Friday, May 24, 2013

မျှစ်လှော် ပုစွန်ကြော်


မျှစ်လှော် ပုစွန်ကြော်



ရေချိုပုစွန်များကို အခွံခွါ၊ ကျောခွဲ၊ အမည်းကြောင်းထုပ်၊ ဆား အနည်းငယ်ဖြင့် နှယ်ထားပါ။


မျှစ်ကို ဆူးချွန်ဖြင့် ခြစ်လို့ပဲ ဖြစ်ဖြစ်၊ ကြိုက်နှစ်သက်သလို သေးသေးမျှင်မျှင် လှီး၊ ခြစ်၊ ဖြတ်ထားပါ။


ဓါးဖြင့် လှီးဖြတ်ထားသော မျှစ်များ


ကို မီးဖိုပေါ်မှာ ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းဖြူးပြီး လှော်လိုက်ပါ။


အိုးမကပ်သော အိုးဖြင့် အိုးပူတိုက် လှော်ထားသော မျှစ်များ


ပန်းကန်ပြားဖြင့် ဆယ်ယူထားလိုက်ပီ။


အိုးထဲမှာ ဆီ လေးပုံ ၁ ပုံလောက် ထည့်ပီး အပူပေးလိုက်ပါ။
ကြိတ်ထား ( ထောင်းထားသော ) ကြက်သွန်ဖြူ - ၃ မွှာ
ကြက်သွန်နီ ( အရွယ်တော် ) တစ်လုံး ကို
ငရုတ်သီး အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်း ထည့်ပြီး ဆီသတ်ပါ။
ပြီးလျှင် ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းထည့် ဆီသတ်ပါ။
ပုစွန်များထည့်မွှေပါ။
အနှစ်များဖြင့် ပုစွန်များ နှံစပ်အောင်မွှေပြီးလျှင်
၂ မိနစ်ကျော်လျှင် ပုစွန်များ ကွေးပြီး ဟင်းအိုးလည်း ပုစွန်ဆီ အရောင်သန်းလာပါလိမ့်မည်။
မျှစ်လှော် ထည့်ရောမွှေပါ။
ရေ စပ်စပ်လေး စားချင်လျှင် - ရေကို 1/2 cup ထည့်ပါ။
အိမ်မှာ 1/3 cup ပဲ ရေထည့်ပြီး မီးဖိုပေါ်မှာ ၃ မိနစ် ~ ၈ မိနစ် လောက်ဆို ဆီပြန်လာပါပြီ။

ပုစွန်ဟင်းက ကွေးရုံလောက်ပဲ ချက်စားတာ ပိုပြီး အရသာ ရှိသလို အာဟာရလည်း ဖြစ်ပါတယ်။
ငါးဆိုလျှင် အပူဖြင့် နွေးရုံလောက်ပဲ ချက်စားတာ ပိုပြီး အရသာရှိသလို အာဟာရလည်းဖြစ်ပါတယ်။

ပုစွန် အကွေး၊ ငါးအနွေး 


ပုစွန်ကို မျှစ် အစိုဖြင့် ကြော်စားလည်း စားကောင်းပါတယ်။
အခုတခါချက်စားတာက ခြောက်နေသော မျှစ်ဖြင့် ချက်စားချင်တာမို့ မျှစ်ကို လှော်ထားတာပါ။


ထမင်းဝိုင်း



ဟင်းကျန် အမဲအူ ဆီပြန်ဟင်းကို ကုလားပဲ ထည့်၊ ဆား ထည့်ပြီး အမဲအူ ကုလားပဲဟင်းရည် ချက်စားပါတယ်။


Kidney beans


ပဲက နူးပြီးသား ကြက်သွန်ကြော်ပြီး ပဲကို အပူလေးဖြင့် ပြန်နှပ်ထားလိုက်တယ်။





အမဲအူ မဆလာချက်


ဆိပ်ကလီဇာဟင်း ချက်သလိုမျိုးပဲ ပျဉ်တော်သိမ်ရွက်ဖြင့် အုပ်ချက်ထားသော အမဲအူဟင်း


ဘဲသား၊ မုန်ညင်းချဉ် ဟင်းရည် ( ကင်ချီနှင့် တွဲစားသည် ) အစပ်ပါမှ ထမင်းစားဝင်လို့ ဘဲသား မုန်ညင်းချဉ် ဟင်းရည်ကို ထမင်းပေါ်ဆမ်း မုန်ညင်းချဉ်ကို ငရုတ်သီးအနှစ်များဖြင့် အချဉ်သိပ်ထားသော ကိုရီးယားကင်ချီဖြင့် တွဲစားပါသည်။

( နောက်တခေါက်ကျရင် ဘဲသားကို ကင်ချီဖြင့် ချဉ်၊ စပ်လေး အရည်သောက် ချက်စားပါအုံးမည်။ )


ငယ်ငယ်တုန်းက တရုတ်တန်းက အီပိုးတို့ အိမ်မှာ တရုတ်နှစ်သစ်ကူး ကန်တော့တဲ့ နေ့ဆိုရင် ဘဲသား ကြံမဆိုင်ဟင်းရည် ပါတယ်။ ခေါက်ဆွဲကြော်လည်း ပါတယ်။ အန်ပေါင်းလည်း ရတယ်။


