Tuesday, June 4, 2013

နို့ဆီခွက် ပူတင်းပေါင်း


Pudding

ရန်ကုန်၊ တရုတ်တန်း ( ၁၉ ) လမ်း နို့ဆီခွက် ပူတင်းပေါင်း အလွမ်းပြေ - ချက်စားသော ပူတင်းပေါင်း
၂၀၁၂ အောက်တိုဘာလ မှာ Pudding ပိုစ့်မှ ချက်နည်း တူတူပါပဲ။
Ingredients :
  1. Milk - 2 cups
  2. Sugar - 1/4 cup
  3. for caramel, sugar - 3 tbsp
  4. for caramel, water - 1 tbsp
  5. Egg - 3
  6. Vinilla essence - 1 tsp
Set pudding tin into a larger pan, water into the outside pan filling it at least half way.
Preheat oven 375ºF - 45 minutes
Fridge - 3 hours

ပါဝင်ပစည်းများ :
  1. နွားနို့ - ၂ ခွက်
  2. သကြား - လေးပုံ ၁ ပုံ
  3. မီးသင်း သကြား အတွက် .. သကြား - ထမင်းစားဇွန်း ( ၃ ) ဇွန်း
  4. မီးသင်း သကြား အတွက် .. ရေ - ထမင်းစားဇွန်း ( ၁ ) ဇွန်း
  5. ကြက်ဥ - ၃ လုံး
  6. ဗီနီလာ အမွှေးဆီ - လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း

အရင် ပူတင်းတုန်းက Pan ထဲ ထည့်ပြီး ပူတင်းမုန့်ဖုတ်တယ်။
အခု ပူတင်းက tin ထဲ ထည့်ပြီး ပူတင်းမုန့်ဖုတ်ပါတယ်။


ပူတင်းမုန့် - ပေါင်းပြီးရင် ဘေး ပတ်ပတ်လည်လည်ကို ပလတ်စတစ်ဓါးဖြင့် ဖြတ်ပြီး စားမယ့် ပန်းကန်ထဲကို မောက်ချပြီး ထည့်စားပါ။


သကြားရည်စမ်း ပူတင်းပေါင်း


ဒီလိုမျိုး သကြားရည် များများက -
မီးသင်းသကြားရည်အတွက် - သကြား ထမင်းစားဇွန်း ( ၆ ) ဇွန်း နှင့် ရေ ထမင်းစားဇွန်း ( ၂ ) ဇွန်း ထည့်ပြီး မီးသင်းသကြားရည် ကြိုထားတာပါ။
အပေါ်မှာ ရေးထားသော ချက်နည်း အတိုင်း မီးသင်း သကြားရည် ( ၂ ) ဆ ကြိုထားတာမို့ ပူတင်းပေါင်းမှာ သကြားရည် များများ ဖြစ်နေတာပါ။


အိမ်တွင်းဖြစ် ယိုထိုးထားသော စတော်ဘယ်ရီယိုကို ပူတင်းပေါင်း အပေါ်မှာ တင်ထားတာပါ။
တွဲဖက်စားသုံးရမှာက ကော်ဖီခါးခါး နှင့်ဆို အလိုက်ဖက်ဆုံးပါ ...
  • မွှေစက်ဖြင့် ...
  • နွားနို့ - ၂ ခွက်
  • သကြား - လေးပုံ ၁ပုံ
  • ကြက်ဥ - ၃ လုံး
  • ဗီနီလာ အမွှေးဆီ - လက်ဘက်ရည်တဇွန်း မွှေစက်ဖြင့် မွှေထားပါ။
  •  မီးသင်း သကြားရည် ပြုလုပ်ဖို့ အတွက်
  • non stick pan ထဲမှာ သကြား - ထမင်းစားဇွန်း ( ၃) ဇွန်းထည့်ပါ။
  • ရေ - ထမင်းစားဇွန်း ( ၁ ) ဇွန်း ထည့်မွှေပါ။
  • တအောင့်ကြာလျှင် သကြား အရည်ပျော်သွားပါလိမ့်မည်။
  • ဆက်မမွှေဘဲ ဒီ အတိုင်း ထားလိုက်ပါ။
  • ပူစီပေါင်းလေးတွေ တက်လာလိမ့်မည်။
  • တဖြည်းဖြည်း သကြားရည် အရောင်ပြောင်းလာလိမ့်မည်။
  • အညိုရောင် ( သို့မဟုတ် ) ရွှေအိုရောင် သကြားရည် ရပီဆိုလျှင် ...
  • ချက်ချင်း ပူတင်းမုန့်ဖုတ်မည့် tin ( နို့ဆီခွက် ( သို့မဟုတ် ) သံခွက် ) ထဲသို့ လောင်းချလိုက်ပါ။
  • မွှေစက်ဖြင့် မွှေထားသော ( နွားနို့+ကြက်ဥ+သကြား+ ဗီနီလာ ) အရည်လောင်းထည့်ပါ။
  • ပူတင်း ထည့်ထားသော ခွက်ထက် ပိုကြီးသော pan ထဲမှာ ရေ ကို တ၀က်ဖြည့်ပီး ...
  • ပူတင်း can ကို ရေရဲ့ အလယ်ကောင်နေရာမှာ ထားပီး preheat oven ထဲ ထည့်ပါ။
  • oven 375ºF - 45 minutes ပူတင်းမုန့်ဖုတ်ပါ။
  • ပီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲမှာ ၃ နာရီလောက် အအေးခံပီးလျှင် စားလို့ရပါပြီ။

