Sunday, April 7, 2013

မုန့်ဆီကြော်

ဒီနေ့ အမေရိကားမှာ ကလေးတွေ ကျောင်းလာတက်တာ ( ၂ ) နှစ်ပြည့်တဲ့နေ့ ...
မိသားစု ( ၄ ) ယောက် စုစုစည်းစည်း ပြန်ဆုံတာလည်း ( ၂ ) နှစ် ပြည့်တဲ့နေ့ဖြစ်သလို ...
ကျေးဇူးရှင် ဖေဖေ နှင့် ကိုကို၊ အစ်မများ .. ဆွေမျိုး အားလုံးနဲ့ မတွေ့ဖြစ်တာ ( ၂ ) နှစ်ပြည့်တဲ့ နေ့ပါပဲ ...


အစ ပထမ .. ဘေးဘယာတွေ ဝေးကွာစေဖို့ ဘယာကြော် .. ကြော်စားမလို့ပဲ ...
ဒါပေမယ့် စိတ်ပြောင်းသွားလို့ .. မုန့်ဆီကြော် .. ကြော်စားဖြစ်ပါတယ်။

မုန့်ဆီကြော်

ပါဝင်ပစည်းများက -

  1. ကောက်ညှင်းမှုန့် - 2 cups
  2. ဆန်မှုန့် - 1/2 cup
  3. ရေ - 1 1/2 cup
  4. ဆား - အနည်းငယ်
  5. ဆိုဒါမှုန့် - လက်ဘက်ရည်ဇွန်း လေးပုံ ၁ ပုံ
  6. ထန်းလျက်ရည် ပြစ်ပြစ် - 1/3 cup
  7. နှမ်းလှော် - အနည်းငယ်
  8. အုန်းသီးခြစ် - အနည်းငယ်


ကောက်ညင်းမှုန့် ( Glutinous rice flour ) - 2 cup
ဆန်မှုန့် ( Rice flour ) - 1/2 cup
ရေ - 1 1/2 cup


soda - 1/4 tsp


ထညက်ခဲတုံးများကို ရေ ထည့်ပီး မီးဖိုမီးဖြင့် မပြစ်မကျဲ ထညက်ရည် ကျိုထားပါ။


ထညက်ရည် ပြစ်ပြစ် - 1/3 cup


ဆား အနည်းငယ် ထည့်ပြီး မုန့်နှစ်ရည်ကို မပျစ်မကျဲလေး ဖျော်ပြီး နာရီဝက်လောက် အဖုံး ဖုံးပီး နှပ်ထားပါ။


  • မီးဖိုပေါ်မှာ pancake pan ထဲ ဆီများများ ထည့်ပြီး အပူပေးပါ။
  • ဆီပူသောအခါ မုန့်နှစ်ရည်များကို မွှေပြီး Pan ထဲ လောင်းထည့်ပြီး ကြော်ပါ။
  • Pan cake ကြော်သလိုမျိုးပါပဲ .. 
  • တခြမ်းပဲ ကြော်ပေးရုံပါပဲ ..
  • အလယ်သားများ ဖောင်းတက်လာပါလိမ့်မယ်။ 
  • အလယ်သားပေါ်မှာ မီးမြေးမြေးဖြင့် လှော်ထားပြီးသော် နှမ်းလှော် နှင့် အုန်းသီးခြစ်များ ထည့်ပြီး ကြော်ပါ။
  • ဘေးသားများ ကြွပ်ပြီ ဆိုလျှင် ဆယ်ယူပြီး ဆီစုပ် တစ်သျှူးပေါ်မှာ မုန့်မှ ဆီများကို စုပ်ပါ။

* *  မီးဖိုမီး ( အလယ်မီး - နံပါတ် ၅ )၊ ( အလယ်မီး တစ်ထစ်လျှော့ - နံပါတ် ၄ )၊ ( အလယ်မီး တစ်ထစ်တိုး - နံပါတ် ၆ ) ဖြင့် မီးကစားပြီး ကြော်စားပါ။

မီးအရှိန်တက်လာရင် နံပါတ် တစ်ထစ်လျှော့ .. မီး အရှိန်နည်းသွားရင် နံပါတ် တစ်ထစ်တိုးပြီး မီးကစားသွားပါက မုန့်များ အဆင်ပြေပြေဖြင့် ကြော်စားနိုင်ပါလိမ့်မယ်။



