Monday, June 17, 2013

EA had finally deleted Petsociety















Pet Society ဂိမ်းကို ဇန်န၀ါရီ ၂၇ ရက်၊ ၂၀၁၀ ခုနှစ်ကတည်းက စတင် ကစားလာခဲ့တာပါ။ ဒီကနေ့ဆိုရင် ၃ နှစ်ကျော်သွားပါပြီ။


ဒီနေ့ ဂိမ်း မပိတ်ခင် ကိုယ့်ရဲ့ cooking level




RIP










ခရစ်စမတ်




ရေချိုးခန်း


ယုန်


ကြောင်


ပျား 




အလှပြင်ခန်း ( ဆံပင်ဆိုးဆေး မှန်တင်ခုံများ )


ဝါ

 
 စိမ်း


နီ


ပြာ

 

မီးပိတ်ထားသော ငါးကန်အလှ


မီးမပိတ်ထားသော ငါးကန်


မီးပိတ်ထားတာ



မီးပိတ်လိုက်ရင် ပြူတင်းပေါက်ကနေ တံတားအလှ ရှုခင်းကို မြင်ရတယ်။

 

ပန်းခြံထဲမှာ ကော်ဖီ စားပွဲ




ကလေး အခန်း

 

အချစ်


ခရစ်စမတ် မုန့် ရောင်းသော မုန့်ဆိုင်


ဂျပန်မုန့် ရောင်းသော ဂျပန်စားသောက်ဆိုင်


Winter Season


Spring Season



Summer Season


 Fall Season



Office














မူကြိုကျောင်း


မနေ့ည အမေရိကား အရှေ့ဘက်ခြမ်း ( US - EST Time ) အချိန် ည ၁၀ နာရီလောက်ကပဲ ဂိမ်းကစားဖော် သူငယ်ချင်းတွေရဲ့ Facebook - Wall ပေါ်မှာ ကိုယ် ရေးခဲ့တဲ့ စာများ ...

In the next morning we're afraid that our pets will not be there. Have a good night, James.!

နောက်တစ်ယောက် Wall ပေါ်မှာ ကျတော့ ကိုယ် ရေးခဲ့တဲ့ စာက - 

I wonder if I'm going to see #Petsociety again tomorrow morning? 

EA က Pet Society ဂိမ်းကို June 14, 2013 ပိတ်မယ်လို့ ကြေငြာပေမယ့် မနေ့က June 16 အထိ မပိတ်သေးလို့ မျှော်လင့်ချက်များစွာနှင့် မပိတ်ပါစေနှင့် ဆုတောင်းရင်း ... ပိတ်သွားခဲ့ရင် ဆိုပြီး စိတ်ပူနေမိခဲ့တာပါ။

မနက် မိုးလင်း ကလေးတွေ ကျောင်းသွားကြပြီးနောက် ... ကိုယ်တယောက်တည်း ... မနက် ၇း၅၅ မိနစ်လောက်မှာ ကွန်ပြူတာဖွင့် ဖေ့ဘွတ်ထဲ ၀င်ကြည့်မိလိုက်တော့ EA က Pet Society ဂိမ်းကို လွန်ခဲ့တဲ့ ၄ နာရီ ပတ်ဝန်းကျင်လောက်က Facebook ဂိမ်း တွေ ထဲကနေ Shut down လုပ်သွားတာကို သူငယ်ချင်းများ Facebook wall ပေါ်မှာ ရေးထားတာ တွေ့လိုက်ရသလို .. ချက်ချင်း ကိုယ့်ရဲ့ pet socity game ကို ဖွင့်ကြည့်လိုက်တော့ ( အပေါ်ဆုံးက Photo ) - သရဲဂိမ်းက Pet Society ဂိမ်းနေရာမှာ အစားထိုး နေရာယူထားပါတော့တယ်။ 

My Pet's name Goldie & her friends ( B4 Pet Society Game Retire )


I'm really sorry, we won't see Pet Society in christmas anymore. Goodbye, Baby Pika!


A Hard Time to Say Goodbye, Jenna Pud .... Thank you for all the wonderful time.



Good bye, C.C. Thank you for all the good time. We will miss you. We all hope you have a wonderful time ...


Thank you for all these wonderful time.


 We are in Heaven.We can still play #PetSociety in Heaven!



 I can stay #play #Petsociety, I'm not sure when the Petsociety gone end.

June 14, 2013 မှာ Petsociety က ပိတ်မယ်ဆိုပေမယ့် စနေနေ့ တုန်းက သူငယ်ချင်းရဲ့ အိမ်တွေကို လည်လို့ ရနေသေးတာမို့ ပျော်နေတဲ့ အချိန် အမှတ်တရ ...



EA က Pet Society ဂိမ်းကို June 14, 2013 မှာ ပိတ်မယ် ကြေငြာပေမယ့် June 17, 2013 မှာ တကယ် ပိတ်သွားပါတယ်။ 

သောကြာနေ့ ပိတ်မယ် ပြောပေမယ့် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေ ထိ မပိတ်သေးပဲ ရုံးဖွင့်ရက် တနင်္လာနေ့ မနက်မှာ ဂိမ်းကို အပြီးအပိုင် ပိတ်သိမ်းလိုက်တာပါ။ အဲဒီဂိမ်းက Facebook ပေါ်မှာ ၄နှစ်နီးပါးလောက် သက်တမ်း ကြာရှည်ခဲ့ပါတယ်။ သူတို့ Facebook နှင့် နောက်ထပ် စာချုပ် အသစ် ထပ်မချုပ်ဖြစ်တာလည်း ပါသလို ... အဲဒီဂိမ်းကို ဂိမ်းကစားတဲ့ လူ တော်တော်များများက နောက်ပိုင်း တကယ့်ပိုက်ဆံဖြင့် သုံးပြီး မကစားကြတော့တာလည်း ပါ ပါတယ်။ 

EA ဂိမ်း company က သပ်သပ် .. Facebook က သပ်သပ်ပါ။ EA က ဖေ့ဘွတ်ပေါ်မှာ ဂိမ်း အများကြီးပဲ ရှိပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ အရှုံးပေါ်ရင် သူတို့ဂိမ်းတွေကို ပိတ်ပစ်လိုက်တတ်တာ များပါတယ်။ ဒီ Pet Society ဂိမ်းပဲ ၄ နှစ်သက်တမ်း ကြာတာပါ။ တခြားဂိမ်းတွေဆိုရင် ၂ နှစ် သက်တမ်းလောက်ပဲ ရှိပါတယ်။ 

