Friday, April 12, 2013

ရောင်စုံ မုန့်လုံးရေပေါ်၊ ၀က်သား မန်ကျည်းသီးမှည့်ချဉ် ဆီပြန်ဟင်း၊ ငပိထောင်း၊ ကြက်သွန်နီကွင်းကြော်၊ ဌက်ပျော်သီး ကွတ်ကီး



ရောင်စုံ မုန့်လုံးရေပေါ်



ကောက်ညှင်းမှုန့် ( Glutinous Rice Flour ) : ဆန်မှုန့် ( Rice Flour )

ကောက်ညှင်းမှုန့် = 2 : ဆန်မှုန့် = 1 ( ဖြစ်ဖြစ်)
ကောက်ညှင်းမှုန့် = 3 : ဆန်မှုန့် = 1 ( ဖြစ်ဖြစ်)
ကောက်ညှင်းမှုန့် = 4 : ဆန်မှုန့် = 1 ( ဖြစ်ဖြစ်)

ကြိုက်နှစ်သက်သော အမှုန့် အချိုးအစားများနှင့် ...  မုန့်လုံးရေပေါ် လုံးလို့ပဲ ဖြစ်ဖြစ် ...

ကောက်ညှင်းမှုန့် တမျိုးထဲကိုပဲ ရေ နဲ့ နှယ်ပီး မုန့်လုံးရေပေါ် ချက်စားလို့လည်းရပါတယ် ...


ထညက်ခဲ၊ ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ကြံသကာ


ထညက်ခဲ ( Jaggery )


ကြံသကာ ( Brown sugar )


ကောက်ညှင်းမှုန့်၊ ဆန်မှုန့်ကို မုန်လုံးရေပေါ် လုံးလို့ ရတဲ့ အထိ ရေထည့်ပြီး နှယ်ပါ။
ထညက်ခဲကို အတုံး သေးသေး စိတ်ထားပါ။
မုန့်လုံးရေပေါ် လုံးဖို့ အဆင့်သင့် ...


ထညက်ခဲ 

မုန့်သားထဲ ထညက်ခဲ ထည့်ပြီး လုံး ...
ရေနွေးနွေးပွက်ပွက်ဆူ ထဲ ထည့် ..
အိုးပေါ်တက်လာသော မုန့်လုံးရေပေါ်များကို ဆယ် ..
ရေအေးထဲမှာ ပူနေသော မုန့်လုံးရေပေါ်များကို ခဏထည့် ..
ပီးရင် ဇကာနဲ့ ရေစင်အောင်စစ်ပြီး ပန်းကန်ပြားပေါ်တင် ..
အုန်းသီးခြစ်များ အပေါ်မှာ ဖြူးပြီး မုန့်လုံးရေပေါ်များ နှစ်သစ်ကူး မြန်မာ့ရိုးရာ အစားအစာ သုံးဆောင်နိုင်ပါပြီရှင် ~~~


အုန်းသီးခြစ်



 အုန်းသီးခြစ်













ဝက်သားလုံး ဆီပြန်ဟင်း


ဌက်ပျော်သီး ကွန်ကီး

 
 ဌက်ပျော်သီး ကွန်ကီး




စတော်ဘယ်ရီ ကွတ်ကီး




သကြားအုပ် - စတော်ဘယ်ရီ ကွတ်ကီး


အမဲသားကို ဆား၊ ဆနွင်းမှုန့် ထည့်နှယ်ပီး pressure cooker ထဲမှာ အသားတွေကို အိုးပူတိုက်ပီးတာနဲ့ ရေထည့် .. မီးမြေးမြေးနဲ့ နာရီဝက် လောက် အမဲသားကို အသား နူးအောင် ပြုပ်ထားပါ။

 ကုလားပဲ အစိမ်းမှုန့်ကို ရေအေးနဲ့ အရင်ဖျော်ပီး မီးဖိုပေါ်မှာ ဆနွင်းမှုန့် နည်းနည်းထည့်၊ ဆား နည်းနည်းထည့် ... မီးမြေးမြေးဖြင့် ကုလားပဲရည် မပြစ်မကျဲ ချက်ပါ။

အမဲသားပြုတ်ကို ပါးပါးလှီးထားပါ။

ဂေါ်ဖီ၊ ပူစီနံ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သံပုရာသီး ( သို့မဟုတ် ) ရှောက်သီး၊ ကုလားလေး မဆလာ အမှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ ပဲမှုန့် ( အကျက်မှုန့် )၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက်၊ ကုလားပဲရည် များများဆမ်းပီး၊ ဆား ( သို့မဟုတ် ) ဟင်းခတ်မှုန့် ( သို့မဟုတ် ) အချိုမှုန့် နည်းနည်းထည့်ပီး ... ချဉ်၊ ငံ၊ စပ် သုပ်စားပါ။


