ပြူတာ စစ်စတန်အရ အဲဒီ လူဟာ ဖရန့်ရီကွတ် ဘန်းခံရတတ်တယ်။ 
 









8 comments :

Crystal said...

တကယ်ဖျက်လိုက်ပြီလားဟယ်၊ ခရီးက ပြန်ရောက်တော့ မတွေ့တော့လို့ သတိတွေရနေတာ :(

သီရိရတနာ said...

@Crystal - ဖေ့ဘွတ်ခ် က ဖျက်လိုက်တာ ...
အမ မဖျက်ဘူး။

အဲဒီ thetnandar.myanmar ( Fb user name ) အကောင့်မှာ လူစုံတယ်။ သူတို့ ရှယ်ထားတဲ့ မြန်မာ ဖန်ပေ့ခ်ျတို့ ဖော်လိုဝါ တို့ကို အမ က Facebook - interest - List မှာ ခေါင်းစဉ် နာမည်တွေ ရေးပြီး List စီထားတာ။

အဲဒီ အကောင့်ပျက်တော့ မြန်မာ ဖန်ပေ့ခ်ျ အားလုံး ဖေ့ဘုတ် လိပ်စာ နှင့် မြန်မာက လူတွေရဲ့ ဖေ့ဘုတ် လိပ်စာတွေ မသိတော့ဘူး။

ဒီဘက် အကောင့် thetnandar ( Fb user name ) က ၂၀၁၀ ဖေ့ဘုတ် စသုံးကတည်းက ဖေ့ဘုတ် ဂိမ်းကစားလာတာမို့ အဲဒီ အကောင့်မှာ မြန်မာ ဖန်ပေ့ခ်ျနှင့် people တွေကို follow မလုပ်ထားသလို like မနှိပ်ထားလို့ မရှိဘူး။

အရင်တုန်းက သုံးတာက အခု ပျက်သွားတဲ့ အကောင့်က interest list ကို follow လုပ်ပြီး မြန်မာသတင်းတွေ မြန်မာလူမျိုးတွေ အကြောင်းကို ဖတ်နေတာပါ။

အခုတော့ ဒီ အကောင့်နှင့် ပြန်စီရတော့မယ်။ မျက်စိရှေ့ new feed တက်လာမှပဲ interest list ထဲ စီလိုက်ပါတော့မယ်။

ဒီ အကောင့် - fb user ( thetnandar ) က အရင်တုန်းက ဖေ့ဘုတ်မှာ တကယ် ပိုက်ဆံ ထည့်သုံးနေတာမို့ အကောင့်မှာ အမရဲ့ ဖုန်းနံပါတ် ထည့်ထားတယ်။

အခု နောက်ပိုင်း ဖေ့ဘုတ်မှာ တကယ့်ပိုက်ဆံ မသုံးတော့ဘူး။

ဖေ့ဘုတ်က ကွန်ပြူတာ စစ်စတန်ကြောင့် တကယ့်လူ နှင့် အတုကို သူတို့ ကောင်းကောင်းမခွဲနိုင်ဘူး။