သရက်သီးစိတ်


မှို၊ ကန်စွန်းရွက်ကြော်









Monday က အမေရိကားမှာ Memorial day မို့ ကလေးတွေ ကျောင်း ၃ ရက်ပိတ်သလို .. နွေရာသီ ကျောင်းပိတ်ပါတော့မယ်။ နောက်ထပ် ၁၄ ရက်လောက် ကျောင်းတက်ပြီးရင် နွေရာသီ ( ၇၁ ) ရက်လောက် ကျောင်းပိတ်ပါမည်။

ဖရော်ရီဒါမှာ ဟိုက်စကူး ( စီနီယာ ) သမားတွေက ဒီလ ၂၂ ရက်နေ့က ကျောင်းနောက်ဆုံးရက်ပါ။
မူလတန်းတွေက အမေရိကားမှာ ဂျွန်လလယ်လောက်မှ နွေရာသီ ကျောင်းပိတ်ပါတယ်။

ကလေးတွေ အကြောင်းလည်း ရေးချင်ပါတယ်။
အဓိက က .. ပညာရေး အကြောင်း ရေးချင်ပါတယ်။ ဒီမှာ ဘယ်လို ပညာသင်ကြားတယ်ဆိုတာကိုပါ။ မအားတာနှင့် ပေါ့ပေါ့ပါးပါး ရေးလို့ကောင်းသော ဟင်းချက်နည်းတွေပဲ ရေးဖြစ်ပါတယ်။ ဟင်းချက်တာက နေ့တိုင်းချက်နေရသလို .. မရိုးနိုင်အောင် ချက်စားနေရတာမို့ တစ်နေ့တမျိုး ဟင်းမထပ်အောင် ချက်၊ စားဖြစ်ပါတယ်။

ကလေးတွေကို .. စာသင်တဲ့ အခါမှာ ငယ်ရွယ်စဉ်ကတည်းက အကျင့်လုပ်ပေးပါ။

တမျိုးတည်း၊ တသတ်မတ်တည်း၊ မြင်တတ်တာမျိုး မဟုတ်ပဲ .. အမြင်အမျိုးမျိုး၊ ပုံစံ အမျိုးမျိုး မြင်နိုင်အောင်၊ မြင်တတ်အောင်၊ လေ့ကျင့်ပေးပါ။

နိုင်ငံခြား ကျောင်းတွေမှာ စာသင်ကြားရင် လေ့ကျင့်ပေးတာ မှန်ပါတယ်။ အိမ်မှာလည်း ကလေးများအတွက် Life experience အနေဖြင့် သူ့တို့ ကို ဖြတ်ထိုးဥာဏ် ရင့်သန်ဖို့ လေ့ကျင့်ပေးပါ။

အမေရိကားမှာ .. အရင်ခေတ်လို မဟုတ်တော့ပါဘူး။ သူငယ်တန်းကလေးတောင် သေရေး၊ ရှင်ရေးနှင့် မူလတန်းကျောင်းမှာ ပညာသင်ကြားနေရင်း ကြုံနေရပြီမို့ ဥာဏ်ကောင်းမှ ရမှာပါ။

2012 ထဲမှာ ကွန်နက်တီကတ် - နယူးတောင်းမြို့နယ် မူလတန်းကျောင်းမှာ သေနတ်သမား ၀င်ပစ်သွားလို့ မူလတန်းကလေး အယောက် ၂၀ သေဆုံးသွားတာ ကြားဖူးကြမှာပါ။

၂၀၁၃ ဒီလထဲမှာလည်း Oklahoma မှာ လေဆင်နှာမောင်းတိုက်လို့ မူလတန်းကလေးတွေ သေဆုံးသွားကြတာကိုလည်း ကြားဖူးကြမှာပါ။

အဲဒါကြောင့်မို့ မူလတန်းကလေး ဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ကာကွယ် စောင့်ရှောက်နိုင်အောင် ကြိုတင်ပြင်ဆင်ပေးထားရပါတယ်။ သူတို့အရွယ်လေးတွေ နားလည်နိုင်လောက်မယ့် စကားမျိုးဖြင့် အသိပေး အကျိုးအကြောင်း ပြောပြ ထားရပါတယ်။

သချာင်္ပုစာတပုဒ်ကို အဖြေ တူနေရင်တောင် စဉ်းစားပုံ စဉ်းစားနည်း တွက်နည်း အမျိုးမျိုးဖြင့် ထွက်အောင် လေ့ကျင့်ရင်း ...
ရှုထောင့်ပေါင်းစုံကနေ လေ့လာတတ်၊ မြင်တတ်အောင် .. အလေ့အထ တစ်ခု အနေဖြင့် လေ့ကျင့်ပေးထားရပါတယ်။

ဆိုလိုချင်တာက ... အဖြေကို ရှာနိုင်သော ပုံသေနည်းဖြင့် တတ်အောင် သင်ကြားခြင်း မဟုတ်ပဲ ...
အကြောင်းအရာ တခု ... ကို အမျိုးမျိုး၊ အဖုံဖုံ၊ အဖက်ဖက်မှ လှည့်ပတ်ပြီး စဉ်းစားလို့ရ၊ မြင်လို့ ရ၊ ကြည့်လို့ ရ၊ တွေးလို့ ရနေအောင် မိဘက လမ်းညွှန်ပေးရမှာပါ။

အလေ့အကျင့် များများ လုပ်တာ ကြာလာတဲ့ အခါမှာ .. ဦးနှောက်က စဉ်းစားပုံ၊ ဆုံးဖြတ်ပုံ၊ မြန်လာပါလိမ့်မယ်။ သိပ် အကြာကြီး စဉ်းစားနေစရာ မလိုပဲ လျှင်လျှင်မြန်မြန်ဖြင့် အမှား၊ အမှန် နှင့် အတူ .. အမြင်အမျိုးမျိုးထဲကမှ အကောင်းဆုံး အမြင်ကို ခွဲခြား သိလာတတ်ပါတယ်။