အမဲသား ကုလားပဲရည်သုပ်


အမဲသား ကုလားပဲရည်သုပ်


အမဲသားကင်၊ ဘေကွန်




ဝက်သား မန်ကျည်းသီးမှည့်ချဉ် ဆီပြန်ဟင်း

ဝက်သားကို ဆား၊ ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်တို့ဖြင့် နှယ်ပြီး နှပ်ထားပါ။
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ထောင်းထားပါ။
မန်းကျည်းသီးမှည့်ကို ရေနွေးနွေးဖြင့် ခွက် တခွက်စာလောက် စိမ်ထားပါ။
ချက်မယ့်အိုးမှာ ဆီကို အပူပေးပြီးတာနှင့် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း များကို ဆီသတ်၊
ပြီးတာနှင့် နှပ်ထားသော ၀က်သားများကို ဆီသတ်ထားသော ဟင်းအနှစ်ဖတ်များနှင့် သမအောင် မွှေ ချက်ပြီးတာနှင့်
မန်းကျည်းသီးမှည့်ရည် ခွက် တခွက်စာလောက်ကို ထည့်မွှေ ချက်ပါ။
ဟင်းအိုးဆူလာပြီ ဆိုမှ ရေ ဖြည့်ပါ။
နောက်ဆုံးတစ်ရေ ဟင်းနူးလာခါနီးမှာ ဖျော်ထားသော ပုစွန်ငါးပိ ကို လောင်းထည့် 
ဆီပြန်နေအောင် ချက်ထားသော ၀က်သားမန်းကျည်းသီးမှည့်ချဉ် ဆီပြန်ဟင်း ( ၀က်သားကို နံရိုးပါသော အသားတုံး ချက်ထားပါတယ် ) အရသာက ချဉ်ချဉ်၊ ငံငံ လေး .. ငရုတ်သီးစိမ်း ထက်ခြမ်းခွဲ ထည့်ချက်လို့ ရပါသေးတယ်။


ငပိထောင်း၊ ၀က်သားမန်းကျည်းသီးမှည့် ချဉ် ဆီပြန်ဟင်း



 
 ငပိဖုတ်၊ ငရုတ်သီး အကျက်မှုန့်၊ ကြက်သွန်ဖြူ၊ ပုစွန်ခြောက်မှုန့် ( နည်းနည်း ) သံပုရာသီး ဖြင့် ထောင်းထားသော ငပိထောင်း

 
ဇန်န၀ါရီလက ချက်စားသော မန်းကျည်းသီးမှည့် ငပိကြော်

( ဓာတ်ပုံတွေက စီဒီ ထဲ ထည့်လိုက်ပြီမို့ အခု ကွန်ပြူတာ စက်ထဲမှာ မရှိဘူး .. Facebook ကနေ သွားပြန်ယူလာရပါတယ် )


 

ငပိကြော်၊ ငပိချက်တွေကတော့ အများကြီးပါပဲ။

  • မန်ကျည်းသီးစိမ်း ငပိချက်၊
  • မရမ်းသီး ငပိချက်၊
  • ခရမ်းသီး ငပိချက်၊
  • ခရမ်းချဉ်သီး ငပိချက်၊
  • ဒန်သလွန်သီး ငပိချက် အမျိုးမျိုး ပါပဲ။

  • ငါးပိလိမာချက် 

  • ငပိကြော်
  • ဂွေးသီး ငပိကြော်
  • တညင်းသီး ငပိကြော်
  • မရမ်းသီး ငပိကြော်
  • ပန်းသီး အစိမ်း ငပိကြော်
  • မန်းကျည်းသီးထောင်း ငပိကြော်
  • မန်းကျည်းသီးမှည့် အနှစ် ငပိကြော်
  • သံပုရာသီး ငပိကြော်
  • ရှောက်သီး ငပိကြော်

(ေ၇ှာက်သီးသုပ်ရင် ရှောက်သီးဖတ်တွေ နွှင်သလိုမျိုး .. အဲဒီ ရှောက်သီးဖတ်တွေကို ငပိကြော်ထဲ ထည့်ပီး ရောကြော်ထားသော ငပိကြော်လိုမျိုး ...

ကိုယ့်က ငပိကြော်ကို အခွံပါး သံပုရာသီး အစိမ်း .. ကို ပါးပါး သေးသေးလေးလှီး စိတ်ပီး ငပိကြော် နှင့် နှယ်ထားသော ထမင်းထဲမှာ မြုပ်ပီး စားတတ်ပါတယ် .. သံပုရာအခွံပါ တခါတည်း ၀ါးစားတတ်တာလေ ) 

( ချဉ်တဲ့ အသီး  မှန်သမျှ ... ငံသော အရသာ ရှိသော ငပိကြော်နှင့် ရော ကြော်စားတတ်ကြပါတယ်။ )

ချက်ပုံချက်နည်း သဘောတရားကတော့ အတူတူကြီးပါပဲ။ အဓိက ကတော့ ခံတွင်းလိုက်တဲ့ ချဉ်၊ ငံ၊ စပ် အရသာမျိုး။