3 comments :

ဇင်မျိုး said...

reader ကနေပဲဖတ်ဖြစ်နေတော့ ဘလောခ့်ကို သပ်သပ်မလာဖြစ်ဘူးဖြစ်နေတာကြာသွားပြီ အန်တီသက်... ကျွန်တော့်ဘလောခ့်လေးလည်း လာလည်ပါဦးဗျ... အရမ်းကြိုက်တဲ့ မုန့်လုပ်နည်းလေးသိလိုက်ရလို့ မနေနိုင်ပဲ ဘလောခ့်အထိ ကွန်းမန့်လိုက်ပေးတာ ကျေးဇူး အန်တီသက်...

ဇင်မျိုး said...

reader ကနေပဲဖတ်ဖြစ်နေတော့ ဘလောခ့်ကို သပ်သပ်မလာဖြစ်ဘူးဖြစ်နေတာကြာသွားပြီ အန်တီသက်... ကျွန်တော့်ဘလောခ့်လေးလည်း လာလည်ပါဦးဗျ... အရမ်းကြိုက်တဲ့ မုန့်လုပ်နည်းလေးသိလိုက်ရလို့ မနေနိုင်ပဲ ဘလောခ့်အထိ ကွန်းမန့်လိုက်ပေးတာ ကျေးဇူး အန်တီသက်...

သီရိရတနာ said...

@ ဇင်မျိုး -- အန်တီသက် ဖေ့ဘွတ် သတင်း ဖတ်လိုက် ဖေ့ဘွတ်၏ 6/14/13 ( နောက်ဆုံးနေ့ဂိမ်း ) အတွက် အားတဲ့ အချိန်မှာ ဖေ့ဘွတ်သုံးနေလို့ ဘလော့တောင် မရောက်ဖြစ်တာ တော်တော်ကြာသွားပါတယ်။

အခုနောက်ပိုင်း ဘလော့ဂါ တော်တော်များများ ဖေ့ဘွတ် မှာ ပြောင်းရေးနေတာ တွေ့ရပါတယ်။

အရင်တုန်းက blogger တွေက wordpress ကို ပြောင်းတယ်။

အခု blogger တွေက facebook ကို ပြောင်းရေးနေကြပါတယ်။

google reader ကလည်း ဒီလကုန် နောက်လ ဂျုလိုင်ဆို ပိတ်ပါတော့မယ်။

အန်တီသက်တောင် အန်တီသက် .. ဘလော့ရဲ့ My blog list နေရာမှာ ဓာတ်ပုံ - ခေါင်းစဉ်တင် မဟုတ်ပဲ ဘလော့ ရှေ့ပိုင်း စာ အနည်းပါ မြင်ရအောင် ပြန် ချိန်းရအုံးမည်။ ဘလော့ကို ဒီရက်ပိုင်း setting လာ ကစားလိုက်ပါအုံးမည်။

နောက်ဆို google reader က ဖတ်လို့ မရတော့ ဘလော့ဂါတွေရဲ့ ပိုစ့် အသစ်တွေကို ဘလော့ရဲ့ side bar ကနေပဲ လှမ်း ကြည့်ရတော့မှာလေ။ ဘလော့ပိုစ့် ခေါင်းစဉ်၊ ဓာတ်ပုံ အပြင် ပိုစ့် အနည်းငယ် ( စာအနည်းငယ် ) ကို မြင်ရတော့ စာဖတ်သူ အတွက် ပိုပီး ဖတ်လို့ ရွှေးချယ်လို့ ပိုကောင်းတာပေါ့ ...

လာလည်တာ ကျေးဇူးတင်ပါတယ် ...

ကျန်းမာ ရွှင်လန်းပါစေ ...