အတုတွေမှာ အကောင့်ပေါင်း ရာနှင့်ချီ ရှိတယ်။

အမ ဆီမှာ ဖေ့ဘွတ်ခ် အကောင့်က ၃ ခုတည်း။

(Facebook က အောင်မြင်နေပြီမို့ ကြီးကျယ်နေတာပါ။ အမမှာလည်း အကြောင်း ရှိတယ်လေ။ လူများရင် New Feed နယူးဖိမှာ မျက်စိ အာရုံ တကယ်နောက်ပါတယ်။ အစ ပထမ သိပ် မသိဘူး။ အခုတော့ Friend list/ interest list လုပ်ထားတတ်သလို ( Friend တွေကိုလည်း အမျိုးအစား ခွဲတက်သွားပြီ) ဒါက ဆွေမျိုး၊ ဒါက ဂိမ်းကစားတဲ့ လူ၊ ဒါက မြန်မာလူမျိုး၊ ဒါက မသိသော ဖေ့ဘွတ်ကာ မြန်မာလူမျိုးဆိုပြီး ခွဲ ထားတတ်သလို ဖေ့ဘုတ်ဝေါ်မှာလည်း share သည့်အခါ ခွဲခြားပြီး ရှယ်တပ်သွားပါပြီ။ ဒါက မြန်မာလူမျိုးသပ်သပ် ရှယ်တာ။ ဒါက အမေရိကားမှာ နေထိုင်တဲ့ လူတွေ သပ်သပ် သိဖို့ သတင်း နှင့် ဂိမ်းကစားဖော်တွေပဲ သိဖို့ ဂိမ်းFeed ) အဲလိုမျိုး အကောင့်ကို ထိန်းလိုက်တော့မှ ဖေ့ဘုတ်က သုံးရတာ မျက်စိရှင်းသွားတယ် နို့မို့ဆိုရင် အကောင့်ဖွင့်လိုက်တာနှင့် အမလေး စုံပလုံစီနေတာပဲ မျက်စိတောင် မှောက် မူးလဲသွားနိုင်တယ်။ )

ဖေ့ဘွတ်ခ် ပေါ်လစီ ( စီမံချက် အသစ် ) ကြောင့် အကောင့်တခုကို တယ်လီဖုန်း နံပါတ် တခု ဆိုတာ ဖေ့ဘွတ်ကြီး ... အောင်မြင်မလား၊ မအောင်မြင်မလား စောင့်ကြည့်လိုက်ပါအုံးမယ်။

လောလောဆယ်တော့ ဖေ့ဘွတ်ခ် ပေါ်လစီ နှင့် ထိသွားတယ်။

လူတယောက်မှာ ဖေ့ဘွတ် အကောင့် သုံးခု သုံးတာ မှားလားကွယ် ...

အရင်တုန်းက အမဆီမှာ ....

ဂိမ်းကစားတာ တခု၊
အမေရိကား အိမ်နီးချင်းမိတ်ဆွေ သူငယ်ချင်း တခု၊
မြန်မာ မိတ်ဆွေ သူငယ်ချင်း ဘလော့ဂါ အုပ်စု က တခု

အဲဒီမှာ မြန်မာ အကောင့် ပျက်သွားတော့ ဖန်ပေ့ခ်ျ နှင့် လူတွေကို အမ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်သွားတယ်။း)

အားလုံး ရောထွေးလိုက်ရင် အမ အိမ်နီးချင်း အကောင့်ကို အမကို နောက်ကျောထိုးမယ့် ဖေ့ဘွတ်ခ် က အကောင့်တု ( သူငယ်ချင်း အတု ) က သိနိုင်သလို ... အမတို့ မိတ်ဆွေ အချင်းချင်း ပြောဆိုစရာ ရှိတာတွေကိုလည်း ဘေးက လူက ( သူငယ်ချင်း အတု ) ကြားကနေ မြင်နေ သိနေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အကောင့် ၃ ခု ဖွင့်ထားတာပါ။

အခုတော့ ၂ခုပဲ ရှိပေမယ့်။ လတ်တလော ဖေ့ဘွတ်ခ် ပေါ်လစီကြောင့် နောက်ထပ် အကောင့် တစ်ခုပါ ပိတ်သွားမှာစိုးလို့ ခဏလောက် သူ မပိတ်ခင် ကိုယ်ပဲ သွားပြီး ဒီအက်တစ်လုပ်ထားလိုက်တယ်။ ဒါကြောင့် .. အမ လတ်တလော သုံးနေတဲ့ ဖေ့ဘွတ် အကောင့်က ဒီဘလော့မှာ တပ်ထားတဲ့ အကောင့်ပါ။ အဲဒီ အကောင့်မှာ အခု ဖုန်းနံပါတ် မထည့်ထားဘူး။ မနေ့က သမီး အကောင့်မှာ တယ်လီဖုန်းနံပါတ် ထည့်တာနှင့် သူက ဖျက်ပလိုက်တယ်။ လေပါတယ် ဖေ့ဘွတ်ခ်ရယ်။

နောက်ပိုင်း ဖေ့ဘွတ်က အစစ်အမှန်တွေ ဖြစ်လာမှာပါ မျှော်လင့်ချက် ထားပုံလည်း ရပါတယ်။ ကောင်းပါတယ်။

သီရိရတနာ said...

