Sunday, May 12, 2013

♥ⓛⓞⓥⓔ♥☜ Happy Mother's Day! ☞♥ⓛⓞⓥⓔ♥ ● ☆● Cheese Cake ●☆●



၂၀၁၃ - သမီး အိန်ဂျယ် ၏ Mother's Day Card - Page ( 1 )



Page ( 2 ) & Page ( 3 )

It's not your birthday ...
It's not Easter ...
It's not Cinco de Mayo ...
It's not Holloween ...
It's not Christmas ...
It's Mother's Day ...
Happy Mother's Day!! ...


Page ( 4 )


ပိုစ့်စကတ် စာမျက်နှာ ( ၁ )မှာ ဘဲဥပုံစံ အ၀ိုင်း အပေါက်လည်း ဖောက်ထားသေးတယ်။
အဲဒီ အပေါက်ကနေ စာမျက်နှာ ( ၃ ) မှာ ဆွဲထားသော ကာတွန်းပုံလေးကို မြင်နေရအောင် ချိန်ပြီး ပိုစ့်စကတ် လုပ်ထားပါသေးတယ်။
 

 စာမျက်နှာ ( ၂ )


that brown haired boy with green headphones, that's Deadlox. I also drawed Creepers, Derpy Hooves, Sky, TrueMU, Daleks, Powerpuff Girls and a Pet Society Plushie, those are my favorite characters.


ဆွဲထားသော ပုံလေးတွေကို ထောင်ထားလို့လည်း ရပါသေးတယ်။


Page ( 2 ) & Page ( 3 )


Page ( 4 )

စာမျက်နှာ ၄ မျက်နှာပါသော Mother's Card



 Angel's Mother's Day Card နှင့် ချိစ့်ကိတ်မုန့်၊ ရေခဲမုန့်


ကိုယ့် မေမေ၊ ကိုယ့်သမီးလေး နှင့် ကိုယ့် တူမ အငယ်ဆုံးလေး တို့နှင့် အတူ ...
၂၀၀၇ ခုနှစ်က ရိုက်ထားသော မိသားစု အမှတ်တရ ဓာတ်ပုံလေး ...


မိသားစု


ကိုယ့်အတွက် မရှိမဖြစ် သမီးလေး နှင့် သားလေး

ကလေးတွေကို လွတ်ပေးပါ။ အရမ်း မထိန်းချုပ်ထားပါနှင့်။
ဒါမှ သူတို့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာမှာပါ။

ကလေးတွေကို မျက်စိ ကွယ်ရာမှာတော့ မလွတ်ထားပါနှင့်။
သူ့တို့ ဘာမှ မရင့်ကျက်သေးပါဘူး။

အတတ်နိုင်ဆုံး ကိုယ့်မျက်စိအောက်မှာပဲ သူတို့လေးတွေကို လွတ်ပေးထားပါ။

ကလေးတွေကို သူတို့ အသက်အရွယ်နှင့်အလိုက် ရင့်ကျက်မှု့ ရှိအောင် ..
သူတို့ ထမ်းဆောင်နိုင်သော တာဝန်တွေကို အသက်အရွယ်အလိုက် ထမ်းဆောင်ခိုင်းပါ ...
မိဘက လိုက်ပီး မလုပ်ပေးပါနှင့် ...
သူတို့ ဇွန်းကိုင်ပီး စားတတ်တဲ့ အရွယ်ဆိုရင်လည်း သူတို့ဘာသာ စားပါစေ ...
ဒါမှ ကိုယ့်အားကိုယ်ကိုးပြီး သူတို့ အသက်အရွယ်အလိုက် ကလေးများ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု ရှိမှာပါ ...