ဒါကြောင့်မို့ ငယ်ငယ်လေးကတည်းက  စဉ်းစားနိုင်ဖို့ သူတို့ကို လေ့ကျင့်ပေးဖို့ တိုက်တွန်းတာပါ။

သူတပါးက စေတနာဖြင့် ပြောတာပါ။ အကြံပေးတာပါ ဆိုတိုင်းလည်း စေတနာ မှန်ရဲ့လား၊ ရိုးသားမှု့ ရှိရဲ့လား၊ မှန်ကန်လား၊ မမှန်ကန်လား ခွဲခြား စဉ်းစားတတ်ဖို့ ကလေးဘ၀မှာကတည်းက စဉ်းစား၊ တွေးခေါ်တတ်အောင် လေ့ကျင့်ပေးထားပါ။ 

မြန်မာကျောင်းတက်ပေမယ့်လည်း စိတ်မပူပါနှင့် အိမ်မှာ မိဘ ဘိုးဘွားများက ကလေးများကို လေ့ကျင့် သင်ကြားပေးရင် ရပါတယ်။

ငယ်ငယ်လေးကတည်းက ကလေးများကို တဖက်တည်းမြင်တာမျိုး၊ မဟုတ်ပဲ အမျိုးမျိုး အဖုံဖုံ၊ လှည့်ပတ် စဉ်းစားပြီး အမှန်ကို မှန်မှန်ကန်ကန် ရွှေးချယ်တတ်ရင် သူတို့ကလေးတွေဟာ သူများပြောတိုင်းလည်း မမှန်ကန်ရင် လက်မခံတတ်တော့သလို .. သူများပြောတာထက် .. သူများ လုပ်တာထက် ပိုပြီး စိတ်ကူးဥာဏ် ပိုကွန့်မြူးလာနိုင်ပါတယ်။ ထောင့်စုံကနေ မြင်တတ်၊ ရှုတတ်လာပါလိမ့်မယ်။ ကြာလာတဲ့အခါ သူတို့ မှတ်ဥာဏ်စွမ်းရည်က အရမ်းကို sharp ဖြစ်လာပါလိမ့်မယ်။

ဒါ .. ကိုယ်တို့ စတိတ် ကွန်နက်တီကတ်က Camp - camp က FB Fan page

ဒီနေ့ နယူးယောက်က ကောင်မလေး ၁၂ နှစ် - ကိုယ့်ကိုကိုယ် သေကြောင်းကြံသွား၊ ဆိုက်ဘာ ဘူလီ ..
မနှစ်ကလည်း ကနေဒါက ကောင်မလေး - ဆိုက်ဘာ ဘူလီပဲ ..  ကိုယ့်ကိုကိုယ် သေကြောင်းကြံသွား၊

ကနေဒါက ကောင်မလေး ဗီဒီယို share ထားသော ပိုစ့် - ဖေ့ဘွတ်၊ ကျောင်း

အဲဒီ ကနေဒါက ကောင်မလေး ၁၆ နှစ်. ... Grade - 7 အရွယ်လောက်က .. ချက်တင်းထဲမှာ လူတယောက်နဲ့ ချက်တယ်။ ဓာတ်ပုံတွေ ရိုက်တယ်။ သူ့ကို အဲဒီ ဓာတ်ပုံတွေနဲ့ ချိန်းခြောက်တယ်။ သူ့ရဲ့ FB ( Public ) မြင်နေရသော fb - friend list တွေ ဆီကို အဲဒီ ဓာတ်ပုံတွေ F B message ပို့လိုက်တယ်။ သူ့ရဲ့ FB friend list ထဲမှာ သူ့ နဲ့ တတန်းတည်း တက်နေသော သူငယ်ချင်းတွေ ရှိသလို သူ့ရဲ့ အိမ်နီးချင်းတွေလည်း ရှိတယ်။ သူ့ အိမ်နီးချင်း၊ သူငယ်ချင်းတွေက ရဲ ကို report လုပ်လိုက်တယ်။
ရဲက သူ့အိမ်ကို တံခါးလာခေါက်ပြီး ဖေ့ဘုတ်ကနေ တဆင့် မင်း အွန်လိုင်း ချက် .. ဓာတ်ပုံတွေ မင်း အိမ်နီးချင်း၊ သူငယ်ချင်းတွေဆီ လူတယောက်က မေလ်းပို့တယ်ဆိုပြီး စစ်ဆေးခံရတယ်။

ကောင်မလေးလည်း အရှက်တွေကွဲပြီး ကျောင်းကထွက်၊ အိမ်ပြောင်းပြေးရတယ်။ ကျောင်းအသစ်မှာလည်း ထပ် အနှောင့်အယှက် ခံရတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး သတ်သေသွားတယ်။

