Monday, April 15, 2013

မုန့်ဟင်းခါး၊ ပဲကြော်၊ ကြက်ဥဓါးပေါက် ဆီပြန်ဟင်း၊ ကန်စွန်းရွက် ချဉ်ရည်ဟင်း၊ ငပိရည် နှင့် တို့စရာ အစုံ ( Heartache ) Pet Society Game Retire & Explosions in Boston


ငပိရည် နှင့် တို့စရာ အစုံ



 ဒီနေ့ စတုဒိတာကတော့ မုန့်ဟင်းခါး နှင့် ပဲကြော် ဖြစ်ပါတယ်။



မုန့်ဟင်းခါး မုန့်ဖတ်
 

နံနံပင်၊ သံပုရာသီး၊ ငရုတ်သီး အကျက်မှုန့်


ငါးအသားလုံးကြော်


ကြက်သွန်ဖြူ ဆီချက်


မုန့်ဟင်းခါး


ဟင်းရည်အိုး


ပဲကြော် ကြော်နည်း

ကုလားပဲ - 2 cups ကို ဆိုဒါမှုန့် - လက်ဘက်ရည်တစ်ဇွန်း ထည့်
ရေ ကို လက်နှစ်ဆစ် လောက် ရေဖြည့်ပြီး တညလောက် စိမ်ထားပါ။ ( ၆ နာရီ လောက် စိမ်ထားလည်း ရပါသည် )
ကုလားပဲ - 2 cups
ဆန်မှုန့် - 1 cup
ရေ - 1 cup
ဆိုဒါမှုန့် - 1 tsp
ဆား - 1 tsp
နှယ်ပြီး တစ်နာရီလောက် နှပ်ထားပြီးမှ
မီးမြေးမြေး အနေအထားဖြင့် ကြော်ပါ။


သင်္ကြန် အွန်လိုင်း စတုဒိတာ သုံးဆောင်နိုင်ပါပြီရှင် ...




ကုလားပဲ များသော ပဲကြော် ကြိုက်သူရော .. ကုလားပဲ နည်းနည်း မုန့်နှစ်များများ ကြော်ထားသော ပဲကြော် ကြိုက်သူများအတွက် -




မမ " အိန်ဂျယ် " က သားသား " ကောင်းစေ " ကို ဂိမ်းဆော့ရင်းနဲ့ အင်္ဂလိပ် အသံထွက်တွေ ပြင်ပေးနေတာ .. အင်္ဂလိပ် အသံထွက် မှန်ကန်စေဖို့ မောင်လေးကို သင်ပေးနေသော မမ ...


မုန့်ဟင်းခါးကို ထမင်းလွတ် စားဖို့ မတင်းတိမ်နိုင်သူများအတွက်
ထမင်းစားမှ တင်းတိမ်တတ်သော သူများအတွက် ကြက်ဥ ဓါးပေါက် ဆီပြန်ဟင်း


ကန်စွန်းရွက် ချဉ်ရည်ဟင်း


ငပိရည် နှင့် တို့စရာ အစုံ


ကန်စွန်းရွက် ချဉ်ရည်ဟင်း

ထမင်းသုံးဆောင်နိုင်ပါပြီရှင် ...




 

ဒီတခေါက် မုန့်ဟင်းခါးကို ငါးခူ အကောင်လိုက်ကို စပါးလင်၊ ငံပြာရည်ဖြင့် ချက်ထားပါတယ်။

 
 

ဌက်ပျော်အူဖတ် ပါ .. ပါတယ်။


ကြက်သွန်နီဥ ကြိုက်တတ်သူများအတွက် ခပ်များများလေး ထည့်ပေးထားပါတယ်။




 YouTube : ဂိမ်း အိမ်နီးချင်းကောင်းတွေ နဲ့ နောက်လ ဂျွန် ၁၄၊ ၂၀၁၃ ရက်ကျရင် ဖေ့ဘွတ်ဂိမ်းကနေ တွေ့ဆုံခွင့် မရှိတော့လို့ ဂိမ်းဆော့ရင် အိမ်လည်နေသော သားသား

ဒီနေ့ မနက် ဖေ့ဘွတ်က ကိုယ်တို့ သားအမိ သုံးယောက် အကြိုက်နှစ်သက်ဆုံး ဂိမ်းကို ဖေ့ဘွတ်က အကြောင်းအမျိုးမျိုးကြောင့် လာမယ့် ဂျွန်လ ၁၄ ရက်နေ့မှာ ပင်စင်ပေးလိုက်တော့မယ့် သတင်းကို ဖတ်ပြီးကတည်းက စိတ်ထဲမှာ တနုံနုံနှင့် ၀မ်းနည်းနေတာ အမှန်ပါပဲ ..