လူ့သိက္ခာကို တန်ဖိုးထားပါ။ ကလေးတွေကို နှိမ်ချ မဆက်ဆံပါနှင့်။ ကလေးတွေ ... ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ် ရှိအောင် သူတို့ကို လေးလေးစားစား respect ထားပြီး ဆက်ဆံပေးပါ။ 


အမေများနေ့အတွက် အမှတ်တရ မုန့်ဖုတ်ထားသော ချိစ့်ကိတ်မုန့်


 •(♥).•*´¨`*•♥•(★) အရင်ပိုစ့် (★)•♥•*´¨`*•.(♥)•




Cheese Cake အတွက် -

Crust:
( 1 ) 24 graham crackers, crushed


3 packages ( 24 graham crackers )

ဘီစကစ်ထုပ် ( ၃ ထုပ် )
ဘီစကစ် ၂၄ ချပ်ကို Food processor ဖြင့် ချေပါ။


Unsalted butter - 5 tbsp ( 1/3 cup )
ထောပတ် - ထမင်းစားဇွန်း ၅ ဇွန်းကို ထောပတ် အရည်ဖျော်ပါ။


ထောပတ် - ထမင်းစားဇွန်း ၅ ဇွန်းကို ထောပတ် အရည်ဖျော်ပါ။

ထောပတ် အချိန်အတွယ် ကြည့်ပုံ ကြည့်နည်း -

အောက်ဆုံး လိုင်းက - ထမင်းစားဇွန်း Tablespoons - အမှတ် ၅ နေရာ ရောက်ရင် အပေါ်နားကို ကြည့်လိုက်ပါ။ Cup အချိုးအစားနှင့် ဆိုလျှင် 1/3 cup

4 tbsp = 1/4 cup
5 1/3 tbsp = 1/3 cup
8 tbsp = 1/2 cup 

အနီးစပ်ဆုံး ( 5 tbsp = 1/3 cup ) 
tbsp = ထမင်းစားဇွန်း
tsp = လက်ဘက်ရည်ဇွန်း

အပေါ်ဆုံး ထိပ်နားက tsp လက်ဘက်ရည်ဇွန်း အချိန်အတွယ်ကို ညွှန်ပြပေးထားတာပါ။
 

ဘီစကစ် ၂၄ ချပ် ( ၃ ထုပ် ) စာကို ချေလိုက်ရင် ခွက် အချိန်အတွယ်နှင့် ဆိုလျှင် 2 cups ရရှိပါတယ်။


  • ချေထားသော ဘီစကစ် - 2 cups
    ထောပတ်ရည် - ထမင်းစားဇွန်း - ၅ ဇွန်း
    သကြား - ထမင်းစားဇွန်း ၁ ဇွန်း
    ဆား - အနည်းငယ် ကို နှယ်ပါ။



Springform Pan 9"



ဘေးနားမှာ ကလစ် ပါ တယ်။



ကလစ်ကို ဖြုတ်လိုက်ရင် ဘေးဘောင် သပ်သပ်၊ အောက်ခံ အပြား သပ်သပ် ရလာပါမယ်။



ချိစ့်ကိတ်မုန့် ဓာတ်ပုံလေး .. အောက်ခြေ ဘီစကစ် ကိတ်ခံ နှင့် အတူ ချိစ့်များများ နူးနူးညံညံ အီအီလေးကို အပေါ်မှာ အအီပြေအောင် အချဉ် အရသာပါသော ချယ်ရီယိုများနှင့် အတူ တွေ့မြင်ရသော စားချင်စဖွယ် ချိစ့်ကိတ်မုန့်


အောက်ခံ 

ထောပတ် အရည် အနည်းငယ်ဖြင့် Springform Pan ကို အောက်ခြေ နှင့် အတူ ဘေးဘောင်တွေကို လိုက်သုပ်ပါ။ အဲလို သုပ်ပေးခြင်းဖြင့် ကိတ်မုန့်ဖုတ်ပြီးသွားသော အခါမှာ ကိတ်မုန့်ကို Pan ကနေ ခွါယူသည့်အခါ အလွယ်တကူ ကိတ်မုန့်သား မပျက်ပဲ လှလှပပ ထုတ်ယူနိုင်ပါတယ်။

ဆနွင်းမကင်း မုန့်ဖုတ်သည့်အခါမှာလည်း oven foil မှာ ထောပတ်ရည် အနည်းငယ် သုပ်ပြီး ရွှေချီ မုန့်သားကို ထည့်ဖုတ်သလို ...