ကလေးများကို အင်တာနက် ပေးသုံးရင် Parental control ဖြင့် သုံးခိုင်းပါ။ control panel မှာ setting ချိန်ပေးထားလိုက်ပါ။ မိဘ ဘေးမှာပဲ ထားပြီး သုံးခိုင်းပါ။ သူတို့ကို ဒီနေ့ ဖြစ်ပျက်နေသော အကြောင်းအရာများကို ပြောပြ၊ ဆွေးနွေးပါ။ သူတို့ရဲ့ ဆယ်ကျော်သက် သဘာဝကိုလည်း လေးစားပေးပါ။ ကိုယ်တို့တုန်းက ဆယ်ကျော်သက်ကို ဘယ်လို စိတ်ထားမျိုးဖြင့် ကျော်ဖြတ်လာလည်း .. ကလေးများကို ကရုဏာဒေါသဖြင့် မဆူမိပါစေနှင့် .. အရမ်း ထိန်းချုပ်လို့လည်း မရပါဘူး။ ကလေးက သူ့ကိုယ်သူ ကာကွယ်စောင့်ရှောက်တတ်အောင် လေ့ကျင့် သင်ကြားပေးရပါမယ်။

သူငယ်တန်းကလေးတောင် သူတပါး အကူအညီ မပါပဲ ကိုယ့်ဘာသာကိုယ် ကာကွယ်စောင့်ရှောက်တတ်အောင် သင်ပေးနေရပါပြီ။

ဒါက ဆယ်ကျော်သက် ကောင်လေး ဘော့စတန် ဗုံးခွဲပြီးနောက်ပိုင်း ဖရီးဒန် သီချင်းစပ်ဆိုပြီး ဖေ့ဘွတ်ပေါ် တင်လိုက်တာ။ ရဲ က ဖေ့ဘွတ် alert  နှင့် ချက်ချင်းခြေရာခံပြီး သူ့ကို ထောင် ၃ပတ်လည်း ချလိုက်တယ်။ ဒဏ်ငွေလည်း ဆောင်လိုက်ရတယ်။ ကိုယ့်ခဏ ခဏ ပြောတယ်နော်။ ကိုယ့်တို့ ဒီမှာ ဖေ့ဘွတ် သုံးရတာ သတိထားပြီး သုံးနေရတာပါ ဆိုတာကို .. ရဲ က ဂူဂယ် alert တောင် မဟုတ်တော့ဘူး။ ဖေ့ဘွတ် alert ပါ သုံးနေပြီ ..

ကိုယ့် fb - friend အကူအညီတောင်းလို့ ကလေးတစ်ယောက် ၁၆ နှစ် အထက်တန်းကျောင်း ဓာတ်ခွဲခန်းမှာ ဖော်မြူလာမှားပီး မတော်တဆ ဓာတ်ခွဲခန်းပေါက်ကွဲသွားတယ်။ အဲဒီ ကောင်မလေး ထောင်လည်းကျတယ်။ ကျောင်းလည်း ထွက်လိုက်ရတယ်။ အခု သူ့ ကျောင်းပြန်တက်ခွင့် ရဖို့ အွန်လိုင်းကနေ အသနားခံစာ ဖောင် ဖြည့်ပြီး လူတွေ ထောက်ခံပေးဖို့ သူငယ်ချင်းက အကူအညီတောင်းတာနှင့် နာမည်၊ အီးမေလ်း ဖြည့်ပေးလိုက်တယ်။ ( ကိုယ့်ဆီမှာ ဆိုရှယ် အီးမေလ်းများရှိတယ်လေ .. ကိုယ်ရေးကိုယ်တာ အီးမေလ်းက နေရာတကာ မသုံးဘူး။ လျှို့ဝှက်ထားတယ်။ )

သြော် .. ငါ့မလည်း .. အမေရိကား ရောက်မှ မမြင်ဘူးတာတွေ မြင်ရ၊ မကြားဖူးတာတွေ ကြားရ၊ မကြုံဖူးတာတွေ ကြုံနေရတော့တယ်။

ကုလားဆိုလို့ ကိုယ် ပြောပြရအုံးမယ်။
ကိုယ့်ရန်ကုန်မှာ မွေးကတည်းက အမေရိကားကို မထွက်လာခင် အထိ နေလာတာပါ။ ကုလားဆိုတာ သိပ် သတိမထားမိဘူး။ ကျောင်းတက်တော့လည်း လသာ ၂ - အဲဒီမှာ ကုလားနည်းတယ်။ သူတို့က ပန်းဘဲတန်း အထက ကျောင်းမှာတက်ကြတာ။ တကသိုလ် တက်တော့လည်း ကုလား နည်းတယ်။ မူဆလင်ဆိုတာ သိပါတယ်။ ဗလီဆိုတာလည်း သိပါတယ်။ အမှုမဲ့ အမှတ်တမဲ့ပဲ ။ ငါ တော်တော် ကြီးကို စဉ်းစားတာ .. ရန်ကုန်မှာတုန်းက ကုလားတွေလည်း သူတို့ဘာသာ သပ်သပ် နေသလို .. ကိုယ်တို့ ကိုယ်တိုင်လည်း အပေါင်းအသင်း မလုပ်ဖြစ်ဘူး။ ပတ်ဝန်းကျင်လည်း မတူတာ ပါမလား မသိဘူး။ တကူးတကကြီး ရှောင်နေရတာမျိုး မရှိဘူး။ သူလည်း သူ့လမ်း သူသွား၊ ကိုယ်လည်း ကိုယ်လမ်း ကိုယ်သွား။ ကုလားမှ မဟုတ်ဘူး ရခိုင်လည်း အဲဒီ အတိုင်းပဲ အသိထဲမှာ ရခိုင်လူမျိုး မရှိသလို တိုင်းရင်းသား သူငယ်ချင်းလည်း နည်းတယ်။ ဘုရားကျောင်းမှာကျတော့ ကိုယ့်က သီးသီးသန့်သန့်ပဲ နေတတ်တယ်။ မရောတတ်ဘူး။ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးပဲ နေတတ်တာ။

အစားအသောက်ကတော့ ကုလားစာဆို ဆူးလေဘုရားလမ်းက ရွှေမြို့တော်မှာ တနင်္ဂနွေ အပတ်ဆို ၀ယ်စားတတ်တယ်။ အဲဒီဆိုင်က တမီလ်း ကုလား လူမျိုးလေ .. ခရစ်ယာန်တွေ .. ( မယ်တော်ဂိုဏ်း ) RC ဂိုဏ်း ပေါ့ ...

