Tuesday, April 2, 2013

သခွါးသီးချဉ်ဖတ်၊ ငပိရည်၊ ငပိထောင်း၊ ပြောင်းဖူးကြော်၊ အမဲသားဆီပြန်ဟင်း၊ ပဲနီလေး ပဲကြာဇံဟင်းချို


သခွါးသီးချဉ်ဖတ်၊ ငပိရည်၊ ငပိထောင်း၊ ပြောင်းဖူးကြော်၊ အမဲသားဆီပြန်ဟင်း၊ ပဲနီလေး ပဲကြာဇံဟင်းချို


ဒါ ဟမ်ဘာဂါနှင့် အတူ တွဲစားသော သခွါးသီး အချဉ်တည် ပုလင်း


ပုလင်းက ဘယ်လောက် ကြီးသလဲးဆိုရင် တစ်သျှူး လိပ် အကြီး တစ်ခုစာလောက် ကြီးတယ်။ လေးတယ်။

 

သခွါးသီး အလုံးသေးကို အချဉ်တည်ထားတာပါ။



အမေရိကန်တွေက ပေါင်မုန့်ဖြင့် တွဲစားတယ်။ ကိုယ်က ငပိရည်နှင့် တို့စားပါတယ်။



ပျင်းရင် -- အစာပြေ  --- အချဉ်ပေါင်း အဖြစ် - ငရုတ်သီး အစိမ်းမှုန့် + ဆား + သကြားတို့ကို ရောနှယ်ထားသော ရသာမှုန့်ဖြင့် တို့စားလို့ ရသေးတယ်။

သခွါးသီးချဉ်ဖတ် ငပိသုပ် အနေဖြင့် သုပ်စားချင်တယ်ဆိုရင်လည်း ရသေးတယ်။ ငပိဖုတ်၊ သကြား၊ ငရုတ်သီး အကျက်မှုန့် နှင့် သုပ်စား၊ နှယ်စားလို့လည်း ရသေးတယ်။ 
လောလောဆယ်တော့ တို့စရာအနေဖြင့် စားတာ ကောင်းမှ ကောင်းပါပဲ ---



သခွါးသီး အသေး ( အကြွပ်သီး ) ကို အချဉ်တည်ထားတာမို့ ကြွပ်လည်း ကြွပ်ပါတယ်။ ချဉ်လည်း ချဉ်ပါတယ်။ သခွါးသီး အလုံးကြီးဆိုရင် မကြွပ်ဘူး။ တို့စရာ အနေဖြင့် မဟုတ်ဘဲ သုပ်စားတဲ့ နေရာမှာပဲ အသုံးတည့်တယ်။

တို့စရာ အနေဖြင့်ဆို -- သခွါးသီး၊ သရက်သီးဆို အလုံးသေးသေးတွေက ကြွပ်တယ်။ တညင်းသီး ချဉ်ဖတ်ဆိုလည်း ကြွပ်မှ စားလို့ ပိုကောင်းပါတယ်။

သရက်ကင်းဆို မနောနွယ် သရက်ကင်း အလုံးသေးသေးလေး ကိုလည်း ကြိုက်သလို စိုင်သီး သရက်ကင်းကိုလည်း ကြိုက်တယ်။


ငပိထောင်း - သံပုရာရည် ညစ်ထားပြီး သခွါးသီးချဉ်ဖတ်ဖြင့် တို့စားလည်း လိုက်ဖက်ပါတယ်။


ငပိရည် 


ငပိရည်အိုး 


ငရုတ်သီး အကျက်မှုန့်ကို ဖြူးရုံတင်မဟုတ်ဘူး။ မီးဖိုပေါ်မှာ ငပိရည်အိုးထဲကို ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ၊ ငရုတ်သီး အကျက်မှုန့်၊ နံနံပင် သမနေအောင် ရောမွေပြီးမှ ငပိရည်ကျိုထားတာမို့ ငပိရည်က ပုစွန်ခြောက်ကြောင့် အချိုလေးလေးလည်း ပါသလို ငရုတ်သီး အကျက်မှုန့်က အငံအရသာထဲ ၀င်နေပြီမို့ စပ်လည်း စပ်တယ်။ နံနံပင် အနံ လည်း မွှေးမွှေးလေး ...


အမဲသား မန်းကျည်းသီး အနှစ်ဖြင့် ချက်ထားသော အမဲသား ချဉ်၊ စပ် ဆီပြန်ဟင်း
အမဲသားကို အဲလိုမျိုး အဆီတုံး ပါသော အမဲသားတုံးကို ပိုကြိုက်တယ်။
အသဲ အဆီဖုံးမှာလည်း ကြောက်ပါတယ်။ အဆီ နည်းနည်း၊ ထမင်းများများဖြင့် နှယ်စားပါတယ်။


ပဲနီလေး၊ ပဲကြာဇံဟင်းချို 


ပြောင်းဖူးကြော်


အမဲသားဆီပြန်ဟင်း


စားပါအုံး ---



ဒီပိုစ့်မှာ ပါသော ဟင်းတွေက ချက်နည်းလည်း အများကြီး ရေးပြီးသွားပါပြီ .. မရေးရသေးတာ သခွါးသီးချဉ်ဖတ်မို့ ခေါင်းစဉ် အရှေ့မှာ တပ်ပေးထားပါတယ်။

2 comments :

Anonymous said...

စားချင်စရာတွေချည်း...
ပဲနီလေးဟင်းရော...ငပိထောင်ရော...အမဲသားဟင်းရော...
သခွားသီးချဉ်ဖတ်ကိုတော့ ပေါင်မုန့်နဲ့ပဲ တွဲစားတတ်ပါတယ်..။
ဒီမှာလဲရတယ်...ကို့စ်ကို မှာ..
အဲ့လိုပုလင်းကြီးပဲ...။


ပေါက်

သီရိရတနာ said...

@ ပေါက် - နာမည်က တမျိုးလေး
ကို့စ်ကိုမှာ - ဟုတ်ကဲ့ ကိုယ့်ဘာသာကိုယ်ပဲ မှာလိုက်ပါ့မယ် ... :P

သူများတွေက ပေါင်မုန့်နဲ့ စားတယ်။
ကိုယ့်က ငပိရည်နဲ့ စားတယ်။ :D

ချစ်ပေါက် - အိမ်လာလည်တာ ကျေးဇူးနော် ...
အားရ ပါးရ သာ ကြိုက်သောဟင်းများကို သုံးဆောင်ပါရှင် ~~~