Tuesday, April 2, 2013

Meringue cookie


Meringue cookie

Ingredients -
  1. Egg white - 5
  2. Sugar - 1/2 cup ( 8 tbsp )
  • Baking tray
  • Baking paper
  • Preheat the oven 200ºF
  • 200ºF - 45 minutes
  • in turned-off oven for 1 hour

မာရိန်း ကွတ်ကီး

လျှာပေါ်တင်လိုက်ရင် သကြားခဲလိုမျိုး မွမွလေး နဲ့ စားလို့ ကောင်းသော လျှာပေါ်ခဲ အရသာမျိုးပါပဲ ...
ကိတ်မုန့်ပေါ်မှာ တင်သော ခရမ်ကို oven နဲ့ မုန့်ဖုတ်ထားတာပါ။
ကိတ်မုန့်ပေါ်မှာ တင်သော ခရမ်ကို ခဲစေဖို့ ရေခဲသေတာမှာ ၂ နာရီလောက် ထားပြီး ကိတ်မုန့်ပေါ်မှ ခရမ်များကို ခဲစေ ရပါတယ်။
အခု ခရမ်တွေကျတော့ oven ထဲမှာ မီး အရမ်းနှေးနှေးလေးဖြင့် မုန့်ဖုတ်ရပါတယ်။
အရမ်းစားလို့ ကောင်းပါတယ်။
အိမ်က ကလေး ၂ယောက်လုံး ကြိုက်ကြတယ်။
ဒီနေ့ အဲဒီမုန့် ဖုတ် - ဒီနေ့ ကုန်ပါတယ်။
လျှာပေါ်မှာ သကြားခဲ အရသာမျိုးမို့ လျှာပေါ်ခဲ --



Meringue cookie

မာရိန်း ကွတ်ကီး လုပ်ဖို့ လိုတာက
ကြက်ဥ အကာ - ၅ လုံးနှင့်
သကြား - ခွက် တ၀က်
ပါပဲ ...
  • ကြက်ဥ အကာ ၅ လုံးကို မွေစက်ဖြင့် High Speed ထားပြီး မွှေပါ။
  • ၁မိနစ် ခြားစီ စက်ဖြင့် မွှေပြီး အကြာမှာ သကြား ထမင်းစားဇွန်း ၁ ဇွန်းခွဲစီ ထည့်သွားပါ။
  • မွှေစက်ဖြင့် ကြက်ဥအကာကို ၁ မိနစ်ခြားစီ သကြား တစ်ဇွန်းခွဲစီ ထည့်ပြီး ၆ မိနစ် အကြာမှာ ခရမ်အနေအထား ပြစ်ပြစ် ကို ရလာပါလိမ့်မယ်။
  • ကြွေပန်းကန်လုံးကို မောက်ပြီး ကြည့်လိုက်ပါ။ ကြက်ဥအကာ ( ခရမ် )များ အောက်ကို ပြုပ်မကျလာတဲ့ အနေအထားကို ရနေပါပြီ။
  • ဆက်မွှေချင်သေးရင် ၈ မိနစ်လောက်အထိ မွနေအောင် မွှေလို့ရပါတယ်။
  • အရောင်ထည့်ချင်ရင် Food colour - 1 drop ထည့်လို့ရပါတယ်။
  • ပီးရင် baking tray ပေါ်မှာ တင်ထားသော baking paper ပေါ်မှာ လက်ဘက်ရည်ဇွန်း - ၁ ဇွန်း ခြင်းစီ ပုံပေးပါ ...
  • ဇွန်းဖြင့် ပုံပြီးတာနှင့် ခရမ်ပေါ်မှာ ၀ လုံး ရေသလိုမျိုး ဇွန်းဖြင့် ခရမ်ကို ၀ိုက်ဆွဲလိုက်ပါ။ အဲဒါဆိုရင် ကိတ် ခရမ်တွေက အမျှင် သန်းပြီး အပေါ်နားမှာ အချွန်၊ အတက် ပုံစံလေးဖြင့် ချစ်စရာ ပုံစံ ထွက်နေပါလိမ့်မယ်။
  • တစ်ခု နှင့် တခုကို ၁ လက်မ စီလောက် နေရာ အကွာ ထားပါ။
  • Preheat oven 200 ºF - 45 minutes မုန့်ဖုတ်ပီးတာနှင့်
  • oven ကို ခလုတ်ပိတ်လိုက်ပါ။
  • မီးပိတ်ထားသော oven ထဲမှာ ၁ နာရီလောက် ဒီအတိုင်းပဲ ထားလိုက်ပါ။
  • ခရမ်တွေကို မီးနှေးနှေးဖြင့် သကြားခဲလိုမျိုး ခဲအောင် မုန့်ဖုတ်ထားတာပါ။
  • ၂၅၀ ဖာရင်ဟိုက် လောက် မုန့်ဖုတ်လိုက်ရင် ခရမ် ခဲတွေ က ရွှေအိုရောင် သို့မဟုတ် အညိုရောင် သန်းသွားပါလိမ့်မယ်။ မီးနှေးနှေးပါပဲ ..
  • ပီးရင် ခဏလောက် အအေးခံပြီး တခုလောက် ယူစားကြည့်ပါ။
  • စားလို့ ကောင်းတာကို တွေ့ရမှာပါ။
  • ထညက် ကြိုက်တတ်ရင် .. သကြားလုံး ကြိုက်တတ်ရင် .. အာတာပူစီ ကြိုက်တတ်ရင် .. ဘီစကစ် အသေးလေးပေါ်မှာ သကြားခဲ တင်ထားသော မုန့် သေးသေးလေး ကြိုက်တတ်ရင် .. ဒီ မာရိန်း ကွတ်ကီးကို ကြိုက်မှာ အမှန်ပါပဲ ...
  • ကိုယ့်တို့ဆီမှာ ထညက်ခဲ အစစ် မရပါဘူး။ ကြံသကာ ပဲ ရပါတယ်။
  • အဲဒီ အတွက် အစားထိုး အနေဖြင့် ဒီ လျှာပေါ်ခဲကိုပဲ ကော်ဖီခါးခါးလေး သောက်ရင်း စားပါတယ်။
  • ဒီဇိုင်း အလှဆင်ချင်လည်း ရတယ်။ အဲဒီ အပေါ်မှာ chocolate rice လေးတွေ လိုက်ဖြူးပေးလို့လည်း ရသလို .. အရောင်လေးတွေနဲ့ မျက်လုံးလေးတွေ ပုံစံ အမျိုးမျိုး ဖော်ပြီး မုန့်ဖုတ်လို့လည်း ရပါတယ်။
  • ပန်းပုံစံ ခရမ်ညစ်တဲ့ဟာနဲ့ ပန်းပုံစံ နှင်းဆီပန်းပုံစံလည်း ပုံဖော်လို့ ရပါသေးတယ်။

