Wednesday, April 3, 2013

Weak

ကိုယ် အခုရက်ပိုင်း weak ဖြစ်နေတယ်။
အချိန်းအပြောင်းတွေကြောင့်လည်း ပါတယ်။ ကိုယ့်ဇာတာမှာကို က ကိုယ်ဟာ ၈ ဂဏာန်းနဲ့ဆိုရင် ...
လူတိုင်းမှာ ဇာတာ ကိုယ်စီ ရှိပီးသားပါ။

( ဂေါတမမြတ်စွာဘုရား၊ သခင်ယေရှု ဘုရားသခင် ... ) ဘုရားတိုင်းမှာလည်း ဇာတာ ( သို့မဟုတ် ) ဗျာဒိတ်တော် ရှိပီးသားပါ။

အခု လောလောဆယ် ခဏလေး တိတ်ဆိတ်စွာ ငြိမ်သက်နေမယ်။

ညအိပ်ခါနီးတိုင်း အသက်ရှုလေ့ကျင့်ခန်း ( ၀င်သက် - ထွက်သက် ) ကို မှတ်ပီး စိတ်တည်ငြိမ် အေးချမ်းအောင် နေပါတယ်။

အဲလို မလုပ်လို့ ရှိရင် ကိုယ် အရမ်း ခံစားနေရမှာပါ။

ဒီရက်ပိုင်း အချိန်ကာလမှာမှ ကိုယ် အပေါ်ကို တိုက်တိုက်ဆိုင်ဆိုင် .... အားလုံး စုပြုံကျလာတာပါ။

ဒါပေမယ့် .. ကိုယ့်တို့မိသားစု ... ကျန်းမာပီး ... အမေရိကားမှာ အေးချမ်းစွာ နေနိုင်နေတယ်။

အသက်ရှင်နေသေးတယ် ဆိုတာရယ် ..

ဝမ်းနည်းတဲ့ အချိန်တိုင်းမှာ အမြဲသတိရတတ်တဲ့ ကိုယ့်ရဲ့ ဖေဖေ အသံကြားနေရုံနဲ့တင် စိတ်ဖိစီးမှု့တွေက တ၀က်လောက် သက်သာပါတယ်။

Facebook မှာ မြန်မာ ဖွဘုတ် Facebook user ကို ဒီနှစ်ကုန်တဲ့ အထိ ကိုယ့် မသုံးဖြစ်အောင် နေပါ့မယ်။

ကိုယ့်စိတ်ညစ်အောင် လုပ်နေတာ ဒီ Facebook ( Myanmar ) ဆိုတာ တဖြည်းဖြည်း ရိပ်မိလာတာမို့ ...
ကိုယ် ဒီနှစ် ကုန်တဲ့ အထိ မြန်မာ Facebook user account ကို မသုံးဘဲနေပါမယ်။

ဒီကြားထဲ ကိုယ် strong ပြန်ဖြစ်လာရင်တော့ သုံးပါမယ်။

အခု အချိန်မှာတော့ မြင်လိုက်သမျှ စိတ်ဆင်းရဲ စရာ နှင့် စိတ်အနှောင့် အယှက် ဖြစ်စရာတွေချည်းပဲမို့ ... မသုံးတာ ပိုပီး စိတ်ချမ်းသာပါတယ်။

us friend သီးသန့် ရှိတဲ့ fb a/c ကတော့ မသုံးလို့ မဖြစ်ပါဘူး။ ဒီနေရာလေးကပဲ ကိုယ် လက်ရှိ နေထိုင်နေတဲ့ အမေရိကား သတင်းတွေကို update သိနေရတာမို့ Facebook ကို နေ့တိုင်း သုံးပါတယ်။

စကားမစပ် တခု ပြောမယ်နော်။ တယောက်နဲ့ တယောက် အခြေအနေခြင်း၊ အဆင့်အတန်းခြင်း မတူပေမယ့် ... ကိုယ့်အတွက် Myanmar bully တွေက ပိုကြောက်ဖို့ ကောင်းတယ်။

ဒီဘက်မှာ bully ကျတယ်ဆိုတာ စည်းကမ်း ဘောင် အတွင်းမှာမို့ ဥပဒေ ရှိတယ်။ တော်ရုံ တန်ရုံ ကိုယ့် အခွင့်အရေးတွေ ဆုံးရှုံးမှာစိုးလို့ bully မကျသလို ... ကိုယ်ရည်ကိုယ်သွေး Personality ကိုလည်း အရမ်းထိန်းတယ်။

တန်းစီတာ ကျော်စီတာမျိုး ... ကြားဖြတ် တန်းစီတာမျိုးတောင်  ရှက်စရာ အဖြစ် သတ်မှတ်တယ်။

ပီးခဲ့တဲ့ နှစ် နွေရာသီ ... နယူးယောက်မှာ နေတဲ့ ကျောင်းသား တစ်ယောက် ကျောင်းကားပေါ်က ဘက်စ် မော်နီတာကို bully ကျတာမျိုးဆိုရင် .. အမေရိကားမှာ .. အဲလို bully သမားကို ကျောင်းကား ပေးမစီးတော့ဘူး။ အဲဒီ ကျောင်းသား .. ကျောင်းပီးလို့ လုပ်ငန်းခွင်ထဲ ၀င်တဲ့အခါမျိုးမှာ .. သူ့ တချိန်တုန်းက bully ကျဖူးတဲ့ record မှတ်တမ်းကြောင့် သူ့ကို အလုပ်မခန့်ချင်ကြဘူး။ တိုးတက်မှု့ လမ်းကြောင်းလည်း ပိတ်သလို ... သူ့ဟာ ဘူလီသမား ပါဆိုတဲ့ အမဲစက်ကြီးက တသက်လုံး အမဲစက်တင်နေမှာမို့ တော်တော်များများက ဘူလီ မကျတတ်ကြပါဘူး။

ကိုယ့် အိမ်နီးချင်း ... အိမ်ပြောင်းခါနီးညက ကိုယ့်ဆီမှာ ကြက်ဥ ၂ လုံး လာချေးသေးတယ်။ အိမ်ပြောင်းတော့မှာမို့ သူက စားစရာ သိပ်မ၀ယ်တော့ဘူး။ ပစည်းတွေလည်း သိမ်းဆည်းပီးပီ။ ကိုယ်က ကြက်ဥ တကဒ်လုံး ပေးတာတောင် လိုသလောက်ပဲ ယူတယ်။ ပိုမယူဘူး။ ( အလကားပေးတာတောင် ကိုယ်လောဘကို ကိုယ်ရဲ့ အရှက်တရားနဲ့ ထိန်းတယ်။ ) တကယ့်ကို လေးစားဖို့ ကောင်းတဲ့ ဂျုး အမျိုးသမီးပါပဲ။

