Friday, April 19, 2013

အမဲသားကင်၊ ကြက်ဟင်းခါးသီး ငံပြာရည်ချက်၊ ဟင်းပေါင်း မျှစ် ချဉ်ရည်ဟင်း၊ ငပိရည် နှင့် တို့စရာ၊ ပုစွန်ခွက်ကြော်၊ ပန်း နှင့် ကစားကွင်း



 

အမဲသား





ထုံးစံ အတိုင်း ဒီလို အမဲသားမျိုးကို ဆား နှင့် ငရုတ်ကောင်းမှုန့်ဖြူးပြီး ထောပတ် ၁အောင်စဖြင့် ကင်ထားသော
 

အမဲသားကင်


ကြက်ဟင်းခါးသီး ငပိချက်ပိုစ့်က ရေးပြီးပါပြီ ...
ရုံပတေသီး ငံပြာရည်ချက်၊ ခရမ်းချဉ်သီး ငံပြာရည်ချက်၊ ခရမ်းသီး ငံပြာရည်ချက်၊ မန်းကျည်းရွက်နု ငံပြာရည်ချက်လည်း ရေးပြီးပါပြီ။
ဒီတခါ ကြက်ဟင်းခါးသီး ငံပြာရည်ချက်။ ( ပုစွန်ခြောက်မှုန့်လည်း ပါ တယ်။ )
ချက်ပုံ ချက်နည်းက အတူတူပါပဲ။
အသေးစိတ်ကို colourful recipe blog ပေါ်ကျမှ သေချာ ပြန်စာစီပေးပါ့မည်။


ကြက်ဟင်းခါးသီး ငံပြာရည်ချက်


ဟင်းကျန် ၊ အသားကျန်များနှင့် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့်၊ မျှစ်၊ ဘူးသီး၊ ခရမ်းချဉ်သီး၊ မန်းကျည်းမှည့်ရည်၊ ငံပြာရည်၊ ဆား၊ နံနံပင်၊ နံနံပင် ရိုးတံ ( အမြစ် ) များဖြင့် လုံးပြီး ရေနွေး ထည့်ချက်ထားသော ဟင်းပေါင်း မျှစ် ချဉ်ရည်ဟင်း 


ကိုယ်က ထမင်းဖြူပေါ် ဟင်းပေါင်း မျှစ် ချဉ်ရည်ဟင်းကို ထည့် .. အပေါ်ကနေ ငပိရည်ကို ဆမ်းပြီး ထမင်းစားရင် ထမင်းမြိန်တတ်သူပါ။



ငပိရည် နှင့် တို့စရာ


baby cucumber


ကန်စွန်းရွက်ပြုတ်


သရက်သီးမှည့်

ထမင်းဖြူနှင့် သရက်သီးမှည့်ကို ငပိရည်နှင့် တို့ပြီး စားရင်လည်း ဟင်းတောင်မှ မလိုပါဘူး။ ကိုယ့်အတွက် ထမင်းမြိန်တယ်။

 
ငရုတ်သီးစိမ်း၊ ခရမ်းကြွပ်သီး၊ ပူစီနံ




ပုစွန်ခွက်ကြော်အတွက်
ပုစွန်၊ ပဲပင်ပေါက်၊ ဆန်မှုန့်၊ ဆားနည်းနည်း၊ ရေ


Jumbo shrimp


သံလွင်ဆီ - အခုရက်ပိုင်း မြန်မာ့အစားအသောက်များ အချက်များသွားတယ်။ ဆီနှစ်ပြီး ကြော်စားသော မုန့်များ ချက်စားဖြစ်သွားတာမို့ အရင်တုန်းက ဟင်းချက်ရင် တခါချက်မှ 1/4 cup ပဲ ဆီထည့်ချက်ဖြစ်ပါတယ်။
အခုရက်ပိုင်း ဆီနှစ်ပြီး ကြော်စားသော မြန်မာ့အစားအသောက်များကြောင့် ဆီပုံး တစ်ပုံးကို ခဏလေးနဲ့ ကုန်သွားလို့  ကိုယ် မျက်လုံးတောင် ပြူးသွားတယ်။
အနောက်က ဗူးအဖြူ အကြီးက ရှာလကာရည်ဗူး .. သူက သိုးသား၊ ဆိတ်သား နှင့် တခြား နေရာမှာ သုံးတယ်။


ပုစွန်ခွက်ကြော် နှင့် အချဉ်
( ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်း၊ ငရုတ်သီး အကျက်မှုန့်၊ ငရုတ်ဆီ၊ သကြား၊ မန်းကျည်းမှည့်ရည်၊ နံနံပင် )


ပုစွန်ခွက်ကြော်

 

