Friday, March 8, 2013

ကြက်ဥ အုန်းနို့ဆီပြန်ဟင်း


Egg curry in coconut milk

Ingredients :
  1. Egg - 10 boiled and peeled ( make some slashes in it )
  2. Peanut oil, for sauteing and deep frying
  3. Red onion - 1 finely chopped
  4. Ginger - 1 tbsp
  5. Garlic - 4 cloves, finely chopped
  6. Coriander leaves/ Cliantro - 1/4 cup finely chopped
  7. Chilli powder - 1 tsp
  8. Salt - 1 tsp, to taste
  9. Sugar - 1 tsp
  10. Fish sauce - 1 tbsp
  11. Coconut milk - 1 can
  12. Water - 1/2 cup
  • Fill a large sauce pan halfway with water and bring to a boil. Gently add the eggs. Cook for 30 minutes.
  • Allow the eggs to cool for a few minutes, then peel the eggs, make some slashes in it.
  • Heat peanut oil, fry the boiled eggs until golden brown.
  • Add the onion, garlic and ginger, and cook until golden brown.
  • Add chilli powder in it.
  • Add some salt, sugar and fish sauce and mix well. Cook this for a minute.
  • Pour 1 can coconut milk and water bring this to a boil.
  • Add in fried cooked eggs, then cover and simmer for 15 minutes.
  • Gently stir in a generous handful of coriander leaves. Be mindful of the eggs.

ကြက်ဥ အုန်းနို့ဆီပြန်ဟင်း


ပါဝင်ပစည်းများ
  1. ကြက်ဥပြုတ် ( ၁၀ ) လုံး .. ကြက်ဥပြုတ် ဘေးပတ်ပတ်လည်ကို ဓါးဖြင့် ရာပေးထားပါ။
  2. ပဲဆီ - ကြက်ဥပြုတ် ကြော်ဖို့အတွက် နှင့် ဟင်းအနှစ်ဖတ်များ ဆီသတ်ကြော်ဖို့ ပဲဆီ ခွက် တ၀က် သာသာ
  3. ကြက်သွန်နီ ဥကြီး တစ်လုံးကို ကြိတ်စက်ဖြင့် သော်လည်းကောင်း၊ ငရုတ်ဆုံဖြင့် ထောင်းထားပါ။
  4. ဂျင်း - လက်တဆစ် ( တစ်လက်မ )
  5. ကြက်သွန်ဖြူ - ၄ မွှာ ကို ကြက်သွန်နီ၊ ဂျင်းတို့နှင့် အတူ ထောင်းထား ( ကြိတ်စက်ဖြင့် ကြိတ်ထားပါ )
  6. နံနံပင် - လက်တစ်ဆုပ်စာ
  7. ငရုတ်သီးမှုန့် - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  8. ဆား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  9. သကြား - လက်ဘက်ရည်ဇွန်း တစ်ဇွန်း
  10. ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  11. အုန်းနို့ - သံဗူး ၁ ဗူး
  12. ရေ - ခွက် တ၀က်

  • ကြက်ဥ ( ၁၀ ) လုံးကို အိုးထဲမှာ ရေ တ၀က်ဖြည့်ပြီး မိနစ် ၃၀ ကျော်လောက် ကျက်နေအောင် ပြုတ်ထားပါ။
  • ရလာသော ကြက်ဥပြုတ်များကို အအေးခံပြီး အခွံခွါထားပါ။ ( ကြက်ဥပြုတ် အခွံခွါရ လွယ်အောင် ကြက်ဥပြုတ်သည့်အချိန်မှာ ဆား အနည်းငယ် ထည့်ပြီး ပြုတ်လို့လည်း ရပါသည်။ ) အခွံခွါပီးသား ကြက်ဥပြုတ်များကို ဘေး ပတ်ပတ်လည်မှာ ဓါးရာ ပေးထားပါ။
  • ပဲဆီကို မီးအပူပေးပြီး ကြက်ဥပြုတ်များကို ရွှေအိုရောင် ရသည့်အထိ ကြော်ပါ။
  • ကြော်ပြီး ကြက်ဥပြုတ်များကို ဆယ်ထားပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့် ဆီသတ်ကြော်ပါ။
  • ရွှေအိုရောင် ရသည့်အထိ ဆီသတ်ကြော်ပြီးပါက ငရုတ်သီးမှုန့် ထည့်ရောကြော်ပါ။
  • ဆား၊ သကြား၊ ငံပြာရည် ထည့်ရောကြော်ပါ။ မိနစ် အနည်းငယ်လောက် မွှေပေးထားပါ။
  • အုန်းနို့ သံဗူး ၁ ဗူး ထည့်၊ ရေ ခွက် တ၀က်လောက် ထည့်ပါ။ မိနစ် အနည်းငယ်လောက်မှ ပွက်ပွက်ဆူလာပါလိမ့်မယ်။
  • အဲဒီ အခါမှာ ရွှေအိုရောင် ကြက်ဥပြုတ်ကြော်များကို ထည့်ပီး မွှေပါ။ အုန်းနို့နှင့် ကြက်ဥများ အနှစ်ဖတ်များ နှံစပ်နေအောင် မွှေပြီးမှ အဖုံးအုပ်ပီး ၁၅ မိနစ် ကျော်လောက် မီးမြေးမြေး ဖြင့် ချက်ပါ။ ဆီပြန်လာခါနီး အချိန်မှာ မီးကို နံပါတ် ၂ လောက်အထိ လျှော့ချပြီး မီး ခပ်မြေးမြေးလေးဖြင့် ကြက်ဥ ဓါးပေါက်ရာများ အတွင်း အုန်းနို့နှင့် အနှစ်များ ၀င်အောင် ချက်ပါက ပိုစားကောင်းပါသည်။
  • နံနံပင် လက်တစ်ဆုပ်စာလောက်ကို ပါးပါးလှီးပီး ထည့်ပါ။