အမေရိကားမှာ enough ဆိုတာ တော်တော်များများ သုံးပါတယ်။ အလကား ပေးပေမယ့်လည်း .. လိုမှ ယူတယ်။ မလိုရင် မယူဘူး။ သင့်တော်ရုံပဲ သူများဆီက အကူအညီ ယူတယ်။ ကိုယ့်အား ကိုယ်ကိုးကျတာများပါတယ်။

ကိုယ် မြန်မာတွေကို မမုန်းပါဘူး။ ကိုယ်ဘေးနားမှာ ရှိတဲ့ မြန်မာတွေက ပညာတတ်တွေ များပါတယ်။ ကိုယ် Role ကို ထိန်းနိုင်တဲ့သူများပါတယ်။ Smart ကျတဲ့လူတွေပါ။

မြန်မာက သူတို့ အိမ်အဆောက်အဦးတောင် share ပေးချင်တာ ... တော်ကြာ သူတို့အိမ် ဓမြတိုက် အဖောက်ခံရမှာစိုးလို့ မ share တော့ပါဘူး။

သမီး သူ့ငယ်ချင်းတွေရဲ့ Myanmar ကျောင်းကနေ  Trip သွားထားတဲ့ ... ပုဂံ ဓာတ်ပုံတွေ .. ကျောင်း ပြပွဲတွေလည်း ဘလော့မှာ share ပေးချင်တာ ... မ share တော့ပါဘူး။

တော်ကြာ...  တမျိုး တဖုံ ပြောဆိုနေကြပါအုံးမယ်။

မြန်မာဆိုရင် ...  မြန်မာကျောင်းတက်တော့ တမျိုးပြောတယ် ...

အင်္ဂလိပ်စာသင်တဲ့ ကျောင်းတက်တော့ တမျိုးပြောတယ် ...

အပြောအဆိုကို မလွတ်ပါလားကွယ် ...

နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ လူတွေကိုလည်း လှမ်းပီး တွယ်နေတတ်သော ... ဖွဘုတ်ယူဇာတွေ တော်တော်များပြားပါတယ်။

တခါ ... ကိုယ့်  ကောင်းကောင်း သိနေတဲ့ ကောင်လေး တယောက်ကို FB မှာ ဟိုလူ ဟောင် ... ဒီလူ ဟောင်နဲ့ တွေ့လိုက်ပါသေးတယ်။

အဲဒီ တယောက်က အလုပ်သမားပါ။ အသိ တယောက် အလုပ်ထဲမှာ ခိုင်းတဲ့ ကောင်လေးပါ။ သူ့ FB Profile မှာ တင်ထားတဲ့ အိမ်တွေ .. ဟာ သူနေတဲ့ အိမ် မဟုတ်ပါဘူး။ အလုပ် လုပ်တဲ့ အိမ်ပါ။ သူ့ သူဌေးရဲ့ အိမ်တွေ ... ကားကလည်း သူဌေးရဲ့ ကားတွေ .. ဒရိုင်ဘာ အလစ်မှာ ကားပေါ်တက်ပီး ဓာတ်ပုံ ရိုက်ထားပုံ ရပါတယ်။ ဘယ်သူ့ ဘယ်ဝါ ဆိုတာတော့ ကိုယ် မပြောတော့ပါဘူး။ နေရင်းထိုင်ရင်း အရှုပ်ထုပ်တွေ ရှင်းနေရမှာ စိုးလို့ပါ။

ဘ၀ ကို ပေါ့ပျက်ပျက် တည်ဆောက်တဲ့ လူတွေနဲ့ ယှဉ်ရဲလားဆို .. ဆောရီးပါ ...

ရန်ကုန်မှာက ကိုယ့်တို့ နေကတည်းက အလုပ်သမားတွေကို ဟမ်းဖုန်း ပေးထားရပါတယ်။ ဒရိုင်ဘာလည်း ဟမ်းဖုန်း ပေးထားရပါတယ်။ အခု ဆိုရင် သိရသလောက် သူဌေး တော်တော်များများက ဟမ်းဖုန်းကို အကြွေးစနစ်နဲ့ ၀န်ထမ်းတွေကို ၀ယ်ပေးတယ်။ လစာထဲက ဖုန်းဖိုး ကြေတဲ့ အထိ လစဉ်ဖြတ်တယ်ပြောတယ်။ ၂၀၀၇ မှာတုန်းကတော့ အလုပ်သမားတွေကို ၁သောင်းခွဲ ပမာဏ ပဲ ဖုန်းပြောဖို့ အခွင့်အရေးပေးတယ်။ တစ်သောင်းခွဲ အထက် ပိုပြောရင် အလုပ်သမား လစာထဲက  ဖြတ်ပါတယ်။

လောလောဆယ်မှာ .. ကိုယ် မြန်မာမှာ မနေတဲ့ အတွက် မြန်မာက လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကို အသေးစိတ် မသိပါဘူး။ FB ကို အားကိုးပီး မြန်မာ့သတင်း ဖတ်ပါတယ်ဆိုမှ ... ပို ပီး စိတ်ညစ်သွားရပါတယ်။


စိတ်ရှုပ်နေတုန်း FB Myanmar မှာ Friend list ထဲက တယောက် share ထားတဲ့ ပုံ ကြည့်ပီး စိတ်လေတယ်။

ကိုယ့် ရိုက်ထားသော ဓာတ်ပုံတွေက များပါတယ်။ ဒါပေမယ့် ဓာတ်ပုံ မြင်လိုက်ရင် မှတ်မိနေတတ်တာက ပန်းကန်ပြားကြောင့်ပါ။ သြော် ... သူ့က ပညာတတ် ဆရာဝန် တယောက် လုပ်နေပီး ဓာတ်ပုံမှာ ပါတဲ့ ကင်မရာ ရက်စွဲကို ဖြတ်တောင် ထားလိုက်ပါသေးတယ်။

ဘာတွေမှန်းကို မသိတော့ပါဘူး။ မြင်သမျှ ... တွေ့သမျှ ...



