Wednesday, April 24, 2013

ခြင်နိုင်ဆေး ( Home made Mosquito Repellent )


credit image : Essante Organics

ဓာတ်ပုံထဲက အချိုးအစား အတိုင်း ပေါင်းစပ်ပြီး ခြင်နိုင်ဆေး လုပ်လို့လည်း ရပါသည်။


Homemade Mosquito Repellent

  1. 15 drops of lavender oil
  2. 3-4 Tbsp of vanilla extract
  3. 1/4 cup lemon juice.

Put in a 16 oz bottle fill bottle with water; shake to combine ingredients and spray away.


Lavender essential oil က ရန်ကုန်  shopping mall တော်တော်များများမှာ ရောင်းတဲ့ ... ဖယောင်းခွက် မှာ အနံမွှေးအောင် ထည့်ရသော အမွှေးဆီ ရောင်းတဲ့ ဆိုင်တွေမှာ အလွယ်တကူ ၀ယ်လို့ ရပါတယ်။ 

၂၀၁၁ ခုနှစ်လောက်က lavender oil အမွှေးဆီ ပုလင်း သေးသေးလေးမှ တပုလင်းကို ၁၅၀၀ ကျပ် နှင့် ၁၈၀၀ ကျပ် ပတ်ဝန်းကျင်လောက် ရှိပါတယ်။

( ၁ ) Lavender oil - ၁၅ စက်
( ၂ ) Vanilla extract - ထမင်းစားဇွန်း ၄ ဇွန်း
( ၃ ) သံပုရာရည် - ခွက်၏ လေးပုံ ၁ ပုံ
( ၄ ) ရေ - 2 cups ( 16 Oz )

စပရေးဗူး အဟောင်းထဲ ထည့်ပြီး သမနေအောင် shake လုပ်ပေးလိုက်ပါ။

ဒီနည်းက မြန်မာလူမျိုးများအတွက် အလွယ်ကူဆုံး နည်းလမ်းပါ။

နောက်တနည်းက - 


credit image : Jillee

  1. 2 cups witch hazel
  2. 15 drops citronella essential oil
  3. 15 drops lemongrass essential oil
  4. 5 drops lavender essential oil
  5. 5 drops peppermint essential oil
 အားလုံး ရောစပ်ပြီး စပရေးဗူးထဲထည့် shake လုပ်ပြီး သုံးရုံပါပဲ .. လူ .. မျက်နှာ နားကို မဖြန်းမိပါစေနှင့် ...
  •  ဟေဇယ် အမွှေးဆီက တပုလင်းကို ၆ ဒေါ်လာလောက် ရှိပါတယ်။
  • citronella essential oil - ၃ ဒေါ်လာကနေ ၉ ဒေါ်လာအထိ ရှိပါတယ်။
  • စပါးလင် အမွှေးဆီက လေးဒေါ်လာ သာသာလောက်
  • ခရမ်းပြာနုရောင် လာဗင်ဒါ အမွှေးဆီက ပုလင်း အသေးဆုံးလေးကို လေးဒေါ်လာ
  • ပင်စိမ်းအနံ - ပူရှိန်း အနံ အမွှေးဆီက ပုလင်း အသေးဆုံးလေးကို ခြောက်ဒေါ်လာခွဲ 

ခြင်နိုင် စပရေးဗူးက အမေရိကားမှာ တဗူးကို အများဆုံး ၆ ဒေါ်လာလောက်ပဲ ရှိတော့ အလွယ်တကူ ဗူးတွေပဲ ၀ယ်သုံးကြပါတယ် .. တချို့ကလည်း အိမ်တွင်း ပြုလုပ်သော ခြင်နိုင် စပရေးဗူးကို ပိုကြိုက်နှစ်သက်ကြပါတယ်။

ကိုယ်ကတော့ လာဗင်ဒါ အနံလည်း ကြိုက်တယ်။ သံပုရာ အနံလည်း ကြိုက်လို့ ခြင်နှင်ဖို့ မဟုတ်ဘူး။ အခန်း မွှေးဖို့ နာရီဝက် တကြိမ်လောက် အခန်းမှာ ဖျန်းမိမလားပဲ .. 


