Wednesday, April 10, 2013

အီကလဲယားမုန့်


Cream puffs


အီကလဲယား  ( Eclair )


Cream puffs



Ingredients for dough
  1. 1 cup - Water
  2. 1 stick of butter ( 1/2 cup )
  3. 1/2 tsp of salt
  4. 1 cup - flour
  5. 4 eggs
Preheat oven 400ºF 30 minutes ~ 35 minutes



Preheat oven 400ºF
  • အရင်ဆုံး oven ကို ကြိုဖွင့်ထားပါ -- ၄၀၀ ဒီဂရီ ဖာရင်ဟိုက်
  • မီးဖိုပေါ်မှာ အရင်ဆုံး ထောပတ် တစ်တုံးကို အရည်ဖျော်ပါ။ ( မီးမြေးမြေး အနေအထား )
  • ဆား ထည့်၊ ရေ ထည့်
  • ရေ ပွက်ပွက်ဆူပြီဆိုတာနှင့် ဂျုံမှုန့် ထည့် မွှေ ( အဆက်မပြတ်မွှေပါ )
  • ဂျုံများ အိုးမကပ်တဲ့အထိ .. ဂျုံလုံး ( ဂျုံဘောလုံး ) ပုံစံ ရတဲ့ အထိ မွှေပြီးတာနှင့်
  • မီးဖို မီး ခလုတ်ကို ပိတ် -- အပြင်မှာ ၁၀ မိနစ်လောက် အအေးခံပါ။
  • ပီးလျှင် ကြက်ဥ တစ်လုံးချင်းစီ ဖောက်ထည့်ပြီး နှယ်သွားပါ။
  • အပေါ်က ဓာတ်ပုံက ကြက်ဥ လေးလုံး ဖောက်ထည့် မွှေပြီး ပုံ --



 
  • ဂျုံ ( cream puffs dough ) ဒိုးများကို မိမိ ကြိုက်နှစ်သလို ပုံစံ ဖော်ပြီး မုန့်ဖုတ်ပါ။
  • မြင်နေကျ အီကလဲယားလိုမျိုး ရှည်ရှည်မျှောမျှော ပုံစံလည်း ရပါတယ်။ ကိုယ့် အလွယ်တကူ ရေခဲမုန့် ခပ်သည့် ဇွန်းဖြင့် ခပ်ပြီး မုန့်ဖုတ်ထားပါတယ်။
  • ပြီးရင် ကြိုတင် ပူနေအောင် ဖွင့်ထားသော Oven ထဲမှာ
  • Preheat oven 400 ºF - 30 minutes ~ 35 minutes
 

Ingredients for Pastry Cream ( အီကလဲယား မုန့်ထဲ ထည့်သော အစာသွပ်ခရမ် အတွက် )
  1. 1/2 cup - sugar
  2. 3 tbsp - flour
  3. 3 tbsp - corn flour
  4. 2 cups - milk
  5. 4 egg yolks
  6. 1 tsp - vanilla extract
  • အရင်ဦးဆုံး ကြက်ဥ အနှစ် လေးလုံးကို သကြားဖြင့် မွှေထားပါ။
  • ပီးလျှင် ဂျုံမှုန့်၊ ကော်မှုန့် ထည့်ရောမွှေပါ။
  • နို့ ၂ ခွက် ထည့်မွှေပြီးမှ
  • မီးဖိုပေါ်မှာ Medium heat အလယ်မီးဖြင့် အဆက်မပြတ်မွှေထားပေးပါ။
  • ခပ်ပြစ်ပြစ်လေး ဖြစ်လာပြီ ဆိုမှ အိုးကို မီးဖိုပေါ်မှ ချပါ။
  • ခဏလောက် အအေးခံပါ။
  • အေးသွားပြီ ဆိုမှ vanilla extract သစ်ခွ အနံ အမွှေးဆီကို လက်ဘက်ရည် တစ်ဇွန်း ထည့်ရောမွှေပါ။
  • ပီးရင် ရေခဲသေတာထဲမှာ ၂ နာရီလောက် ထားပါ။

Cream puffs ရလာလျှင် ခဏ အအေးခံပြီးမှ -

 



အလယ်ကို ဓါးဖြင့် လှီးပါ။ တဖက် အနားသား မပြတ်သည့် အထိ ခပ်ဖွဖွ လှီးရုံပါပဲ ..


ဟနေတဲ့ ကြားထဲကို ခရမ်များ ထည့်ပါ။


ဒီပုံစံမျိုးဆိုရင် cream puffs


အပေါ်မှာ ချောကလက်ရည် မဆမ်းထားသော cream puffs
အထဲမှာ စတော်ဘယ်ရီသီး၊ blueberry .. raspberry ထည့်လို့ ရသေးတယ်။


အီကလဲယား လို ပုံစံမျိုးဆိုရင် အပေါ်မှာ ချောကလက်ရည် ဆမ်းပေးပြီး ရေခဲသေတာထဲမှာ ချောကလက်ရည် ခဲသည့် အထိ အအေးခံပီးမှ စားပါ။

 


 


 


 


ဒီဓာတ်ပုံကတော့ ရန်ကုန်မှာ နေတုန်းက ရွှေပုစွန်က ၀ယ်စားသော အီကလဲယားမုန့် ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်တုန်းကပါ။ 
နောက်တခေါက်မှ ဒီလို ရှည်ရှည် မျှောမျှော ပုံစံ အီကလဲယားမုန့်ဖုတ်မည်။
လောလောဆယ် မုန့်ဖုတ်ထားတဲ့ ပုံစံက Giant Cream puff ပုံစံမျိုး :) 
အရသာ နှင့် အထဲမှာ အဆာသွပ်ထားသော ခရမ် အရသာ အတူတူပါပဲ .. 
အစာသွပ်ထားတာ ပူတင်းအရသာမျိုးပါ ..