အဲဒီ ဓာတ်ပုံက ကိုယ် မြန်မာမှာ နေတုန်းက ရေးခဲ့ဘူးတဲ့ ဘလော့က ဓာတ်ပုံ - အတိအကျ ဆိုရင် ၃၁ ရက်၊ ၁၂လ၊ ၂၀၀၉ ခုနှစ်တုန်းက ရေးထားတဲ့ ကောက်ညှင်းပေါင်း ပိုစ့်က ဓာတ်ပုံ --

ဒါက FB မှာ ကိုယ် တွေ့သမျှ .. မြင်သမျှ လေ ... http://thiriyatanar.blogspot.com/2012/07/blog-post.html

ကိုယ်ချင်း .... စာတတ်စေချင်တယ်။

အဲဒီပိုစ့်က ဟိုဘက် သီရိရတနာ ဘလော့က ဓာတ်ပုံကို ယူသွားတာမို့ ရပ်နားထားတဲ့ သီရိရတနာ ဘလော့မှာ ပိုစ့် တစ်ပုဒ် တိုးလာတာပါ။



အဲဒီ တယောက်ကို ကိုယ်ချင်းစာတတ်မလားဆိုပီး message တောင် ပို့လိုက်ပါသေးတယ်။ ပိုတောင် ဆိုးသွားသလိုပါပဲ။ သူ့ ဘလော့မှာ သူ့ ဖွဘုတ် ကြော်ငြာထားလို့ message ပို့လိုက်တာ။ ကိုယ့် ပို့အပီး သူ့ share ထားတဲ့ ဇာဂနာပိုစ့် ဖတ်ပီး စိတ်တောင် လေသွားတယ်။
သြော် ... အမျှ ... အမျှ ...


credit : original creator

FB မှာ ကိုယ့် သူငယ်ချင်း share ထားတာပါ။ ကိုယ့် အခု weak ဖြစ်နေလို့ ...
ဟာသတွေ ဖတ်တယ်။
ဟာသ ကားတွေ ကြည့်တယ်။
အအေးသောက်တယ်။
ဝင်သက် - ထွက်သက်ကို မှတ်နေပီး
မြန်မာ ဖွဘုတ်ကို မဖတ်မိအောင် ရှောင်နေပါတယ်ဆိုတာ ကိုယ့်ရဲ့ ဘလော့မှာ ကိုယ့်ရဲ့ update လေး အမှတ်တရ တင်လိုက်ပါတယ်။


October 24, 2012 က Favourite Memories Blog - Weak 
မှာ ရေးထားသော ပိုစ့် အဟောင်း --
ဒီ ဘလော့ သီရိရတနာ ဘလော့မှာ မတင်ရသေးဘူး။

9 comments :

Anonymous said...

သက်ရေ..
ကိုယ်လည်းဖွဘွတ်ကိုအတော်စိတ်ပျက်မိတယ်။
သက်ပုံတွေကိုကိုယ်လည်းမှတ်မိနေတော့သူများတွေသုံးထားတာတွေ့ ရင်တော်တော်စိတ်ပျက်မိတယ်။
ကိုယ့်ပုံတွေလည်းအသုံးခံရတာပါဘဲ။ မှတ်မှတ်ထင်ထင်ထမနဲဆိုမကြာခဏသူများတွေယူသုံးထားတာတွေ့ မိတယ်။ ကိုယ်ကအုန်းသီးမကြိုက်တော့ကိုယ့်ထမနဲကအုန်းသီးမပါဘူး။ ပြောမယ်ဆိုရင်ပုံမှန်ထမနဲနဲ့ နဲနဲကွဲနေတယ်။ ယူသုံးတဲ့သူကတော့ခပ်တည်တည်ဘဲ။ သူတို့ ဘဲကိုယ်တိုင်လုပ်ထားသလိုလို။
ခလေးတွေကနားမလည်လို့ လုပ်တာကတော်သေးတယ်။ ပညာတတ်တွေက ခရက်ဒစ် မပေးဘဲ သုံးတာတော့ တမျိုးကြီးဘဲနော်။။
စိတ်အေးချမ်းမှုအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်ပြီးပျော်ရွှင်ပါစေလို့ ...
အိုင်အိုရာ

Anonymous said...

ဒီပို့ စ်ကိုဖတ်ပြီးကွန်မန့် တင်ခဲ့တာ။
ဖတ်ရင်းနဲ့ ဆက်စပ်လင့်တွေပြန်ဖွင့်ကြည့်ရင်းဘယ်ပို့ စ်အောက်များရောက်သွားလည်းမသိဘူး။
ပို့ စ်လွဲသွားရင်ဆောရီးနော်သက်။
အိုင်အိုရာ

သီရိရတနာ said...

@ အိုင်အိုရာ - မိသားစု ဘလော့အိမ်ကို လာလည်တာ ကျေးဇူးပါနော် ...

အိုင်အိုရာ ... ဓာတ်ပုံ သူများ ယူသုံးတာ .. အိုင်အိုရာ ... ဘယ်လို ခံစားရမယ်ဆိုတာ သက် ... တကယ် ကိုယ်ချင်းစာပါတယ်။

အမှတ်မထင် ကိုယ့်ဓာတ်ပုံကို .. သူများ Facebook မှာ ရုတ်တရက် တွေ့လိုက်ရရင် ..
မဟုတ်က ဟုတ်က စာသားတွေနဲ့ ကိုယ့်မိသားစု ဓာတ်ပုံကို Facebook ပေါ်မှာ ရုတ်တရက် တွေ့လိုက်ရရင် တကယ့်ကို shock ရစေတာ အမှန်ပါပဲ ..

ဖေ့ဘွတ်က သုံးတတ်ရင် အကျိုးရှိသလို ..

အခုမှ အင်တာနက်ကို စသုံးဖူးတဲ့ တချို့ ရွှေမြန်မာများအတွက် တကယ့်ကို စိတ်အနှောင့်အယှက်ဖြစ်မိတာတော့ အမှန်ပါပဲ ...

အစားအသောက်ပုံတွေက .. Like ရဖို့လည်း အရမ်းလွယ်ကူသလို .. Facebook Friends လူမှု့ အသိုင်းအ၀ိုင်းကြားမှာလည်း ပြောဆို ဆက်ဆံလို့ ကောင်း .. attention နဲ့ လူတွေ စိတ်ဝင်စားမှု့၊ အာရုံစိုက်မှု့၊ အရေးပေးမှု့ အလွယ်တကူ ရရှိနေတော့ တချို့ လူတွေက ယူသုံးနေကြတာပါပဲ ...

အစ ပထမ .. သက် ... လည်း .. ကိုယ့် ဓာတ်ပုံတွေ ယူသုံးနေကြတော့ စိတ်လေတယ်။

နောက်ပိုင်း .. မြန်မာ့က လူငယ်တွေရဲ့ အားနည်းချက်၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ သိလာတော့ သိပ်မပြောတော့ဘူး။ သူတို့မှာ အဲဒါလေးနဲ့ လူတွေရဲ့ attention ရရှိနေတာလေ။ သူတို့လည်း Facebook - Like တွေ အများကြီး ရပြီး .. ကျေနပ် .. ပျော်ရွှင်နေတာပေါ့ .. ဒါကြောင့် သိပ်မပြောတော့ပေမယ့် ...