အဲဒီ ဂိမ်းကို online game သပ်သပ်လည်း မထုတ်ထားသလို CD ဂိမ်း လည်း မထုတ်ထားပါဘူး။ ဥပမာ PS3 တို့လိုမျိုး အဲလိုမျိုးလည်း ဂိမ်း ဆော့ဝဲလ် မထုတ်ထားပဲ Facebook နှင့် စာချုပ် ချုပ်ပြီး Facebook ကနေ တဆင့် ဆော့ရတဲ့ ဂိမ်းကစားနည်း တမျိုးပါ။ 

ကိုယ့် ဖေ့ဘုတ်ကို စသုံးသုံးချင်း အဲဒီဂိမ်းကို ဆော့ကစားလာတာမို့ အခု အဲဒီဂိမ်း ဖြတ်သိမ်းလိုက်တော့ ဖေ့ဘုတ်တောင် သုံးချင်စိတ် ပျောက်သွားတယ်။ 

အဲဒီဂိမ်းကို တကယ့်ပိုက်ဆံနှင့် ကိုယ့်တို့ သားအမိ သုံးယောက် ဆော့ပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်ကတည်းက အမေရိကားကနေ ပိုက်ဆံသွင်းပြီး ဆော့ကစားလာတာပါ။ 

အဲဒီဂိမ်းက ယဉ်ကျေးတဲ့ ဂိမ်း အမျိုးအစားပါ။ သွေးသံရဲရဲ နှင့် ရက်စက် ကြမ်းကြုတ် သတ်ဖြတ် နေတဲ့ ဂိမ်း အမျိုးအစား မဟုတ်ပါဘူး။ ဒီနေ့ခေတ် ပေါ်ပြူလာဖြစ်နေတဲ့ ဂိမ်း အမျိုးအစားတွေက အရမ်းကို ရက်စက်၊ သတ်ဖြတ် နေတဲ့ ဂိမ်းတွေ ..  သူခိုးဂိမ်း သရဲဂိမ်းတွေ များပါတယ်။ 

အခု Pet Society ဂိမ်းကို ဖြတ်သိမ်းပြီး သူ့နေရာကို အစားထိုး ၀င်လာတဲ့ ဂိမ်းက Zombie ဂိမ်းပါ။


ဗီဒီယို ၀ပ်ဆိုဒ်လင့်များ -

  1. ဒါက သားသား ၃ နှစ်သားလေး Pet Society ဂိမ်း ကစားနေတဲ့ ဗီဒီယို ( မြန်မာမှာ နေထိုင်စဉ် အချိန်တုန်းက ) 
  2.  သားသားနဲ့ သမီးလေး Pet Society ဂိမ်း ဆော့နေစဉ်
  3. ဂိမ်း အိမ်နီးချင်းကောင်းတွေ နဲ့ နောက်လ ဂျွန် ၁၄၊ ၂၀၁၃ ရက်ကျရင် ဖေ့ဘွတ်ဂိမ်းကနေ တွေ့ဆုံခွင့် မရှိတော့လို့ ဂိမ်းဆော့ရင် အိမ်လည်နေသော သားသား 
  4.  June 14,2013 Petsociety Game ပိတ်တော့မယ် ကြေငြာထားလို့ အမြန် သားအမိ ၃ယောက်ဂိမ်းကို browser 2 ခုဖွင့်ပြီး အမှတ်တရ ဗီဒီယို မှတ်တမ်းတင်ထားတယ်။ အဲဒီ ဂိမ်းကို ဆော့တာ သားအမိ ၃ယောက်မို့ ဂိမ်း အကောင့် ၃ ခု မှတ်တမ်း ဗီဒီယို







 































st.patrick's day

Petsociety game က အပြင်မှာ နေ့ထူး ပွဲတော်တွေကို ဂိမ်းထဲမှာ ကျင်းပနိုင်အောင် တပတ် တကြိမ် လုပ်ပေးပါတယ်။ ဒီဂိမ်း ဆော့ကစားလို့ ကိုယ် မြန်မာနိုင်ငံမှာ နေစဉ်ကတည်းက ကမ်ဘာပေါ်မှာ ရှိတဲ့ လူမျိုးပေါင်းစုံရဲ့ ဘာသာစကား ( google translate ) အားကိုးပြီး သုံးတတ်လာသလို ... တခြား လူမျိုးများ၏ ပွဲတော်၊ အခန်းအနားတွေကိုလည်း ရင်းနှီးလာတယ်။ ဒီနေ့ခေတ် Limited အကန့်အသတ် ထုတ်သော ပစည်းများကို ၀ယ်တတ်လာတယ်။ Limited item ဆိုတာကို သဘောပေါက်လာတယ်။




ဂျပန် ပွဲတော်နေ့ဆိုရင် ဒီလိုပစည်းမျိုးတွေ ဂိမ်းထဲမှာ ၀ယ်လို့ရတယ်။



မက်ဆီကန်


အမေရိကန် လွတ်လပ်ရေးနေ့


တရုတ်နှစ်သစ်ကူးပွဲတော်နေ့
အများကြီးပဲ ရှိပါတယ်။ ပွဲတော်နေ့တွေနှင့် အပြင်မှာ ပေါ်ပြူလာ ဖြစ်နေသော လေဒီဂါဂါ ဒီဇိုင်းမျိုးတွေ ... ဂိမ်းထဲမှာ ရှိပါတယ်။









ဂိမ်းထဲက ပစည်းလေးတွေ ၀ယ်ပြီး ကိုယ့် စိတ်ကူးများဖြင့် ကိုယ့်ဘာသာကို အခန်းပြင်ဆင် ကိုယ့်ရဲ့ Pet ကို ခြယ်မှုန်းပေးရတာပါ။

















Facebook ( Group ) - Please Save Pet Society

အဲဒီ ဂရုက အိုပန် ဂရုပါ ... ဒီနေ့ အဲဒီ ဂိမ်း ပိတ်သွားပြီမို့ အီအေ ကမ်ပနီကို ပေါက်ကွဲနေတဲ့ ဂိမ်းပရေရာ တွေရဲ့ ပေါက်ကွဲသံစဉ်တွေကို သွားဖတ်ကြည့်လို့ ရပါတယ်။

ကိုယ်ကတော့ တရား သဘောနှင့် ဖြေပါတယ်။
တော်တော်လေးလည်း တရား ရပါတယ်။
အဲဒီဂိမ်းကို လွန်ခဲ့တဲ့ လ သင်္ကြန်မတိုင်ခင်ကတည်းက ဂိမ်း ပိတ်သိမ်းတော့မယ် ဆိုတာ ကြေငြာပီးသားမို့ ဂိမ်းထဲက ( တကယ့် ဒေါ်လာနှင့် ၀ယ်ထားသော - ဂိမ်းကစားသော ပိုက်ဆံ ) တွေကိုလည်း အကုန်သုံးခဲ့ပြီးပါပြီ။