5 comments :

Theingi said...

မရေဒီအီးကလဲယားမုန့်လေးအရမ်းလုပ်စားချင်လို့ မမသုံးတဲ့ခွက်ကဘာဆိုဒ်ကိုသုံးလဲမမ
ml အချိန်လား gramအချိန်လားမမ မမသုံးတဲ့ချိန်တွယ်တဲ့ဆိုဒ်လေးပြောပြပေးပါနော်

Theingi said...

မမရေ ဒီအီကလဲယားမုန့်လေးကိုအရမ်းလုပ်စားချင်လို့ပါ မမသုံးတဲ့ခွက်ရဲ့ဆိုဒ်လေးကိုပြောပြပေးပါနော် ml အချိန်ဖြစ်ဖြစ် gramချိန်ဖြစ်ဖြစ်ပြောပြပေးပါနော် မသုံးတဲ့အချိန်အတွယ်လေးပါ

သီရိရတနာ said...

@ Theingi - မီလီမီတာ ml လည်း မဟုတ်ဘူး။ Gram လည်း မဟုတ်ပါဘူး

Cup နှင့် teaspoon / table teaspoon ပါ

US အချိန်အတွယ်က Cup/tsp/tbsp ကိုပဲ သုံးပါတယ်။
အမ အဲဒီ အချိန်အတွယ်နှင့် ချက်ပြုတ်ရတာ အဆင်ပြေပါတယ်။

အမေရိကားက ဈေးတွေမှာ ၀ယ်လို့ ရပါတယ်။
ဒီပိုစ့်မှာ အမ မီးဖိုချောင်သုံး Cup/tsp/tbsp အချိန်အတွယ် ခွက်၊ ဇွန်း ဓာတ်ပုံ ရှိပါတယ်။ ခွက် တတွဲလုံး ကို တစ်ဒေါ်လာပါ။ ဇွန်း - တတွဲလုံးကိုလည်း တစ်ဒေါ်လာပဲ ပေးရပါတယ်။

Chocolate Chip Cookie

ဒီပိုစ့်မှာကျတော့ အီကလဲယားကို မြန်မာက အီကလဲယားလိုမျိုး ရှည်ရှည်မျှောမျှောလေး ပုံဖော်ထားပါတယ်။


အစုံ

Theingi said...

မနေ့ကအီကလဲယားလေးလုပ်စားဖြစ်တယ် တော်တော်ကိုကောင်းတာ.....ခုမှပထမဆုံးဆိုတော့ မုန့်ပုံစံကသိပ်တော့မလှသေးပါဘူး အရသာကကောင်းမှကောင်း...ညီမ FB မှာတင်ထားတာ Credit ပေးချင်လို့နာမည်လေးပြောပြပေးပါနော်

သီရိရတနာ said...

@ Theingi - ညီမ လုပ်ထားတဲ့ မုန့်မလား။ အမကို credit မပေးလည်း ရပါတယ်။

မုန့်လုပ်တာ အဆင်ပြေသွားတာ ၀မ်းသာပါတယ်။

အမ ပထမဦးဆုံး တခေါက် အီကလဲယားက ရေခဲမုန့် ခတ်တဲ့ ဇွန်းဖြင့် မုန့်ကို လုပ်ပါတယ်။ မုန့်သား ( ဂျုံ ထောပတ် နှယ်ပြီးမှ ကြက်ဥကို တစ်လုံးချင်းစီ နှယ်ထားတဲ့ မုန့်သားမို့ )
bake လုပ်လိုက်ရင် မုန့် အရွယ်အစား ၂ ဆ နီးပါးလောက် ကြီးပါတယ်။ ကြက်ဥပါလို့ puff အတွင်းပိုင်းသား ခေါင်းပေါက်ကြီးပါ။ အဲဒီထဲကို cream ထည့်စားတာပေါ့နော်။

မုန့်ပုံစံအတွက်က ရေခဲမုန့် ခပ်သည့်ဇွန်းကို သုံးရင် မုန့်ပုံစံ အ၀ိုင်း ပုံစံမျိုး

ပလပ်စတစ်အိတ်ထဲ မုန့်သား ထည့်ပြီး ရှည်ရှည်မျှောမျှော အနေအထား ဆိုရင် မြန်မာက မြင်နေကျ အီကလဲယား မုန့်လိုမျိုး ရှည်ရှည်မျှောမျှောလေး ရပါမယ်။

မုန့်ဖုတ်လိုက်ရင်တော့ ပွတက်လာတာမို့ ခပ်သေးသေးလေးပဲ မုန့်သား ထည့်ပီး မုန့်ဖုတ်ရုံပါပဲ။