သက်ရဲ့ ဓာတ်ပုံတွေမှာ .. ဓာတ်ပုံ ကင်မရာ ရက်စွဲကို ဖြတ်ပစ်တာတို့ .. ဓါတ်ပုံပေါ်မှာ သူတို့ရဲ့ Fan Page နာမည်တွေကို photo shop နဲ့ ရေးထားတာတို့ ကျတော့ သက် ... လည်း တွေ့ရင် Fan Page - Admin ကို အကြောင်းကြားစာ private message ရေးပါတယ်။ တချို့က အဆင့်အတန်း ရှိပါတယ်။ ကိုယ့်ကျင့်တရားလည်း ကောင်းကြပါတယ်။

အဲဒီလိုမျိုး မူရင်း ပိုင်ရှင်ဆီက စာလည်း သူတို့ လက်ခံရရှိ .. သက် ... ဘက်ကလည်း သက်ရဲ့ သက်သေ အထောက်အထား .. သက် ... ပိုစ့်တင်ထားတဲ့ ရက်စွဲ .. ဘလော့ ဆိုဒ် သက်သေရှိနေတော့ သူတို့ ချက်ချင်းပဲ ဓာတ်ပုံကို ပြန်ဖြုတ်ပေးပါတယ်။ ( အဆင့်အတန်း ရှိတဲ့ လူတချို့ပါ .. တချို့ကတော့ လုံးဝကို အရည်ထူပီး .. ဘယ့်သူမှကို ဂရုမစိုက်တဲ့ လူကျင့်ဝတ် ပိုင်ရှင်မျိုးတွေ ... )

သက် .. နားမလည်တာက .. ဓာတ်ပုံက ကိုယ့်ဘာသာကိုယ် ရိုက်လို့ မရကြဘူးလား ...

ဥပမာ - ကောက်ညှင်းပေါင်း မချက်တတ်ရင်လည်း ၀ယ်ပြီး ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ် တင်လို့ ရတာပဲလေ .. သူများပုံ ယူစရာမလိုပါဘူး။ နိုင်ငံခြားမှာ နေတယ်။ မချက်တတ်ကြဘူး။ credit လည်း မပေးချင်။ တလွှဲမာန်တွေတက် .. သူများဓာတ်ပုံလို့ ပြောရမှာ အောက်ကျ နောက်ကျ နိုင်တယ်လို့ သူ့ဘာသာသူ .. စိတ်မလုံမလဲ .. ကိုယ့်ကိုကိုယ် ယုံကြည်ချက် အားနည်းတဲ့လူတွေ လုပ်တတ်တဲ့ အကျင့်တမျိုးပါပဲ ...

သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ယူမသုံးသင့်ဘူးဆိုတာက ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး နဲ့ ဆိုင်သွားပါပြီ .. တချို့က ကိုယ့်ကိုကိုယ် မှန်တယ်။ သူတော်ကောင်းကြီးလို့ ထင်နေပေမယ့် သူ့ ပြူမူလိုက်တဲ့ အပြုအမူကြောင့် ... တစ်ဖက်လူကို ဘယ်လောက်ထိ စိတ်ဓာတ် ကျဆင်း သွားစေနိုင်တယ်၊ ဘယ်လောက်ထိ စိတ်ထိခိုက်သွားစေနိုင်တယ်ဆိုတာ ကိုယ်ချင်းမစာနာတတ်ကြဘူး။

အဲလိုလူမျိုးတွေက ဘယ်သူ ဘာပြောပြော ဂရုမစိုက်တတ်ကြဘူး၊ သူတို့လုပ်ချင်တာ လုပ်တတ်တယ် ဘယ်သူ ဘာပြောပြော ဘာမှ စိတ်မထိခိုက် မခံစားတတ်ကြပေမယ့် .. လူတိုင်းက သူလို စိတ်ဓာတ် အဆင့်အတန်း ရှိနေတဲ့ လူစားမျိုးတွေ မဟုတ်ဘူးလေ ...

သက် .. ဓာတ်ပုံမှာ Facebook Fan Page နာမည် ရေးရင်းလည်း သိပ် မကြိုက်ပါဘူး။ Facebook က တွင်ကျယ်တော့ လူပိုသိတယ်။

သက် ကသာ .. ဘလော့ ရေးတာ .. ၂၀၀၈ ခုနှစ်ကတည်းက ..
ဒီဘလော့ကတော့ ၂၀၁၁ က စရေးတာ .. ( ၂ ) နှစ်မပြည့်သေးဘူး။
သက်ရဲ့ ဘလော့က နာမည်ကြီး ဘလော့ စာရင်းထဲမှာလည်း မပါသလို ..
သက် .. ဘလော့ကိုလည်း လိုက်ပြီး မကြော်ငြာရဲဘူးလေ ..
sharing ခေတ်ကြီးထဲမှာ ကိုယ့်သိ ကိုယ်တတ်ထားတာလေးကို sharing လုပ်တယ်။
မိသားစု မှတ်တမ်းလေးတွေ ရေးတယ်။

မြန်မာတွေက ဘလော့ကို သိပ်မသိသေးဘူး။ ဖေ့ဘွတ် အသိုင်းအ၀ိုင်းမှာ တွင်ကျယ်နေတုန်း ..

သက် ဓာတ်ပုံပေါ်မှာ သူတို့ စာသားတွေ တပ်လိုက်တော့ နောက်ဆိုရင် အဲဒီ ဓာတ်ပုံဟာ မူရင်း ပိုင်ရှင် ပျောက်ပြီး နောက်လူ နာမည်ပဲ လူသိများလာမှာပါ ...

သီရိရတနာ said...

@ အိုင်အိုရာ -

- ဒါက မြန်မာ ဘလော့ဂါ တစ်ယောက် .. နိုင်ငံခြားသား တစ်ယောက်ရဲ့ ဓာတ်ပုံကို ပြန်ပြင်ဆင်လိုက်လို့ ပြသနာတက်သွားတဲ့ အကြောင်း - Google plus - သူ့၏ profile မှာ ရေးထားသော စာ ဒီနေရာကို ကလစ်နှိပ်ပြီး ဖတ်ကြည့်ပါ

- ဒါက မြန်မာ ဘလော့ဂါများက copy right နှင့် ပတ်သက်ပြီး အကျိုးအကြောင်း ရေးထားသော ပိုစ့်များ - http://lionslayer.yoeyar.com

Copyright or copy is right ?

မူပိုင်ခွင့် --

သူများဓာတ်ပုံကို ပိုမိုကောင်းမွန်သောပုံအဖြစ်သို့ ယူဆလျက် ပြင်ဆင်မယ်ဆိုရင်လည်း မူရင်းပိုင်ရှင်ထံမှ ခွင့်ပြုချက်ကို အရင်တောင်းဖို့ လိုအပ်ပါတယ်။ မူရင်းပိုင်ရှင်ထံမှ တုန့်ပြန်မှု တစုံတရာမရှိလျှင်လည်း ခွင့်မပြုဟု ယူဆရပါမယ်။

သူများ ဓာတ်ပုံ ပေါ်မှာ ကိုယ့်ရဲ့ ဖေ့ဘွတ် Fan Page နာမည်ပဲ ဖြစ်ဖြစ်၊ တခြား စာသားပဲ ဖြစ်ဖြစ် သုံးမယ်ဆိုရင် .. မူရင်းပိုင်ရှင်အတွက် အရမ်းပဲ နစ်နာပါတယ်။

အမေရိကားမှာတော့ တရားတောင် စွဲလို့ရပါတယ်။

မြန်မာတွေက ဖေ့ဘွတ် သုံးတာ ပေါ့ပေါ့ပါးပါးလို့ ထင်နေတယ်။ ရွှေမြန်မာနိုင်ငံအတွက်တော့ ဟုတ်တယ်။ ip တွေက အများကြီး မရှိဘူးလေ ..