အမေရိကားရောက်မှ အင်တာနက် ဖေ့ဘွတ်ပေါ်ကနေ တဆင့် မြန်မာသတင်းတွေ .. မထင်ထားတာတွေ မြင်ရ၊ တွေ့ရတော့မှ .. မျက်လုံးပြူးသွားတယ်။

ပီးတော့ ကိုယ့် ရန်ကုန်မှာ မြင်ဖူးတဲ့ ကုလားတွေက အဲဒီလောက် အသား မနက်ပါဘူး။ အင်တာနက်မှာ တွေ့ရတဲ့ ကုလားတွေကျတော့ မည်းလိုက်တာမှ မဟူရာရောင် အတိုင်းပဲ။ မျက်လုံး၊ မျက်ဆန်တွေကလည်း ကြောက်စရာကြီး။ ရန်ကုန်က ကုလားတွေက အဲလို မျက်လုံးမျိုး မဟုတ်ဘူးလားပဲ။ သေချာ မသိဘူး။ သတိလည်း သိပ်မထားမိတာ ပါတယ်။

အခု .. အသက်ကြီးလာပြီဆိုတော့ သတင်းတွေပဲ ဖတ်တတ်နေတယ်။


အရင်ပိုစ့်






6 comments :

ဆုမြတ်မိုး said...

မသက်ရယ်...ပုဇွန်နဲ့မျှစ်က စားချင်စရာလေး ။ သွားရည်တောင်ကျတယ် ။ အမဲတို့ဘဲတို့ကျမစားတတ်ဘူးရယ်း) ။ ဒါတောင် အမဲအူချက်ထားတာလေးစားချင်စရာလေး ။ အသိထဲရခိုင်တစ်ယောက်တိုးပြီပေါ့နော် ။ ညီမက ရခိုင်သူ ပါ မသက်ရယ် ။ ကိုယ်တွေ့တွေအရဆိုရင် အင်တာနက်ပေါ်မှာပါလာတဲ့ကုလားတွေက ဘင်္ဂလားဘက်ကနေ၀င်လာတဲ့ကုလားတွေပါ ။ ရန်ကုန်နဲ့ တခြားဘက်က ကုလားတွေကအနေအေးကြပါတယ်။ သက်သက်စီပဲနေကြတယ် ။ ရခိုင်ဆိုရင် ကုလားမုန်းမှာပေါ့နော်လို့ပြောကြတယ်.. တကယ်တော့မုန်းပါဘူး ။ မကောင်းတဲ့ကုလားတွေပဲမုန်းတာ ။ ရန်ကုန်မှာနေတုန်းက ကုလားဆိုင်မှာ လပေးထမင်းစားတယ် ။ ညီမက အစားဂျီးများတယ် ။ အသားဆိုကြက်တစ်ခုပဲစားတယ် ။ ပင်လယ်စာနည်းနည်းပဲစားတယ် ။ ထမင်းဆိုင်ပေမယ့် မိသားစုစိတ်ပါပဲ... ညီမ သင်တန်းချိန် ရှစ်နာရီမှီအောင်ထမင်းချိုင့်လုပ်ပေးတယ် ။ ညီမစားတတ်တာတွေကိုလုပ်ပေးတယ် ။ တစ်ဦးမေတ္တာ တစ်ဦးစေတနာပေါ့ မသက်ရယ် ။ ညီမတို့ရခိုင်ဘက်ကကုလားတွေသာ သိပ်လူလည်ကျတာ ။ သူတို့အကြောင်းများသိလွန်းလို့...း)

သီရိရတနာ said...

@ ဆုမြတ်မိုး - ပုစွန် + မျှစ်ကြော်က စားနေကျလေ .. အခုဟင်းက မျှစ်အစိုကို ခြောက်နေအောင် လှော်ထားတာပါ။ တမျိုးလေး စားလို့ ကောင်းတယ်။ ပုစွန် + မျှစ် + ချဉ်ပေါင်ကြော်လည်း စားလို့ ကောင်းတယ်။ မျှစ်ကို နေလှန်း အခြောက်ခံပြီး ငါးခြောက်နှင့် သုပ်စားတာလည်း စားလို့ ကောင်းတာပါပဲ။

ဆုမြတ်မိုးက ရခိုင်လား။ အင်တာနက်ကနေ တဆင့် အသိမိတ်ဆွေ တိုးတာ ၀မ်းသာပါတယ်။

ကုလားကလေ ... အဲဒီပိုစ့် ရေးတဲ့ ရက်ပိုင်း .. အခု ရက်ပိုင်းမှာ ကုလား ( မူဆလင် ) ဆိုတာ လတ်တလော ဟိုးလေးတကြော်ကြော် .. ကမ္ဘာကျော်နေလို့ .. ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားနေတာ။