သေတော့မယ့် နေ့ကို target ရက် ပေးထားသလိုမျိုးပဲ .. ဘယ်လိုနေရမယ် .. ဘယ်လို ပြင်ဆင်ရမယ်ဆိုတာ သဘောပေါက်လာပါတယ်။

ဒါကြောင့်မို့ ဒီရက်ပိုင်း ... ဖေ့ဘွတ်မှာ အဲဒီဂိမ်းကို ဆော့ကစားနေတာ ... အရင်တုန်းက မသုံးရက်၊ မစားရက် တဲ့ ဂိမ်းထဲက အစားအသောက် လှ လှ ပ ပ လေးတွေ .. ပိုက်ဆံချွေတာပြီး ၀ယ်ချင်တာကို မ၀ယ်ဘဲ ထားခဲ့တဲ့ ပစည်းလေးတွေလည်း ဒီရက်ပိုင်းအတွင်း ဂိမ်းထဲမှာ ၀ယ်၊ စား၊ နေထိုင်လိုက်တယ်။ ဂိမ်းထဲက သူငယ်ချင်းတွေအိမ်သွားလည် စာလေးတွေ ရေး .. ဂိမ်းကစားဖော် ဂိမ်းကစားဖက်မို့ ရင်ဘတ်ခြင်း တူပါတယ်။

ကိုယ့်ဘလော့ မှာ - ဒီပိုစ့် အောက်နား .. ကော်ပီ မကူးဖို့ တားမြစ်ထားတဲ့ စာ အောက်နားမှာ ...

Facebook - Interest ဆိုတာ ရှိတယ်။ အဲဒီမှာ List တွေ အများကြီး ထည့်ထားတယ်။

 ဖေ့ဘုတ် ရဲ့ Fan Page များနှင့် Follow သမားတွေကို Interest ထဲမှာ List ထည့်ထားပါတယ်။

ဥပမာ -

Myanmar - Blogger - ကို နှိပ်လိုက်ရင် ဖေ့ဘုတ် ကို ရောက်သွားပါလိမ့်မယ်။


အဲဒါ Thet Nandar.Myanmar - FB a/c နှင့် FB စီထားတာပါ။

တကယ့်တန်း ကိုယ့် နေ့စဉ် ပုံမှန် သုံးတာက ဒီဘက်က ဖေ့ဘုတ် အကောင့်မို့ အဲဒီ List တွေကို ကိုယ်က Follow လုပ်လိုက်တယ်။
အဲဒါဆို Facebook - Home Page က Interests ထဲမှာ List ရောက်သွားလိမ့်မယ်။ အဲဒီအခါမှာ သူ့ဘေးနားက Myanmar-blogger ဘေးနားမှာ ခဲတံ ပုံစံလေး ရှိတယ်။ အဲဒါကို နှိပ်လိုက်ရင် Add to Favorites ဆိုတာ နှိပ်လိုက်ရင် အပေါ်ကို တက်သွားမယ်။
Facebook - Favorites မို့ အသစ်တွေ new feed တက်နေရင် ဘေးနားမှာ ဂဏာန်းလေးနှင့် မြင်နေရပါတယ်။

ကိုယ့် အသုံးများတဲ့ ဖေ့ဘုတ်ကနေပဲ Follow လုပ်ပြီး မြန်မာသတင်းတွေ နေ့တိုင်း ဖတ်တတ်ပါတယ်။

စကားမစပ် -
ကြိုက်နှစ်သက်ဆုံး၊ ရေပန်းအစားဆုံး
UK - အခေါ် - Favourite
US - အခေါ် - Favorite

အဲလိုလေး ကွာပါတယ်။ ကိုယ့်က မြန်မာနိုင်ငံ ပညာရေး စနစ်အောက်မှာ သင်လာတာမို့ UK စတိုင်ပါ .. Favourite Memories လို့ပဲ သုံးပါတယ်။

Colour ( UK - တနည်းအားဖြင့် အမေရိကား အပြင်ဖက်က တိုင်းပြည်တွေ အသုံးများပါတယ်။ ) - Color ( US ) ကိုယ့်ရဲ့ wordpress blog name တွေ စာလုံးပေါင်းက UK  စာလုံးပေါင်း အတိုင်းပါပဲ။

နောက်တခုက သီရိရတနာ ပါ။ မြန်မာမှာ တရားဝင် ရတနာ အင်္ဂလိပ် စာလုံးပေါင်းက Yadanar

အသံထွက်ကြည့်ရင် ရ ... ဒါ .. နာ  ...

သီရိ = ကျက်သရေ .. ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော ရတနာမို့ Yatanar လို့ပဲ ကိုယ်ပေါင်းပါတယ်။

ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော ရ .. ဒါ .. နာ ဆိုတဲ့ အသံထွက် စကားလုံးကို မကြိုက်လို့ပါ။ 

အဲဒီ Yadana  စာလုံးပေါင်းကို မကြိုက်လို့ သီရိရတနာကို Thiri Yatanar လို့ ကိုယ့်ဘာသာကို စာလုံးပေါင်းထားတာပါ။ မြန်မာက တရားဝင် စာလုံးပေါင်း မဟုတ်ပါဘူး။

တကယ့် တရားဝင် စာလုံးပေါင်း က Yadanar
( အိုကေ နော် ... ဘယ်သူ့မှတော့ လည်း မေးလို့ မဟုတ်ပါဘူး။ စကားစပ်ရင်း ပြောပြတာ )

ရုံးပိုင်းဆိုင်ရာ စာရွှက် စာတမ်းတွေမှာ နာမည် စာလုံးပေါင်း သတ်ပုံ မှားသွားမှာစိုးလို့ သတိပေးတာပါ။ မြန်မာမှာ တရားဝင် ပေါင်းသော ရတနာ အင်္ဂလိပ်စကားလုံးက Yadanar ...