နိုင်ငံခြားမှာ နေတဲ့ လူတွေ အတွက်ကတော့ Facebook က ပြေးမလွတ်ပါဘူး။ report လုပ်လို့ ရသလို .. arrested လုပ်လို့ လည်း ရပါတယ်။

ဒီမှာက ဖေ့ဘွတ်ကို ဂရုတစိုက်နဲ့ သုံးနေရတာ .. ကိုယ်တင်လိုက်တဲ့ status .. ဓာတ်ပုံကို တာဝန်ယူပြီး ပိုစ့်တင်နေရတာ .. အခန့်မသင့်ရင် jail ပဲ .. :)

Facebook ပိုင်ရှင်ရဲ့ ip က trace လိုက်လို့ အရမ်းလွယ်ပါတယ်။

ဒါကြောင့် ရွှေမြန်မာက အိုင်ပီ တွေ နဲ့ ယှဉ်ရဲလားဆို မယှဉ်ရဲဘူး။ သူတို့ကို trace လိုက်တဲ့ ရဲတောင် မျက်စိလည်သွားမယ်။ အိုင်ပီက နည်းတယ်။ အရင်တုန်းက တစ်ခုတည်း။ အခုမှ ရန်ကုန်၊ မန်းတလေး၊ မော်လမြိုင်၊ တောင်ကြီး အိုင်ပီ နံပါတ်တွေ ကွဲ ထွက်လာခါစ ပဲ ရှိသေးတယ်။

မြန်မာများ သုံးနေကျ စကား .. " ဓာတ်ပုံကို ဂူဂယ်က ယူပါတယ် " .. ဂူဂယ်ပါ ဆိုတာက လိမ်နေတာပါ။ အဲဒီ ဓာတ်ပုံကို Google image - search လုပ်လိုက်ရင် ဘေးနားမှာ visit page ဆိုတာ ရှိပါတယ်။ ဘယ့်သူ ဓါတ်ပုံလည်း ဆိုတာလည်း သိနေရပါတယ်။ တမင် စကားကြည့်ကောင်းအောင် ပြောနေကြတာ .. ကိုယ့်အတွက် အဲဒီ ဆင်ခြေက ရီစရာကြီးပဲ ...

နောက်တခုက Google image လည်း ရှာလို့ ရပါတယ်။ မသင်္ကာရင် / ကိုယ့်ကိုကိုယ် လိပ်ပြာ လုံချင်ရင် .. အဲဒီ ဓာတ်ပုံ တစ်ပုံကို ကိုယ့် ကွန်ပြူတာမှာ save လိုက် .. ပီးရင် Google image ကို ဖွင့် .. အဲဒီမှာ ကင်မရာလေး ရှိတယ်။ search ရှာတဲ့ နေရာမှာ .. အဲဒါကို နှိပ်လိုက်ပြီး ကွန်ပြူတာထဲက ဓာတ်ပုံကို loading လုပ်လိုက် .. အဲဒီ ဓာတ်ပုံနဲ့ ဆက်စပ်တဲ့ ၀ပ်ဆိုဒ် လိပ်စာ တခါထဲ ကျလာလိမ့်မယ်။ လွယ်လွယ်လေးပါ ...

ဝပ်ဆိုဒ်တွေမှာ ရှိတဲ့ ဓာတ်ပုံတွေကိုပဲ ရှာရ လွယ်ပါတယ်။

ဖေ့ဘွတ်ပေါ် တင်ထားတဲ့ ဓာတ်ပုံတွေကို ရှာလို့တော့ မလွယ်သေးဘူး။

ဖေ့ဘွတ်မှာ တော်တော်များများက Facebook -- setting -- privacy -- search engine -- မှာ off လုပ်ထားကြလို့ ဖေ့ဘွတ်ပေါ်က ဓာတ်ပုံတွေက ရှာလို့ မလွယ်သေးပါဘူး။

ဖွင့်ပေးထားလို့ကတော့ သက်ရဲ့ ဓာတ်ပုံတွေ ဘယ် Facebook Profile မှာ တင်ထားတယ်ဆိုတာ တန်းပြီး တွေ့နေရမှာပါ ...

( တခါတလေကျရင် မသိတာလည်း ကောင်းသလို .. သိလည်း သိချင်ပါတယ်။ )

ဆုမြတ်မိုး said...

မသက်ရယ် အိန်ဂျယ်လ်လေးပုံကိုယူပြီး ပိုစ့်တင်တဲ့ကိစ္စကိုဖတ်ပြီးတည်းကရေးချင်နေတာပါ..။ ကိုယ်ချင်းစာပါတယ်။ blogger တွေလုပ်ပြီး online ethic ကိုမသိတဲ့သူတွေ ၊ ဖြစ်ကတတ်ဆန်း တွေ့ရာယူကူးပြီး ခပ်တည်တည်ကိုယ့်အပိုင်လုပ်ပစ်တဲ့လူတွေနဲ့ တော်တော်စိတ်ညစ်စရာကောင်းပါတယ်။ ညီမအရင်ဘလော့အဟောင်းမှာ ကိုယ့်ပုံလေးနည်းနည်းပါးပါးတင်ဖူးပါတယ်။ ခရီးသွားမှတ်တမ်းလေးလိုမျိုးပါပဲ ။ နောက်ပြီး ကဗျာတစ်ပုဒ်မှာ မင်းသားတစ်ယောက်နဲ့ photoshop လုပ်ပြီး ဘလော့မှာအပျော်တင်ထားတာကို facebook page တစ်ခုမှာ အမည်မသိတစ်ယောက်က ညီမပုံရယ် ကဗျာရယ်ကို သွားတင်လိုက်တော့ သူငယ်ချင်းတစ်ယောက်က တွေ့ပြီးလာပြောတော့မှသိပါတော့တယ် ။ ညီမဖျက်ပေးဖို့သွားပြောပေမယ့် ဖျက်မပေးတဲ့အပြင် ပုံလေးလှလို့ ဆိုပြီးမဖျက်ပေးပါဘူး။ ညီမပုံနဲ့ကဗျာက (လီမင်ဟိုနဲ့ဖိုတိုရှော့လုပ်ထားတော့) အကောင်းပြောတဲ့သူကပြောပါတယ်။ ဒီကြားထဲ တချို့ အဆဲက သန်ကြတော့ ဘာကြီးလဲဟ ဆိုတာကတမျိုး ညစ်ညစ်ပတ်ပတ်တွေက တစ်ဖုံနဲ့ ကိုယ့်ထမင်းကိုယ်စား ပြီး အဆဲခံရတယ်ဆိုတာ ဒါမျိုးပဲလို့နားလည်လိုက်မိတော့တယ် မသက်ရယ် ။ ကိုယ့်ဘလော့မှာ ကိုယ့်ပုံကို တင်တာကို တခြားတနေရာမှာသွားရှဲလို့ ပိုင်ရှင်မကြိုက်ရင် ပြန်ဖြုတ်ပေးသင့်တယ်ဆိုတာကို နားမလည်ကြဘူး။ ညီမလည်းတော်တော်စိတ်ညစ်ပြီး အဲဒီ page ကိုလည်းသွားမကြည့်တော့ဘူး ။ အဲကနေစပြီး ဘယ်တော့မှ ဘလော့မှာ ဓာတ်ပုံမတင်တော့ပါဘူး ။ google ကရှာလို့ရရင် google ကနေရတယ်ပြောလိုက်တယ် ။ တော်တော်လေးကိုစိတ်ကုန်သွားတာပါ ။ ထပ်တူနားလည်ခံစားမိပါတယ် မသက်ရယ်..။