အမ ဆိုလိုတာ သဘောပေါက်သလား မသိဘူး။

ဒီလိုပါ ... အဲဒီ အကောင့်မှာ လူစုံတယ်။ သူတို့ဆီကနေ ဖေ့ဘွတ် လိပ်စာ လင့်တွေရတယ်။ သူတို့ ရဲ့ နယူးဖိ မှာ တွေ့တာလေ။ အမက စိတ်ဝင်စား စား မ၀င်စား စား interest list မှာ - Fan Page ဆိုရင် Like မနှိပ်ပဲ People ဆိုရင် Follow မလုပ်ပဲ စီထားလိုက်တယ်။ အဲဒီ လင့်ကို တခြား ဖေ့ဘုတ် အကောင့်ကနေ ကြည့်လို့လည်း ရတယ်လေ။

အခု အဲဒီလို ကြည့်လို့ မရတော့ မြန်မာ ဆက်သွယ်မှု့ ဧရိယာ ပြင်ပ ရောက်သွားတာကို ပြောတာပါ။

မနေ့က သမီး နာမည်နှင့် ဖွင့်ထားသော ဖေ့ဘွတ်ခ် အကောင့်မှာ သွားပြီး တယ်လီဖုန်းနံပါတ် ထည့်တယ်။

ကိုယ့်စီမှာ တလကို ဒေါ်လာ ၁၅၀ ပေးဆောင်ထားတဲ့ ဟမ်းဖုန်းက တစ်လုံးတည်းပဲ ရှိတာလေ။

အဲဒါ သမီးဖေ့ဘုတ် အကောင့်မှာ ဖုန်းနံပါတ်လည်း ထည့်လိုက်ရော ...

ကိုယ့် အကောင့်မှာ ထည့်ထားတဲ့ verify account ဖုန်းနံပါတ် က အလိုလိုနေရင်း ပျက်သွားပါကြောင်း ဖေ့ဘွတ်ခ် က စာပို့တယ်။

တော်ပါပြီ ... လေပါတယ်။ ဖေ့ဘွတ်ခ်ရယ်။

သူရဲ့ တင်းကျပ်မှု့တွေက တကယ့် အစစ် အမှန်တွေ ထွက်လာမှာလား ... ပိုဆိုးမလားဆိုတာ စောင့်ကြည့်လိုက်ပါမယ်။

အမကတော့ ဆိုရှယ် နက်ဝ်ကင်းတွေ အများကြီးမို့ သိပ်တော့ မလွမ်းလောက်ပါဘူး။

အမ ဒီပိုစ့်မှာ မတ်ဆေ့ခ်ျ ပေးချင်တာက ..

ဖေ့ဘွတ်ခ်က အခု တင်းကျပ်နေပြီ ...
ဖုန်းနံပါတ် တခုကို အကောင့်တခုနှုန်းပဲ ပေးတယ်။
ဖုန်းနံပါတ် ထည့်သွင်းထားသော အကောင့်မှ အကောင့်အစစ် ...
မထည့်ထားသော အကောင့်က အကောင့် အတုမို့ သူတို့ အချိန်မေ၇ွှး ဖျက်သိမ်း ခွင့် ရှိတယ်။

အမတို့က မိသားစု လေးယောက် ( တယ်လီဖုန်း နံပါတ်က ၂ ခုပဲ ရှိတယ်။ )

ဖေ့ဘွတ်ခ်မှာ အတုတွေ .. ရေးချင်သလို ရေးနေတဲ့ ဟာတွေမှ အများကြီးပဲ ...