နောက်တခုက - ILBC ( Private School ) က GCE - အင်္ဂလန် စတိုင်ပါ။
ISM, YIS ... ( Myanmar Private School ) က အမေရိကန် စတိုင်ပါ။

နိုင်ငံတကာကနေ မြန်မာမှာ ပြန်အခြေချချင်တဲ့လူတွေ ကလေးတွေကို ကျောင်းထားတဲ့ အခါ အတွေ့အကြုံ တခု အနေနှင့် မတ်ဆေ့ခ်ျပေးတာပါ။ တချို့က မြန်မာက ပုဂလိက စာသင်ကျောင်းတွေ စာသင်ပုံ စာသင်နည်း တူနေတယ် ထင်နေကြတယ်။ တကျောင်းနှင့် တကျောင်း စာသင်တာ မတူပါဘူး။ စင်ကာပူစတိုင် စာသင်တဲ့ ပုဂလိကကျောင်းတွေလည်း ရှိပါတယ်။ သေချာ စုံစမ်းပြီးမှ ကလေးများကို  ကျောင်းအပ်စေချင်ပါတယ်။

( ISM ကျောင်းက ဒီနှစ်  ကျောင်းလခ ဈေးတက်သွားပါတယ်။ အဲဒါကို သူငယ်ချင်း၏ သူ့ အသိ က " ILBC မှာ ကျောင်းပြောင်းပြီး ထားပါလား  လာပြီး အကြံပေးနေလို့ သက်ရေ " .. တဲ့ ...

အရင်တုန်းက စိတ်နှင့် ဆိုရင် ကိုယ် အဲလိုမျိုး ကြားရင် ရီချင်ပါတယ်။ အခု အချိန်မှာတော့ မရီရက်တော့ပါဘူး။ နားမလည်ပဲနှင့် သွားပြီး လူတတ်ကြီး လုပ်ချင်နေတဲ့ လူတွေကို ခေါင်းပဲ ခါထုတ်ရင်း စိတ်လေမိပါတယ်။ )

ISM ကျောင်းက ဈေးတက်သွားပေမယ့် သူ့ကျောင်းကနေ ထွက်ပြီး ILBC သွားတက်ရင် စာသင်ပုံ၊ စာသင်နည်း ကွာတာမို့ အခက်အခဲ အနည်းငယ်လောက် ရှိပါတယ်။ နောက်ဆက်တွဲလေးတွေလည်း ရှိပါသေးတယ်။ ( အရမ်း မပြောချင်လို့ပါ။ တဖက်သားကို အားနာလို့ပါ )

အမေရိကားကနေ ကျောင်းထွက်လာတဲ့ ကလေးတွေ မြန်မာပြန်ရင် ISM, YIS, YIEC ... မှာ ကျောင်းတက်မှ အဆင်ပြေမှာပါ။ အဲဒီကျောင်းတွေက အမေရိကန် ကျောင်းတွေမှာ သင်ကြားတဲ့ အတိုင်း သင်ယူပုံ သင်ယူနည်း တူပါတယ်။

ILBC က GCE course ပါ။ ( အလွယ် ပြောရရင် အင်္ဂလန် စတိုင်ပါ ) ဘလော့မှာ Google search ကနေ လာဖတ်တတ်သူတို့က ILBC ကျောင်းလခ ဈေးနှုန်းတွေကို လာကြည့်တတ်ပေမယ့် အဲဒီပိုစ့်မှာ ကိုယ် သိပ်ပြည့်ပြည့်စုံစုံ မရှင်းပြဖြစ်ခဲ့ပါဘူး။ လိုမယ် မထင်လို့လည်း ပါ ပါတယ်။

အခုလိုမျိုး သူငယ်ချင်းဆီက ကြားရမှ သေသေချာချာ မသိသေးတဲ့သူများ အတွက် ပြောပြပေးရုံ သပ်သပ်ပါ။

နောက်တခု ထပ်ပြောပြအုံးမယ်။ အခု အမေရိကားမှာ Home Schooling အရမ်းခေတ်စားတယ်။ အေရှန် အသိုင်းအ၀ိုင်းမှာ သိပ် ခေတ်မစားပေမယ့် အဖြူတွေက သူတို့ သားသမီးတွေကို အိမ်ကနေ အင်တာနက်ကနေ တဆင့် သင်ကြားတာပါ။ ဈေးလည်း အရမ်းကြီးပါတယ်။ ကျောင်းလခ တခုတည်း ကုန်သွားတာမျိုး မဟုတ်ပါဘူး။ အနောက်ကနေ စာအုပ်၊ စာတမ်းနှင့် အခြား စရိတ်တွေလည်း အများကြီး ရှိပါသေးတယ်။ ကျုရှင်သဘောမျိုးလို့ အလွယ်တကူ ခေါ်လို့လည်း ရပါတယ်။ သူ့က တရားဝင် ပညာရေး စနစ်ပါ။ ကိုယ်တော့ မကြိုက်ပါဘူး။ လူမှု့ဆက်ဆံရေး ညံ့သွားမယ်။ လူတောမတိုးသလို ဖြစ်သွားမှာ စိုးပါတယ်။


Google reader က July 1 2013 ဆို ပိတ်တော့မှာမို့ New Feed .. blogger's new post တွေကို google reader ကနေ ဖတ်လို့ မရတော့တာမို့ ဒီဘလော့ရဲ့ sidebar ... blog post list မှာ Snippet of most recent item ကို on လိုက်ပါတယ် ... blogpost များကို show all နှိပ်ပီး blog များ ကို ဖတ်လို့ရပါတယ် ...

Recipe blog - 5 ခု ပဲ မြင်ရပေမယ့် Show all နှိပ်ရင် အားလုံး မြင်ရပါတယ် ...

အရင်တုန်းက Snippet of most recent item မ on ပဲ ဘလော့ ၁၀ ခု ... 
အခု - ၅ ခု ပဲ မို့

တော်တော်များများက FB Fan Page သုံးနေပီမို့ အောက်နားမှာ လက်လှမ်းမှီရာ FB Recipe Fan တွေ ကို Food မှာ list လုပ်ထားပါတယ် ...

7 comments :

ဆုမြတ်မိုး said...