တရားသဘောနှင့် ကြည့်ရင် .. ခြင်သတ်တဲ့ ဆေးတွေပဲ .. မလုပ်တော့ပါဘူး။ ခြင်တွေကို သတ်ဖို့ ဆေးတွေ စီရင်နေရအုံးမယ်။ အကုသိုလ်များပါတယ် .. ကွယ် ... :D

စကားမစပ် ပါ .. ကိုယ့်၏ သူငယ်ချင်း ... ဖေ့ဘွတ်မှာ အလူးအလိမ့် နှိပ်ကွပ်ခံရလို့ သူ .. သွားပြန်ပြောတဲ့အခါမှာ ..  တဖက်လူက ဘာသာရေး အကြောင်းပြပြီး ဘုရား .. တရားစာများဖြင့် ... သူတော်ကောင်းလုပ်သွားပါတယ်။

ကိုယ့်အတွက်တော့ ရီစရာကြီးပါပဲ ... အဲဒီ တဖက်လူက ကိုယ့်ကို မသိပါဘူး။ သူတို့ အချင်းချင်း ဖိုက်နေကြတာ .. ကိုယ့်က ဇာတ်ကြောင်းစုံ သိတော့ တကယ့်ကို ရီစရာကြီး ..

ဖေ့ဘွတ်ကလည်း လူတွေ စိတ်ထွက်ပေါက် အနေဖြင့် သုံးစွဲနေကြတော့ တနေ့တမျိုး မရိုးနိုင်အောင် ဖောက်ခွဲမှု့ အမျိုးအစား အစုံအလင်ဖြင့် ခင်းကျင်း ပြသထားသလိုမျိုးပဲ ..

ကိုယ့် သူငယ်ချင်းများကို အကြံပေးသလို အကြံပေးမယ်နော် .. ဖေ့ဘွတ်က သုံးတတ်ရင် တကယ့် အကျိုးရှိတာပါ။ update မို့ အရမ်းလည်း မြန်သလို .. sharing ကြောင့် ဗဟုသုတလည်း အများကြီး တိုးပွားပါတယ်။ ( စိတ်ဓါတ် မကောင်းတဲ့ လူစားမျိုးကျတော့ sharing ကို အသုံးချပြီး မဟုတ်တဲ့ သတင်းတွေ ဖွတဲ့ နေရာမှာ သုံးတယ်။ လူတိုင်း တချိန် မဟုတ် တချိန် ကိုယ်စိုက်သည့်အတိုင်း ကိုယ်ပြန်ရိတ်သိမ်းရမှာပါပဲ ... )

အခု ခြင်နိုင်ဆေးတွေက ဖေ့ဘွတ်က US - သူငယ်ချင်းတွေ ရှယ်ထားတဲ့ DIY တွေပါ ...
ဒီဘက်မှာတော့ DIY က အရမ်း ခေတ်စားတယ်။ တချို့ဟာလေးတွေတော့ သိပ်မကြိုက်ဘူး။ အချိန်ကုန်တယ်။ လက်ဝင်တယ်။ အပြင်မှာ ၀ယ်လိုက်ရင် ဘာမှ မပေးရတဲ့ ပစည်းမျိုးတွေပေါ့ ... အဲဒါကိုရှည်လျား .. ထွေပြား .. စိတ်ကူးများဖြင့် ကွန့်နေကြတယ်။

8 comments :

maynyeinchan said...

အစ်မ အသစ်ဘာလို့မတင်တာလဲဗျို့
မေငြိမ်း

Anonymous said...

သက်ရေ..
Let me take your link and hope you don't mind.

Iora

သီရိရတနာ said...

@ May Nyein Chan - စိတ်မပါသော အလုပ်များကို လုပ်နေရလို့ စိတ်ရှုပ်နေပါသောကြောင့် အသစ် မတင်တာပါ .. လာမယ်နော်။ အသစ်တွေ အများကြီးပဲ .. ဟိုဘက် ဘလော့ရဲ့ password လည်း ပျောက်နေတယ်။

@ lora -

ခြင်နိုင်ဆေး ရဲ့ မူရင်း လင့်လား .. Facebook လင့်လေ .. အဲဒီမှာ credit image ဘေးနားမှာ လင့်ရှိပါတယ်။

Essante Organics




သီရိရတနာ said...

@ lora - ယင်ကောင်ဖမ်းတာက ဒီမှာပါ။

We are being over run with flies and mosquitoes, so I made some fly traps and thought I would share how I did it with you.