 
 ကြက်ဥ ဓါးပေါက် ဆီပြန်ဟင်း

 
 အမဲသား စပါးလင် ဆီပြန်ဟင်း

 
 ဆန်မှုန့်၊ ဆိုဒါမှုန့်၊ ဆား မုန့်နှစ်ဖြင့် ကြော်ထားသော ကြက်သွန်နီကွင်းကြော်


2011 လောက်က ပိုစ့်တင်ထားသော အမဲအူ တန်ပူရာကြော် ပိုစ့်မှာ onion ring ကြော်နည်း ရေးထားဖူးပါသေးတယ်။

ပိုစ့်က ဒီနေရာကို နှိပ်ပြီး ဖတ်ကြည့်ပါ။

  1. ဆန်မှုန့် - 1 1/2 ခွက်
  2. Baking powder - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  3. Baking soda - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  4. ကြက်ဥ - ၁ လုံး
  5. ဘီယာ - ၁ ခွက်
  6.  ဆား -လက်ဘက်ရည်ဇွန်း တ၀က်
  7. ငရုတ်ကောင်းမှုန့် - အနည်းငယ် နဲ့
  • မီးမြေးမြေး ... ဆီနှစ်ပီး ကြော်ပါ ..







4 comments :

Anonymous said...

အမ... အုန်းသီးခြောက်မှုန့်ကို စိုစိုလေးဖြစ်အောင် ဘယ်လိုလုပ်ရလဲ ဟင်...



နောင်ဂျိန်

သီရိရတနာ said...

@ နောင်ဂျိန် - အမ ၀ယ်နေကျ အုန်းသီးခြစ် အဖတ်တွေက ရေခဲရိုက် အုန်းသီးခြစ် တွေပါ .. ရေခဲသေတာ အပေါ်ထပ် ရေခဲခန်း ( အသားတွေ ခဲတဲ့ အခန်း ) မှာ ထားရပါတယ်။

စားခါနီးမှ အပြင်ထုပ်ပြီး အုန်းသီးခြစ်တွေကို ရေခဲ အရည်ပျော်စေတာပါ။

အဲလိုမျိုးဆိုရင် မူလ အုန်းသီးခြစ်ဖတ်လိုမျိုး အရသာ ရှိပါတယ်။

အုန်းသီးခြောက် ဆိုတာက အမ ထမနဲ ပိုစ့်မှာ အုန်းသီးဖတ်ကို ကုလားဆိုင်က အုန်းသီးဖတ် အခြောက် ၀ယ်ပြီး ထမနှဲ ထိုးထားပါတယ်။ အဲလို အုန်းသီးခြောက်ဖတ်ကျတော့ ဗီဒိုထဲ ထည့်သိမ်းထားလို့ ရပါတယ်။ သူ့ကျတော့ ကြော်စားတယ်။ ကောက်ညှင်းနှင့် အတူ ရောပီး မီးနှင့် အတူ ပေါင်းစားလို့ လည်း ရပါတယ်။

နောင်ဂျိန်ပြောသော အုန်းသီးခြောက် - မှုန့် ဆိုတော့ အုန်းသီးဖတ်တွေကို တာရှည်ခံအောင် အခြောက်ခံထားတာနှင့် တူပါတယ်။

" How to Moisten Dry Coconut Flakes "

Instructions

1.Put a pan of water on the stove and bring to the boil. Do not add any salt or other flavouring to the water.

2. Pour the dried coconut flakes into the sieve or colander and place over the boiling water.

3. Leave the flakes on top of the boiling water for a few minutes, remove and pat dry with some kitchen towel.

" အုန်းသီးခြောက်မှုန့်ကို စိုအောင် ပြုလုပ်နည်း "

၁။ မီးဖိုပေါ်မှာ အိုးတစ်လုံးကို ရေဖြည့်ပြီး ပွက်ပွက်ဆူနေအောင် အပူပေးပါ။

၂။ ရေနွေး ပွက်ပွက်ဆူပီ ဆိုတာနှင့် ရေစစ် ဇကာ၊ အပူ ခံနိုင်သော စတီး ရေစစ် ဇကာထဲမှာ အုန်းသီးခြောက်မှုန့်များကို ထည့်ပီး ရေနွေး၏ အပေါ်နားမှာ ထားပြီး အုန်းသီးခြောက်မှုန့်ကို ပေါင်း ပါ။ ( ကောက်ညှင်းပေါင်း၊ ၀က်သားဟင်းထုပ်၊ ပေါက်ဆီ ပေါင်းသလိုမျိုးပါ )

၃။ အုန်းသီးဖတ် နဂို အစို ရရှိသွားပြီ ဆိုလျှင် အ၀တ်ပေါ်တင်ပြီး ရေစစ်ချပါ။

Anonymous said...

Thanks,AMA. I ll test it. And I try to search freeze also.

ng

သီရိရတနာ said...

@ နောင်ဂျိန် - ပျော်ရွှင်ဖွယ် မြန်မာနှစ်သစ်ကူးမှာ မိသားစု အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေ ....