Saturday, April 20, 2013

မွေးနေ့မှစ သက်ဆုံးတိုင် သားသား၊ မီးမီးနှင့် ပျော်ရွှင်ရပါလို၏


Birthday cake


ပထမဦးဆုံး .. ကိုယ့်ကို လူလောကထဲရောက်အောင် မွေးဖွားပေးခဲ့သော ကျေးဇူးရှင် မေမေ ကောင်းရာသုဂတိ လားပါစေ ... 

ဒီနေ့ မြန်မာပြက္ခဒိန် - တန်ခူးလဆန်း ( ၁၀ ) ရက်နေ့ - ကျေးဇူးရှင် ဖေဖေ၏ ( ၇၈ ) နှစ်ပြည့် မွေးနေ့  နှင့် အင်္ဂလိပ်ပြက္ခဒိန် ၂၀၁၃ - ဧပြီလ ( ၂၀ ) ရက်နေ့ - ကိုယ်၏ ( ၄၀ ) နှစ်ပြည့် မွေးနေ့ သွားတိုက်ဆိုင်နေပါသောကြောင့် ဒီနှစ်က အမှတ်တရ အရှိဆုံး မွေးနေ့ ရက်မြတ်ပါ။

ဖေဖေ .. ကျန်းမာပါစေ .. ဖေဖေ .. ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပြီး ဘေးဥပါဒ် အန္တရာယ် ကင်းရှင်းပါစေ ... ဖေဖေ .. အသက်ရာကျော်ပါစေ ...

ဖေဖေကို လေလှိုင်း ဆက်သွယ်မှု့ကနေ ရှိခိုးကန်တော့ပြီးပါပြီ။ အမြဲတမ်း သတိရပါတယ်။ မေမေကိုလည်း သတိရတယ်။ အဝေးရောက်အောင် ပို့လိုက်တဲ့ ကံဇာတာကိုလည်း ပြင်ချင်တယ်။


သမီးလေး မုန့်ဖုတ်ပေးသော မွေးနေ့ကိတ်


Google's birthday wish home page


Thanks * lot for Birthday wish, Google Team!


မွေးနေ့ကိတ် ပေါ်မှာ cursor ထားလိုက်ရင် " Happy Birthday Thet "


ပေါ်လာတယ်။


Google Plus

Facebook က ကိုယ့်ကို Birthday wish မလုပ်ပေးဘူး။ Google Plus က ကိုယ့်ကို Birthday wish လုပ်ပေးတယ်။ မွေးနေ့ကိတ်ပုံစံ Google sign ကို နှိပ်လိုက်ရင် ကိုယ့်ရဲ့ Google plus - Profile ကို ရောက်လာပါတယ်။


Whipping cream
Chocolate
Cocoa Powder
Milk


9 3/4 in - Spring Form Pan


ဘေးက ကလစ်ကို ဖြုတ်လို့ရတယ်။


အောက်ခံ အ၀ိုင်း



Cocoa Powder

ချောကလက်ကိတ်မှာ ပါဝင်ပစည်းတွေက -

  1. 1 tbsp - butter
  2. 2 cup - sugar
  3. 1 3/4 cup - Flour
  4. 3/4 cup - Cocoa Powder
  5. 1 1/2 tsp - baking powder
  6. 1 1/2 tsp - baking soda
  7. 1 tsp - salt
  8. 2 - egg
  9. 1 cup - milk
  10. 1/2 cup - oil
  11. 2 tsp - vanilla extract
  12. 1 cup - hot coffee

  • Preheat oven - 350ºF - 30 min ~ 35 min ( For 2 cakes )
  • Preheat oven - 350ºF - 50 min ~ 55 min ( For 1 cake )


အရင်ဦးဆုံး -

  • ကြက်ဥ ၂ လုံးကို မွှေစက်ဖြင့် မွှေပါ
  • ထောပတ် ( ထမင်းစားဇွန်း - ၁ ဇွန်း ) ထည့်မွှေပါ။
  • သကြား - ၂ ခွက် ထည့်မွှေပါ။
  • Cocoa Powder / Baking powder / Baking Soda / salt / Flour / Milk ထည့်မွှေပါ။
  • ဆီ၊ ဗီနီလာ အမွှေးဆီ ထည့်မွှေပြီးပါက 
  • နောက်ဆုံးမှာ ကော်ဖီ တခွက်ကို ထည့်မွှေပါ။
  • မုန့်သား ညက်နေအောင် ၅ မိနစ် ကျော်လောက် မွှေပါ။