All you need is :
1 milk jug (rinsed out)
1/2 sugar
1 cup apple cider vinegar
1 banana peel
water

မအားလို့ ပိုစ့် အသစ် မရေးတော့နိုင်သေးတာပါ။

Youtube မှာ ပြုလုပ်ပုံ အဆင့်ဆင့် ရှိပါတယ်။
ကိုယ်လည်း သူငယ်ချင်းများ share ထားတာတွေထဲက မြန်မာလူမျိုးများအတွက် သင့်တော်တာလေးတွေ ပြန်မျှဝေထားပါတယ်။

Home made fly trap

Anonymous said...

Thet..
Thanks but what I want to take is your blog link.
I just wanna add your blog link in my reading blog list.:D

Thanks again and do appreciate your kind sharing.

I like your cooking.

All the best,
Iora

သီရိရတနာ said...

@ lora - ဟား .. ဟား အရှက်တော့ကွဲပါပြီ .. ကိုယ့်အင်္ဂလိပ်စကားကြွယ်ဝပုံက တလွှဲ .. ဒီမှာလည်းလေ .. ကိုယ့်ရဲ့ အင်္ဂလိပ်စကား အသံထွက်က ပီအောင် မနည်း သတိထားပြီး ပြောနေရတယ်။ မြန်မာစကားတောင် သ နှင့် တ မကွဲပါဘူး။ မြန်မာစကားသံတောင် သိပ်မပီဘူး။ မနည်း သတိထားပြီး ပြောနေရတယ်။ သ ကို ထွက်ချင်ရင် လျှာကို အရှေ့နား .. သွားပေါ်နားမှာ ထားပြီး Thet အသံထွက်ဖို့ .. တ အသံဆို လျှာကို အနောက်နား ထားပြီးထွက်ဖို့ လေ့ကျင့်လိုက်မှ တော်တော် အဆင်ပြေသွားတယ်။ ဒီမှာ စကားပြောရင် အသံထွက် ပီသရင် တော်တော် အဆင်ပြေတယ်။ ကိုယ် google translate မှာ အင်္ဂလိပ် - အသံထွက် အမှန် .. အဲဒီမှာ သွားကြည့်တတ်တယ်။

ပြီးတော့လေ ကိုယ့်ဆီမှာ မောဟ လေး ရှိတယ်။
ကိုယ် ထင်တာကို ထင်နေတတ်တာ အရမ်းများတာမျိုးလေ
အဲဒါကို ထိန်းဖို့ ၀င်သက်၊ ထွက်သက်ကို မှတ်၇င်း ထိန်းပါတယ်။
တခါတလေတော့ သတိလက်လွတ်ပဲ ...
လူတယောက် က စကားပြောရင်လည်း ကိုယ်လိုရာဆွဲတွေးပြီး ထင်ပလိုက်တတ်တာ။
အဲလို မောဟမျိုးလေ ..
အခုလည်း ၀ပ်ဆိုဒ်လင့် ကို ဘလော့ပိုစ့်က ၀ပ်ဆိုဒ်လင့် တောင်းတယ် မှတ်လို့ .. ဟား .. ဟား ..
အရှက်တော့ ကွဲပါပြီ ...

ရပါတယ်။ ကိုယ်ဆို ရှိသမျှ လူတွေ ၀ပ်ဆိုဒ် ဆွဲချိတ်ပလိုက်တာပဲ ... ခွင့်မတောင်းဘူး။ လူတိုင်း .. ဘလော့ဂါတိုင်းက ကိုယ့်ဘလော့အိမ်ကို လာလည်ရင် အရမ်းပျော်တာ.. ကျေးဇူးတင်နေတတ်တာလေ ..

အိမ်လာလည်တာကော .. လင့်ချိတ်ပေးတာကော .. ကျေးဇူးပါနော် ...

ဒီမှာလည်း တခါ ကိုယ့်ဆီကို အင်္ဂလိပ်လို ရေးထားတာ ကိုယ် ဖတ်တာ လွှဲနေတာလေ .. သူ့စာပြန်ဖို့ ကိုယ် တလ လောက်တောင် ကြာတယ်။ ကိုယ့်ရဲ့ လွှဲချက်က .. ပြန်စာ

Anonymous said...

Actually I started typing in Burmese but something went wrong and I could not type Burmese font. I don't know why. Sorry for any confusion if I made.
I am waiting for your yummy cooking. :D

Iora

သီရိရတနာ said...

@ lora - ကွန့်မန့် စာပြန်တာနောက်ကျသွားတာ ဆောရီးပါလို့ အရင်ဆုံး တောင်းပန်ပါရစေ ...