ကိတ်မုန့်ဖုတ်သည့်နေရာမှာလည်း oven pan မှာ ထောပတ်ရည် ကို အနည်းငယ် သုပ်ပြီး ကိတ်မုန့်ဖုတ်ပါ။


ပြီးလျှင် ထောပတ်ဖြင့် နှယ်ထားသော ဘီစကစ် အကြေများကို အောက်ခြေမှာ ဖိသိပ်ပါ။ 
ပြီးလျှင် Fridge ရေခဲသေတာ ထဲမှာ ၁၅ မိနစ်လောက် အအေးခံပါ။ 
oven နှင့် ဆိုလျှင် Preheat oven 325ºF - 8 မိနစ်လောက် ဘီစကစ် အောက်ခြေ မုန့်သားအတွက် မုန့်ဖုတ်ထားလို့ ရပါသည်။ 

Fridge ( or ) Oven မိမိ ကြိုက်နှစ်သက်ရာ ရွှေးပါ။


cream cheese
ပုံမှန် - 9" Springform Pan ဖြင့် မုန့်ဖုတ်သော ချိစ့်ကိတ်များကို cream cheese 5 Packages ထည့်သုံးကြပါတယ်။

အခု မုန့်ဖုတ်မယ့် Cheese Cake က Cream Cheese - 3 Packages ( 24 Oz ) ထည့်ပါမယ်။


( 2 ) Cream Cheese - 3 Packages

3 Packages cream cheese ကို မွှေစက်ဖြင့် မွှေပါ။
 
( 3 ) သကြား - ၁ ခွက် ထည့်ရောမွှေပါ။


( 4 ) 3 eggs

ကြက်ဥ ကို တစ်လုံးချင်းစီ ဖောက်ထည့်ပြီး မွှေသွားပါ။


 sour cream


( 5 ) 1/2 cup - sour cream

ဒိန်ချဉ် - ခွက် တ၀က် ထည့်ရောမွှေပါ။


( 6 ) vanilla extract - 1 tsp

သစ်ခွ အမွေးဆီ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်ရောမွှေပါ။


( 7 ) Lemon zest - 1/2 tsp
 
သံပုရာသီး ( အ၀ါရောင် ) - ခြစ်တံဖြင့် သံပုရာအခွံပဲ ခြစ်ပါ။ အ၀ါရောင် အခွံပဲ .. 
အဖြူရောင် အသား မပါဘူး။
သံပုရာအခွံ - လက်ဖက်ရည်ဇွန်း တ၀က် 
ထည့်ရောမွှေပါ။


ပြီးလျှင် ရေခဲသေတာထဲမှ ထုတ်ထားသော အောက်ခြေ ဘီစကစ် ပေါ်မှာ လောင်းထည့်ပါ။

ကြိုတင် ပူနေအောင် ဖွင့်ထားသော
Preheat oven - 325ºF - 45 minutes ~ 1 hour

oven ထဲမှာ ၄၅ မိနစ် သို့မဟုတ် ၁ နာရီ လောက် ကိတ်မုန့်ဖုတ်ပါ။

Spring form pan အောက်မှာ oven tray ခံပြီး oven ထဲမှာ ချိစ့်ကိတ် မုန့်ဖုတ်ပါ။
အဲဒါဆိုလျှင် ချိစ့်ကိတ်မုန့်သား မျက်နှာပြင် ကွဲအက်မှု့ မရှိတော့ပါဘူး။

ချိစ့် ကိတ်သား နူးနူးညံ့ညံ့လေး ဖြစ်စေဖို့ oven စင်၏ အောက်ထပ် တလိုင်းမှာ - ရေ ထည့်ထားသော oven pan ကို ထားပြီး ကိတ်မုန့်ဖုတ်ပါ။ 