အုန်းနို့ အနှစ်များများဖြင့် စားလို့ကောင်းသော ကြက်ဥဆီပြန်ဟင်း


ဟင်းအိုး


မီး ခပ်မြေးမြေးဖြင့်ဆီပြန်နေအောင် ချက်လိုက်တော့ ဒီလိုမျိုး အုန်းနို့ ဝေ့နေတဲ့ ပုံစံ မျိုး ဖြစ်နေလိမ့်မယ်။ အဲဒီ အခါ အိုး ကိုင်း ၂ ဖက်ကို ကိုင်ပီး အိုးလှုပ်ပေးလိုက်ရင် ...


အုန်းနို့စိမ့်စိမ့် ကြက်ဥ ဆီပြန်ဟင်းအိုး အရောင်လှသွားပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~~~



ဂုဏ်ယူပါတယ် သမီးလေး စစ်လွန်း .. အနာဂတ်မှာလည်း အောင်မြင်မှု့ပေါင်းမြောက်များစွာကို ရယူပိုင်ဆိုင်နိုင်ပါစေ ....


Credit image : Aroma

 ကိုယ် .. အဲဒီ ပြိုင်ပွဲ အကြောင်းကို အစ ပထမတုန်းက သိပ် မသိဘူး။ 
မင်းသမီး ထက်ထက်မိုးဦး Fan Page မှာ တွေ့တော့မှ သတိထားမိတာပါ။ 
အဲဒီ ပြိုင်ပွဲကို " စစ်လွန်း " သာ ၀င်မပြိုင်ရင် သတိတောင် ထားမိမှာ မဟုတ်ပါဘူး။

စစ်လွန်း ဓာတ်ပုံကို တွေ့လိုက်တော့ ကိုယ် အရမ်း သဘောကျသွားတယ်။ ဒီလောက် ချစ်စရာကောင်းတဲ့ ကလေး လေးက We love aroma အတွက် .. သူ့ကိုယ်သူ ကြော်ငြာတာ မဟုတ်ပဲ .. Aroma ကို ချစ်ကြောင်း သဘာဝကျကျ အမူအရာလေးနဲ့ သရုပ်ဆောင်ပီး ဓာတ်ပုံ ရိုက်ထားတာလေးကို သဘောကျတာပါ။ 

မြန်မာ့ရိုးရာ သဘာဝ သနပ်ခါးရေကျဲလေးကို ကလေး သဘာဝ အတိုင်း လိမ်းထားတဲ့ အပြစ်ကင်းစင်တဲ့ ကလေးမျက်နှာလေးနဲ့ ဒီနေ့ ခေတ် ကလေးများ၏ သင်္ကေတ " ချစ်တယ် " ဆိုတဲ့ အမူအရာလေးကို လက်ကလေးနဲ့ ခေါင်းပေါ်မှာ တင်ထားတဲ့ အမူအရာလေးကို သဘောကျတာပါ။ 

ဒါကြောင့်မို့လို့ .. ကိုယ့်ရဲ့ Personal Facebook account မှာ .. သူငယ်ချင်းတွေကို .. Like နှိပ်ပေးဖို့ အကူအညီ တောင်းခဲ့ပါသေးတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကတည်းကပါ။

" Help Like and this picture. Natural beauty, child with traditional thanaka paste on her face and foot. " 

ပြိုင်ပွဲ ပြီးခါနီး တစ်ရက်၊ နှစ်ရက် အလိုကျမှ ဒီပြိုင်ပွဲမှာ တစ်ဖက်နှင့် တစ်ဖက် ပြသနာတွေ တက်နေတယ် ဆိုတာကို သိလိုက်ရတယ်။ စိတ်မကောင်းပါဘူး။ ကိုယ့် အမြင်က ဒီပြိုင်ပွဲဟာ " We Love Aroma ".. Aroma ကို ကိုယ်တို့ ချစ်ပါတယ်ဆိုတဲ့ သရုပ်ဆောင် အမူအရာ - ဓာတ်ပုံ ပြိုင်ပွဲ မဟုတ်ဘူးလား ...
ချစ်စရာကောင်းတဲ့ ကလေး ပြိုင်ပွဲလား ဆိုတာတောင် နည်းနည်း ဇဝေ ဇ၀ါ ဖြစ်သွားတယ်။ ပြိုင်တဲ့လူတွေကလည်း လူငယ်တွေ နှင့် ကလေးတွေ ... 