( ရန်ကုန်မှာ နေသူများကတော့ အလွယ်တကူ ၀ယ်စားလို့ ရသလို .. ကောက်ညှင်းဆန် နှင့် ဆန်ကြမ်းကို ဈေးထဲမှာ သွားပြီး မုန့်ကြိတ်လို့လည်း ရပါတယ်။ နိုင်ငံရပ်ခြား - ရေခြား၊ မြေခြား ရောက်ရှိနေသူများကတော့ အလွယ်တကူ ကောက်ညှင်းမှုန့် ( Glutinous rice flour ) နှင့် ဆန်မှုန့် ( Rice flour ) ၀ယ်လို့ရလျှင် မုန့်ဆီကြော် ကြော်စားလို့ ရပါတယ်။ ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် အလွယ်တကူ မရနိုင်တဲ့ နေရာဆိုလျှင် ကိုယ့်ဘာသာကိုယ် ကြိတ်စက်ဖြင့် ကြိတ်လို့ ရပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဒီဘလော့မှာ ဆန်မှုန့် ကြိတ်နည်း ရေးခဲ့ဖူးပါသေးတယ်။
စိတ်ကူး မုန့်ဟင်းခါး ပိုစ့်မှာပါ။ ဖတ်ချင်လျှင် ဒီနေရာမှာ ကလစ်နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။ ) 







ကိုယ်ကြော်စားတာ မုန့်ဆီကြော် ပလိန်းပါ .. နှမ်းလှော် မပါသလို .. အုန်းသီးခြစ်ဖတ် မပါ ပါဘူး။

အိမ်မှာ နှမ်းများက ပေါင်မုန့် ( Buns ) များပေါ် ရောက်သွားလို့ ကုန်နေသလို ..
အုန်းသီးခြစ်က ကုလားဆိုင် မရောက်ဖြစ်သေးလို့ ကုန်နေပါတယ်။

မုန့်ဆီကြော်၏ ဘေးနား ကြွပ်ကြွပ်များက သားသား အလွန်ကြိုက်သလို .. မုန့်ဆီကြော်၏ အလယ်သား ထညက်ရည် ချိုချို မုန့်သားပျော့ပျော့များက ကိုယ် အလွန်ကြိုက်ပါတယ်။

ထညက်ရည် ကောက်ညှင်းမှုန့်သား ကို ကော်ဖီခါးခါး နှင့် အတူ တွဲစားရတာ ပိုကြိုက်ပါတယ်။ ကိုယ့် အတွက် မုန့်ဆီကြော် တစ်ခုလောက် စားရရင် တော်တော် ဗိုက်ဝ သွားပါပြီ ...


13 comments :

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

သီရိရတနာ said...

@ May Nyein Chan - သီရိရတနာ မိသားစုအိမ်ကို လာလည်တာ ကျေးဇူးတင်ပါတယ် ...

ကွန်မန့်တွေက ရေးပြီးရင် Publish နှိပ်လိုက်တာနှင့် save ဖြစ်သွားပါတယ်။ အမရဲ့ Blog ပေါ်ကို Auto မတက်လာပါဘူး။

အမရဲ့ Blog မှာ Comment Moderation? ( On ) ထားလို့ပါ ...

တခြား ဘလော့တွေမှာ Comment Moderation? ( Off ) လုပ်ထားရင် ဘလော့ကို လာလည်သော ဧည့်သည်က ကွန်မန့်ပေးလိုက်တာနှင့် ဘလော့ပေါ်ကို ချက်ချင်းတက်ပါတယ်။

Blogspot မှာက တခါတရံမှာ ကြော်ငြာများပါသော ကွန့်မန့် နှင့် ဘလော့ပျက်အောင် လုပ်သော Spam comments များ ရှိတာမို့ ကွန်မန့်ကို အမက Moderation လုပ်ပြီးမှ ကွန်မန့်တွေကို Approve လုပ်ပေးတာပါ။

Comment ကို လူတိုင်းပေးလို့ရအောင် Anonymous ပါ ဖွင့်ပေးထားပါတယ်။

ကွန်မန့် အမှတ်တရ ခြေရာချန်ပြီး ရေးပေးသွားတာ ကျေးဇူးတင်ပါတယ်ရှင် ~~~

Theingi said...

မရေဒါလေးလဲကြော်စားအုံးမယ် ဟိုရက်ကတော့ မုန့်လက်ကောက်ကြော်တာ အမနည်းနဲ့တော်တော်ကိုကောင်းတယ် ဒီကိုရောက်တည်းကမုန့်လက်ကောက်လုပ်တာ အဆင်ကိုမပြေဘူး ခုတော့မနည်းနဲ့လုပ်တာ တအားကောင်းတာပဲ....ကျေးဇူးနော်မမ
ထန်းလျက်ရည်မရတော့ မုန့်ဆီကြော်ကို ကြံသကာနဲ့လုပ်လို့ရမလားမမ

သီရိရတနာ said...