ချိစ့် ကိတ်သားက ဂျုံမပါ ဘဲ နူးညံမှု့ ရှိသည့်အတွက် .. သူ့ကို မုန့်ဖုတ်သည့်နေရာမှာ oven center rack ပေါ်ကို ဒီ အတိုင်း Springform pan ကို ထားပြီး မုန့်ဖုတ်လျှင် ချိစ့် ကိတ်သား မျက်နှာပြင် ကွဲအက်နိုင်ပါတယ်။

Springform pan အောက်မှာ oven tray ကို ဓာတ်ပုံမှာ မြင်သည့်အတိုင်း အောက်ခံ ထားပြီး oven ၏ အလယ်စင် နေရာမှာ ထားပါ။

oven bottom rack - အောက်ဆုံး စင်ပေါ်မှာ oven tray ထဲ ရေဖြည့်ပြီးထားပါက .. ချိစ့် ကိတ်သား ပိုနူးညံမှု့ ရှိပါတယ်။ 

ချိစ့်ကိတ်မုန့်ကို ရေနွေးငွေ့ဖြင့် ပေါင်းသလိုမျိုး ကိတ်မုန့်ဖုတ်ထားတာပါ။
 

325ºF - 1 hour
ချိစ့်ကိတ်မုန့် မျက်နှာပြင် အက်ကြောင်း မရှိပါဘူး။ 


၁ နာရီလောက် မုန့်ဖုတ်ပြီးလျှင်
oven စက်ကို မီးပိတ်ပြီး
oven ထဲမှာပဲ အနည်းဆုံး ၃ နာရီလောက် ထားပြီး ချိစ့်ကိတ်မုန့်ကို အအေးခံပါ။

ပြီးလျှင် - Springform Pan ပေါ်မှာ aluminium foil ဖြစ်ဖြစ်၊ ပလပ်စတစ်ဖြစ်ဖြစ် လုံနေအောင် ပိတ်ပြီး ရေခဲသေတာထဲမှာ ၃ နာရီလောက် အအေးခံထားပါ။

မုန့်ဖုတ်ပြီးသော ချိစ့်ကိတ်မုန့်ကို ရေခဲသေတာထဲ မဖုံးပဲ .. ဒီအတိုင်း ထည့်လိုက်လျှင် ကိတ်သားများ မွမွလေး မဖြစ်တော့ဘဲ .. ချိစ့်ကိတ်သားများ အအေးကြောင့် နည်းနည်းမာသွားတတ်ပါတယ်။


ဘေးဘောင်ကို ဖြုတ် ..
အောက်ခံ ကို ဓားဖြင့် ခွါ .. 
ထောပတ်ရည် သုပ်ပြီး ကိတ်မုန့် ဖုတ်ထားလျှင် အလွယ်တကူ ချောချောမောမော ကိတ်မုန့်သား ခွါလို့ ရပါသည်။


အိမ်မှာ ကလေးများက ခရမ် ကို ကြိုက်နှစ်သက်လို့ ချိစ့်ကိတ်မုန့် ပေါ်မှာ ခရမ် သုပ်ထားပါတယ်။

ဒီ အတိုင်း အပေါ်မှာ ဘာမှ ထပ်မတင်ပဲ ချိစ့်ကိတ်မုန့်ကို စားလို့လည်း ရပါသည်။

ကိုယ့် အကြိုက်က နူးညံပြီး အီသော ချိစ့်ကိတ်မုန့်ကို အချဉ် အရသာ ပိုသာပြီး အချိုလေး လည်း ပါသော စတော်ဘယ်ရီ ယို ဖြစ်ဖြစ်၊ ချယ်ရီယို ဖြစ်ဖြစ် အပေါ်မှ တင်ပြီး ချိစ့်ကိတ်မုန့်ဖြင့် တွဲစားရတာကို ပိုကြိုက်ပါတယ်။
ချိစ့်ကိတ်မုန့်ကို စတော်ဘယ်ရီယို အရည်ကျဲကျဲလေး နှင့် တို့စား တော်တော် စားလို့ ကောင်းပါတယ်။