လတ်တလော သူတို့ရဲ့ ပေါ်လစီကြောင့်ပါ။

ဓာတ်ပုံတွေက တမင်တကာကို ခက်တဲ့ ဓာတ်ပုံတွေ ဖြေခိုင်းတာ ...
အဲဒီ အကောင့်မှာ ရှိတဲ့ လူတွေရဲ့ ထင်ရှားတဲ့ ဓာတ်ပုံဆိုရင် တော်သေးတယ်။
အုပ်စုလိုက်ဓာတ်ပုံ၊
လူအများဓာတ်ပုံ၊
ဂျာနယ် အပိုင်းအစ ဓာတ်ပုံ၊
ကြော်ငြာဓာတ်ပုံ၊
ပန်းချီကားကို ရိုက်ပြီး တင်ထားတဲ့ဓာတ်ပုံ အဲဒီပုံမှာ လူပေါင်း အယောက် ၅၀ လောက် တပ်ခ်ျ ထားတာကို ကိုယ်က ဖေ့ဘွတ် လူနာမည် လိုက်ဖြေပေးနေရတာ။
Food picture
ရေရေလည်လည် ခက်သလို .. အဲဒီ အကောင့်က သိပ်မသုံးတော့ မသိဘူးရယ်။

အဲဒါနှင့်ပဲ ဖေ့ဘွတ်ခ် ပေါ်လစီကြောင့် အဲဒီ အကောင့်က ပျက်သွားတာပါ။

အမ ပေးချင်တဲ့ မတ်ဆေ့ခ်ျက ဖေ့ဘွတ် ဒေါ့ကွန်ကနေပဲ လော့ဂင် ၀င်ပါလို့ ပြောချင်ပါတယ်။

ဖေ့ဘွတ်ခ် အကောင့် တခု ကို လော့ အောက် လုပ်ထားပြီး အဲဒီ နေရာကနေ နောက်ထပ် ဖေ့ဘွတ်ခ် အကောင့်ကို လော့ဂင် မ၀င်ပါနှင့် ...

tracking cookie တွေ ထည့်ထားတာမို့ ကြာလာတဲ့ အခါကျရင် အကောင့် လော့ ကျတာတို့ ဖြစ်တတ်သလို ဖေ့ဘွတ်ခ် ဆီမှာလည်း အဲဒီ အိုင်ပီ နံပါတ် နှင့် အကောင့် ဘယ်နှစ်ခု သုံးနေတယ်ဆိုတာ ပေါ်ပါတယ်။

သီရိရတနာ said...


သြော် ... အားလုံး ကို အမ ဖေ့ဘုတ်က ကြိုဆိုပါတယ်။ ဂိမ်းကစားတဲ့ လူတွေကို ပြောသလိုမျိုး ....

Add me ...

ဆက်ဆီ ဖေ့ဘွတ်ခ် ပရိုဖိုင်း .. ကြမ်းတမ်းသော ဖေ့ဘွတ်ခ် ပရိုဖိုင်း မဟုတ်တဲ့ လူတွေအားလုံးကလွှဲလို့ အမ အကုန် accept လုပ်ပါတယ်။ မြန်မာလူမျိုးဆိုရင် ဖရန့်လစ်မှာ မြန်မာ ထဲ ထည့်လိုက်တယ်။ မသိရင်တော့ အက်ကွတ်တန့်ထဲ ထည့်လိုက်တယ်။

ဆိုင်းလင့် ဖေ့ဘွတ်ခ် ယူဆာတွေ ကိုလည်း ဖရန့်လစ်ထဲမှာ ဆိုင်းလင့် ဖေ့ဘွတ် ဖရန့် ဆိုပြီး ထည့်ထားလိုက်သလို ခဏ ခဏ ဒီအက်တစ်လုပ်တာလား ၊ ကိုယ့်ကို ဘလော့တာလား ခွဲ ခြားရ ခက်တဲ့ လူကိုလည်း အမက ဒီဘက်ကနေ ရီစထရစ် ထဲ ထည့်လိုက်တတ်ပါတယ်။

ခရစ်စတဲလ် အမကို ဖေ့ဘုတ် သူငယ်ချင်း အပ်လာခဲ့ရင်တော့ အမ ဆီမှာ ဖရန့်လစ် နာမည် အသစ်တခု တိုးလာမှာ အမှန်ပဲ ... မြန်မာ ဘလော့ဂါ ဆိုပြီး ဖလန့်လစ် တခု တိုးလာမှာ ...