ဂိမ်းဆော့တဲ့ရောဂါလည်းမသေးဘူးမသက်ရယ်..ဆုမြတ်တော့ ဖေ့ဘုတ်ဂိမ်းတွေကိုစိတ်နာလို့မဆော့တော့ဘူး ။ ခရက်ဒစ်ဝယ်ဆော့တဲ့အကျင့်လုံးဝမလုပ်ဘူး ။ တရိရိနဲ့ကုန်တတ်လွန်းလို့ ။ ဂိမ်းတွေ develop လုပ်တဲ့ဘက်ကမဟုတ်ပေမယ့် အိုင်တီအချင်းချင်းဆိုတော့ သူတို့ပိုက်ဆံဘယ်လိုယူလို့ရအောင်လုပ်လဲဆိုတာသိနေတော့ လုံးဝမ၀ယ်ဘူး ။ farm town တွေအသေဆော့ခဲ့ဖူးတယ် ။ ခုတော့ hay day ဆော့နေတယ်..ဆော့လို့ကောင်းတယ်အမ try ကြည့်ပါလား ။ သူက ဆိုးတာတစ်ခုက ios ပေါ်မှာပဲရတာ..။ အိုင်ပတ် ၊အိုင်ဖုန်းမှာပဲရတယ်..။ဆိုးချက်..ဆုမြတ်က android သုံးတော့ ဆုမြတ်ကောင်လေးနဲ့ဖုန်းလဲပြီးဆော့တယ်..း)
pet society ကိုတော်တော်သဘောကျကြတယ်နော်..။ ဆော့ဖူးပေမယ့် သူ့ graphic ကိုမကြိုက်လို့သိပ်မဆော့လိုက်ဘူး မဟုတ်ရင်အသဲကွဲနေမှား(

သီရိရတနာ said...

@ ဆုမြတ်မိုး - အဲဒီ PS Game ကို အစ ပထမ သမီး ဆော့နေတာပါ။ အမ FB a/c ဖွင့်တော့ စ ဆော့ကြည့်တယ်။ တော်တော်သဘောကျသွားတယ်။ အမက home decoration ဆင်ရတာ ... ကလေးတွေ အထူးသဖြင့် မိန်းခလေးတွေကို အ၀တ်စား ဒီဇိုင်းလေးတွေ ဆင်ပေးရတာ သဘောကျတာမို့ အဲဒီဂိမ်းကို မှန်မှန်လေးပဲ ဆော့တယ်။ ဂိမ်းထဲက ပိုက်ဆံနဲ့ ၀ယ်ရတဲ့ item တွေက အရမ်းလည်း လှတယ်။ ဒါနဲ့ ပိုက်ဆံထည့် ဆော့ဖြစ်သွားတယ်။ အဲဒီဂိမ်းဆော့ရင်းနဲ့ IT အရမ်းကျွမ်းကျင်တဲ့ ဒေတာဘေ့စ် သမား .. cheat သမား .. ဟက်ကာတွေနဲ့လည်း သိလာတယ်။ အဲဒီဂိမ်းက အင်ဒိုနီးရှား၊ ဟောင်ကောင်၊ စပိန်လူမျိုးတွေ အများစု ဆော့တယ်။ အဲဒီ PS ဂိမ်း တမျိုးပဲ ဆော့ဖြစ်တာပါ။ Hay Day က သားသားဆော့ပါတယ်။ အမ .. က ဂိမ်း တခုထဲကိုပဲ စွဲစွဲမြဲမြဲ ဆော့တာ။ အလွန်အကျွံတော့ မဟုတ်ပါဘူး။ တနေ တခေါက် သို့မဟုတ် ၃ခေါက်လောက် ဂိမ်းဖွင့်ပြီး ဟိုနေရာလေး ပြင်လိုက်၊ ဒီနေရာလေး ပြင်လိုက်နဲ့ ပြင်ဆင်နေတတ်ပါတယ်။

အဓိက က .. အမ က ဂနာမငြိမ် ဘူးလို့ ပြောရမလား ... တခု တည်းကို အပြောင်းအလဲ မရှိပဲ နေတာမျိုးကို မကြိုက်ဘူး။ နည်းနည်းလေး ပြင်လိုက် .. ကလိလိုက်ရမှ နေသာ ထိုင်သာ ရှိတယ်။

ဥပမာ - ဆယ်ကျော်သက် အရွှယ်တုန်းက ဆံပင်ကို တချိန်လုံး ကလိနေတတ်တယ်။ ဆံပင်လည်း ရှည်တာ မဟုတ်ပဲ ခဏ ခဏ ဆံပင် ညှပ်တတ်တယ်။ အပြောင်းအလဲ လုပ်ချင်တာ ...

မိသားစု နှင့် အိမ်နဲ့ နေဖြစ်တော့ အိမ်ကို ဟိုပစည်းနေရာရွှေ့လိုက်၊ ဒီပစည်း နေရာရွှေ့လိုက်၊ ဗီဒိုတွေ၊ စားပွဲ ခုံတွေကို စိတ်ရှုပ်လာပြီဆို အဲလိုလေး အပြောင်းအရွှေ့ လုပ်လိုက်ပြီးရင် လူက တော်တော်လေးကို နေလို့ ထိုင်လို့ စိတ်ကျေနပ်သွားတတ်တယ်။

ပန်းအိုးတွေ သစ်ပင်တွေ ဆိုရင်လည်း နေရာရွှေ့တာမှ အမြစ်ကနေကို တူးပြီး အပင် နေရာရွှေ့စိုက်တတ်သေးတယ်။

စိတ်က အဲဒီဘက်တွေမှာ မကလိရရင် .. ကလိစရာ မရှိရင် ဘလော့ကို ကလိတယ်။ ဘလော့ TEMPLATE တွေ ချိန်းနေတတ်တာလေ .. ဘလော့ TEMPLATE တလ တကြိမ် သို့မဟုတ် တလကို ၃ ကြိမ်လောက် ချိန်းပလိုက်တတ်တယ်။

အမ ရဲ့ ဇာတာကို တွက်ချက်ပေးတဲ့ ဗေဒင်ဆရာပြောတာက အမ နာမည်မှာ NANDAR ပါတယ်။ NANDAR ပါတဲ့ လူတွေက စိတ် ဂနာမငြိမ်တတ်ဘူးတဲ့။ အပြောင်းအရွှေ့ နဲ့ အသစ်အဆန်းကို ခုံမင်တတ်တယ်တဲ့။ ဂနာမငြိမ်တာ ရူးတာကို ပြောတာ မဟုတ်ဘူးနော်။

လူတိုင်း လူတိုင်း ကိုယ့် စိတ်၊ ကိုယ့်ကို ကို မြင်တတ်၊ ရူတတ် သဘောပေါက်တတ်တာ ပိုကောင်းပါတယ်။ ဒါမှ ကိုယ့်ရဲ့ လိုအပ်ချက်၊ အားသာချက်ကို သိမှာလေ ..

ဒီပိုစ့်မှာ သားသား HAY DAY ကစားတယ်ဆိုတာ ပြောထားတဲ့ ပိုစ့် - 2012 Harvest Festival

ဆုမြတ်မိုး said...