အလယ်မှာ ခရမ်သုပ်ပြီးလျှင် ထမင်းစားသော ခရင်းဖြင့် လိုင်းပုံဖော် ...
ဘေးပတ်ပတ်လည်လည်ကို ခရမ် .. သီး ပုံစံ
 



သကြား - 1/2 cup
Heavy whipping cream - ဗူးသေး - ၁ ဗူး

ချိုတာ ကြိုက်လျှင် သကြားကို - 3/4 cup လောက် ထည့်လို့ရသည်။

မွှေစက်ဖြင့် အရင်ဆုံး heavy wipping cream ကို တမိနစ်လောက် high speed ဖြင့် မွှေပါ။

တစ်မိနစ်ခြားဆီ သကြားကို ထမင်းစားဇွန်း ၁ ဇွန်းကျော်လောက် ထည့် ထည့်ပြီး မွှေစက်ဖြင့် ဆက်တိုက် မွှေသွားပါ။

၇ မိနစ်လောက် မွှေပြီးလျှင် ကိတ်မုန့်ပေါ်မှာ သုပ်သော cream ကို ရရှိနိုင်ပါသည်။


whipped cream ပိုနေရင် ရေခဲမုန့် နှင့် ကော်ဖီထဲ ထည့် စားလို့ ရသည်။ 







ရေခဲမုန့်






ချိစ့်ကိတ်မုန့် နှင့် ကော်ဖီ



ချိစ့်ကိတ်မုန့်





မနက်စာ ချိစ့်ကိတ်မုန့်



နေ့လည်စာ ထမင်းဝိုင်း



ကိုက်လန် အဖူးကို ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ဆီသတ်၊ ငရုတ်သီး အရောင်တင်မှုန့်ဖြင့် ဆီသတ်ကြော်ပြီး ငံပြာရည်ထည့်ကြော် ပြီးမှ ကိုက်လန်အဖူးများ ထည့်ကြော်၊ ရေကို အနည်းငယ်ဖြန်းကြော်ထားသော ကိုက်လန်ကြော်



အမဲသားကို ဆနွင်းမှုန့်၊ ဆား၊ ဖြင့် နှယ် .. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထောင်း ပြီး ငရုတ်သီး အရောင်တင်မှုန့် ပါ ထည့် ထောင်း၊ ပြီးလျှင် အမဲသားကို ဟင်းအနှစ်ဖတ်များဖြင့် နှယ်။ ဆီစိမ်း လောင်းထည့်ပြီး အသားစိမ်းကို အနှစ်ဖတ်၊ ဆီစိမ်းဖြင့် အသားအိနေအောင် နာရီဝက်လောက် နှပ်ထား။ ပြီးမှ မီးဖိုပေါ်မှာတည်။ အသားတုံး ကျစ်လာပြီဆိုမှ ငံပြာရည်ထည့်နှယ်၊ ရေထည့်ပြီး နူးအောင် ချက်ထားသော အမဲသား ဆီပြန်ဟင်း



အဆီတုံးပါသော အမဲသားဆီပြန်ဟင်း ကြိုက်တတ်သူများအတွက် ...
အမဲသား အဆီ တုံး စားတယ်ဆိုပေမယ့် ထမင်းဖြင့် နှယ်စားပေါ့ ....