  • ၉ လက်မ ကိတ်မုန့်ဖုတ်သော အ၀ိုင်းထဲမှာ ချောကလက်ကိတ်ကို ကိတ်မုန့်သား ၂ တုံး ဖုတ်မည်ဆိုလျှင် ခွက် ၂ ခု လိုပါသည်။ 

  • ခွက်ထဲမှာ တ၀က် စီ မုန့်နှစ်ရည် ထည့်ပြီး ကိတ်မုန့် နှစ်ခုစာ မုန့်ဖုတ်လို့ရပါတယ်။

  • ပူနေအောင် ကြိုတင်ဖွင့်ထားသော Preheat oven မှာ 350ºF - 30 မိနစ် မှ 35 မိနစ်ထိ ကိတ်မုန့်ဖုတ်ပါ။ ( ကိတ်မုန့် ၂ ခု စာ အတွက် ) 

  • မုန့်နှစ်ရည် အားလုံးကို ကိတ်မုန့် တစ်ခု စာ အတွက်ပဲ ဆိုလျှင် Preheat oven - 350ºF - မိနစ် ၅၀ လောက် ကိတ်မုန့် ဖုတ်ရပါမည်။

  • ကိတ်မုန့်သားကျက်၊ မကျက်ကို သွားကြားထိုးတံ ဖြင့် မုန့်၏ ခလယ်ကောင် နေရာကို ထိုးပြီး မုန့်နှစ်ရည်များ သွားကြားထိုးတံမှာ ကပ်ပါလာတယ် ဆိုလျှင် မုန့်သား မကျက်သေးပါဘူး။ မကပ်ပါလာဘူးဆိုလျှင် မုန့်သားကျက်ပါပြီ ...


မုန့်ဖုတ်အပြီး Pan ၏ ကလစ်ကို သားသား ဖြုတ်နေတာ။


အောက်ခံ အ၀ိုင်း သပ်သပ်၊ ဘေး အ၀ိုင်း သပ်သပ်မို့ ကိတ်မုန့် လှလှပပ ..


ကိတ်သား ဖောင်းဖောင်းကြွကြွ


ဓါးဖြင့် ရှပ်ပြီး လှီးဖြတ်လိုက်တယ်။
လှီးဖြတ်လိုက်သော ကိတ်သားကို သားသား၊ မီးမီး ချက်ချင်း စားလို့ ရပါပြီ ...


မျက်နှာပြင် ညီညီညာညာလေး


ချောကလက်တုံးကို ဓါးဖြင့် ရှပ်ပြီး ခပ်ပါးပါးလှီး 
ဇွန်း သေးသေးဖြင့် ချောကလက်တုံးကို အုန်းသီးခြစ်သလိုမျိုး ခြစ်လို့လည်း ရသည်။ 
အဲဒါဆိုရင် နှင်းဆီပွင့်ဖတ် ချောကလက် အလွှာအချပ် ပုံစံမျိုး ဖြစ်နေလိမ့်မည်။


ချောကလက် အမျှင်၊ သေးသေးမျှင်များ



ကြွေဇလုံထဲထည့်


သကြား - 1/2 cup 
ချိုတာ ကြိုက်လည်း - 3/4 cup လောက် ထည့်လို့ရသည်။

မွှေစက်ဖြင့် အရင်ဆုံး heavy wipping cream ကို တမိနစ်လောက် high speed ဖြင့် မွှေပါ။
တစ်မိနစ်ခြားဆီ သကြားကို ထမင်းစားဇွန်း ၁ ဇွန်းကျော်လောက် ထည့် ထည့်ပြီး မွှေစက်ဖြင့် ဆက်တိုက် မွှေသွားပါ။
၇ မိနစ်လောက် မွှေပြီးလျှင် ကိတ်မုန့်ပေါ်မှာ သုပ်သော cream ကို ရရှိနိုင်ပါသည်။
အရောင် ထည့်လို့လည်း ရပါသည်။


ရလာသော ကိတ် ခရမ်ကို သမီးက ကိတ်မုန့် ပေါ်မှာ သုပ်နေတာ 


 ဘေးဖက်တွေလည်း လိုက်သုပ်


ကိတ်မုန့်သား အ၀ိုင်း ဘေးပတ်ပတ်လည်လည်ကို ခရမ်ကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လက်ကို ကောက်ကြောင်းရေးရင် တွန့်သလိုမျိုး လိုက်တွန့်ပြီး ကိတ် ပတ်ပတ်လည်လည် ခရမ် ရေးဆွဲထားပြီး
အလယ်မှာ ချောကလက်မျှင်များ ဖြူးနေသော သမီး