ဟုတ်ပ မသက်ရယ်..ကိုယ့်စိတ်ကိုကိုယ်သိတာအကောင်းဆုံးပါပဲ..။ hay day လည်းပြောလို့ပြောတာမဟုတ်... မ၀ယ်ဘဲမနေနိုင်အောင်အရမ်းလုပ်တာ ။ တော်တော်စိတ်ထိန်းရတယ် ။ storage တွေပြည့်သွားပြန်ပြီ ဟိုဟာလို ဒီဟာလိုနဲ့ စိတ်မနည်းထိန်းပြီးဆော့နေရတယ်.. ၀ယ်ပလိုက်ချင်တာ တကဲကဲပဲ ..း) အပြောင်းအလဲတွေလုပ်ပေးတော့ fresh ဖြစ်တာပေါ့ မသက်ရယ်..း) တကယ်တော့လူဆိုတာလည်းအပြောင်းအလဲလေးတွေတခါတခါလိုအပ်ပါတယ် ။ ဆုမြတ်က အစွဲကြီးတယ် အပြောင်းအလဲမကြိုက်ဘူး ။ အသစ်အခန်းကလိရတာ ၀ါသနာမပါဘူး... ဘာသိဘာသာပဲ... အိုင်တီသမားပေမယ့် ဘလော့တို့ဘာတို့တွေကို တစ်နှစ်နေလို့တစ်ခါ မပြောင်းဘူး..ပျင်းတာ..း)
မသက်နဲ့စကားပြောရတာသိပ်သဘောကျတာပဲ.. စေတနာပါပါနဲ့ပြောတတ်လို့လေး)

သီရိရတနာ said...

@ ဆုမြတ်မိုး - အဲဒီ PS game က အခန်းတခန်းမှာ ထားတဲ့ ပစည်းတွေ ရှင်းရတာ။ ခလုတ်တချက်နှိပ်လိုက်တာနှင့် အခန်းထဲက ပစည်းတွေ မရှိတော့ဘူး။ ( အပြင်မှာ အဲလို အခန်းရှင်းလို့ မရဘူးလေ။ )

အခန်းတွေကို စိတ်ကြိုက် ဒီဇိုင်းဆင်လိုက်၊ ရှင်းထုတ်လိုက်၊ အချိန်းအပြောင်း လုပ်လို့ကောင်းတဲ့ ဂိမ်းပါ။

ကိုယ့်ရဲ့ Pet ကိုလည်း စိတ်ကြိုက် ပုံဖော်၊ အလှပြင်ပေးလို့ရသေးတော့ အမ စိတ်ကူး၊ အမ အကြိုက်နဲ့ တထပ်တည်းပဲ။

တခြားဂိမ်းတွေက အမ သိပ်မကြိုက်ဘူး။

မနေ့က သူ့နေရာမှာ အစားထိုးဖို့ ဂိမ်းလိုက်ရှာသေးတယ်။ လုံးဝကို အဆင်မပြေပါဘူး။ ဒါကြောင့် ဂိမ်းတွေကို စွဲစွဲမြဲမြဲ မဆော့ချင်တော့ဘူး။

အကယ်လို့များ PS game ကို EA ကမ်ပနီက FB နှင့် နောက်ထပ် Limited လိုင်စင် စာချုပ် ထပ်မချုပ်တော့ပေမယ့် EA ကနေ PC game/Xbox/PS3/Wii/iPhone/iPad/Android ထွက်လာရင် ၀ယ်ဖို့ စောင့်မျှော်နေပါတယ်။

ဘာဖြစ်လို့လည်းဆိုရင် EA က PS ဂိမ်းနှင့်အတူ SIMS game ပါ ဒီလထဲ ဖေ့ဘုတ်ကနေ ပိတ်လိုက်ပေမယ့် သူ့ ကမ်ပနီကနေ SIMS game ကို ဒီအပတ်ထဲမှာ .. ခွေထုတ်လိုက်ပါပြီ။ ၀ယ်ပြီး ဆော့လို့ရပါတယ်။ PC game ဆိုရင် ၁၅ ဒေါ်လာလောက်ပဲ ရှိပါတယ်။

PS က Fb နှင့်ပဲ လိုက်ပါတယ်။ တပတ်တကြိမ် ပစည်း အသစ်တင်တယ်။ ကိုယ့်ဝယ်နိုင်တဲ့ ပစည်းနှင့် အခန်း၊ pet ကို ပြင်ဆင်ပြီး ဓာတ်ပုံရိုက် သူငယ်ချင်းတွေကို ကြွားရတာ၊ ပြရတာ အရသာ တမျိုးပါ။

iPhone/ iPad ဂိမ်းတွေက apple အကောင့် စဖွင့်ကတည်းက ကိုယ့်ရဲ့ ခရက်ဒစ်ကတ်အကောင့်နံပါတ်ကို ယူထားပြီးပါပြီ။ သားသား ပထမတခါ စဆော့တုန်းက အကောင့်ထဲကနေ ၁၀ ဒေါ်လာနီးပါးလောက် ပါသွားသေးတယ်။ သူ့ အိုင်ဖုန်းဂိမ်းတွေကို ဆော့ရင်း ဂိမ်းထဲက လှတ ပတ ပစည်းတွေ အ၀ယ်ကောင်းတာလေ။ သူ့ကို သေချာသင်ပေးရတယ်။ ဒီလိုဆိုရင် တကယ့်ပိုက်ဆံနှင့် ၀ယ်တာ။ ဒါက ဂိမ်းပိုက်ဆံ ခွဲခြားမြင်တတ်အောင် သင်ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

ဟက်ကာတွေက အဲဒီဂိမ်းထဲက တကယ့်ပိုက်ဆံနှင့်ဝယ်သော ပစည်းတွေကို ဟက်ပြီး ဆော့တယ်။ အဲဒါကြောင့် နောက်ပိုင်း အဲဒီဂိမ်းကို တကယ့်ပိုက်ဆံနှင့် ၀ယ်မဆော့ကျတော့ဘူး။

PS က ဖေ့ဘုတ်ထဲမှာ ဂိမ်းပိုက်ဆံဝယ်ရတာ။

အိုင်ဖုန်း၊ အိုင်ပက်ကျတော့ မ၀ယ်ဘူး။ ဂိမ်းဆော့ရင်း ၀ယ်လိုက်တာနှင့် သူ့ဘာသာသူ အော်တိုမက်တစ် ခရက်ဒစ်ကတ်ထဲက ဖြတ်သွားတာမို့ သတိတော့ ထားနေရတယ်။