Facebook မှာ  ချစ်စရာ အကောင်းဆုံး ကလေး ဓာတ်ပုံကို ရွှေးပေးပါ ဆိုပီး Like လုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲများလည်း ရှိပါတယ်။ 

ဒါပေမယ့် ဒီ ပြိုင်ပွဲက We Love Aroma ပြိုင်ပွဲမို့ ကိုယ့် နှင့် ကိုယ်၏ သူငယ်ချင်းများက စစ်လွန်း၏ အမူအရာလေးက ဓာတ်ပုံ ပြိုင်ပွဲ ခေါင်းစဉ်နှင့်လည်း လိုက်ဖက်ညီတယ်။ သဘာဝကျလွန်းတာမို့ Vote ပေးထားတာပါ။ 
အခု စာဖတ်သူနဲ့ ကိုယ်နဲ့ တော်တော်လေးကို လွှဲနေလိမ့်မယ်နော်။ ဘာဖြစ်လို့လည်းဆိုရင် အားလုံးက တခြားဘက်မှာ ရှိနေကြလို့ပဲ ... ချစ်စရာအကောင်းဆုံး ကလေးပြိုင်ပွဲ ဆိုရင် ရိုးရာ ၀တ်စုံ ၀တ်ဆင်ထားပြီး အသက် - ၉လနှင့် မတ်တပ်ရပ်နေတဲ့ သားသားလေးကို ရွှေးမိမှာ အမှန်ပါပဲ ... 

စကားမစပ် ။   ။ ကိုယ့် ဒီနေ့ မြန်မာ ဖေ့ဘွတ် အကောင့်မှာ unfriend တစ်ယောက် လုပ်လိုက်မိတယ်။ ဒီပြိုင်ပွဲကို မကျေ မနပ်နိုင်ဖြစ်ပြီး သူတပါး၏ ကိုယ်ရေးကိုယ်တာကို ဘောင်ကျော်ပြီး ကြီးကြီးကျယ်ကျယ်တွေ ပြောနေလို့ unfriend လုပ်လိုက်မိတာပါ။ ဆောရီးပါ။ ကိုယ့်ကို စိတ်မဆိုးပါနှင့်။ 

ကိုယ်မှာ ဖတ်စရာတွေက များနေရတဲ့ အထဲ .. အားတဲ့ အချိန်ကလည်း နည်း .. သူ့ရဲ့ ကြီးမားတဲ့ စကားကြီး၊ စကားကျယ်တွေပဲ Facebook မှာ New Feed တက်လာလို့ ရှုပ်လိုက်တာဆိုပီး unfriend လုပ်လိုက်တယ်။ ကိုယ့် unfriend လုပ်လိုက်တာ အဲဒီ တစ်ယောက် မသိလောက်ဘူး။ :D


3 comments :

Anonymous said...

Congratulations, Sis Loon!

With love,
Ma Ma Aye Thuzar

Rehana said...

Wow! You're so clever & the dish look super delicious.Thanks for uploading I am going to try this one today :D.
PS: love the idea of using coconut milk plus frying the eggs prior cooking (Yum!)

သီရိရတနာ said...

@ Aye Thuzar - Thanks for visiting!

@ Rehana - Awww...Thanks so much for the kind word!

အခုမှ အိမ်ပြန်ရောက်တယ်။ ဒီမှာ Spring Season ရောက်တော့မှာမို့ ရာသီဥတုက ကောင်း၊ ကလေးတွေ ကျောင်းပိတ်ရက် ... ကစားကွင်းလိုက်ပို့ ... အခု ပိုစ့်အသစ်တင်ဖို့ အချိန် နောက်ကျသွားပြီ .. မနက်ဖြန်မှ ပိုစ့် အသစ် တင်ပါတော့မည်။ ဒီနေ့ည သန်းခေါင်ကျော် ည - ၂ နာရီမှာ အမေရိကား အရှေ့ဘက်ကမ်းမှာ နေတဲ့ ကိုယ်တို့တွေ နာရီ ၁ နာရီ အရှေ့ကို တိုးသွားမှာပါ။ မနှစ်က အမှတ်တရအနေနဲ့ ပိုစ့်တင်ဖူးတယ်။ Chocolate chip cookie ပိုစ့်ပါ။ အခုတော့ ဒီနှစ် နာ၇ီ အရှေ့တိုးသွားတဲ့ daylight saving time ( Forward ) ညမှာ ပိုစ့် အသစ် မတင်နိုင်တော့ဘူး။

တနှစ် တနှစ် ပြောင်းလဲသွားတဲ့ ကိုယ့်ရဲ့ အမှတ်တရ မှတ်တမ်းလေးတွေပါပဲ ..

မနှစ်ကနှင့် ဒီနှစ် နည်းနည်းလေး ပြောင်းလဲသွားတယ်။ အချိန်အားတာ နည်းသွားတယ်။

Good luck to you all!