ဒီအရသာ ချောကလက် ကိတ်ကို ကြိုက်တာမို့ ချောကလက်များများ၊ ခရမ်များများ



Black forest cake နှင့် တူသွားအောင် ချယ်ရီသီးများ ထည့် 
ချယ်ရီက ဒီအချိန် မပေါ်ဘူး။
ဒါကြောင့် ရေခဲရိုက် ချယ်ရီသီး


မွေးနေ့ - ကော်ရည်


ကော်ရည်ခေါက်ဆွဲ


ကော်ရည် ဟင်းအိုး




အသက် ( ၄၀ )  ပြည့် မွေးနေ့ရှင်


မာမီဘေးနားမှာ တချိန်လုံး နေပေးသော သားသား နှင့် သမီး


ပျော်ပျော်နေတတ်သော သားသားနှင့် အတူ


အမေကို အရမ်း သိတတ်၊ လိမ္မာသော သမီးလေးနှင့် အတူ


သက်ဆုံးတိုင် ပျော်ပျော်ရွှင်ရွှင် နေရပါလို၏ ...
စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများဖြင့် ပြည့်စုံရပါလို၏ ...
သွားလေရာ .. လာလေရာ အရပ်ရှစ်မျက်နှာတိုင်းမှာ ... သူတော်ကောင်း၊ သူမြတ်လောင်းများနှင့်သာ တွေ့ဆုံရပါလို၏ ...
ဘေးဥပါဒ် အန္တရာယ် ခပ်သိမ်း ကင်းဝေးရပါလို၏ ...


မွေးနေ့ရှင် နှင့် မွေးနေ့ကိတ်




မွေးနေ့ကိတ် နှင့် မွေးနေ့ ကော်ရည် ခေါက်ဆွဲ


ကြက်ဥခေါက်ဆွဲဖတ် ( WONTON ) ၊ မှိုပြုတ်၊ ကန်စွန်းရွက်ပြုတ်၊ ရေနွေးဖျော ပဲပင်ပေါက်၊ ၀က်နံရိုး၊ ကြက်သွန်ဖြူ ဆီချက်၊ ငပိထောင်း


ပဲပင်ပေါက်ကို အမျှင် သင်ပြီး ရေနွေး ဖျော ရုံလေးပဲ.. 
မပြုတ်ဘူး။ အဲဒါမှ စားကောင်းတာ







31 comments :

Anonymous said...

Happy birthday!

Ma Sandar

Anonymous said...

Happy birthday with your family!

Wish from Myanmar

Ma Sandar Tin & family

အထွေထွေမှတ်စု said...

Happy Birthday Ma Thet.
Yin

အထွေထွေမှတ်စု said...

Happy Birthday par sister.
Yin

Yuya Mon said...

Happy Birthday to MaThet!

Anonymous said...

Happy birthday!

Thida Aung

Aunty Oo said...

မွေးနေ.မှစသက်ဆုံးတိုင်သားသား၊မီးမီး၊ခင်ပွန်းတို.နှင်.
ပျော်ရွှင်ချမ်းမြေ.စွာနေသွားရပါစေလို.ဆုတောင်းလိုက်ပါတယ်။
ချစ်တဲ့
အန်တီဦး

JuneOne said...

Happy Birthday Thet!!

၄၀ လို့မထင်ရဘူး

Thandar Lwin said...

မွေးနေ့ မှာရော နေ့တိုင်း မှာပါ ကျန်းမာပျော်ရွှင်ပါစေ မမ ။
မမ က အသက် ၄၀ ဆိုပေမယ့် မထင်ရဘူး နုလဲနု လှလဲလှ ။
သားသား မီးမီး တို့ အတွက် အမြဲအပင်ပန်းခံ ချက်ပြုတ်ကျွေးနေတဲ့ မမ ကို သူတို့ကလဲ အမြဲပျော်အောင် ထားမှာပါ ။ မမ ဆုတောင်းပြည့်ပြီးသား ။

Anonymous said...

Happy birthday, Ma Thet!

Khin Yadana

Anonymous said...

Happy birthday !

Ko * Sai

ဘေဘီ said...

ဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေ။
သက်ဖေဖေရော စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ ဒါနဲ့ ၄၀တောင်
မထင်ရဘူးနော်း)

Anonymous said...

Happy Birthday !!!!!

But you don't look like 40. U look like 30. really. So lucky to have such lovely kids. Congratulations A Ma.

PN

Aunty Oo said...

သားသားမီးမီးတို.နဲ.ပျော်ရွှင်ဖွယ်မွေးနေ.တွေကိုမိသားစု
သက်ဆုံးတိုင်ဆင်နွှဲနိုင်ပါစေ။
ချစ်တဲ့
အန်တီဦး

သီရိရတနာ said...