တခါတလေလည်း စဉ်းစားတယ်။ အဲဒီဂိမ်းကို ဆွဲတဲ့ ဒီဇိုင်းနာနှင့် ထွင်တဲ့လူလည်း သူ့ဂိမ်းကို ဖြတ်သိမ်းလိုက်တာ ၀မ်းနည်းမှာပဲ။ သူတို့အဖွဲ့လည်း ဖျက်သိမ်းခံရမှာပဲ။ သူတို့ကမ်ပနီက ဂိမ်းအမြောက်အမြား ထုတ်တာဆိုတော့ သိမှာပါ။ တခြားဂိမ်းတွေကျ အကျိုးအမြတ် ရပြီး .. ဒီဂိမ်းက ဆော့တဲ့လူလည်းများတယ်။ သက်တမ်းကြာပေမယ့် အကျိုးအမြတ်နည်းတာကို .. ဒါကြောင့် စာချုပ် အသစ်မချုပ်ပဲ ဖျက်သိမ်းလိုက်တယ်လို့ ထင်တာပါပဲ။ သူတို့ ခဏ ခဏ maintenance လုပ်တယ်။ ဒါပေမယ့် သူတို့ဂိမ်းကိုက ဟက်ကာတွေက ဟက်ပြီး တကယ့်ဂိမ်းပိုက်ဆံတွေကို ချိ လုပ်လို့ရနေတာ။ သူတို့ ထိန်းလို့ မရတာ။ အမတော့ အဲဒီလောက် ဒေတာဘေ့စ် မကျွမ်းလို့ ဟက်တော့ မဟက်ဘူးဖူး။ သူငယ်ချင်းတွေက ဂိမ်းဟက်ကာတွေ ...

ဖေ့ဘုတ်က မနေ့က အမေရိကား အမတို့ အချိန် ည ၉ နာရီလောက်က ဒေါင်းသွားသေးတယ်။ တွစ်တာမှာတော့ ဖေ့ဘုတ်ဒေါင်းသွားတာကို လန်ဒန်ဘရစ်ခ်ျ ဖော်လင်းဒေါင်း ငယ်ငယ်တုန်းက ကလေးကဗျာလိုမျိုး .. ဖေ့ဘုတ်ဒေါင်းတာကို ကဗျာစပ်ပြီး ပိုစ့်တင်နေကြတာတွေ့လိုက်သေးတယ်။ ဖေ့ဘုတ်လည်း ခဏ ခဏ ဆိုဒ်ဒေါင်းသွားတတ်တယ်နော်။

ဘလော့ကလေ ... အခုက google ကနေ ယူထားတဲ့ blogger ပေါ့နော် ...
တခြား ဘလော့ဆိုဒ်တွေ အများကြီး ရှိသေးတယ်။ wordpress တို့ ..
ဘလော့နှင့် ၀ပ်ဆိုဒ် ဒေါ့ကွန်းတွေမှာ wordpress က သာပါတယ်။ စပ်ကြောင်းလည်း ကောင်းတယ်။
အမ wordpress blog ဆို အမ ဒီပိုစ့်ကို တင်လိုက်တယ်။ topic ကို စိတ်ဝင်စားတဲ့ လူတွေ wordpress reader ကနေ လာဖတ်လို့ ရတယ်။ ဖော်လို မလုပ်ထားလည်း topic မှာ တူတာတွေ အပ်ဒိတ် ဖြစ်နေတာတွေ တနေရာထဲမှာ စုပြီး မြင်နေရပါတယ်။

blogspot မှာ topic တူတာတွေကို စုမပေးထားပါဘူး။ တော်တော်လေး ကွာပါတယ်။

ဂူဂယ်က လုံခြုံရေးလည်း ကောင်းတယ်။ ဒေါ့ကွန်း ... ၀ပ်ဆိုဒ်နှင့် ဘလော့တွေ ဆာဗာဒေါင်း အဟက် ခံရတာ သီးခြားဖြစ်နေလို့ပါ။

ဒီလိုမျိုး ဂူဂယ် နောက်ခံ၊ ၀ပ်ပလက်စ် နောက်ခံ ဘက်ကရောင်းတွေက များသောအားဖြင့် ဆာဗာ မဒေါင်းဘူး။ ဒါပေမယ့်လည်းလေ .. ဂူဂယ်က သူ့ဆီမှာ ကြော်ငြာ အား နည်းလာရင် သူလည်း ပိတ်သိမ်းချင် ပိတ်သိမ်းသွားမှာပါ။ လောလောဆယ်တော့ မပိတ်သိမ်းလောက်သေးပါဘူး။

ဂူဂယ်ရီဒါကို ဘာကြောင့် ပိတ်သိမ်းရတာလည်း မသိဘူး။ အဲဒီကနေ ဘလော့ပိုစ့်တွေ ဖတ်ရတာ အဆင်ပြေနေတာကို ...

ဆုမြတ်မိုးလို ဘလော့ကို အိုင်တီကျွမ်းကျင်ပေမယ့် အချိန်းအပြောင်းမလုပ် မကလိတာ ကောင်းတယ်။ ဘလော့ အိနြေရတယ်။ အမ ဘလော့ကို ၂ နှစ်အတွင်း မှန်မှန် လာဖတ်တဲ့သူတွေဆိုရင် သိလိမ့်မယ်။ တန်းပလိတ် ခဏ ခဏ ပြောင်းတတ်နေတာကို .... :D

သီရိရတနာ said...

ဒီနေ့မှာ ကျရောက်တဲ့ အန်တီစု မွေးနေ့မှ စပြီး ကျန်းမာပါစေ၊ လိုအင်ဆန္ဒမှန်သမျှ အမြန်ဆုံးပြည့်ဝပါစေ။

မြန်မာသတင်းတွေက နေ့တိုင်းဖတ်ပါတယ်။ အရင်ပိုစ့် ကွန့်မန့်မှာပြောဖူးသလို အန်တီစုက ... ကလေး၂ယောက် ကန့်သတ်ချက်ကို မသိဘူး။ သတင်းတွေကနေ ဖွသွားတာလို့ ကြားလိုက်ပါတယ်။

နောက်တခုက မြန်မာဆိုတာ မြန်မာ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြု ခေါ်ဝေါ်တယ်လို့ ပြောပေမယ့် ...

အန်တီစုက Burma လို့ပဲ ဒီနေ့ထက်ထိသုံးနေတာက ....

ဗမာက လူမျိုး ....

မြန်မာက ဗမာကို ကဗျာဆန်ဆန် ပြောင်းလဲခေါ်ဝေါ်တာ။

မြန်မာက တိုင်းရင်းသား အားလုံးကို ကိုယ်စားပြု ခေါ်ဝေါ်တာ မဟုတ်ဘူးတဲ့။

ပီးခဲ့တဲ့လက သတင်းကြားလိုက်ရမှ ...

