Wednesday, April 10, 2013

ရခိုင်မုန့်တီ ( အာပူ လျှာပူ )၊ အစုံသုပ်၊ ဗယာကြော်


ရခိုင်မုန့်တီ ( အာပူ လျှာပူ )
 

ပုစွန်ငါးပိ


ပဒဲကော



ပဒဲကော

  • ငါး အသားလွှာကို တုံးပြီး ပုစွန်ငါးပိ၊ ဆား အနည်းငယ် ခတ်ပြီး နူးအောင် ပြုတ်ပါ။
  • ငါး နူးလာလျှင် ငါး အသားတုံးများကို ဆယ်ယူပါ။
  • ( အရိုးပါသော ငါး ဆိုလျှင် ဇကာဖြင့် ငါးကို ဆယ်ယူပါ )
  • ငါးပြုတ်ရည်ထဲတွင် ညက်နေအောင် ထောင်းထားသော .. ပဒဲကော ( မရှိလျှင် - ဂျင်း )၊ ကြက်သွန်ဖြူ ထည့်၊ ဆား ၊ ငရုတ်ကောင်းစေ့ကို လှော်ပြီး ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်းစေ့ အမှုန့် ကို ထည့်ပီး ဟင်းရည် တည်ပါ။
  • ငါးပြုတ်ကို ဒယ်အိုးထဲတွင် ဆီ အနည်းငယ် ထည့်ပြီး နံနံပင် အနည်းငယ်နှင့် အတူ လှော်ပေးထားပါ။
  • ကြက်သွန်ဖြူ ဆီချက် အတွက် ကြက်သွန်ဖြူ ကို ညက်နေအောင် ကြိတ်ပါ။ ပြီးလျှင် ဆီအိုးတည်ပြီး ဆီပူပြီ ဆိုတာနှင့် မီးပိတ် - ကြက်သွန်ဖြူများထည့်၊ ဆနွင်းမှုန့် ထည့်ပြီး ကြက်သွန်ဖြူ ဆီချက် ချက်ထားပါ။
  • ငရုတ်သီး ဆီချက် အတွက် ဆီအိုးတည်ပြီး ဆီပူပြီတာနှင့် မီးပိတ် -  ငရုတ်သီး အစိမ်းမှုန့်ကို ထည့်ကြော်ပြီး ငရုတ်သီး ဆီချက် ချက်ထားပါ။
  • မန်းကျည်းသီးမှည့် အတွက် မန်းကျည်းသီးမှည့် အနည်းငယ်ကို ရေနွေးနွေးတွင် ၁၅ မိနစ်ခန့် စိမ်ထားပါ။
  • မီးဖိုပေါ်မှာ ရေတခွက်စာလောက် ပွက်ပွက်ဆူနေအောင် တည်ပြီး ပုစွန်ငါးပိ ထည့်ပါ။ ဆား အနည်းငယ်ထည့်ပြီး ပုစွန်ငါးပိ ကျိုထားပါ။
  • ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းပြီး ရေ အနည်းငယ် စိမ်ပေးထားပါ။
  • နံနံပင်၊ ငရုတ်သီး အကျက်မှုန့်၊ ပဲမှုန့် အကျက်မှုန့်၊


Rice stick




 

မုန့်ဟင်းခါး မုန့်ဖတ်
 

ငါး အသားဖတ်
 

မန်းကျည်းမှည့်ရည် ( အသုပ် အတွက် )
 

ကြက်သွန်ဖြူ ဆီချက် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )
 

နံနံပင် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )
 

ငရုတ်သီးစိမ်း ( အရည် အတွက် )
 

ပုစွန်ငါးပိရည်ကျို ( အရည် အတွက် )
 

ငံပြာရည် ( အာပူ လျှာပူ အရည် နှင့် အသုပ် .. အတွက် )
 

ငရုတ်သီး အကျက်မှုန့် ( အာပူ လျှာပူ  အသုပ် .. အတွက် )
 

ငရုတ်သီး ဆီချက် ( အာပူ လျှာပူ အသုပ် .. အတွက် )
 

ပဲမှုန့် - အကျက်မှုန့် ( အာပူ လျှာပူ အသုပ် .. အတွက် )
 



ဟင်းရည်
 

တညလောက် ကုလားပဲ ကို ဆိုဒါမှုန့်ဖြင့် ရေစိမ်ပြီး မနက်ကျမှ မုန့်နှစ်မှာ ဆန်မှုန့် တမျိုးတည်း ထည့်ထားပါတယ်။ ဆိုဒါမှုန့် အနည်းငယ်၊ ဆား ထည့်ပြီး ကြော်ထားသော ပဲကြော်
 

ပဲကြော်
 
  • အာပူ လျှာပူ အသုပ် အတွက် -- မုန့်ဖတ် ထည့်ပါ။ ငံပြာရည် ထည့်ပါ။ ငါး အသားဖတ် ထည့်ပါ။ နံနံပင်၊ ပဲမှုန့်၊ ငရုတ်သီး အကျက်မှုန့်၊ မန်းကျည်းသီးမှည့် အရည် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီး ဆီချက် ထည့်ပါ။ 