vanilla extract - 1 tsp ထည့်ပြီး မုန့်ဖုတ်လို့လည်း ရပါတယ်။


မာရိန်း ကွတ်ကီး

 


2 comments :

Anonymous said...

ဟားဟား
ဒီမုန့်ကိုတော့ ဒီတိုင်းမစားနိုင်ဘူး..
ချိုလွန်းလို့...
စတော်ဘယ်ရီစားရင်ခြေထည့်စားတယ်..။
စတော်ဘယ်ရီတအားစားလွန်းတော့
မနှစ်က ခရီးသွားတော့ m/sက
ဝယ်လာသေးတယ်....ဘူးကြီး ၃..၄ ဘူး
အဖြူရောင်တွေ



ပေါက်

သီရိရတနာ said...

@ ပေါက် - အဖြူရောင် meringue cookie ဆို သမီးလေးက snow ball ဆိုပြီး အပေါ်မှာ သူ့က သကြား အမှုန့် အနီရောင်တွေ ကပ်ခိုင်းတယ်။

သူ့ထဲကို mint အနံအရသာ ထည့်ပြီး ကွတ်ကီးမုန့်ဖုတ်ရင်လည်း စားလို့ ကောင်းတယ်။

peppermint extract အမွှေးနံသာဆီ ထည့်ပီး မုန့်ဖုတ်လို့ ရှိရင် ပူရှိန်း အရသာကွတ်ကီးမို့ စားလို့လည်း ကောင်းတယ်။

vanilla extract အမွေးဆီ ထည့်ရင်တော့ ပိုချိုလို့ သကြား လျှော့ထည့်တယ်။

အိမ်က ကလေးတွေက အရမ်းကြိုက်တာ။

ချိုရင် သကြားလျှော့လို့ ရပါတယ်။ သက်လည်း ကြိုက်တယ်။

စတော်ဘယ်ရီကလေ ငရုတ်သီးအစိမ်းမှုန့်၊ သကြား၊ ဆား အမှုန့် စပ်ထားတဲ့ ရသာမှုန့်နဲ့ တို့စားတာကို ပိုကြိုက်တယ် --

အဲဒီ ရသာမှုန့်နဲ့ မာလကာသီး၊ ကျွဲကော်သီး၊ သစ်တော်သီး ၊ သရက်သီး၊ နာနတ်သီး အရမ်းကြိုက်မှ ကြိုက်။

ရန်ကုန် ကုန်ဈေးတန်းမှာ နွယ်ချို ၀ယ်လို့ရတယ်။ ဒီက အိနိယဆိုင်မှာလည်း ရတယ်။

သကြားနေရာမှာ နွယ်ချိုနဲ့ဆို တို့စားလို့ ကောင်းမှ ကောင်းပဲ ...

:D