Tuesday, August 13, 2013

စါး ... သားသား


ဆိတ်သား အားလူးဟင်း နှင့်  ပလာတာ


စမူဆာ ကုလားပဲရည်ဆမ်း အသုပ် နှင့် ဆိတ်သား ပလာတာ


စမူဆာ ကုလားပဲရည်သုပ်


ပလာတာ




My kid's study table ( ကလေးတွေ စာကြည့်စားပွဲ )


food color & extract ( For orange cheese cake & meringue cookie ) 
ကိတ်မုန့် အရောင်ဆိုးဆေးများ


lunch box bag


 Recycled DIY - paper roll desk organiser


recycled diy - File folder ( Corn Cracker box )
 

Baking cabinet


Recycled DIY - paper roll desk organiser 


food color & baking


medicine cabinet


cake decorating


vanilla essence ( For cookie and baking .... )


baking soda and powder


Kitchen cabinet


Traditionl foods


oil - 25% extra olive oil


Measuring cups & pastry brush


Kitchen cabinet




spice cabinet



baking aluminum foil pans


တခါသုံး ဇွန်း၊ ခရင်း၊ ဓါး


ကြက်သွန်ဖြူ၊ ကြက်သွန်နီ


အိမ်သုံး တူ၊ ၀က်အူ၊ သံ၊ ဓာတ်ခဲ


measuring cups and spoons

 


measuring cups and spoons


cookie cutters


မတော်တော့သော အနွေးထည် အကျီ ကို ကုလားထိုင် ကူရှင် ခေါင်းအုံးမှာ စွပ်ပြီး ကူရှင် ခေါင်းအုံးစွပ် အဖြစ် ပြန် အသုံးပြုထားပုံ


လက်ကို ကုလားထိုင် မှာ ပြန်ချီထားပုံ ..
နောက်မှီ အတွက်ပါ ကူရှင် ထည့်လို့ ရသေးတယ်။


စပါကတီ




ပုစွန် ခေါက်ဆွဲ








ပုစွန် မရိုးနိစ့်











ဆဲလ်မွန်ငါးသံပုရာဆမ်း


ဆဲလ်မွန်ငါး


ဆိတ်သားဒန်ပေါက်
( အနီရောင် ပန်းကန်လုံးက သရက်သီးသနပ်ကို ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲ ထည့်ချက်ပြီး အရည်သောက် သနပ်ဆမ်း ချက်ထားသော ဟင်းရည် )


ဒန်ပေါက်နှင့် တွဲစားဖို့ အချဉ်


ဆိတ်သား ဒန်ပေါက်


သရက်သီးသနပ်


ကြက်သား ပဲစိမ်းလုံးကြော်



ကြာဇံကြော်
  


နာနတ်သီးစိတ်


pork ribs with mushrooms



ကန်စွန်းရွက်၊ မှိုကြော်


ဘဲသား အားလူးဆီပြန် ( ဘဲနှလုံး၊ ဘဲ အသဲ၊ ဘဲ အမြစ်ပါတယ်။ )
    
ခရမ်းသီးကို မီးဖုတ်ပြီး ငပိဖုတ် မွှေးမွှေးလေးနှင့် အတူ ငရုတ်သီးစိမ်းမီးဖုတ်၊ ကြက်သွန်ဖြူ မီးဖုတ် အတူရော ထောင်းထားသော ခရမ်းသီး မီးဖုတ် ငပိထောင်း 
 

ရွှေတောင်ခေါက်ဆွဲ အသုပ်
 


ရွှေတောင်ခေါက်ဆွဲ နှင့် ဟင်းခါး





ကြက်သားအုန်းနို့ချက်၊ အအီပြေ ငရုတ်ကောင်းမှုန့် ခတ် ဟင်းရည်၊ ကြက်သွန်ဖြူ ဆီချက်၊ ပဲမှုန့် အကျက်မှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ခေါက်ဆွဲဖတ် ( ရွှေတောင်ခေါက်ဆွဲဖတ်က ခေါက်ဆွဲပြား ) ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ သံပုရာသီးစိတ်၊ မုန့်ကြွပ်ကြော် 




 


 
ကြက်သား အုန်းနို့ချက်၊ ( လေးစိတ်ခြမ်း ကြက်သွန်နီ နူးနူးလေးပါ ပါတယ်။ )


 မိုးအေးအေး ရာသီဥတု ကောင်းလို့ စားချင်တာနှင့် ချက်စားဖြစ်သော ရွှေတောင်ခေါက်ဆွဲ ...

ခေါက်ဆွဲဖတ်ကို ပဲမှုန့်အရသာ စိမ့်စိမ့်လေးနှင့် ကြက်သားအုန်းနို့ နိုင်ချင်းထည့် သံပုရာသီး ထည့်ညစ် သုပ်ထားတာမို့ ရွှေတောင်ခေါက်ဆွဲ အရသာက တကယ်ကောင်းတယ်။



အဖြူထည် ချဉ်ပေါင်ဟင်းရည် ( အမေရိကန် ချဉ်ပေါင်ရွက် စတိုင် )


မျှစ်၊ ချဉ်ပေါင်ကြော်


ဝက်သားဟင်း

   




 မုန့်ဟင်းခါး မုန့်ဖတ်၊ မုန့်ဟင်းရည်၊ နံနံပင်၊ ငရုတ်သီး အကျက်မှုန့်၊ ပဲကြော်


ငါးခူ အကောင်လိုက်ကို ထည့်ချက်ထားလို့ ဟင်းရည်က တော်တော် သောက်ကောင်းတယ်။
ဒီက ဗီယက်နမ်ဆိုင်မှာ ငါးခူ အကောင်လိုက် ၀ယ် ပြီး စပါးလင်၊ ငံပြာရည်နဲ့ ပြုတ်ပြီး ချက်ထားသော မုန့်ဟင်းခါး


ရှလွတ် ကြက်သွန်နီ ဥ ပါ ထည့်စားလို့ ပိုကောင်းတယ်။


ငါးခူ အသားဖတ်များများ


မုန့်ဟင်းခါး ဟင်းရည်အိုးမှာ ငရုတ်သီးအရောင်တင်ဆီ အနီရောင်ဝေ့ဝေ့ မကြိုက်သော သူငယ်ချင်းအတွက် ....
ကိုယ်ကတော့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲဟင်းရည်အိုးမှာ ငရုတ်သီး အရောင်ဆီ အနီရောင်ဝေ့နေတာကို ကြိုက်တယ်။
ကြိုက်လို့ တခါတလေ ... ဆီပူထဲမှာ မီးမြေးမြေး နဲ့ ငရုတ်သီး အရောင်တင်မှုန့်ကို ချက်ပြီး မုန့်ဟင်းရည်အိုးထဲ ထည့်ချက်တတ်သေးတယ်။


အိမ်က ကလေးများအကြိုက် ဆိုဒါဖြင့် ကုလားပဲ ပွနေအောင် တညလောက် စိမ်ထားပြီး သူတို့ အကြိုက် မုန့်နှစ် ကြဲကြဲ .. ကုလားပဲ နည်းနည်း ကြော်ပေးထားသော ပဲကြော်

     









အပူချိန် - ၈၀ ဒီဂရီ ဖာရင်ဟိုက်


မိုးရွှာနေတဲ့ အချိန်မှာ ကော်ဖီခါး ပူပူလေး သောက်ရတဲ့ အရသာကို အရမ်းနှစ်ခြိုက်ပါတယ်။


maple leaves color in August


Henry only likes three things: Chicken nuggets, scrambled eggs and lobster. Thankful Sunday!  


ပုစွန်ထုပ်


 ဖေ့ဘုတ်မှ သူငယ်ချင်းများကိုတော့ ဖေ့ဘုတ်မှ တဆင့် ဓာတ်ပုံတင် ကျွေးပြီးပါပြီ ...
ဘလော့မှ လာလည်သော ဧည့်သည်များကို ဓာတ်ပုံတင် ကျွေးလိုက်ပါတယ် .....

အခု .. နွေရာသီ ကျောင်းပိတ်ရက်မှာ သမီးလေးကို ဟင်းချက်နည်း သင်ပေးနေတာ တကြောင်း၊ နောက်တတန်းအတွက် စာသင်နေတာ တကြောင်း ... 

၂၀၁၀ ကတည်းက ဆော့ကစားလာသော ဖေ့ဘုတ်ဂိမ်းက ဖေ့ဘုတ်မှ အပြီးအပိုင် ရုတ်သိမ်းသွားတော့ အခု ဂိမ်းအသစ်ကို စဆော့နေတာ Level အမြင့်ဆုံး ရောက်ဖို့ အချိန်ပေးနေတာ တကြောင်းမို့ ... ဘလော့ဘက်ကို ခြေဦး မလှည့်နိုင်သေးဘူး ဖြစ်နေတယ်။ 

မိသားစု အလည်အပတ် သွားထားသော အမှတ်တရ ဓာတ်ပုံများနှင့် ကာလာစုံ မုန့်မျိုးစုံ ဓာတ်ပုံများလည်း ပိုစ့် တင်ချင်ပါသေးသည်။

ကိုယ် .. ဒီကြားထဲ ဘလော့မှာ ဓာတ်ပုံမတင်ပဲ ဖေ့ဘုတ်မှ ဓာတ်ပုံတင်တော့ ဘယ်လို ခံစားရသလဲး ဆိုရင် .. အရမ်း လွတ်လပ်တာပဲဟာ .. 

ဓာတ်ပုံ အတွက် ဥစာ ခြောက်စရာ စိတ်မျိုး မဖြစ်ပေါ်တာ .. စိတ်ထဲ အရမ်းလွတ်လပ်တာပဲ ... ဘလော့ဆိုတာကြီးကို အာရုံထဲမှာ မပေါ်တော့ ဓာတ်ပုံတွေကို လုံးဝကို watermark ၀ါတာမတ်တွေ ဘာမတ်တွေ ထည့်မနေတော့ဘူး။ ဘလော့ မူပိုင် ဆိုတာတွေ မထည့်ပဲ .. တခြားမှာ စိတ်အာရုံက ရောက်နေတော့ ဥစာခြောက်တတ်တဲ့ စိတ် မဖြစ်ပေါ်တာ စိတ်ထဲ အရမ်းလွတ်လပ်သလိုမျိုး ခံစားရတယ်။ 

ကိုယ့် ဒီဓာတ်ပုံတွေကို ( my personal facebook profile ) ဖေ့ဘုတ်ကနေ သယ်လာပြီး ဘလော့ပေါ် တင်လိုက်ပါတယ်။

ဘလော့ ပုံမှန် ရေးတဲ့ အချိန်ဆိုရင်တော့ ဓာတ်ပုံပေါ်မှာ watermark ၀ါးတား အမှတ် ထည့်ချင် ထည့်မယ်။

တကယ့် စိတ်ရင်းက ... watermark  မထည့်ချင်ဘူး။

၂၀၀၈ .. ၂၀၀၉ ... ၂၀၁၀ ... အချိန်တုန်းက ကိုယ့်ဘလော့ ဓာတ်ပုံတွေလိုမျိုးပဲ ဘာ watermark ၀ါးတား အမှတ်မလည်း မထည့်ဘူး။
ဓာတ်ပုံကို ခိုးမယ့်လူလည်း မရှိဘူး။

အခု နောက်ပိုင်းမှ ဓာတ်ပုံခိုးတဲ့လူ၊ စာခိုးတဲ့လူ၊ သတင်း၊ ဇာတ်လမ်း အမျိုးမျိုး ခိုးတဲ့လူတွေကို ဖေ့ဘုတ်မှာ တွေ့ဖူးတော့တယ်။
ထားလိုက်ပါတော့ အဲလို စရိုက်မျိုးတွေက သူ့လမ်း သူ သွားကြမှာချည်းပါပဲ။

5 comments :

ဆုမြတ်မိုး said...

wow..မသက်ပျောက်နေတာအကြာပြီး ပြန်ပေါ်လာတော့ စားစရာတွေတပွေ့တပိုက်ကြီးနဲ့.... အကုန်လုံးသာစားလိုက်ချင်ပါတော့တယ်...။

သတိရနေတဲ့
ဆုမြတ်

သီရိရတနာ said...

@ ဆုမြတ် ... အမ ဖေ့ဘုတ်မှာ Suburbia .... Disney City Girl .... Happy Family ... ဂိမ်းကစားနေလို့ မအားတာနှင့် ဘလော့ဘက် ခြေဦးမလှည့်နိုင် ဖြစ်နေတာပါ။

ချက်စားတာတော့ လူက တစ်နေ့ကို ၄ကြိမ်လောက် ပုံမှန် စားသောက်နေထိုင်ရတာဆိုတော့ ချက် စားဖြစ်နေတာတော့ နေတိုင်းနီးပါးပဲ ..

ဒီကြားထဲ သမီးက ကျောင်းပိတ်တော့ ကိတ်မုန့်တွေလည်း ဒီဇိုင်းအမျိုးစုံ မုန့်ဖုတ်နေတာပဲ ....
စားစရာ ဓာတ်ပုံတွေက အများကြီးပါပဲ ...
အိမ်လာလည်တာ ကျေးဇူးနော် ...
အားရ ပါးရ သုံးဆောင်ပါရှင် ...

အမ .. အခု ဂိမ်းလည်း level တက်နေပြီ .. ဂိမ်းထဲက Level အမြင့်ဆုံးလည်း ရောက်နေသလို ဂိမ်းထဲမှာ ပိုက်ဆံလည်း တော်တော် စုဖြစ်နေပြီ မို့ ဘလော့ဘက် ပြန် ခြေဦးလှည့်လာတာပါ။

ဘလော့ကို စိတ်တိုင်းကျတာ wordpress ဘလော့ကို ပိုစိတ်တိုင်းကျတယ်။ သူ့က ပိုစ့်တင်လိုက်ရင် PIN ယူထားလိုက်တယ်။ ဥပမာ - ကိုယ့်ရဲ့ ပိုစ့်ကို တခြားတနေရာမှာ ကော်ပီ ကူးနေတယ်။ ပိုစ့် ပွားထားတယ်ဆိုရင် PIN Back ပြန်ပို့ပေးတယ်။ ကိုယ့်ဘလော့ရဲ့ ဓာတ်ပုံကို ဖေ့ဘုတ်မှာ copy and paste နေတာကို PIN BACK ပြန်ပို့ ပေးမပေး မသိဘူး။

အခုလက်ရှိ နာမည်ကြီး သတင်းဝပ်ဆိုဒ်တွေ အားလုံး wordpress ကနေ ဆာဗာယူထားကြတာပါ။

အမ အကောင့်နှင့် သူတို့ သတင်းတွေကို LIKE နိပ်လို့ ရတယ်။ ကွန်မန့် ရေးလို့ ရနေလို့ သြော် သူတို့က ဒီက wordpress ဆာဗာကို သုံးနေတာပဲ လို့ တွေ့လိုက်တာ။

Topic က တခု နှင့် တခု ဆက်ကြောင်းစပ်ထားပါတယ်။ ကိုယ့်ဘလော့ကို Follow လုပ်ထားမှ မဟုတ်ဘူး။ သူ့က ဆက်ကြောင်းနှင့် ဆိုတော့ ကိုယ့်က Topic ကို ပေးထားရုံပဲ။ ငါ အခု ဒီပိုစ့်မှာ အဲဒီ Topic ပြောနေတယ်ဆိုရင် သူတို့ ကြိုက်နှစ်သက်ရာ ကို နှိပ်ပြီး တစုတစည်းတည်း မြင်နေရတယ်။ အဲဒီထဲကမှ ကိုယ့်ကြိုက်တဲ့ ဘလော့ကို ဖွင့်ပြီး လာလည်ဖတ်လိုက်ရုံပါပဲ။

Blogspot မှာ Google reader ပိတ်သွားတာ ဆိုးတယ်။ အခု အမ ဘလော့ကို Google က လာလည်တတ်တာ များတယ်။

ဂူဂယ်က ရှာရင် သူ့ ဆာဗာက ထုတ်တဲ့ blogspot ကို ဦးစားပေးပြီး သူ့က ရှာဖွေပေးတတ်တာများတယ်။ ( အဲဒီ တချက်တော့ ဂူဂယ်က အားသာတယ် )

blog က မအားလို့ မရေးပဲ နေပေမယ့် ဂူဂယ်က လာရှာတဲ့ သူတွေ လာလည်တာနှင့်ကို တစ်နေ့ကို ၄၅၀ - ၅၀၀ လောက် ဧည့်သည် လာဖတ်နေတာမို့ ဒီအတိုင်းလေးပဲ ဘလော့မရေးပဲ ဂိမ်းကစားနေလိုက်တယ်။း)

ဒါက အမ ဘလော့ရဲ့ အခြေအနေ လှမ်း check ထားတဲ့ screen shot


ဒါပေမယ့် အမ အခု wordpress ပိုစိတ်ဝင်စားနေတယ်။ ဟိုဘက်မှာ လူပိုစုံသလို ပိုပြီး safe ဖြစ်သလားလို့ ...

အမ ၂၀၀၉ ဘလော့ အဟောင်းကလည်း wordpress မို့ ပိုစိတ်ဝင်စားတာလည်း ပါတယ်။

ဘလော့တွေက များရင် သိပ်မကောင်းဘူး။ တခုတည်းကိုပဲ ထိန်းထားတာ ပိုကောင်းတယ်။

Anonymous said...

မတွေ့တာအတော်ကြာပြီး ပုံတွေ ဝေဝေဆာဆာနဲ့ ပြန်ပေါ်လာတယ်..။
အစားအသောက်တွေငမ်း.. သပ်ရပ်နေတဲ့ မီးဖိုလေးကို အားကျ၊ ကူရှင်စွပ်ကိုတော့ သဘောတကျ ရီမိသွားတယ်..။

sinsin

Chan Thanwin said...

Good

Chan Thanwin said...

Good