  • အာပူ လျှာပူ အရည် အတွက် -- မုန့်ဖတ် ထည့်ပါ။ ငံပြာရည် ထည့်ပါ။ ငါး အသားဖတ် ထည့်ပါ။ နံနံပင်၊ ငရုတ်သီး ရေစိမ်၊ ကြက်သွန်ဖြူ ဆီချက်၊ ပုစွန်ငါးပိရည်ကျို ထည့်ပါ။ ဟင်းရည် လောင်းထည့်ပါ။ 

ပဲကြော် ကြိုက်တတ်လျှင် ပဲကြော်ပါ ထည့်စားပါ။
 

အစုံသုပ်
 

ခေါက်ဆွဲဖတ်၊ ပဲကြာဇံပြုတ်၊ ငံပြာရည်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ကြက်သွန်ဖြူ ဆီချက်၊ ငရုတ်သီးဆီချက်၊ ထမင်းနီ၊ ငရုတ်သီး အကျက်မှုန့်၊ ငံပြာရည်၊ မန်းကျည်းမှည့်ရည် ( ပါးပါးလှီးထားသော ကြက်သွန်နီ၊ နံနံပင်၊ ရေနွေးဖျော် ပဲပင်ပေါက်၊ ပဲပြားကြော်၊ အားလူးပြုတ် )
 




သားသားအတွက် - ခေါက်ဆွဲ အစိမ့်သုပ်၊ ခေါက်ဆွဲဖတ်၊ ပဲမှုန့်၊ ပုစွန်ခြောက်မှုန့်၊ ငံပြာရည် နည်းနည်း၊ ကြက်သွန်ဖြူ ဆီချက်၊ ကြက်ဥပြုတ်
 

ဝက်ပေါင်ခြောက် ငံပြာရည်ကြော်
 



သခွါးသီး တို့စရာ၊ တညင်းသီး၊ ငါးပိရည်ကျို၊ ကြက်ပေါင်ကြော်၊ ပဲနီလေး ပဲကြာဇံ ဟင်းချို၊ ၀က်ပေါင်ခြောက် ငံပြာရည်ကြော်
 

ငါးဟင်းဆီပြန်
 

  1. ကုလားပဲ
  2. ကြက်သွန်နီ
  3. ငရုတ်သီးစိမ်း၊ 
  4. ဆား
  • ကုလားပဲခြမ်းကို ရေစင်ကြယ်စွာ ဆေးပါ။ တညလောက် ရေစိမ်ထားပါ။ 
  • ရှစ်နာရီကြာ ရေစိမ်ပြီးလျှင် ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။
  • ကြိတ်ထားသော ကုလားပဲ အနှစ်များကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ဆား၊ မဆလာအမှုန့် အနည်းငယ် ထည့်ပြီး နီရောင် သန်းလာသည် အထိ ကြော်စားပါ။

ဘေးဘယာတွေ ကင်းဝေးစေဖို့ ဗယာကြော်
 

ကလေးများအတွက် ဗယာကြော် ( အချို ) ငရုတ်သီးစိမ်း မပါ
 

စတော်ဘယ်ရီကိတ် မဖုတ်ခင်
 

မုန့်ဖုတ်ပြီး ( မုန့် ကျက်မကျက် စမ်းထားသော သွားကြားထိုးတံ အပေါက်လေးနှင့် )
 

စတော်ဘယ်ရီသီးများနှင့် ခရမ်များ တင်အပြီး ... ကိုယ့်နာမည် TND ရေးထားတယ်။
 

5 comments :

maynyeinchan said...


မြန်မာပြည်ကို မလွမ်းဘူးလား။သင်္ကြန်ကျတော့မယ်လေ။မနက်ဖြန်ဆိုရုံးပိတ်ပြီ။အရင်နေ့က ပို့လိုက်တာ မရောက်ဘူးလားဟင်။
မေငြိမ်း

maynyeinchan said...


မေငြိမ်းပို့တာတွေရောက်လား ပြောပေးပါဦး။

သီရိရတနာ said...

@ May Nyein Chan - မြန်မာပြည်ကို နေ့တိုင်း သတိရပါတယ်။ အထူးသဖြင့် ဖေဖေကိုပါ ..

သင်္ကြန်ကိုတော့ မလွမ်းပါဘူး။ သင်္ကြန်ဆို အမတို့ သားအမိတွေက အိမ်မှာပဲ .. သမီး နှင့် သားသားက အစ ... ရေပက်တာထက် အိမ်မှာ နေတာ ပိုကြိုက်ကြတယ်။ ၂၀၀၇၊ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ သင်္ကြန်တွေတုန်းက မီးလည်း မှန်၊ အဲဒီ ရက်တွေဆို အင်တာနက် ကွန်နက်ရှင်တွေက ကောင်း၊ Channel 5 က ရုပ်ရှင်ကားတွေက ကောင်း တော့ အမတို့ သားအမိတွေ အိမ်မှာ သင်္ကြန့်မုန့်တွေ စားရင်း ပျော်နေကြတာပေါ့ ..

အရင်နေ့တွေက ပို့လိုက်တာ ဆိုတာ ကွန်မန့်တွေကို ပြောတာလား ...

မုန့်ဆီကြော် ပိုစ့် နှင့် အမေရိကားကို ရောက်တာ ၂ နှစ်ရှိပြီ ပိုစ့်တွေမှာ မေငြိမ်းချမ်း ပို့လိုက်တဲ့ ကွန်မန့်တွေ ရတယ်လေ .. အမလည်း ကွန့်မန့် စာ ပြန်ပြီးပါပြီ .. ကျန်တာတော့ ဘာမှ မရောက်ပါဘူး။

" ပျော်ရွှင်ဖွယ် မြန်မာနှစ်သစ်မှာ ... မင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ လာဘ်လာဘများ ရရှိပါစေ၊ ဘေးရန်ကင်းပါစေ .. လိုအင်ဆန္ဒများ တစ်လုံးတ၀တည်း ပြည့်စုံပါစေ " ... လို့ အမတို့ မိသားစု မှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်။

Theingi said...

ရခိုင်မုန့်တီချက်နည်းကိုခုမှသိရလို့ ကျေးဇူးပါနော်...မရေပဲမှုန့်ကို လှော်ပြီးသားဝယ်လို့ရလားဟင် ဒါမှမဟုတ် ကိုယ်တိုင်လှော်ရင် လှော်နည်းလေးမျှပါနော် ညီမလှော်ရင် တူးရင်တူး မတူးရင်မကျက်နဲ့ ဘယ်တော့မှအဆင်မပြေလို့ပါ..
သင်္ကြန်မှာတော့မနဲ့ညီမကတူတူပဲ အိမ်မှာပဲ မုန့်စားလိုက် တီဗီကြည့်လိုက် ကောင်းမှကောင်း

သီရိရတနာ said...

@ Theingi - India ဆိုင်မှာလေ - ပဲမှုန့် ( Chickpea powder ) အကျက်မှုန့်လည်း ရတတ်သလို .. အစိမ်းမှုန့်လည်း ရတတ်ပါတယ်။ အစိမ်းမှုန့် ပဲ ၀ယ်လို့ ရလည်း အဆင်ပြေပါတယ်။

မီးဖိုပေါ်မှာ ကုလားပဲ အစိမ်းမှုန့်ကို မီးမြေးမြေး နဲ့ လှော်ပေးလိုက်ရင် ကုလားပဲ အကျက်မှုန့် ရပါတယ်။ ယောင်းမ ဖြင့် အဆက်မပြတ် မွှေပေးပေါ့နော်။ အဲဒါဆို လုံးဝကို မတူး နိုင်ပါဘူး။

ကုလားပဲ အစိမ်းမှုန့်တွေကိုလေ .. မီးကို အလယ်မီး နေရာထက် တစ်ထစ်လောက် လျှော့ပြီး ကုလားပဲ အစိမ်းမှုန့်ကို လှော်ပါ။ ခဏလောက် ကုလားပဲ အစိမ်းမှုန့်ကို လှော်ပေးရုံနဲ့ ကုလားပဲ အနံလေး မွှေးတက်လာပြီး ကုလားပဲ အကျက်မှုန့်ကို ရလာမှာပါ။

သင်္ကြန်တွင်းက ရန်ကုန်မှာ နေတုန်းက အိမ်မှာပဲ နေတယ်။ အပြင်ထွက်ရင် လမ်းတွေ ပိတ်နေလို့ အပြင် သိပ်မထွက်ဖြစ်ဘူး။ ကားလမ်းတွေက မနက် အစောကြီး နဲ့ ည ၉ နာရီလောက်မှ ကားတွေ ပြန်ရှင်းတာမို့ အိမ်မှာပဲ နေတယ်။ အပြင် မထွက်ဖြစ်ဘူး။

ရန်ကုန်မှာက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ချက်ရင် ကုလားပဲ အစိမ်းမှုန့်ကို လှော်ပြီးမှ ချက်တတ်ကြပါတယ်။

ကုလားပဲ အကျက်မှုန့် ရှိတယ်ဆိုရင် အကျက်မှုန့်ကို ဖျော်ပြီး ချက်တတ်ပါတယ်။

ကုလားပဲ အစိမ်းမှုန့်ကို ထည့်ချက်ရင် ပဲ စော် နံတတ်လို့ပါ။
တချို့ အထက်မြန်မာပြည် ဘက်ခြမ်းမှာတော့ ကုလားပဲ အစိမ်းမှုန့်ဖြင့် ခပ်ပြစ်ပြစ်လေး ချက်စားတတ်တာကို တွေ့ရတတ်ပါတယ်။

ကုလားပဲမှုန့်ကို chickpea powder, chickpea flour ( Fine )