ရန်ကုန်မှာနေတုန်းကလည်း ကိုယ်တွေ့ခဲ့ဖူးတဲ့ ကုလားတွေက အေးအေးဆေးဆေးပါ .. ဘယ်နှယ့် အမေရိကားရောက်မှ အင်တာနက်ကနေတဆင့် တွေ့ရတဲ့ ကုလားတွေက ဘယ်လိုဖြစ်တာလဲးပေါ့ .. အမေရိကန်၊ အင်္ဂလန် တခြားနိုင်ငံတွေပါ။ ကုလား သတင်းတွေပဲ မြင်နေရတော့ မမြင်ဖူးတာတွေ မြင်နေရတယ်။

ရန်ကုန်မှာတုန်းက အမတို့ ပတ်ဝန်းကျင်မှာ ကုလား ရှိပါတယ်။ အနည်းငယ်ပေါ့ .. သူလည်း ကိုယ်သတိမထားမိ၊ ကိုယ့်လည်း သူ သတိမထားမိ၊ အမှုမဲ့ အမှတ်တမဲ့ပဲ ... ကိုယ့်အလုပ်နှင့် ကိုယ်ရှုပ်နေကြတာ။ သူငယ်ချင်း အပေါင်းအသင်းထဲမှာကျတော့ မြန်မာများတယ်။ တရုတ်များတယ်။ အမေရိကားရောက်မှ တိုင်းရင်းသားဆိုတာ၊ ကုလားဆိုတာ သတင်းတွေ ဖတ်မှ သတိထားမိတော့တယ်။

ကိုယ့်ကိုယ်တိုင်က ဘာသိဘာသာ နေတတ်လွန်းတာလည်း ပါတယ်။ ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်လွန်းတာလည်းပါတယ်။ အဆက်အစပ် မရှိတော့ သတိမထားမိတာလည်း ပါပါတယ်။

အမေရိကားမှာ ဘော့စတန် မတိုင်ခင် 911 ကတည်းက မူစလင်ကို အမေရိကားက သတ်မှတ်ချက်က ...
အစွန်းရောက် မူဆလင်သမားနှင့်
အေးအေးဆေးဆေး မူဆလင် ဘာသာဝင်များဆိုပြီး သတ်မှတ်ပေးပြီးသားပါ။

ဘော့စတန်ကို မူဆလင်ဗုံးခွဲတယ်လို့ မသတ်မှတ်ဘူး။ အစွန်းရောက် မွတ်ဆလင်များဆိုပြီး သူ့တို့က သုံးနှုန်းတယ်။ အဲဒီတယောက် မွတ်ဆလင်ဘာသာနှင့် သူ့လူမျိုးကို ကိုယ်စားပြု ဗုံးခွဲပေမယ့်လို့ သူ့တို့ လူမျိုး ဗလီတွေကို အမေရိကန်တွေ ဘာမှ မလုပ်ပါဘူး။

အစွန်းရောက်သမားနှင့် မွတ်ဆလင် ဘာသာ သပ်သပ်စီ ဆိုတာကို အမေရိကန်တိုင်း ခွဲခွဲခြားခြား မြင်တတ်ပါတယ်။

ဒါပေမယ့် DNA အရ - မူဆလင်ရဲ့ မျိုးရိုး၊ ဗီဇက အကြမ်းဖက်တယ်။ ( ဘာသာကို ပြောတာ မဟုတ်ဘူးနော်။ မျိုးရိုး၊ ဗီဇ ကိုပြောတာ။ ) ယုံကြည်စိတ်ချမှု့ အနည်းဆုံး လူမျိုး၊ အလုပ်ကတော့ တကယ်ကြိုးစားတယ်။ လက်ကျောတင်းတယ်။ ဥာဏ်လည်းကောင်းတယ်။ ( ကလိမ်ကကျစ်ကျတာတို့၊ ကတုံးပေါ် ထိပ်ကွက်တာတို့၊ သူတို့ လူမျိုးတွေကို လူလည်ပတ်ကား ရိုက်လို့ မရအောင် ဥာဏ်ကောင်းတာကို ပြောတာ ) ပညာလည်း တတ်တယ်။ အရမ်းတော်တဲ့ မွတ်ဆလင်တွေ အများကြီးပါ။ အဓိက က ကိုးကွယ်သည့်ဘာသာ အစွန်းမရောက်သွားဖို့ပါပဲ။ သူတပါး သွေးထိုး၊ လှုံဆော်ပေးတိုင်း ဒေါသထွက် မျိုးချစ်စိတ်ပြ အစွန်းမရောက်သွားဖို့ပါပဲ။

ဘယ်ဘာသာမဆိုပါ အစွန်းရောက်သွားရင် မကောင်းဘူး။



သီရိရတနာ said...

အမလည်း ကုလားဟင်းတွေ ကြိုက်တယ်။ ကုလားဟင်း ချက်ပုံ ချက်နည်း ကြိုက်တယ်။ သူ့ရဲ့ ဟင်းစပ်ပုံ စပ်နည်း ကြည့်ရင် သိသာပါတယ်။ သူတို့လူမျိုးရဲ့ စေ့စပ်ပုံ၊ အာရုံခံ ... အရသာခံ အကြောတွေ အားလုံးပွင့်ထွက်သွားအောင် ကုလားဟင်း - ပေါင်းစပ် ချက်စားပုံကို မြင်နိုင်မှာပါ။

ဟင်း ချက်ပုံ ချက်နည်း လေ့လာကြည့်ရင် သူတို့လူမျိုး အကြိုက်ကို တွေ့မြင်နိုင်ပါတယ်။ နိုင်ငံတကာ အစားအသောက်တွေလည်း ထိုနည်း လည်းကောင်းပါပဲ ...

