Wednesday, April 3, 2013

တချိန်လုံးချိန်းနေသော Facebook

FB

Facebook က တချိန်လုံး ချိန်းနေတာပဲ .. .
မိသားစု ဖေ့ဘွတ် သုံးနေတာ အကောင့် တခု နဲ့ တခု ကို သူ့က ခွဲခြား ခွဲခြားနဲ့ ပုံစံပြနေတယ်။
ဒါက သမီးလေးရဲ့ ဖေ့ဘွတ် အကောင့် .. Facebook - Like . Comment . Send . Share - Share နှိပ်လိုက်ရင် မြင်ရတဲ့ ပုံစံ ..
အဲဒီ ပုံစံကို ကိုယ့်ရဲ့ ဖေ့ဘွတ်မှာလည်း မြင်ရတယ်။
သားသား ဖေ့ဘွတ်ကျတော့ မမြင်ရဘူး။
မိသားစု ဖေ့ဘွတ် သုံးတာ တယောက်နဲ့ တယောက် မတူအောင် ထားထားတယ်။ :D

send

Facebook - Like . Comment . Send . Share

angel fb new 2

ပြောင်းနေတာပဲ -
ငါပဲ မင်းကို သုံးနေတာ မပြောင်းလဲသေးတာ -
မင်းကတော့ တချိန်လုံး ပြောင်းနေတာပါပဲလား ဖေ့ဘွတ်ရယ် -
မင်းကြောင့် ဂိမ်းကစားရလို့ ငါ့ပိုက်ဆံတွေလည်း ကုန်နေပြီ -

angel fb new

မင်းရဲ့ ဒီဇိုင်းအသစ်က ကျဉ်းသွားတယ်။
အရင်တုန်းကလိုမျိုး Star ကို နှိပ်လိုက်ရင် ပုံ အကြီးကြီး မြင်ရတာ ပိုကောင်းတယ်။
အခုက မြင်ကွင်းကျဉ်းသွားတယ်။
မကောင်းဘူး။
ဓါတ်ပုံ တစ်ပုံခြင်းစီ ကြည့်ရင်  မြင်ကွင်း ကျယ်တာ -- ကြီးတာကတော့ အရင်ကတည်းပါ။ အခုတော့ ပိုကြီးသွားတယ်။ ကိုယ့် ကွန်ပြူတာက ၂၃ လက်မ ဆိုတော့ အဲဒီ screen အပြည့်ကို ဓါတ်ပုံက မြင်ရတယ်။
Facebook profile မှာတော့ ဓာတ်ပုံ သေးသွားတယ်။ တစ်ပုံခြင်းစီ ကြည့်ရင်တော့ ဓာတ်ပုံ ကြီးတယ်။

fb new   feed

Star နှိပ်ထားသော ကော်လံလေးနဲ့ bookmark ပုံစံလိုမျိုး လာပြနေသေးတယ်။

new share design

ဒီ ဓာတ်ပုံက ဖေဖော်ဝါရီ ၂၇၊ ၂၀၁၃ က ပိုစ့်
" လူတကာသုံးသော Facebook " ပိုစ့်မှာ တင်ဖူးတဲ့ ဓာတ်ပုံ အဟောင်း ..
ကိုယ့် ဖေ့ဘွတ် အကောင့်မှာ အဲဒီ ပုံစံ မြင်နေတာ ဖေဖော်ဝါရီလကတည်းက -
သမီး ဖေ့ဘွတ်မှာ ဒီနေ့မှ စ မြင်ရတယ်။
ကိုယ့်က ဖေ့ဘွတ် setting ကလိထားလို့ အဲလို ပေါ်နေတယ် ထင်နေတာ။
ဘယ်ဟုတ်မလဲး ဖေ့ဘွတ်က ကလိနေတာကိုး ..
ပြင်လွန်းအားကြီးသော - ဖေ့ဘွတ် --

သြော် - အဲဒီ လူတကာသုံးသော ဖေ့ဘွတ် ပိုစ့်ကို Favourite Memories ဘလော့မှာ ရေးတဲ့ ပုံစံ စာသားနဲ့
 သီရိရတနာ blogspot မှာ ရေးသော ဖေ့ဘွတ်၊ ကျောင်း ပိုစ့် စာသား မတူဘူး။

ဒီဘလော့က ဧည့်သည် အလာများလို့ သတိထားပြီး ရေးတယ်။
Favourite Memories  ဘလော့က မြန်မာလို မဖတ်တတ်သော နိုင်ငံခြားသား အလာများလို့ ရေးချင်သလို စိတ်ထဲ ရှိတာ ရေးတယ်။ ဒါကြောင့် စာသား မတူဘူး။

ဘလော့မှာ ဧည့်ဆိုး သိပ်မရှိတော့ဘူး --- ဘလော့ကို လာဖတ်တဲ့ ဧည့်သည် တော်တော်သန့်သွားပြီ။ 

မကောင်းတဲ့လူတွေက ဖေ့ဘွတ်ပေါ်မှာ ငဖွကြီးတွေ ဖြစ်နေလို့ ဘလော့လောက တော်တော် လူသန့်သွားပြီ -- :D

0 comments :