@ Theingi - ကြံသကာနဲ့ လုပ်မယ်ဆိုလည်း ရပါတယ်။

Palm jaggery ( ထညက်ခဲ ) -
Brown sugar ( ကြံသကာ ) အမ မုန့်လုံးရေပေါ် မုန့်လုံးရေပေါ် ပိုစ့်မှာ ဓာတ်ပုံလေးတွေနဲ့ ရေးပေးထားပါတယ်။

ကြံသကာက ဗီယက်နမ်ဆိုင်မှာ ၀ယ်ပြီး ထညက်ခဲက ကုလားဆိုင်မှာ ၀ယ်တာပါ။

ဒါက wiki မှ ထညက် အကြောင်း ရှင်းပြထားတာ ..
Jaggery - wiki

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
အစ်မရဲ့စာတွေကို ဖတ်ဖြစ်တာ ကြာနေပြီပေမဲ့ တစ်ခါမှမရေးဖူးဘူး။သားတို့သမီးတို့ အကြောင်းရေးထားတာဖတ်ရတာကို အရမ်းနှစ်သက်တယ်။အစ်မ အများကြီးရေးနိုင်ပါစေ။
မေငြိမ်း

maynyeinchan said...

အစ်မ
မသိပါဘူးအစ်မရယ်။ပေါ်လာတာမတွေ့တာနဲ့ တောက်လျှောက်ပို့နေတယ်။ချွေးတောင်ပြန်သွားတယ်။ကျေးဇူးတင်ပါတယ်နော်။ရှင်းပြပေးလို့။အစ်မရဲ့ ဘ၀ကိုအရမ်းအားကျတယ်။နေ့တိုင်း အစ်မ blog မှာ အသစ်ဘာတင်လဲဆိုတာ အရင်ဆုံးဖွင့်ကြည့်တယ်။အစားအသောက်အကြောင်းရေးတာထက် ကလေးလေးတွေအကြောင်းရေးထားတာဖတ်ရတာကို ပိုနှစ်သက်တယ်။ဖတ်နေရင်း သိင်္ဂါရ ရသ တွေခံစားရတယ်။အစ်မတို့ မိသားစုဘ၀ ထာဝရ ရွှင်လန်းချမ်းမြေ့ပါစေ။

သီရိရတနာ said...

@ May Nyein Chan - အား ... ပါး .. ပါး .. အရေးအသားက မြင့်သွားပြီ .. သိင်္ဂါရ ရသ တဲ့ ...

အမတောင် ဘလော့ရေးတာ ရသ အကြောင်း တစ်လုံးမှ မရေးဘူးဖူး ... :)

စာပေ ရသ ( ၉ ) ပါး -

(၁) သိင်္ဂါရ ရသ (ချစ်ခင်ခြင်း)

(၂) ဟသာရသ (ပြုံးရယ်ခြင်း ၊ ရွှင်လန်းခြင်း)

(၃) ရုဒ္ဓရသ (ရုန့်ရင်းကြမ်းတမ်းခြင်း)

(၄) ကရုဏာရသ (သနားကြင်နာခြင်း)

(၅) ၀ီရရသ (ရဲရင့်ခြင်း ၊ တက်ကြွခြင်း)

(၆) ၀ိဘစ္ထရသ (ရွံ့ရှာစက်ဆုတ်ခြင်း)

(၇) ဘယာနကရသ (ကြောက်ရွံ့ထိတ်လန့်ခြင်း)

(၈) အဗ္ဘုတရသ (အံ့သြခြင်း)

(၉) သန္တရသ (တည်ငြိမ်ရင့်ကျက်ခြင်း ၊ အေးချမ်းခြင်း)

သီရိရတနာ မိသားစု ဘလော့အိမ်ကို အမြဲ လာလည်တယ်ဆိုလို့ ကျေးဇူးပါနော်။

အခုလို အမှတ်တရ .. မှတ်ချက်ပေးသွားတာကိုလည်း အထူးကျေးဇူးတင်ပါတယ်။

ဘလော့မှာက တစ်နေ့ကို ထောင်ချီ နီးပါးလောက် ဧည့်သည်ရှိပေမယ့် .. လာလည်တဲ့ နိုင်ငံ အရည်အတွက် နှင့် ဧည့်သည်၏ တည်နေရာ ISP လောက်ပဲ သိရှိနိုင်တာပါ။

ဒီလိုမျိုး ခင်မင်မှု့ဖြင့် ရေးသော မှတ်ချက် .. ( သို့မဟုတ် ) မေးမြန်းချင်တာမျိုး .. ဧည့်သည်က တုံပြန်မှပဲ ဘလော့ပိုင်ရှင်က သိပါတယ်။ နို့မို့ဆိုရင် ဘယ်သူ့တွေ လာဖတ်မှန်း သိပ်မသိကြပါဘူး။

Theingi said...

မရေဒီနေ့ပဲ ဂျေဂရီရှာပုံတော်ဖွင့်လိုက်တာ ရသွားပြီ...ကျေးဇူးနော် ထလျက်မှအစစ်ပဲ သဲလေးတောင်တရှပ်ရှပ်နဲ့ အာရဗ်ဆိုင်ကရခဲ့တာ

သီရိရတနာ said...

@Theingi - ၀မ်းသာလိုက်တာ .. သင်္ကြန် မုန့်တွေအတွက်ပါ အဆင်ပြေသွားပြီ ... :)