Thursday, April 4, 2013

မုန်ညှင်းချဉ် ဖက်ထုတ် ချဉ်စပ်၊ ကြက်သွန်ဖြူ ၀က်ချိုနှပ်၊ မြေပဲဆားထောင်း၊ ၀က်ပေါင်ခြောက်ကင်သုပ်


မုန်ညှင်းချဉ် ဖက်ထုတ် ချဉ်စပ်၊ ကြက်သွန်ဖြူ ၀က်ချိုနှပ်၊ မြေပဲဆားထောင်း၊ ၀က်ပေါင်ခြောက်ကင်သုပ်




မုန်ညှင်းချဉ် ဟင်းရည်ကို ချဉ်စပ် ချက်ပြီး ဟင်းရည် ပွက်ပွက်ဆူ -- ကျက်လာခါနီးမှ ဖက်ထုတ် အစိမ်း ထည့်ပြုတ်ထားသော --


မုန်ညှင်းချဉ် ဖက်ထုတ် ချဉ်စပ် ဟင်းရည်


ဝက်သား ကို ကြက်သွန်ဖြူ အခွံမခွါပဲ အလုံးလိုက် ရေဆေး  ထည့်ပြီး အချိုနှပ် ချက်ထားသော ကြက်သွန်ဖြူ ၀က်ချိုနှပ် ( အဲဒီ ချက်နည်း ဒီဘလော့မှာ ၂၀၁၁ လောက်က ရေးဖူးပါသေးတယ်။ )


ဟင်းအနှစ်ထဲမှာ ပုစွန်ခြောက် အကောင်တွေ ပါတယ်။ ပုစွန်ခြောက် အကောင်သေးသေးပဲ ဒီမှာ ၀ယ်လို့ ရလို့ ပုစွန်ခြောက် အကောင် ပျောက်နေတယ်။ ရန်ကုန်မှာတုန်းက အဲဒီ ဟင်းချက်ရင် ရွှေပုစွန်ခြောက် အကောင်ကြီးကြီးတွေ ထည့်ချက်တယ်။


Ham ( ၀က်ပေါင်ခြောက် ) ကို အသား နီရဲတဲ့ အထိ ကင်ပြီး ခပ်ပါးပါးလှီး ၊ ပါးပါးလှီးထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်ဆီဖြင့် သုတ်ထားသော ၀က်ပေါင်ခြောက် ကင်သုပ်


ဒီဘလော့မှာ Ham Salad ပိုစ့် ရှိတယ်။ အဲဒီ ပိုစ့်မှာ Ham ကို ကြွပ်တဲ့ အထိ မကင်ထားဘူး။


သံပုရာသီး ညှစ်ပီး သုပ်လို့ ရသလို နံနံပင်လည်း ထည့်သုပ်လို့ ရပါတယ်။

 
 မြေပဲ၊ ငရုတ်သီးစိမ်း၊ ဆား အပါ ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပြီး ဆီဆမ်းထားသော

 
 မြေပဲ ဆားထောင်း



 


ဟာသ ဆို အရမ်းကြိုက်တယ်။ အဲဒီအဖွဲ့ရဲ့ လူငယ်စတိုင် ---  ပေါ့ပေါ့ပါးပါး --- တစ်ယောက်ကို တစ်ယောက် ဖဲ့နေတာ ရီရတယ်။ 
ကျီစားသန်က ရန်များ၏ တဲ့ 
ဒါပေမယ့် ... 
သူတို့ အဖွဲ့သူ အဖွဲ့သားများ အားလုံး အမြဲ တွဲလက်ညီကြပါစေ ...


0 comments :