Wednesday, April 3, 2013

မုန့်လက်ကောက်ကြော်၊ ထညက်ရည်၊ ဒိန်ချဉ်



မုန့်လက်ကောက်ကြော် နှင့် ထညက်ရည်


ကောက်ညှင်းမှုန့်၊ ဆန်မှုန့်၊ ကုလားပဲ အစိမ်းမှုန့်



မုန့်သား ညက်နေအောင် နှယ်အပြီး



မုန့်သားတွေကို လက်ကောက်ကွင်း ပုံစံ လုပ်ထားပါ။


ပြီးရင် ဆီနှစ်ပြီး ကြော်ပါ။



ထညက်ရည်



မုန့်လက်ကောက်ကြော်



ဒိန်ချဉ် နှင့် ထညက်ရည်



ဒီက ဒိန်ချဉ် ကောင်းတယ်။ 



ဖန်ခွက်ထဲ ဒိန်ချဉ် နှင့် ထညက်ရည် ထည့်ပီး စားရုံပါပဲ ---
ငယ်ငယ်တုန်းက အိမ်ရှေ့မှာ လာရောင်းသော ဒိန်ချဉ် အသည်ဆီက ဒိန်ချဉ်ထုပ် ၀ယ်တယ်။ ပလပ်စတစ်လေးနဲ့ ထုတ်ပေးတယ်။
ပလပ်စတစ် အိတ်သေးသေးလေးထဲကို ဒိန်ချဉ်အိုး - မြေအိုးထဲက ဒိန်ချဉ်တွေ ခပ်ထည့်ပေးပြီး အပေါ်မှာ ထညက်ရည် ဆမ်းပေးတယ်။
ကိုယ့်က မလိုင် ကြိုက်တတ်လို့ မလိုင်ဖတ်တွေလည်း ခပ်များများ ထည့်ပေးတတ်တယ်။ ပြီးရင် ပလတ်စတစ်ထုတ်ကို သရေပင်နဲ့ ချီပြီး ထုတ်ပေးတယ်။

အဲဒီအခါမှာ ကိုယ်က ဒိန်ချဉ် ထုတ်ကို လက်နဲ့ လှုပ်လိုက်တယ်။ ဒိန်ချဉ် နှင့် ထညက်ရည် သမနေအောင် လက်နဲ့ လှုပ်ပြီး ရော သမ မွှေလိုက်တယ်။ ပြီးရင် ရေခဲသေတာ အပေါ်ထပ် ( ရေခဲခန်း ) ထဲ ထည့်လိုက်တယ်။ 

ညလောက်ကျရင် တီဗီက လာတဲ့ ရုပ်ရှင် ကြည့်ရင်း ဒိန်ချဉ် ရေခဲထုတ်ကို စားတယ်။ 


ထညက်ရည် ပြစ်ပြစ်


စားပါအုံးလား ... မုန့်လက်ကောက်ကြော်လေ --




မုန့်လက်ကောက်ကြော်တွေ အေးသွားပြီ ဆိုရင် မုန့်သား မမာသွားအောင် - ပလတ်စတစ်ဘူးထဲ ထည့်လိုက်တယ်။ ဒီ အတိုင်း အပြင်မှာ ၈ နာရီလောက် ထားလို့ရပါတယ်။ ဘာမှ မဖြစ်ဘူး။ 

နည်းနည်း ကြာမှ စားမယ်ဆိုရင်တော့ လေလုံ ထားတာ ပိုကောင်းတယ်။


ကလေးတွေ ကြိုက်လို့ ထပ်ပြီး မုန့်ဖုတ်ပေးရသော မာရိန်း ကွတ်ကီးလေးများနှင့် မုန့်လက်ကောက်ကြော်


မာရိန်း ကွတ်ကီး လုပ်ဖို့ ခရမ် အဆင့်သင့်


ဒီတခေါက် ကာလာ မဆိုးတော့ဘူး။ အဖြူထည် 




ခရမ်မွမွ နှင့် ခပ်ကြွပ်ကြွပ်လေး မုန့်ဖုတ်ပေးထားသော Meringue cookie


ချက်နည်း မနေ့က တင်သော ပိုစ့်မှာ ရေးပြီးသွားပြီ - Meringue Cookie


** မုန့်လက်ကောက်ကြော် ချက်၊ စားနည်း **


ကောက်ညင်းမှုန့် ( Glutinous rice flour ) - 1 cup
ဆန်မှုန့် ( Rice flour ) - 1/3 cup


ကုလားပဲမှုန့် ( အစိမ်း ) - 1/3 cup
ရေ - 3/4 cup


မုန့်သား နှယ်နေရင်းနဲ့ မုန့် အစေးပေါက်တဲ့ အထိ နှယ်ပေးပါ။

ကုလားပဲ အစိမ်းမှုန့် အစား ( ကုလားပဲပြုပ်ကိုလည်း အသုံးပြုလို့ ရပါသေးတယ်။ ပိုကောင်းတာပေါ့နော် )


soda - 1/2 tsp

အမှုန့်များ အားလုံးကို ထည့်ပီး လက်တဖက်က နှယ်နေတဲ့ အချိန်မှာ ရေကို 1/2 cup  ဖြေးဖြေးလောင်းထည့်ပီး မုန့်သား နှယ်ထားပါ။

ပြီးမှ ရေကို နောက်ထပ် 1/4 cup ထပ်ထည့်ပြီး နှယ်ပါ။ အဲဒါဆို ရေ - 3/4 cup

မုန့်သား ညက်လာပြီဆိုရင် .. နာရီဝက် လောက် မုန့်သားကို အ၀တ်အုပ်ပြီး နှပ်ထားပါ။

ပြီးလျှင် - မုန့်သား ကို လက်နှစ်ဖက် ဖြင့် အရှည်လိုက် လုံးပီး မုန့်လက်ကောက်ကွင်းလုပ်ထားပါ။

မီးမြေးမြေး အနေအထားနှင့် 

ဆီပူအိုးထဲမှာ မုန့်လက်ကောက်ကွင်း အ၀ိုင်း ပုံစံ မပြတ် ထည့်ပီး ဆီနှစ်ကြော်ပါ။
 

ထညက်ခဲတုံးများကို ရေ ထည့်ပီး မီးဖိုမီးဖြင့် မပြစ်မကျဲ ထညက်ရည် ကျိုထားပါ။

0 comments :