မေဘဲလ်ပန်း






သားသား လေပန်ကာကို ဆော့နေတာ



Spring recess ကျောင်းတပတ်ပိတ်တာရယ် .. ဖေ့ဘွတ်မှ ကလေး ၂ယောက် ကြိုက်သော ဂိမ်းက ဂျွန်လ ၁၄ ရက်နေ့ဆို ဖြတ်သိမ်းတော့မှာရယ်ကြောင့် ကလေး ၂ယောက် ဂိမ်း တူတူဆော့နေကြတာ။

ကိုယ့်အတွက် သင်ခန်းစာတစ်ခုပါပဲ။
ဖေ့ဘွတ်ကို Pet Society Game ကြောင့် စသုံးဖြစ်တယ်။ ကိုယ့်ရဲ့ Facebook a/c မှာ နိုင်ငံတကာက ဂိမ်းကစားဖော် ကစားဖက်တွေချည်းပဲ။ နောက်ပိုင်း တကယ့်ပိုက်ဆံ ထည့်ပြီး ကစားတယ်။ နောက် Data base အရမ်းကျွမ်းသော ဂိမ်းကစားဖော် ဂိမ်းကစားဖက်များနှင့် ရင်းနှီးလာတယ်။ 
အခု .. အဲဒီ ဂိမ်းက ဖေ့ဘွတ်ကနေ ထွက်တော့မယ်။ ကိုယ့်အတွက် ဂိမ်း - ကင်ဆာ ( ၂ ) လ သက်တမ်းပဲ ကျန်တော့တယ်။ ဂိမ်းထဲမှာ ရှိနေတဲ့ ပိုက်ဆံများ သုံး၊ ဖြုန်းပါတော့ လို့ ပြောလိုက်သလိုမျိုးပဲ။ 
အခု စာဖတ်သူ နားတော့ လည်မှာ မဟုတ်ဘူး။ အဲဒီဂိမ်းကို ကစားဖူးတဲ့သူတွေ။ သူကြောင့် ပိုက်ဆံ နှင့် အချိန်ကုန်သွားတဲ့သူတွေ ဒေါသလည်းထွက်တယ်။ စိတ်လည်းတိုတယ်။ ၀မ်းလည်း ၀မ်းနည်းကြတယ်။ 

နောက်တခါ ဘာဂိမ်းမှ မဆော့ချင်တော့ဘူး။ 


ကစားကွင်းရှေ့က ပန်း


ပန်းအနံက တော်တော်မွှေးတယ်




သားသား


ကစားကွင်း - မြက်ခင်းပြင်ကျယ်





အပြိုင် အမြင့်ဆုံး ခုန်ပြိုင်နေကြတာ


ဘေးနားမှာတောင်တွေလေ .. ဟိုးထိပ်နားမှာ မီးပြတိုက်၊ ရုပ်ရှင်ကားတွေမှာ ဆိုရင် အဲလို တောင်တွေပေါ်ကနေ ရက်အင်ဒီးယန်းတွေ မြင်းကိုယ်စီနဲ့ တန်းစီ ရပ်နေကြတာ



သိုးသားဆီပြန်ဟင်းနှင့် ပလာတာ


မနက် ၅ နာရီကတည်းက သတင်းတွေ အင်တာနက်၊ တီဗီကနေ ဆက်တိုက် မနားတမ်းကြည့်နေ၊ နားထောင်နေတာ

နားထဲမှာ ဘော့စ်တွန် ( ဘော့စ်တန် ) စက်ဆပတ် ( ဒါတွေပဲ တနေကုန် ကြားနေရတယ် ) 

အခု ဘလော့ပိုစ့် တင်တာတောင် ဘေးနားမှာ ဖွင့်ထားတယ်။

Twitter က ဒီအချိန်ဆို သုံးရတာ အဆင်ပြေဆုံး။ အကြောင်းအရာ - တူတာတွေကို တချိန်တည်းနဲ့ update မြင်နေရတယ်။


ဖေ့ဘွတ်မှာ ဒီအချိန်ဆို News - Fan Page တွေကို Show in new feed တောင် မကဘူး။ Get notification ပါ on ထားတယ်။ ကွန်ပြူတာရှေ့က ခဏလေး ခွာတုန်း တက်လာတဲ့ new feed လွတ်သွားမှာ စိုးလို့ ...

Neighbor went to check boat behind his house today, saw blood, climbed up ladder to open boat's cover, saw a body, called police.


credit : ABC News
 
အိမ်နီးချင်းဖုန်းဆက် အကြောင်းကြားလို့  တရားခံကို မိသွားပါပြီ။ အခု ဒဏ်ရာရနေသော တရားခံကို ဖမ်းပြီး ဆေးရုံခေါ်သွားပါပြီ။ ဘော့စ်တန် ပြည်သူပြည်သားများ ကောင်းမွန်စွာ အိပ်စက်နိုင်ပါပြီ။

အားလုံး ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ ...

0 comments :