ထမင်းဝိုင်းမှာ မပါ မဖြစ် ချဉ်ရည်ဟင်း
ကျန်းမာရေးနှင့် ညီညွှတ်တယ်။ One မှန်လို့လေ ... ချဉ်ရည်ဟင်းကို မှန်မှန်စားပေးရင် အသားအရည်လည်း ကြည်လင်တယ်။ ဇက်ကြောလည်း မတက်ဘူး။ ခေါင်းတခြမ်းလည်း မကိုက်ဘူး။ အပူအပုပ်လည်း စင်တယ်။ ဘာလို့ဆို One မှန်လို့ပါ။


ငပိရည်၊ တညင်းသီးပြုတ်၊ ဘူးသီးပြုတ်၊ ဂေါ်ဖီပြုတ်၊ငရုတ်သီးစိမ်း



တညင်းသီးပြုတ် .. ခပ်စေးစေးလေး.. ထညက်ခဲ၊ဆီဖြင့်ပြုတ်ထားတယ်။



ဒါက မေလဆန်းပိုင်းလောက်က ချက်စားခဲ့သော ကိတ်မုန့်အတွက် စတော်ဘယ်ရီယို ...

ကိတ်မုန့် ပေါ်မှာ ဆမ်းမယ့် စတော်ဘယ်ရီယို ဆိုလျှင် စတော်ဘယ်ရီမှည့်များကို ညက်နေအောင် ခြေပြီး ရေ ခပ်များများ သကြား အလော်တော်ဖြင့် စတော်ဘယ်ရီ ယို ထိုးလို့ ရပါသည်။
စတော်ဘယ်ရီ ဆော့စ်လို့လည်း ခေါ်ပါတယ်။

ဒါက ကိတ်မုန့် သား ၂ ချပ်ကို အလယ်မှာ စတော်ဘယ်ရီ ယို သုပ်မှာမို့ စတော်ဘယ်ရီး အလုံးပုံစံ မပျက် ပေါ်နေအောင် စတော်ဘယ်ရီ မညက်တညက် ခြေပြီး သကြား၊ ရေဖြင့် ထိုးထားသော စတော်ဘယ်ရီယို ...



ကိတ်မုန့်ပေါ်မှာ ဖြူးဖို့ ချောကလက်တုံးကို ခြစ်ထားသော ချောကလက်ခြစ်များ



ကိတ်မုန့်ပေါ်မှာ စတော်ဘယ်ရီယို သုပ်



နောက်ထပ် ချောကလက် ကိတ်သား မုန့် နောက်တထပ်ကို တင် .. ပြီးမှ ကိတ်မုန့် တစ်ခုလုံးကို ခရမ်သုပ်၊ ချောကလက်ခြစ်ဖြူး။ ချယ်ရီသီးများတင် ...





ကိတ် အတွင်းပိုင်း





စတော်ဘယ်ရီယိုသုတ်၊ ချောလက်ကိတ်မုန့် 

P.S - BLOG POST မှာ ဓာတ်ပုံ သပ်သပ် ကြည့်ချင်လျှင် ဓာတ်ပုံ အပေါ်ဆုံးမှ ပုံကို ကလစ်နှိပ်လိုက်လျှင် ဓာတ်ပုံ ဆိုဒ် ကြီးကြီး ထွက်လာပါလိမ့်မည်။ ဓာတ်ပုံ အဲလ်ဘမ် အနေဖြင့် အောက်နားမှာ တစ်ပုံခြင်း ကလစ်နှိပ်ပြီး ကြည့်သွားလို့ ရပါသည်။ 

ENJOY YOUR VISIT!

ဘလော့မှ ပိုစ့်များ၊ ဓာတ်ပုံများကို လုံးဝ ကော်ပီ မကူးပါနှင့် .. နာမည် မကြီးသော ၀ပ်ဆိုဒ်တို့ FACEBOOK FAN PAGE တို့မှာ တင်ထားတာ သတိမထားမိပေမယ့် နာမည်ကြီး FB FAN PAGE တွေမှာ တင်ထားတာကို တွေ့ပါတယ်။ နောက်မှ ပေါင်းပြီး ပြောတော့မယ်။ 


•♥•♥•♥•♥ ☜  HAPPY MOTHER'S DAY TO YOU ALL! ☞ ♥•♥•♥•♥•♥•



0 comments :