သူ့ရိုးရာ .. သူ့ဓလေ့ကို အချင်းချင်း အပြန်အလှန် လေးစားပေးရင် ကောင်းမှာပါ။

ကုလားမှာ အိန္ဒိယ ( ဟိန္ဒူဘာသာ ) ကိုးကွယ်သော ကုလားစာကို ပိုကြိုက်ပါတယ်။

ဒန်ပေါက်ကတော့ ( မွတ်ဆလင် ) အစားအစာပေါ့ ..

အမ ရန်ကုန်မှာ ရှိတုန်းက ရခိုင်စာ အာပူလျှာပူ၊ ရှမ်းစာ မြီးရှည်၊ ဂျပန်စာ ဆူရှီ၊ ကိုးရီးယားစာ၊ မလေးရှား ဒန်ပေါက် ဒီလိုပဲ စားလိုက်တာပဲ။ သူ့လူမျိုး အစားအစာ ဆိုပြီး တကူးတက အဲဒီ အစားအသောက်ရဲ့ အနောက်မှာ လူမျိုးကို မမြင်ဘူး။ အမေရိကားရောက်မှ အဲဒီ အစားအသောက်မျိုးကို လိုက်ချက်စားရင်း အဲဒီ အစားအသောက်ကို အစပ်အဟပ် တည့်အောင် ချက်နည်း ထွင်တဲ့ လူမျိုးကို သတိထားမိတော့တယ်။

ရခိုင်ဘက်က ဘင်္ဂါလီ ကုလားကိုတော့ အင်တာနက်ကနေ တွေ့ဖူးသွားလို့ တော်တော်လေးကို သွေးဆိုးတာ သိသွားပါပြီ။

သူတို့ကြောင့်ပဲ ရန်ကုန်မှာနေခဲ့တုန်းက အမှုမဲ့ အမှတ်တမဲ့ နေလာခဲ့သော ကုလားတွေကို သတိထားမိတော့တယ်။ ဒါပေမယ့် အပေါင်းအသင်းတော့ မလုပ်ရဲဘူး။ ကြောက်တယ်။ :D

သူတို့ရဲ့ DNA အရ .. အစွန်းရောက် မွတ်ဆလင်ဘာသာ ကိုးကွယ်သူ မဟုတ်ပေမယ့်လည်း စိတ်မခိုင်ရင်၊ ခံယူချက် မပြင်းထန်ရင် သူတို့လည်း သွေးထိုးလွယ်သူ လူမျိုး တမျိုးပါပဲ။

မြန်မာလူမျိုးရဲ့ DNA အကြောင်းလည်း သိတယ်နော်။ ဟဲ .. ဟဲ .. မရေးတော့ဘူး။ ကိုယ့် ဗမာ အကြောင်း ပြည်ပရောက်မှ သတိထားမိတော့တယ်။ ပြောရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်မှာစိုးလို့ မပြောတော့ဘူး။

တချို့ တိုင်းရင်းသားတွေဆို ဗမာ ဆိုတာနှင့် အကုန်လုံးကို မခွဲခြားတော့ပဲ သူတို့ သတ်မှတ်တဲ့ ဘောင်အတွင်းကို ဆွဲသွင်းတော့တာလည်း ကြားဖူးတယ်။

ကိုယ့်ကလည်း နဂို မြန်မာပြည်၊ ရန်ကုန်မှာနေကတည်းက ဘာသိဘာသာ သီးသီးသန့်သန့် နေလာတာဆိုတော့ အမေရိကားရောက်တော့လည်း ဒီစတိတ်မှာ မြန်မာပြည်က ဆိုလို့ တိုင်းရင်းသားတွေပဲ ရှိတာလေ။ မခေါ်ဖြစ်ကျဘူး။

ဒယ်ဒီ အသိ သူငယ်ချင်းတွေကျတော့လည်း မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောကျာ်းလေးပဲ ဖြစ်ဖြစ် အမနှင့် အခေါ်အပြော သိပ်မရှိဘူး။

ဆုမြတ်မိုး said...

မသက်ရယ်..မျှစ်ကနေ နိုင်ငံရေးအကြောင်းတောင်ဖြစ်သွားပြီလားမသိဘူး ဟီးးး)
ညီမလည်းလူမျိုးရေးလုံးဝခွဲခြားတဲ့သူမဟုတ်ပါဘူး ။ သူတို့တွေကိုလည်းအပြစ်မတင်ချင်ဘူး ၊ သူတို့တွေက အမှောင်ချထားခံရပြီး သွေးထိုးခံထားရလို့ အဲလိုအစွန်းရောက်နေကြတာပါ ။ ဆင်းရဲတော့ ပညာမသင်နိုင်ဘူး ၊ ဆင်းရဲဆို စားမယ့်ဝမ်းကများတာကိုး ။ မိသားစုတစ်စုမှ လူဦးရေ ငါးဆယ်နီးပါးရှိတော့ ဘယ်ကျွေးနိုင်မလဲအမရယ် ။ တစ်ဝမ်းတစ်ခါးတောင်အနိုင်နိုင်ရပ်တည်နေရတဲ့ခေတ်ကြီးမှာ ။ ဆင်းရဲတော့ စာမတတ်၊ မိန်းကလေးတွေဆိုရင်လည်း လေးငါးတန်းဆို ကျောင်းမတက်ခိုင်းတော့ဘူး ။ အပျိုလေးဖြစ်တာနဲ့လင်ယူသားမွေးလုပ် ၊ ကလေးဦးရေတိုး ၊ ဆင်းရဲတဲ့သူတိုးနဲ့ လုံးချာလည်နေကြတော့ ပညာရေး ၊ ခေတ်အခြေအနေ မှာ သူတို့ပြတ်ကျန်ခဲ့ကြတယ် ။ သူတို့သိသမျှကတော့ ဗလီဆရာပြောသမျှပဲဆိုတော့ အဲဒီလူတွေ အစွန်းရောက်ကုန်ကြတာ ။ ဘယ်သူ့အပြစ်တင်လို့တင်ရမှန်းတောင်မသိတော့ပါဘူး ။
ခုစိတ်ထဲမှာလေ မြန်မာပြည်ကိုတအားအေးချမ်းစေချင်တယ် ။ ပြသနာပေါင်းတစ်သောင်းခြောက်ထောင်နဲ့ ဖွဘုတ်တောင်မတက်ဖြစ်သလောက်ပဲ ဖြစ်နေပြီ ။ စာလေးရေးလိုက် စာလေးဖတ်လိုက်နဲ့ပဲ အေးချမ်းပါတယ် ။း)