သီရိရတနာ said...

@ ဆုမြတ်မိုး - အမလည်း ဆုမြတ်မိုးကို ကိုယ်ချင်းစာပါတယ်။ ဆုမြတ်မိုး ဘလော့က ဓာတ်ပုံကို ဖေ့ဘုတ်မှာ အဲလိုမျိုး ဖွတာ မသိလိုက်လို့ .. အဲဒါ report လုပ်လို့ ရပါတယ်။ report သာ လုပ်လိုက်ပါ။ လိုအပ်ရင် အမကို ပြော အမ .. report လုပ်ပေးပါမယ်။

အဲဒီ ဖွဘုတ်သမားတွေက စရိုက်တွေ ...

သူတို့က မြန်မာပြည် အကျိုးပြုစာတွေ .. တိုင်းပြည် အကျိုးပြုစာတွေ ရေးတဲ့ ပုံစံ အချိုးမျိုးနဲ့ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာ မိသားစု ဓာတ်ပုံကို ပြောချင် ဆိုချင်၊ ဆဲချင် ဖြစ်နေတဲ့ ဖွဘုတ်၊ ဘလော့တို့ကို အသုံးချပြီး ကုန်းတိုက်၊ ကုန်းချော လုပ်တာလေ ...

ဘလော့မှာ ILBC ကျောင်းနှင့် ပတ်သက်သည့် ဓာတ်ပုံတွေ အများကြီး ... အဲဒီ People Development For Knowledge - ဖွဘုတ် ပေ့ခ်ျက ရိုးသားမှု မရှိဘူး။ တကယ့်ကို မြန်မာပြည်သူ့ပြည်သားများကို ဗဟုသုတရစေဖို့ ရည်ရွှယ်ပြီး ဖွင့်သည့် ပေ့ခ်ျ ဆိုရင် တခြား ဓာတ်ပုံကို ယူမှာပေါ့ ..

စာသင်ခန်းထဲမှာ စာသင်နေသည့်ပုံ၊ ကျောင်း လေ့လာရေးခရီး သွားနေသည့်ပုံ၊ မြန်မာရိုးရာ ယဉ်ကျေးမှု့ ၀တ်စုံ ၀တ်ဆင်ပြီး ၀ါဆို ကထိန်ခင်းနေသည့် ကျောင်းဓာတ်ပုံတွေ .. မြန်မာအစားအသောက်ပွဲတော်ဓာတ်ပုံတွေ ... ကျောင်း fan fair .. ကျောင်း အားကစား ဓာတ်ပုံတွေ .. အများကြီးမှ အများကြီးပါ။ ဘလော့မှာ ရှိသော ဓာတ်ပုံတွေ အားလုံးထဲကမှ ဖွဘုတ်မှာ ပြောဆို ဆဲဆိုလို့ ကောင်းမယ့် ဓာတ်ပုံကို People Development For Knowledge - FB Fan Page မှ ရေးသူ အမည်မသိ၊ ပိုစ့်တင်သူ အမည်မသိ၏ ကျင့်ဝတ်မရှိ၊ ဖွခြင်းသပ်သပ်ပါပဲ။

မြတ်လေးငုံကျပြန်တော့လည်း နိုင်ငံရေးသမားပဲ ... အမထက်တောင် အသက်ကြီးအုံးမယ်။ ဘလော့လည်း ရေးတာ ၃ နှစ် ကျော်ပြီ။ ဘလော့အထာလည်း သိမှာပါ။ ဘလော့ဂါ ပေါက်စ .. ဘလော့ရေးတာ လပိုင်းပဲ ရှိတဲ့သူတောင် ကိုယ့်ဘလော့ကို ဘယ်ကနေ လာဖတ်တယ်။ traffic ကို ကြည့်တတ်ကြပါတယ်။ သူ့ဘလော့မှာ Traffic လည်း ထည့်ထားပြီး ဘယ်လို ဘလော့ဂါမှန်း မသိတော့ဘူး။

ဖွဘုတ်က report မလုပ်ခင် သွားပြောလို့ ရတယ်။
ဘလော့က နိုင်ငံရေး ဘလော့ဂါ ကတော့ message ပို့ ... အမ .. ဘလော့မှာ ပို့တင်ပေမယ့်လည်း အရေးမလုပ် .. လို့ Google ကို report လုပ်လိုက်ရတာပါ။

( အဲဒီ မြန်မာ နိုင်ငံရေး ဘလော့ဂါ - မြတ်လေးငုံ နေထိုင်သော ( Hamilton, New Zealand ) နိုင်ငံ၊ ရပ်ကွက်နှင့် အဲဒီ ပိုစ့်ကို အဲဒီ ရက်ပိုင်းလောက်က လာဖတ်သွားတဲ့ အိုင်ပီ လိပ်စာ အမ screen shot ရိုက်ထားပါတယ်။ အမဆီမှာ ရှိပါတယ်။ )

အစားအသောက် ဓာတ်ပုံမှာ ဘလော့လိပ်စာ တတ်တော့ ဖွဘုတ်က တမျိုး ...