အဲဒီ ဂိမ်း ဆော့တိုင်း သားအမိ သုံးယောက်က ပျော်နေကြ .. 

အခု ကိုယ် ရေးနေသော Google မှ Blogger ( Blogspot ) ကော ဘယ်တော့ ပင်စင်ယူမလဲး .. 


သူတို့က ပိုက်ဆံရှာနိုင်အောင် လုပ်ထားကြတဲ့ ဆိုဒ်တွေပါ။ ၀င်ငွေ မရှိရင် ရပ်နားတတ်ကြတာ များပါတယ်။ ဘလော့ရေးနေရင်းနှင့် upgrade လုပ်ခိုင်းတတ်ပါတယ်။ တစ်နှစ်ကို ဒေါ်လာ ၆၀ နီးပါးလောက် ဆိုဒ်ကို ၀ယ်ပြီး ဘလော့ရေးခိုင်းတာပါ။ ကိုယ့်က မ၀ယ်ဘူး။ ဒီ တစ်ဆိုဒ် မရရင် နောက်တစ်ဆိုဒ် ကို ပြောင်းသုံးတာ။ တချို့က ဆိုဒ်ကို တစ်နှစ်စာ ၀ယ်သုံးတယ်။ နှစ်စဉ်ကြေး မပေးနိုင်ရင် ဘလော့ဆိုဒ်က ဒေါင်းသွားရော .. မျက်စိရှေ့မှာပဲ ဆိုဒ်သေသွားတဲ့ ဘလော့တွေ အများကြီးပဲ .. အလကားရတဲ့ ဘလော့ရေးပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ ဘလော့ဂါတွေရဲ့ ဘလော့တောင် မသေဘူး။ ပိုက်ဆံ ဆက်မသွင်းတဲ့ ဆိုဒ်တွေက သေသွားတယ်။ 

  နောက်များမှ ကိုယ် အင်တာနက် သုံးရင်း ရပ်နားသွားတဲ့ ဆိုဒ်တွေ ကိုယ်တွေ့ ကြုံတာလေးတွေ ရေးပေးပါမယ်။ ရပ်နားသွားတဲ့ ဘလော့တွေ အကြောင်း မဟုတ်ပါဘူး။ ရပ်နားသွားတဲ့ ၀ပ်ဆိုဒ်တွေ အကြောင်း ...ပြောမှာပါ။

