Tuesday, June 4, 2013

ပြောင်းဖူးကင်



ပြောင်းဖူးကင်


Corn - 5
Butter - 4Oz
Salt - sprinkle with salt


Bake in hot oven - 450ºF - 30 Minutes ( turn corn )


ပြောင်းဖူး - ၅ ဖူး
ထောပတ်ဆီ - ၄အောင်စ - တစ်တုံးကို မီးမြေးမြေးဖြင့် အရည်ဖျော်ပီး
ပြောင်းဖူးပေါ်မှာ ဆမ်းပါ။
ဆား မှုန်လေးတွေ နည်းနည်း ဖြူးပါ။
Oven - စဖွင့်ကာစ ဆိုရင်
Oven မပူသေးသည့်အတွက် -
ပြောင်းဖူး တဖက်ကို ၂၅ မိနစ်စီ ကင်ပါ။
ပူနေသော Preheat Oven ဆိုရင် ပြောင်းဖူးကို ၂၅ မိနစ်လောက်ပဲ
ဟိုဘက် .. ဒီဘက် လှည့် ကင်ပါ။


ပြောင်းဖူးကို ထောပတ်ဆီဖြင့် ကင်ထားတာမို့ ... ပြောင်းဖူးက ပိုစားကောင်းပါတယ်။
ပြောင်းဖူး - ပင်ကို မူလ က ချိုပီးသားပါ။
ပြောင်းဖူးကို ကင်မှ ပိုချိုပါတယ်။
ပြောင်းဖူး ချိုချို စားချင်တယ်ဆိုရင် ပြောင်းဖူးပြုပ်စားတာထက် ကင်စားတာက ပိုချိုပါတယ်။


ပြောင်းဖူးကင်

မှတ်ချက် ။    ။ ကိုယ် အခုရက်ပိုင်း တကယ်ကို မအားတာပါ။ ကလေးများ ကျောင်းလည်း ပိတ်တော့မယ်။ အားလပ်ရက်အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း .. အမေရိကားမှာ ရာသီ တစ်ခု ပြောင်းရင် တစ်ခါ အိမ်ရှင်း၊ သူ့ရာသီအလိုက် အ၀တ်စားများကို ထုတ်၊ ပီးခဲ့တဲ့ ရာသီ အ၀တ်အစားတွေကို သိမ်းဆည်း၊ ထုတ်ပိုးရင်း .. အိမ်ရှင်းရင်း . အခုရက်ပိုင်း မျက်စိထဲမှာ ကာလာစုံပဲ စွဲနေတယ်။ ဒါကြောင့် ကိတ်မုန့်ဆိုလည်း အနည်းဆုံး ၄ ရောင်ခြယ်ကာလာ၊ လက်ဖက်ရည်ဆို သုံးရောင်ခြယ် လက်ဖက်ရည်၊ မျက်စိက ကာလာစုံ ဘယ်လိုဖြစ်ပီး ကာလာစုံကို ဓာတ်ကျနေလည်း မသိဘူး။ ပေါင်မုန့်တောင် ကာလာစုံ ခြယ်ချင်နေတယ်။ သမီး အကျီတောင် ကာလာစုံ သူ့ဘာသာ သူ အရောင်ဆိုးထားတာ  လွယ်လွယ်လေးပဲ အ၀တ်အစား အရောင်ဆိုးဆေးက wall mart မှာ ၀ယ်လို့ ရပါတယ်။ DIY လည်း အရမ်း သိပ်လုပ်တာပဲ။ 


Pick up Please - Facebook Fan Page

ဒီ ပေ့ခ်ျက အိမ်မှာ မလိုတော့သော အသုံးအဆောင်တွေကို သူများပေးချင်တဲ့အခါမှာ ဖုန်းဆက်လိုက်ရင် သူတို့ လာသယ်သွားပေးပါတယ်။ စားပွဲ၊ စာအုပ်စင် နှင့် အသုံးဆောင် အမျိုးမျိုး

5 comments :

ဆုမြတ်မိုး said...

ပြောင်းဖူးကင်လေးစားချင်စရာ လုပ်စားဦးမှပဲ... သတိတရလာလည်သွားပါတယ် မသက်ရယ်

Anonymous said...

I wish I live near you..then I will visit you every evening to get your delicious snacks. Your kids are very lucky to have a mom like you..

-sophie

သီရိရတနာ said...

@ ဆုမြတ်မိုး နှင့် ဆိုဖီ - လာလည်တာ ကျေးဇူးနော် ....

Anonymous said...

ဗိုက်လည်းဝ
အာဟာရလည်းဖြစ်
ပြောင်းဖူးဆို သိပ်ကြိုက်တာမို့
ကျေးကျေးနော်..အစ်မး))

သီရိရတနာ said...

@ Anonymous - အိမ်လာလည်တာ ကျေးဇူးနော် ... :)