တွေ့ဖူးမလား မသိဘူး။
မြန်မာဖွဘုတ်လောကမှာ ဖွသွားတဲ့ အရောင်ဆိုးဆေးပါသော ဒန်ပေါက်လေ ... အဲဒီ ဓာတ်ပုံကို ခွင့်ပြုချက်လည်း မတောင်း၊ ဖွဘုတ်မှာ ဖွပြီး .. လူတွေက ကုလား ဒန်ပေါက်ကိုလည်း ဆဲသလို .. ဒန်ပေါက်ဓာတ်ပုံမှာ ပါသော သီရိရတနာ နာမည်ကိုလည်း ဆဲတယ်။ သီရိရတနာ ဆိုတဲ့ ကောင်မလေးကို ဆဲရင်းနှင့် တပါတည်း ဆဲဆိုနေကြတာလေ။ တကယ့် စရိုက်တွေ ...

ဓာတ်ပုံကြီး သပ်သပ်ဆို ဘာမှ ပြောစရာမရှိပေမယ့် မကောင်းသော စာသားများဖြင့် မိသားစု ဓာတ်ပုံပဲ ဖြစ်ဖြစ်၊ အစားအသောက် ဓာတ်ပုံပဲ ဖြစ်ဖြစ် .. ပြောချင်၊ ဆိုချင်၊ ဆဲချင်နေသော ဖွဘုတ်မှာ ယူမသုံးဖို့ တားမြစ်နေရတာပါ။

အဲလို ယူသုံးတတ်ကြသောသူများက အကျိုးပြုနေတာပါ ခေါင်းစဉ်၊ နာမည်ကောင်း ယူပြီး သူတပါးအား စိတ် အနှောင့်အယှက် ... ဖြစ်အောင် ဖျက်လိုဖျက်ဆီး လုပ်တတ်ကြသော လူစားမျိုးတွေပါပဲ ...

အမ .. အဲဒါတွေကို မေ့ထားလိုက်ပါပြီ ... စိတ်ဆင်းရဲလွန်းလို့ ...

တကယ်ပါ .. ကျိန်ပြောရဲပါတယ်။ အင်တာနက်ကို စသုံးသော အချိန်ကနေ အခု အချိန်အထိ အင်တာနက်ကို အသုံးချပြီး Bully မလုပ်ဖူးဘူး။ လုပ်လည်း လုပ်မှာ မဟုတ်ပါဘူး။

ဆုမြတ်မိုး said...

နားလည်ပါတယ်မသက်ရယ်..။ သမီးလေးပုံကိုယူပြီး အပြောခံရတော့ အမေတစ်ယောက်ရဲ့ရင်ထဲဘယ်လိုနေမလဲကိုယ်ချင်းစာမိပါတယ်။ တချို့တွေက အဲလိုပဲ ညီမလည်းဓာတ်ပုံဆိုတင်ကိုမတင်တော့ဘူး ။ အွန်လိုင်းကျင့်ဝတ်ကိုနားမလည်ကြတဲ့လူတွေအပါအ၀င် ဖွဘုတ်ပေါ်က အဆဲသန်တဲ့လူတွေကိုတကယ်အံ့လည်းအံ့သြတယ်..။ သနားလည်းသနားမိတယ်...။

snow city က ပုံလေးနဲ့ အိန်ဂျယ်လေးရဲ့လက်ရှိပုံကြည့်မိတာ တော်တော်ကွာတာပဲအမရယ်..။ ဟိုပုံမှာပ ပုစိလေးပဲရှိသေးတယ်.. ကလေးတွေအကြီးမြန်ကြတယ်နော်း)

သီရိရတနာ said...

@ဆုမြတ်မိုး - အဲဒီတုန်းက ကံကောင်းသွားတာက အဲဒီ bully ကျတဲ့ People Development For Knowledge - FB Fan Page လူ သိပ်မသိသေးသော ပေ့ခ်ျ .. Like 2000 ကျော်ပဲ ရှိသေးလို့ သိပ် မဖွ သွားတာပါ။ အဲဒီ ပိုစ့်တင်သူ .. သူ့ ကုန်းတိုက်၊ ကုန်းချောတဲ့ အကြံအစည် မအောင်မြင်ပါဘူး။ ပိုစ့်ကို ဖတ်တဲ့သူတွေက ဓာတ်ပုံထက် စာကိုပဲ မြင်နေကြတာလည်း ပါသလို .. အဲလိုကျောင်းမျိုးမှာ သူတို့သားသမီး ( သို့မဟုတ် ) ဆွေမျိုး နီးစပ်များက တက်ရောက် ပညာသင်ကြားနေတာမို့ တော်တော်များများက Private school အကြောင်းကို သိကြပါတယ်။ ဒါကြောင့် အဆဲတော့ မခံရဘူး။ အမ ... အဲဒီ ပေ့ခ်ျကို အမ သမီး ကျောင်းတက်နေတဲ့ ကျောင်းဓာတ်ပုံ ဖြုတ်ပေးဖို့ ... သွားပြောတဲ့ အချိန်မှာ ကွန့်မန့် နည်းနည်းပဲ တွေ့တယ်။ ကလေးတွေကို မြန်မာစာသင်ပေးဖို့ ကောင်းတယ် အဲဒီ သဘောလောက်ပဲ ရေးထားတာတွေ့တယ်။

ပိုစ့်တင်သူက မြန်မာ Private School တွေမှာ မြန်မာစာ မတင်ပါဘူး။ မြန်မာဘာသာစကားကို စိန်ခေါ်နေပြီလား။ သူရေးချင်သလို ရေးပေမယ့် သူ့ loser ဖြစ်နေတာ ... သူ့အတွင်းစိတ်ကိုမြင်နေရပါတယ်။

သူ့ ခိုးယူသွားတဲ့ အမရဲ့ မိသားစု ဓာတ်ပုံက ILBC ( ပထမတန်း ) တုန်းက ရိုက်ထားသော ဓာတ်ပုံ ILBC ကျောင်းမှာ မြန်မာစာသင်သလို မြန်မာသမိုင်းကို အဲဒီ အရွယ်မှာကတည်းက အင်္ဂလိပ်လို သင်နေရတာကို ရေးသားတဲ့ သူ က ဗဟုသုတ မရှိသလို ... ILBC ကျောင်းတွေမှာ အခါကြီး ရက်ကြီးတွေ ဆိုရင် မြန်မာရိုးရာ ၀တ်စုံ ၀တ်ဆင်ပြီး ဆရာကန်တော့ပွဲ၊ ကထိန်ပွဲ ကျင်းပတာကို မသိတာ အမတော့ အဲဒီ ရေးသားသူ Loser ကို သနားမိတယ်။

ILBC ကျောင်းက မြန်မာလူမျိုးများ တက်ကျတာပါ။ YIS, ISY, ISM ကျောင်း နှင့် ဒေါ်လာဖြင့် တက်ရသော ကျောင်းတွေက သံရုံးဝန်ထမ်း သားသမီး များနှင့် မြန်မာမှာ စီးပွားရေး လာလုပ်ကြသော သူများရဲ့ သားသမီးတွေ တက်ကျတာပါ။ အဲလို ကျောင်းတွေကျတော့ မြန်မာစာ မသင်ပါဘူး။
ဘယ်လိုလုပ်ပြီး နိုင်ငံခြားသား ( ဥပမာ - အမေရိကန်လူမျိုး ) ကို Myanmar Private International school တက်တာ မြန်မာစာ သင်ပေးရမှာလဲး ...