ကိုယ် အင်တာနက်ကို မြန်မာနိုင်ငံမှာ 2001 ခုနှစ်က ရန်ကုန် ရှစ်မိုင်ရုံးက MPT မှာ မိုဒမ်ခေါင်း ကို သွားတပ်ပြီးကတည်းက မြန်မာနိုင်ငံမှာ တယ်လီဖုန်းလိုင်းဖြင့် mpt mail စသုံးနေပါပြီ .. ( ဘာလို့ သွားတပ်တာလည်းဆိုရင် အဲဒီအချိန်တုန်းက ရန်ကုန်က ကွန်ပြူတာမှာ မိုဒမ်ခေါင်း အပေါက်တောင် မပါဘူး။ အဲဒါကြောင့်မို့လို့ system unit box  ကြီး မ ပြီး သွားတပ်ခဲ့ရတာ )
အဲဒါက အီးမေလ်းပဲ ရှိသေးတယ်။ တယ်လီဖုန်းလိုင်းဖြင့် သုံးရသော dial up system
၂၀၀၄ လောက်မှ အင်တာနက် .. အခု ၂၀၁၃ အဲဒီ ကြားမှာ ပင်စင်ယူသွားသော ဆိုဒ်တွေ အများကြီးပဲ .. နောက်မှ သေချာ ပြန်စီပြီး ရေးပေးပါမယ်။
ဘာတစ်ခုမှ မမြဲပါဘူး။ စိတ်မကောင်းစရာပါ။
ဒီနေ့ မပျော်ဘူး။ စိတ်ထဲမှာ တနှံနှံနှင့် မထင်ထားဘူး။
ကိုယ့် တကယ့်ပိုက်ဆံဖြင့် ဆော့နေသော ဖေ့ဘွတ်ဂိမ်းက အဲလိုမျိုး လုပ်သွားတာ တကယ့်ပဲ ခံစားရတယ်။ ဘာမှ မတတ်နိုင်ဘူးလေ .. 
စိတ်မကောင်းပေမယ့်လည်း ကိုယ်မှ မပိုင်တာ .. ဘယ်တတ်နိုင်ပါ့မလဲး ..
လုပ်စရာရှိတာ လုပ်နေရတာပေါ့ ..
နေ့စဉ် အလုပ်တွေက အမြဲတမ်းရှိတယ်။ စိတ်ဆင်းရဲလည်း လုပ်ရမှာပဲ .. ပျော်လည်း လုပ်နေရမှာပါပဲ ..
စားတာ၊ သောက်တာက ရပ်ထားလို့မှ မရတာကိုး။
ချက်၊ ပြုတ်၊ အိမ်သန့်ရှင်း၊ အ၀တ်လျှော်၊ ကလေးထိန်း၊ 
ည အိပ်ခါနီးမှ ဟာသကားတွေ ကြည့်ရင်း အသက်ရှုလေ့ကျင့်ခန်းလုပ် ( ၀င်သက်၊ ထွက်သက် ) မှတ်ရင်း အိပ်တော့မယ်။ 


Credit image

Pet Society is Closing Down

The decision to retire older EA games is never an easy one to make but in order to re-allocate servers and resources to more popular titles we are removing Pet Society from Facebook. Players who still have a balance of in-game currency are encouraged to spend it before the game is shut down on 14th June and is no longer available for play. 



Credit image

မီးဖိုချောင်မှာ စားဖို့ သောက်ဖို့ ချက်ပြုတ်၊ အိမ်သန့်ရှင်း၊ အ၀တ်လျှော်၊ ထမင်းခူး၊ ထမင်းစား၊ မုန့်ဖုတ်၊ ရေချိုး၊ ညနေစောင်း ဖေ့ဘွတ် ပြန်ဝင်တော့ ထပ်ပြီး စိတ်ထိခိုက်ရပါတယ်။

ဘော့စတန်မြို့မှာ မာရသွန်ပွဲ ကျင်းပနေတုန်း ဗုံးပေါက်ခွဲသွားတာပါ။ ၈ နှစ်အရွယ် ကလေး အပါအ၀င် လူ သုံးဦး သေဆုံးပြီး .. ၁၃၀ လောက် ဒဏ်ရာ ရသွားကြပါတယ်။

အဲလိုမျိုး ကြုံရတဲ့ အခါမှာ ကိုယ်ချင်းစာနာစိတ်ဖြင့် တကယ့် စိတ်ထိခိုက်ရပါတယ်။ မာရသွန် ပြိုင်ပွဲ၏ ပန်းတိုင် ရောက်ခါနီးမှာ ချိန်ကိုက်ပြီး ဗုံးပေါက်ခွဲသွားတာပါ။

ဗီဒီယိုတွေ သေချာကြည့် ကြည့်ပါ။ မာရသွန်ပြေးနေတဲ့ လူတွေတောင် မထင်မှတ်ထားဘူး။ ပြေးနေရင်း တန်းလှမ်းနဲ့ ရပ်ကြည့် အားပေးနေသော လူထုကြားမှာ ဖြစ်သွားတာပါ။



Credit image

2 comments :

ခရစ္စတလ် said...

စားချင်စရာတွေကို စားချင်စဖွယ်တွေ့ရတော့ စားချင်စိတ်တွေဖြစ်ပြီး ကြည့်ပြီး ပြန်သွားပါပြီ အဟင့် :P

သီရိရတနာ said...

@ ခရစ္စတလ် - Happy Myanmar New Year to you! :)