သက်တို့ သားအမိတွေက ညဆို ၉ နာရီလောက် အိပ်တတ်ကြပါတယ်။ ကလေးတွေ ကျောင်းက မနက် စောစောမို့လို့ပါ။ ကျောင်းပိတ်ရက်လည်း စောစောအိပ်ပါတယ်။

အခု ဒီမနက် - မနက်စာ စားရင် Yahoo သတင်း ဖတ်နေတာ .. ဒီဘက်မှာလည်း Private school fees တွေ ဈေးတက်တာကို လွန်ခဲ့တဲ့ လ အနည်းငယ်က NBC news ကနေ ကိုယ် ဖတ်ပြီးပြီ .. ကိုယ်တို့ စတိတ်မှာတောင် high school - private school fees က တနှစ်စာ - ၂သောင်းခွဲ လောက် ရှိတယ်။

ဒီမနက် ဖတ်နေသော Yahool News မှာ CNBC Is Private School Worth the 'Entitlement' and Hefty Price?

San Fran ဘက်က တစ်နှစ်စာ ဒေါ်လာ ၂၉၈၀၀ သုံးသောင်းနီးပါး .. နယူးယောက်ဘက်က ကျောင်းတွေက ဒေါ်လာ ၃၂၀၀၀ ကနေ လေးသောင်း ပတ်ဝန်းကျင် ... ဈေးတွေက အထက်တန်းကျောင်းလခ က university ကျောင်းလခ လောက် ၇ှိတယ်။ အဲဒီ ကျောင်းတွေ ပြီးရင် ကျောင်းကောင်းကို သွားတက်လို့ရတာတော့ အမှန်ပါပဲ။

လိုက်ဖတ်နေ .. လိုက်ပီး စူးစမ်းနေရင်းနှင့် ကိုယ့် အိုင်အိုရာ ကွန့်မန့် ကို စာပြန်ရင်း လက်ရှိ ကိုယ့်ခေါင်းထဲ .. ကိုယ့် အတွေးအခေါ်ထဲ စိုးမိုး နေသော အကြောင်းအရာတွေကို ဖွင့်ချလိုက်တာပါ။ ဟဲ .. ဟဲ .. ကိုယ့်က Open Heart သမားလေ .. လာမယ် .. လာမယ် ... ဟင်းတွေ အများကြီးပဲ .. ပိုစ့်တွေလည်း တင်ဖို့ အများကြီးပဲ .. ကလေးများ ဂိမ်းကစားလွန်ရင် delay delopment အကြောင်းလည်း ရေးချင်သလို .. မြန်မာမှာ အခု ဂျွန်လဆို ကျောင်းစဖွင့်တော့မှာမို့ Private school ဈေးနှုန်းတွေ လေးဆယ်ရာခိုင်နှုန်းလောက် ဈေးတက်သွားတယ် ကြားလို့ မိဘတွေ အစား တကယ် ကိုယ်ချင်းစာပါတယ်။ အဲဒီ ကျောင်းက ဆရာမတွေကော လစာ ဈေးမှ တက်ရဲ့လားလို့ .. ကြားသလောက်က အဲဒီ ဆရာမတွေ လစာက တစ်လမှ ဒေါ်လာ ၁၀၀ ပတ်ဝန်းကျင်ပါပဲ။ နိုင်ငံခြားက နေ ခေါ်ယူထားသော ဆရာ၊ ဆရာမ သာ နိုင်ငံခြား လစာပေးတာ။ အိမ်ပေး၊ ကားပေးတာ။ ဒီက မူလတန်းဆရာမ လစာက ဒေါ်လာ ၄၀၀၀ ဆိုပေမယ့် မတ်လကနေစပြီး အိုးဘားမား အပါ လစာ၏ ၅ ရာခိုင်းနှုန်း ကို ဖြတ်ပြီး အမေရိကန် နိုင်ငံကို ပြန်ပေးရတယ်။ အိုကေ .. အိမ်လာလည်တာ ကျေးဇူးတင်ပါတယ်နော် .. ကိုယ်လည်း ကလေးတွေ ရှေ့ရေး အတွက် .. မျက်စိ ဖွင့်၊ နားကို စွင့်နေသလို .. ဒီ အင်တာနက်ကြီးကနေ ကိုယ်လည်း သင်ယူစရာ ရှိတာ သင်ယူ၊ တပါးသူကိုလည်း မျှဝေ စရာရှိတာ မျှဝေမို့ အင်တာနက် ကို ကျေးဇူးတင်နေရတဲ့ သူပါ ...