သီရိရတနာ said...

@ ဆုမြတ်မိုး - ဟုတ်ပါ့ .. ပြောရင်း ရေးရင်းနဲ့ နိုင်ငံရေးဘက်တောင် ရောက်သွားတယ်။

၂၀၁၁ နောက်ပိုင်း ပြောင်းလဲသွားတဲ့ မြန်မာ့နိုင်ငံရေးကို အမလည်း မျက်စိလည်သွားတာပါ။

ဖေ့ဘုတ်မှာလည်း တနေ့ တမျိုး မရိုးရပါဘူး။ အမလည်း အသက်ကြီးလာတော့ သတင်းတွေပဲ အဖတ်များတယ်။ အမ ဒီပိုစ့်မှာ အမြင် ... အမျိုးမျိုး .. မြင်နိုင်အောင် မြင်တတ်ဖို့ ရေးပေးထားပါတယ်။

မှိုင်းမိသွားတာတို့ .. မွှန်သွားတာတို့ .. ဆိုရင် အမြင်မှား ... အထင်မှားနိုင်ပါတယ်။ အမလည်း မြင်တတ်လွန်းလို့တော့ မဟုတ်ဘူး။ တခါတလေ ကိုယ်ရဲ့ အမြင်လည်း လွှဲနေတတ်တာပါတယ်။

ကုလားကိုတော့ အမလေ .. အရင်တုန်းက ဘယ်လိုမှ မနေဘူး။ လူမျိုး မတူလို့ရယ်လည်း မဟုတ်ဘူး။ ဒီလိုပဲ ဘာသိဘာသာပဲ .. အမေရိကားရောက်လာမှ ကုလားဆိုတာ သတင်းတွေ မြင်ရ ဖတ်ရတော့ လန့်လာတယ်။ ဒီဘက်မှာ အမေရိကန်တွေ ကုလား တွေကို ဆက်ဆံပုံက သပ်သပ်စီထားပါတယ်။ လူမျိုးကြီး၊ သဘောထားကြီးကြောင်း ပြသချင်တာလည်း ပါပေမယ့် လူမျိုး တမျိုးစီကို DNA မျိုးရိုးဗီဇ နှင့်လည်း သူတို့ စံနှုန်း သတ်မှတ်ထားပါတယ်။

ဥပမာ ပေါ့နော် .. အလုပ်သမားဆို ကုလားပေါ့ .. ( လက်ကျောတင်းလို့ )

သစာစောင့်သိခြင်း၊ အကျင့်ပိုင်းဆိုင်ရာ၊ ကျေးဇူးသိတတ်ခြင်းကျတော့ တခြား လူမျိုးပေါ့ .. ( တခြား လူမျိုးက ကျေးဇူးရှင်ကို ပြန်မသတ်ဘူးလေ )

ထပ်မပြောတော့ဘူးနော်။ တော်ကြာ အဆဲခံနေရအုံးမယ်။ ဟား .. ဟား

ကလေး ၂ယောက်စနစ် ကန့်ကွက်သော အန်တီစု စကားကိုလည်း သတင်းမှာ တွေ့လိုက်ပါသေးတယ်။

မြန်မာ့ပြည်သူတွေအတွက် ကြည့်ပါအုံးလို့ပဲ လိုရင်း တိုရှင်းပြောချင်ပါတယ်။ လုပ်စရာတွေ အများကြီးပါ။ ပညာရေး နှင့် ကျန်းမာရေး ... တစ်အိမ်ထောင် တစ်ယောက်၊ နှစ်ယောက်လောက်ပဲ မွေးထားတဲ့ မိသားစု၏ မြန်မာနိုင်ငံ ပညာရေး၊ မြန်မာနိုင်ငံ ကျန်းမာရေးကိုပဲ အိမ်နီးချင်းနှင့် တန်းတူ မဟုတ်တောင် အရမ်းကို ဆိုးရွှားနေလို့ အဲဒါလေးတွေကိုပဲ ဦးစားပေး လုပ်ပေးပါလို့ ပြောခွင့်ရရင် ပြောချင်ပါတယ်။

သီရိရတနာ said...

အန်တီစုကို ကိုယ်လေးစားပါတယ်။

အပြောစောပြီး ဝေဖန်တာ မှားသွားရင် ခွင့်လွှတ် နားလည်ပေးပါ။