Friday, April 5, 2013

DIY : ( Home made ) ခြင်ဖမ်း ထောင်ချောက်





credit image first uploaded onto the internet


ခြင်ဖမ်း ထောက်ချောက် ( အိမ်တွင် ပြုလုပ်သည် ) 

လိုအပ်သော အရာများ -

  1. 200 ml - water
  2. 50 grams - brown sugar
  3. 1 gram - yeast
  4. 2-liter plastic bottle

ပြုလုပ်ပုံ -


  • ၂ လီတာ ပလပ်စတစ်ဗူးကို တ၀က် ပိုင်းဖြတ်ပါ။
  • သကြား နှင့် ရေနွေးနွေး ကို အရည်ဖျော်ပါ။ သကြား အရည်ဖျော်ပီးပါက အအေးခံပါ။ အေးသွားပြီ ဆိုလျှင် ပိုင်းဖြတ်ထားသော ပလပ်စတစ်ဗူး အောက်ခြေ အပိုင်း ထဲ သို့ ထည့်ပါ။
  • Yeast ( တဆေး ) ကို ထည့်ပါ။ မွှေပေးရန် မလိုအပ်ပါ။  ခြင်တွေကို ဆွဲဆောင်ဖို့ အတွက်  ကာဘွန်ဒိုင် အောက်ဆိုဒ် ဖြစ်ပေါ်လာစေဖို့ ဖန်တီးထားခြင်း ဖြစ်ပါတယ်။
  • ကတော့ပုံစံ ဖြစ်နေသော ပလပ်စတစ်ဗူး အပိုင်းကို ပုံပါ အတိုင်း အပေါ်မှ စွပ်လိုက်ပါ။ ပြီးလျှင် အမဲရောင်  တိတ် ( မီးတိတ် )  ဖြင့် ပုံပါ အတိုင်း ဗူး ၂ ခု ဆက်ကြောင်းကို ပတ်ထားပေးလိုက်ပါ။ 
  • ခြင်များက အမဲရောင်ကို ကြိုက်နှစ်သက်သောကြောင့် ဖြစ်နိုင်လျှင် ပိုင်းဖြတ်ထားသော ပလပ်စတစ်ဗူးကို အမဲရောင် တိတ်ဖြင့် အပြည့် ပတ်ထားလိုက်ပါ။
  • အပေါ်မှာ ဘာမှ မအုပ်ထားပါနှင့် ...
  • အိမ်ပြင် ( သို့မဟုတ် ) ခြင်များ ခိုအောင်းနိုင်သော နေရာ၊ ပန်းခြံ၊ အိမ်ခန်းထောင့်များမှာ ထားပေးပါ။

 ဖျော်စပ်ထားသော ပျော်ရည် ( solution ) က ၂ပတ်ကြာမျှ အစွမ်းရှိပါတယ်။ 

** US and Metric Conversion


  • 3/4 cup = 175 ml
  • 1 cup = 250 ml 


  • 4 tbsp = 50 g
  • 1/5 tsp = 1 g



ကိုယ့် USA သီးသန့် ထားသော ဖေ့ဘွတ် အကောင့်မှ နေပြီး Friend list ထဲက သူငယ်ချင်းတွေ share ထားတဲ့ ထဲကနေ DIY ဗဟုသုတ .. ဒီဇိုင်း .. ဖန်တီးမှု့ - ဆိုတာကို အရမ်း သဘောကျနေပါတယ်။

 နောက်ပိုင်း ကိုယ် မုန့်ဖုတ်ထားသော ပေါင်မုန့် ဒီဇိုင်းတို့ ဆိုတာက အဲဒီ Facebook ထဲက သူငယ်ချင်း share ထားတဲ့ အထဲကနေ ကိုယ် ပညာယူထားတာပါ။  အခုရက်ပိုင်း ပိုစ့်တင်ထားသော မိချောင်းပုံစံ ပေါင်မုန့် ---

ကိုယ့်အတွက် ဖေ့ဘွတ်က တကယ် အသုံးဝင်တယ်။ အမေရိကားကို ရောက်တာ ဒီလ ၇ ရက်နေ့ဆို ၂ နှစ်ပြည့်ပါပြီ ... ဖေ့ဘွတ်ကနေ ဒီဘက်က လူတွေရဲ့ နေထိုင်မှု့ Life style လေးတွေ သိရတယ်။ ရိုးရာဓလေ့ ထုံးစံလေးတွေ သိရတယ်။ ကိုယ်ကသာ အိမ်မှာ .. Friend တွေက ဒီနေ့ ကွန်နတ်တီကတ်၊ မနက်ဖြန်  LA .. နောက်တနေ့ Nevada သွားနေကြတဲ့ လူတွေ .. ခင်ဖို့လည်း ကောင်းပါတယ်။  သူတို့ကို ပြသနာ ရှာမယ့်လူစား မဟုတ်ဘူး ဆိုတာလည်း သူတို့ လူကဲခတ်တတ်ပါတယ်။ အေရှန် ယဉ်ကျေးမှု့ ( Asian culture ) ကိုလည်း သူတို့ နားလည်တယ်။ All are equal အနေဖြင့်လည်း ဆက်ဆံတတ်ပါတယ်။ လူမှု့ဆက်ဆံရေးမှာ ဘောင်မကျော်လာပဲ သူ့စည်း .. ကိုယ့်စည်းလေးနဲ့ဆိုရင် ပေါင်းသင်းဆက်ဆံလို့ အကောင်းဆုံးပါပဲ ...

Facebook က သုံးတတ်ရင် တကယ့် အကျိုးရှိတာပါ။ 

ကိုယ့် နောက်ပိုင်းကျရင် ရွှေမြန်မာများအတွက် အသုံးတည့်မယ့် DIY တွေ share ပေးပါ့မယ်။


ဒါ ပေါင်မုန့်၊ အီကြာကွေး မုန့်တွေ ဖုတ်တဲ့ အခါမှာ သုံးသော Yeast ( တဆေး ) 
အမေရိကားမှာတော့ ၂ ဒေါ်လာ

2 comments :

Linn Maung Maung said...

လာရောက်ဖတ်ရှုသွားပါတယ်ဗျာ အစ်မဆိုက်ကိုဝင်ကြည့်တာ ဗိုက်တောင် တော်တော်ဆာသွားပြီ www.linmgmg.blogspot ကကြိုဆိုပါတယ်။ Link လဲပေးထားပါတယ်။

သီရိရတနာ said...

@ Linn Maung Maung - အမ ဘလော့ မိသားစုအိမ်ကို လာလည်တာ ကျေးဇူးတင်သလို --- လင်းမောင်မောင် ၏ ဘလော့အိမ်ကို လာလည်ဖို့ ဖိတ်ခေါ်တာကိုလည်း ကျေးဇူးတင်ရှိပါတယ် ... :)