Monday, April 1, 2013

မန်းကျည်းရွက်နုသုပ်၊ ၀က်သားနီချက်၊ ငပိထောင်း၊ ဂေါ်ဖီဟင်းခါး


မန်းကျည်းရွက်နုသုပ်၊ ၀က်သားနီချက်၊ ငပိထောင်း၊ ဂေါ်ဖီဟင်းခါး

မန်းကျည်းရွက်နုသုပ် ( Young Tamarind Salad )

  

 ဒီမှာ ၀ယ်လို့ ရသော မန်းကျည်းရွက်နု ပုလင်း
 ဈေးနှုန်း
 

ဝက်သားနီချက်

ငပိထောင်း

ဂေါ်ဖီဟင်းခါး



ဝက်သားနီချက်ဟင်း၊ ဂေါ်ဖီဟင်းခါး၊ ငပိထောင်း


ပုလင်းနဲ့ လာသော မန်းကျည်းရွက်နုတွေကို ကြာရှည်ခံအောင် စိမ်ထားသော ရှာလကာရည်များထဲမှ ရေစင်နေအောင် စစ်ပြီး ဒီအတိုင်း သုပ်စားလည်း ရပေမယ့် ... အိမ်မှာ မန်းကျည်းရွက်နု တပုလင်းကို 1/2 cup ရေထည့်ပြီး High Heat - ၁၀ မိနစ် ရေခမ်း ပြုတ်လိုက်ပါတယ်။

  1. မန်းကျည်းရွက်နုပြုတ်၊
  2. ပါးပါးလှီးထားသော ကြက်သွန်နီ
  3. သံပုရာသီး ( သို့မဟုတ် ) မန်းကျည်းမှည့်ရည်
  4. ဆား၊
  5. ငံပြာရည်
  6. ကြက်သွန်ဖြူဆီချက်
  7. ကြက်သွန်ကြော်
  8. ငရုတ်သီးစိမ်း ( သို့မဟုတ် ) ငရုတ်သီး အကျက်မှုန့်
  9. ပုစွန်ခြောက်မှုန့်
  10. အစေ့မပါ ပါးပါးလှီးထားသော ခရမ်းချဉ်သီး
  11. ထောင်းထားသော မြေပဲလှော် တို့ဖြင့် သုပ်ထားသော မန်းကျည်းရွက်နုသုပ်

ဝက်သားနီချက်၊ ငပိထောင်း၊ ဂေါ်ဖီ + ဘူးသီး + ပဲပင်ပေါက် ဟင်းခါး၊ မန်းကျည်းရွက်နုငပိချက်၊ မန်းကျည်းရွက်နု ချဉ်ရည်ဟင်း  ချက်နည်းပိုစ့်တွေကို ၂၀၁၁ ကတည်းက ရေးခဲ့ဖူးပါတယ်။


0 comments :