@ Ma Sandar - Thank you very much for your birthday wish.

@ Ma Sandar Tin & Family - Thanks * lot for your birthday wish.

@ Yin - Thank you very much par ...

@ Yuya Mon - Thank you very much for your birthday wish.

@ Ma Thida ( Thida Aung ) - Thank you very much for your birthday wish.

@ Aunty Oo - မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးပါ အန်တီဦး ..

@ June One - Thanks * lot, June! ဟုတ်ကဲ့ .. အသက် ( ၄၀ ) ပြည့်မှ ဘ၀ စတာဆိုတော့ ... အခုမှ အစပဲ ရှိသေးလို့နဲ့တူပါတယ်။

@ Thandar Lwin - မွေးနေ့ ဆုတောင်းများအတွက် ကျေးဇူးပါနော် သန္တာလွင် ... အခုဆိုရင် အမေ မီးဖိုချောင်ဝင် ချက်ရင် သူတို့ပါ ချက်ချင်ပြီး ၀ိုင်း ချက်၊ ပြုတ်နေကြပါပြီ ..

@ Khin Yadana - Thanks * lot, Khin Yadana.

@ Ko * Sai - Big thanks for come and make a birthday wish for me.

@ ဘေဘီ - သက် အတွက် မွေးနေ့ ဆုတောင်း နှင့်အတူ ဖေဖေ အတွက်ပါ မွေးနေ့ ဆုတောင်းပေးလို့ ကျေးဇူး အထူးတင်ပါတယ်နော် .... အသက် ( ၄၀ ) လို့ မထင်ရတာ ဓါတ်ပုံမှာ မျက်နှာအနေအထား ကွာသွားတာပေါ့နော် ... မျက်နှာ ရှေ့တည့်တည့်ဆိုရင်တော့ အသက် ( ၄၀ ) ပေါ့ .. ဘေးတစောင်းလေး .. ဆံပင် ဒီဇိုင်းပါ - ပံ့ပိုးပေးလိုက်ရင်တော့ တမျိုးပေါ့ .. ( ဟီး ... ဟီး ) အမှန်တော့ ကိုယ် အမေရိကားက အေးခဲနေသော ရေခဲသေ တ္တာ ရာသီဥတုကြောင့်နဲ့ တူပါတယ်။ အသက်လေး ရလာတော့ ကိုယ်ဖေဖေ လိုမျိုး အတတ်နိုင်ဆုံး အပူအပင် ကင်းကင်းနှင့် ပျော်အောင်လည်း ကိုယ့်ကိုကိုယ် နေပါတယ် .. မတတ်နိုင်တာကို စိတ်လျှော့ .. တတ်နိုင်တာလေးတွေပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပြီး စိတ်ဖြေတတ်၊ စိတ်ကျေနပ်တတ်တာလည်း ပါမယ်။ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် နေတယ်။ အကျဉ်းချုပ်ပြောရရင်တော့ မြန်မာ့ပီပီ အရပ်ပုတာလည်း ပါ .. ပါတယ်ရှင် ... :D

@ PN - Thanks * lot for birthday wish & I am highly thankful to you for your kind and affectionate comment. :)

@ Aunty Oo - မွေးနေ့ ဆုတောင်းပေးတာ ကျေးဇူး အထူးတင်ပါတယ် ... အန်တီဦးလည်း ကိုယ်၊ စိတ် နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေ။ လိုရာ ဆန္ဒများ တလုံးတ၀တည်း ပြည့်စုံပါစေ။ အဓိဌာန်အောင်ပြီး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ ....

Anonymous said...

ပျော်ရွှင်ဖွယ်မွေးနေ့ များကိုနှစ်စဉ်နှစ်တိုင်း..
ချစ်သောမိသားစုနဲ့ ဆင်နွှဲနိုင်ပါစေလို့ .......
အိုင်အိုရာ

သီရိရတနာ said...

@ အိုင်အိုရာ - မွေးနေ့ ဆုတောင်းအတွက် အတိုင်းထက်အလွန် ကျေးဇူး အထူးတင်ပါတယ် ...

thu ma said...

Happy Belated Birthday Ma Thet .. :)
Have a long healthy life n happiness surround you n your family always
Btw,nasi lemak is still popular :D

Rehana said...