အရမ်းကို ချွန်တွန်းလုပ်သော စရိုက်တွေပါ။
သူ့တို့ရဲ့ Lose ကို ဖွဘုတ် အားကိုးနဲ့ ဖွသွားတာ။

အဲဒီ ပေ့ခ်ျက အခုဆိုရင် like တစ်သောင်းကျော်မို့ .. ဒီအချိန်မျိုးဆိုရင်တော့ မလွယ်ဘူး။ အဲဒီ အချိန် အောက်တိုဘာ ၂၀၁၂ က like ၂၀၀၀ ...

မြန်မာမှာ အင်တာနက် သုံးနိုင်တာ တတ်နိုင်သူများက ဒီလို ကျောင်းတွေ အကြောင်း ကောင်းကောင်းသိတာပေါ့ ... Loser နည်းနည်းပါးပါးသာ ... ဒီလို ကျောင်းအကြောင်းကို မသိကြတာပါ။

အမ ကလေး တက်တုန်းကလည်း အမ ကြုံဖူးပါတယ်။ တချို့ အသိုင်းအ၀ိုင်းက အဲဒီလို ကျောင်းမျိုးမှာ တက်တာ အရမ်းကို တင်တင်စီးစီး နှင့် လူတဖက်သားကို လုပ်တတ်ကြပါတယ်။

အဲလိုလူမျိုးနဲ့ အဲဒီ ပိုစ့်ကို ရေးသားသူ ကြုံဖူးသွားလို့နှင့် တူပါတယ်။ ( ထင်တာကို ပြောတာပါ )

အမ ကလေးတွေကို အဲဒီ ကျောင်းတက်တာက ပညာသင်ကြားဖို့ပါ။
အမတို့လည်း မြန်မာနိုင်ငံရဲ့ High boss စာရင်းမှာ မပါသလို ILBC ကျောင်းဆိုတာကလည်း မြန်မာနိုင်ငံ ပုဂလိက ကျောင်းတွေထဲမှာ ဈေးသက်သာဆုံး ကျောင်းတစ်ကျောင်းပါ။ သူ့ထက် ISY, YIS, ISM ကျောင်းတွေက ကလေးတစ်ယောက်ကို တစ်နှစ်စာ သိန်း ၅၀ အထက်မှာ ရှိပါတယ်။ အထက်တန်းဆိုရင် တစ်နှစ်စာ သိန်းရာဂဏာန်းလောက် ရှိတယ်။

သီရိရတနာ said...

@ ဆုမြတ်မိုး - ( အဲဒီ အချိန်တုန်းက အဲဒီပိုစ့်ကို ဖတ်ပီးပီးချင်း အမ သိတယ်။ ရေးသားသူရဲ့ ဆိုလိုရင်းနှင့် သူ့၏ အတွင်းစိတ်ကို မြင်တယ်။ ဒါပေမယ့် ... သူ့ ခွင့်မတောင်းပဲ ခိုးယူသွားတဲ့ အမရဲ့ မိသားစု ဓာတ်ပုံကို အဲလို ပိုစ့်မျိုးနှင့် တွဲတင်လိုက်ကတည်းက အမတို့ကို ပြောဆို ဆဲဆို ခံရအောင် ဖွဘုတ် အသုံးချပြီး ဖွတယ်လို့လည်း မြင်ပါတယ်။ သူ့ တကယ် ရိုးသားမှု့ ရှိရင် သီရိရတနာ ဘလော့မှာ ရှိသော ... ILBC ကျောင်း ဓာတ်ပုံတွေ အားလုံးထဲက မြန်မာရိုးရာဝတ်စုံနှင့် ရိုက်ထားသော ဓာတ်ပုံ သို့မဟုတ် သူ့ခိုးယူသွားသော အဲဒီဓာတ်ပုံပါသော ပိုစ့်မှာ စာသင်ခန်းထဲမှာ ကလေးများ ပျော်ရွှင်နေသော ဓာတ်ပုံ ဖြစ်ဖြစ် ယူသုံးမယ်ဆိုရင် တမျိုးပေါ့ ... အခုဟာက အသိတာကြီးပါ ... )

အဲဒါကြောင့်မို့ .. အမ၏ ဓာတ်ပုံကို ဘယ်ဓာတ်ပုံမှ မယူပါနှင့်လို့ ၂၀၁၃ မှာ တားမြစ်နေရတာပါ။

အစားအသောက် ဓာတ်ပုံလည်း မယူစေချင်ဘူး။ ( ဆိုးဆေးပါသော ဒန်ပေါက် မှာကတည်းက အီစလံဝေသွားတယ် )

မိသားစု ဓာတ်ပုံလည်း မယူစေချင်ဘူး။

မြန်မာတွေက copy right sign - © ကို လည်း နားမလည် .. ဒါကြောင့် ဓာတ်ပုံမှာ စာရေးပြီး ကော်ပီ မကူးကြပါနှင့်လို့ ရေးထားတာ။

မြန်မာတွေ fb - like ကြိုက်လွန်းပုံက မလွယ် .. ဓာတ်ပုံမှာ အဲဒီ စာသားကို ဖြတ်ပြီးတော့ကို သူ့တို့ Fb-fan page မှာ တင်လိုတင်နှင့် .. သူတို့ fan page နာမည် ရေးလိုရေး .. မလွယ်ပါဘူး။ အဲဒီ fan page က အမရဲ့ အစားအသောက် ဓာတ်ပုံကို လည်း ခိုးသေး .. ပြီးရင် ဓာတ်ပုံက ဘလော့လိပ်စာကို ဖြတ်၊ သူ့ fb fan page ကိုတပ် ( နှင်းဆီဖူးလေးများ ) အခုရက်ပိုင်းတွေ့တာ အီကြာကွေး၊ပဲပြုတ် လက်ဖက်ရည် ဓာတ်ပုံ .. ပြီးရင် သူ့က ဘုရား၊ တရား စာတွေ .. ဓာတ်ပုံတွေ ဝေေ၀ဆာဆာ ပြန်တင် ...

ဟူး ... သူ့ ပိုစ့်တင်သော တရား အတိုင်းပဲ သူ့ဘာသာ ပြန်ကျင့်ကြံ အားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးရမယ်။

အမ .. လူတွေကို မမုန်းချင်ဘူး။ အချိန်ကုန်လို့ ...
နောက်ပိုင်းက ပြောမနေတော့ဘူး။ ဘလော့ဖြစ်ဖြစ်၊ ဖွဘုတ်ဖြစ်ဖြစ် .. လွန်တယ်ထင်ရင် ... report သာ လုပ်လိုက်တော့တယ်။