သြော် ... ဂိမ်း ရီကွတ်စ်တွေက နောက်ပိုင်း ဂိမ်းတွေက ဘီတာ ဂိမ်းတွေမို့လို့ ဂိမ်းမှာ ကစားတဲ့လူ ကိုယ့်အကောင့်မှာ ဂိမ်းသူငယ်ချင်း အယောက် ၅၀ ကျော်ဆိုရင် တခြားလူဆီကို ဂိမ်းမကစားတဲ့လူဆီကို ဂိမ်းရီကွတ်စ်တွေ မပို့ပါဘူး။ အဲဒီ ဂိမ်းမှာ ပါပြီးသား .. ဂိမ်းကစားတဲ့လူ သပ်သပ် .. အော်လ် သူငယ်ချင်း သပ်သပ် ပါပီးသား .. ကိုယ်က ဂိမ်းကစားတဲ့ လူတွေကိုပဲ ဂိမ်းရီကွတ်စ်လုပ်လိုက်ရုံပဲ ...

ဒါကြောင့် ဂိမ်းကစားတဲ့ လူများဖို့ ဂိမ်းဖန်ပေ့ခ်ျမှာ အပ်မီဆိုပြီး ဂိမ်းသူငယ်ချင်းတွေကို သပ်သပ် ခွဲထားတာပါ။

ဖေ့ဘွတ်က ဟက်ကာတွေ .. အတုတွေပဲ ကောင်းကောင်း အထာသိပြီး ဘယ်ကွေ့မှာ ဘယ်လို သုံး ဆိုတာနှင့်ပဲ ထိုက်တန်တယ်။

အမတို့လို အမှန်အကန် သုံးနေသူတွေကို အကောင့် အများကြီး မပြောနှင့် အကောင့် ၂ ခု၊ ၃ ခုတောင်မှ ဖွင့်မပေးဘူး။

လေပါတယ်။

ဖေ့ဘွတ်ခ် မရှိတော့ ပိုတောင် အချိန်ကုန်သက်သာသေးတယ်။ :D

မိုးသက် said...

ဟိဟိ friends တွေ ရွေးခိုင်းတဲ့ ထဲက ဘွဲ့ဝတ်စုံနဲ့ ကောင်မလေးက ကျွန်တော့်ညီမဗျ...။
အကောင့်ဖျက်ခံရတာမဟုတ်ဘူးအစ်မရေ.။ Lock ကျသွားတာ.။ တော်တော်ဂွကျတဲ့ အမျိုးပဲဗျာ.။

ဆုမြတ်မိုး said...

မသက်ရယ်.. အကောင့် lock ကျသွားတာပါ..facebook က လုပ်တာ ဟုတ်ပါ့မလား ။ တစ်စုံတစ်ယောက်က hack ဖို့ကြိုးစားရင်းကျသွားတာဖြစ်နိုင်တယ်.. ပြန်လိုချင်ရင် ဆုမြတ်ပြန်လုပ်ကြည့်ပေးမယ်အမ။ တခြားအကောင့်မှာ အမရဲ့အကောင့်က friend တွေကိုမြင်နေရသေးရင် ပြန် recover လုပ်လို့ရနိုင်ပါသေးတယ်.။

သီရိရတနာ said...

@မိုးသက် - ဟာ .. ဒါဆို ဖေ့ဘွတ်ခ်က အန်တီကို ကျပ်တာပေါ့ ...