ကိုယ့် အရင်ပိုစ့်တွေမှာ ရေးထားတာတွေ လိုက်ပြင်ရမလိုပဲ။ ( ထားလိုက်ပါ .. မပြင်တော့ပါဘူး။ )

ဘာလို့ဆို အမ ချက်တဲ့ ရခိုင်စာ၊ ရှမ်းစာမှာ မြန်မာရိုးရာ အစားအသောက်များပဲ ရေးထားတာလေ။ ရှမ်းရိုးရာ အစားအသောက်လို့ မရေးဘူး။

ထမနှဲ၊ မုန့်ဟင်းခါး ဆိုရင်လည်း ဗမာရိုးရာ အစားအသောက်များလို့ မရဘူး။ မြန်မာရိုးရာ အစားအသောက်များပဲ ရေးထားတာ။

မြန်မာ ဆိုတဲ့ နာမည်က အားလုံးကို ကိုယ်စားပြုတယ်ဆိုပြီး သီးခြား နာမည် ခွဲမနေတော့ဘူး။

အဖြစ်က အဲလို .. နောက်ဆို သေချာ ဂရုစိုက်ပြီး သတင်းတွေကို အပ်ဒိတ်မိအောင် အမြင်ကျယ်ကျယ်ထားရမယ်။

မိုးသက် said...

ဟီးဟီး. ကျွန်တော်ကတော့ တစ်ချိန်တုန်းက Empire & Allies ကိုအသေအလေဲဆော့တာ အစ်မရ.။ နောက်ပိုင်းကျတော့ တစ်ခြားသူတွေကို မနိုင်တော့ဘူး.။ အဲ့ဒါလည်း ဖဘ ဂိမ်းပဲ.။ သူများတွေက Cheat Engine တို့ Charles တို့လို Software တွေသုံးပြီး Hack ပြီးဆော့တာ အဲဒီတော့ မရတော့ဘူး.။ ကိုယ်လည်းအားကျမခံ Hack ပြီးဆော့သေးတယ်.။ နောက်ပိုင်းကျတော့ မဆော့ချင်တော့ဘူး.။ နိုင်ငံလေးက သေးပြီးလက်နက်တွေက တပ်ထားတာ နိုင်းလောက်တွေဆိုတော့.။

သီရိရတနာ said...

@ မိုးသက် - ဟုတ်တယ်။ Cheat လုပ်ပြီး ဆော့ရင် level လည်းတပ်တယ်။ တကယ့်ပိုက်ဆံနဲ့ ၀ယ်တဲ့ ပစည်းတွေလည်း ၀ယ်လို့ရတယ်။ အဲဒီဂိမ်းတွေကို cheat လုပ်လို့မရအောင် ဂိမ်း developer တွေက မထိန်းသိမ်းနိုင်ကြဘူးနော်။ ဂိမ်းမှန်သမျှ ချိ လုပ်လို့ရတာချည်းပဲ။

သူငယ်ချင်းတွေက ချိ လုပ်ပုံ လုပ်နည်း ရှင်းပြပေမယ့် အန်တီသက်က ပရိုဂရမ်လည်း မကျွမ်းဘူး။ ဒေတာဘေ့စ်လည်း မရဘူး။ ဒါကြောင့် သူငယ်ချင်း ဂိမ်းဟက်ကာတွေ ချိ လုပ်ပြီး ဟက်ထားတဲ့ ပစည်းလေးတွေကိုပဲ အလကား လက်ဆောင်ရထားတာတွေ ကြွားတာ။

အစ ပထမ မြန်မာမှာနေတုန်းက ဂိမ်းအထာမသိဘူးလေ။ တကယ့်ပိုက်ဆံနဲ့ ၀ယ်ပြီး ဆော့နေတာပေါ့။

ဂိမ်းထဲကနေ နိုင်ငံစုံက သူငယ်ချင်းတွေ တိုးလာမှပဲ ဂိမ်းအထာသိတော့တယ်။ အဲဒီမှာ သဘောကောင်းသော ဂိမ်းသူငယ်ချင်းတွေက လက်ဆောင်ပေးတယ်။

အဲဒီ နောက်ပိုင်း အန်တီသက်တို့ သားအမိ သုံးယောက် ဂိမ်းကို ပိုက်ဆံပေးပြီး မဆော့ကြတော့ဘူး။ အဲဒါနဲ့ပဲ အဲဒီဂိမ်းလည်း ဖေ့ဘုတ်ကနေ ညောင်းသွားရော ...

ဂိမ်းသက်တမ်းက ၄ နှစ်၊ ဟက်ကာတွေချည်းပဲ ဆော့နေကြတော့ သူတို့လည်း ရှုံးတာပေါ့။

သူတို့ ဖေ့ဘုတ်နှင့် စာချုပ် ချုပ်တာ စာချုပ်ဖိုးတင် ဒေါ်လာ အများကြီး ပေးရတယ်။ သူတို့ဂိမ်းကို ဆော့တာက လူပေါင်း သန်းနဲ့ချီ ရှိတယ်။ တကယ့်ပိုက်ဆံနဲ့သာ သူတို့ဂိမ်းကို ဆော့ရင် သူတို့ သန်းနဲ့ချီမြတ်ပါတယ်။

ဒါပေမယ့် ကလေးတွေက ဒီနေ့ခေတ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာကတည်းက ပရိုဂရမ်တွေ ကျွမ်းနေပီလေ။ အန်တီသက်တော့ ကွန်ပြူတာ ပျက်မှာ ကြောက်တာရယ်၊ ဗိုင်းရပ်စ်ကိုက်မှာ ကြောက်တာရယ်ကြောက် ချိ မလုပ်ဖြစ်ဘူး။

အဲဒီဂိမ်းနဲ့ ပုံစံတူ ဂိမ်း အခုရက်ပိုင်း ဖေ့ဘုတ်မှာ လိုက်ရှာနေတာ နဲ့ အလုပ်တွေ ရှုပ်၊ အရှုပ်တွေလုပ်၊

ဟင်း ... ဟင်း .. အဲဒီလိုမျိုး ဂိမ်းအသစ်တာ ရှာမတွေ့လို့ကတော့ ဘလော့ နှင့် မျက်မှန်းတန်းရာများကိုပဲ ကလိတော့မည်။

ကလိစရာ မရှိ .. အချိန်းအပြောင်း မလုပ်ရရင် လူက နေလို့ ထိုင်လို့ မကောင်းတတ်လို့ပါ။ :D