Happy Belated Birthday ... I am sorry I missed your Birthday & This wish is late so that you can celebrate your birthday longer......

maynyeinchan said...


publish နှိပ်လိုက်တာနဲ့ ရတယ်ဆိုလို့ တစ်ခါထဲနှိပ်တော့လဲ မရောက်ဘူးနော်။ရုံးမပိတ်ခင်က ရေးသွားတာ အများကြီးပဲ။ရောက်လဲရောက်ဘူး။ဒီနေ့ ရုံးပြန်ဖွင့်ပြီလေ။ဘာမှပြောထားတာလဲ တွေ့ဘူး။အခုပို့တာလဲ ရောက်ရင် ပြန်ပြောဦးနော်။
ကျန်းမာရွှင်လန်းပါစေ
မေငြိမ်း

maynyeinchan said...


ပို့တာရောက်လားဟင်။
မေငြိမ်း

Anonymous said...

Happy belated birthday, Sister!

May Sis Aye

သီရိရတနာ said...

@ Thu Ma - Thank you for your wonderful birthday wishes and for your unforgettable smiles.
Yes, Nasi Lemak @ သူမ၏ ဟင်းချက်နည်း ပိုစ့် - view = 3665 - ( Popular post on the top ) :D

@ Rehana - Thank you so much for making my birthday even more special with all your wonderful wishes!

@ May Nyein Chan - အခု ကွန့်မန့် ၂ ခု လက်ခံ ရရှိပါတယ်။ သင်္ကြန် ပိတ်ရက်အပြီး ရုံးတွေ ပြန်ဖွင့်ပြီ ဆိုတော့ busy နေပြီပေါ့ .. မအားတဲ့ကြားက လာလည်တာ ကျေးဇူးနော်။ မေငြိမ်းချမ်း ပြောတဲ့ ကွန့်မန့် အရှည်ကြီးက မတွေ့ပါဘူး။ မြန်မာနိုင်ငံက ကွန်နက်ရှင်းကြောင့် လား မသိဘူး။

နောက်တခု မေငြိမ်းချမ်း - မပင်ပန်းရအောင် .. နောက်တခေါက် အမ ဘလော့ကို လာပြီး ကြည့်စရာ မလိုအောင် ...

အခု မေငြိမ်းချမ်းက google account နှင့် ကွန်မန့် ပေးတာမလား .. ကွန်မန့် ပေးပြီးရင် Publish your comments ကို မနှိပ်ခင် .. Email follow-up to ...( your email ) ...@gmail.com ဘေးနားမှာ လေးထောင့်အကွက်လေးကို အမှန်ခြစ် ကလစ် နှိပ်ပေးထားလိုက်ပါ။

အဲဒါဆိုရင် အမ ဘက်က comment - approve & reply ကို မေငြိမ်းချမ်း အီးမေလ်းဆီ ဂူဂယ်က အော်တို အီးမေလ်း ပို့ပေးပါလိမ့်မယ်။

နောက်တခုက proxy ip address ဖြင့် ကွန်မန့် ရေးရင် google က spam လုပ်တတ်ပြီး spam comment ဖြစ်သွားတတ်ပါတယ်။

မေငြိမ်းချမ်း ပို့လိုက်တဲ့ ကွန်မန့် အမဆီ ရောက် မရောက် ကိုယ့်ဘာသာကိုယ် ကွန့်မန့် ပို့ပြီးပြီးချင်း စစ်လို့လည်း ရပါတယ်။

ကွန်မန့် ရေးပြီး public နှိပ်ပြီးတာနှင့် " Your comment has been saved and will be visible after blog owner approval. " ဆိုပြီး အပေါ်နားလေးမှာ ပေါ်နေပါလိမ့်မယ်။

သီရိရတနာ said...

@ May Sis Aye - Thank you so much for your wishes. You made my birthday all the more special.

Thu Ya Aung said...

Happy Birthday Sis.

Anonymous said...

Happy birthday, Ma Ma!

Yin Myo Aye

သီရိရတနာ said...

@ Thu Ya Aung - Thank you very much for the superb birthday wishes.

@ Yin Myo Aye - Thank you. I appreciate the good wishes.

Candy said...

Happy Belated Birthday တီတီ :D :D
You look sooooo youngggg and prettyyyy :D :D

Don't forget age 40 is the real beginning of life :D :D

Anonymous said...

Happy Birthday Thet Thet!

Friends Forever,

To Nyi @ တူညီ

သီရိရတနာ said...

@ Candy - Thank you for your Birthday Wishes. It filled my heart with joy to read of your kind words.

Thanks for your remind!

Yes, that's right. I agree with you.

" Life begins at forty. "

သီရိရတနာ said...

@ To Nyi @ တူညီ - Friend, thank you so much for remembering my birthday. I really appreciate the birthday wishes. I will keep all your wishes close to my heart.