ဟား ... ဟား ... လေပါတယ် .. ဖေ့ဘွတ်ခ် ရယ် ...

ဘွဲ့ဝတ်စုံ နှင့် ကောင်မလေး ဓာတ်ပုံရယ် .. အစားအသောက် ဓာတ်ပုံရယ် .. တခြားပုံနှင့် တွဲထားတော့ အန်တီသက်က မိန်းကလေး နာမည်တွေပဲ စဉ်းစားနေတာ ...

ဟူး .. ရက်စက်ပါ့ ...

ရှိသေးတယ်။ တခါတလေ .. အစားအသောက် ဓာတ်ပုံတွေချည်းပဲ သုံးပုံ စလုံး တက်ပီး မေးတာတို့ ...

တခါတလေ သတင်းဓာတ်ပုံတွေ ...

ဟာ .. ဘယ်လိုလုပ်ပြီး နာမည်နှင့် ဓာတ်ပုံ တွဲဖြေပေးရမှန်းမသိဘူး။

နောက်တခုက နာမည် အစုံ မသိတာ အန်တီသက်ရဲ့ အားနည်းချက်ပဲ ...

ဒါကြောင့်မို့လို့ ဖေ့ဘွတ် ဒေါ့ကွန်ကနေပဲ သွားပါလို့ ...

အကောင့်တခု ကနေ နောက်အကောင့်ကို ဖွင့်လိုက်ရင် ဖေ့ဘွတ် လော့ ကျတတ်တယ်ဆိုတာ မတ်ဆေ့ခ်ျပေးချင်တာပါ။

လော့ကျလို့ ဖွင့်ဖို့ လွယ်အောင် အကောင့်မှာ ရှိသမျှ လူတွေရဲ့ ဓာတ်ပုံနှင့် နာမည်တွေကို အလွတ်ကျက်ထားပါလို့ ...

ဟား ... ဟား .. ရီစရာပြောတာပါ။

သီရိရတနာ said...

@ ဆုမြတ်မိုး - ကျေးဇူးပါ ညီမရယ် ...
လော့ကျသွားတာပါ။

ဖြစ်ပုံက အမ ဂျီးမေလ်းကို Fb user name - thetnandar.myanmar ဖေ့ဘွတ်ခ် မေးလ် လာတယ်။

အဲဒီ အချိန်မှာ အမက သုံးနေကျ FB user name - thetnandar သုံးနေပါတယ်။

အဲဒါကို အမက ယောင်ပြီး ဂျီးမေလ်းက ဖေ့ဘွတ်ခ် မတ်ဆေ့ခ်ျ ကို နှိပ်လိုက်တာ။

ဖေ့ဘွတ်ခ် ရဲ့ ကွန်ပြူတာ စစ်စတန်အရ သူလည်း နည်းနည်းကြောင်သွားမှာပေါ့ ...

အဲဒါနှင့် အမရဲ့ FB user name - thetnandar.myanmar က လော့ကျသွားပြီး ဓာတ်ပုံတွေ နှင့် နာမည် တွဲဖြေခိုင်းနေတာ။

ဆိုးတာက အမ နာမည်တွေ မမှတ်မိတာ။ ဓာတ်ပုံတွေ မမှတ်မိတာ။ ဓာတ်ပုံတွေ မမြင်ဖူးတာ ဆိုးတာပါ။

အမ သုံးနေတဲ့ thetnandar fb အကောင့်ကို log out လုပ်ပြီး ..
thetnandar.myanmar ဖေ့ဘွတ်ခ် အကောင့်ကို log in ၀င်ရမှာပါ။

အမ ယောင်သွားတာ ...

အမြဲတန်းလည်း ဂျီးမေလ်းကနေ ဖေ့ဘွတ် မတ်ဆေ့ခ်ျ တက်လာရင် ဂျီးမေလ်းကနေ ဖေ့ဘွတ်ကို ၀င်ပြီး သုံးနေကျမို့ ယောင်သွားတာ ...