Wednesday, March 6, 2013

ယုန်ပုံစံ ပေါင်မုန့်


Easter bunny buns


Ingredients :
  1. All purpose flour - 2 1/3 cup
  2. Yeast - 7g  ( 1/4 oz )
  3. Salt - 1/8 tsp
  4. butter -  1 Oz
  5. Sugar - 1/8 cup = 1 oz
  6. Milk - 275 ml ( 1 cup )
  7. 1 egg
  8. 50 g / 1.8 oz flour ( for dusting )
  9. 1 egg beaten with 2 tbsps milk
  10. 0.5 tbsp - rock salt
  11. 1 tbsp - sesame seeds
Seasame seeds on the top.
  • Mix the flour, sugar, salt, egg and instant yeast in a bowl.
  • Mix the milk, butter into the mix.
  • Knead 1-2 times, form into a ball.
  • Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.
  • You can shape your bunny's how ever you want.
  • Preheat oven to 375ºF .
  • Make egg yolk and the 2 teaspoon milk and brush the bunnies, add a seasame seeds and decorate with the salt if desired.
  • Let rise in a warm palace. Bake at 375ºF - 12 minutes, or until bunnies are golden brown and firm to the touch.
  • Let cool on a wire rack. Serve at room temperature, or reheated.

  1. ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups )
  2. ဆား - အနည်းငယ်
  3. ထောပတ် - 1 အောင်စ .. သာသာလောက်
  4. သကြား - 1/8 cup
  5. Yeast - 1/4 oz
  6. ကြက်ဥ အနှစ် - ၁ လုံး
  7. နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
  8. ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
  9. ကြက်ဥ တလုံးကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
  10. ဆား အနည်းငယ်
  11. နှမ်း အနည်းငယ်

ကြွေဇလုံ ထဲမှာ ..
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပါ ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ ...
မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...
ရေစိုလက်ကိုင်ပုဝါ ဖြင့် ၁နာရီ မှ ၂ နာရီ လောက် အုပ်ထားပေးပါ ...
လက်ကိုင်ပုဝါ ဖြင့် တစ်နာရီလောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...
ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့်  ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ ...
ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပါ ...
တ၀က် ၀က် .. တ၀က်ကနေ ၄ ဖြတ်လောက် ဖြတ်လိုက်ပီး ...
 ဂျုံ ၁၀ ပိုင်းလောက် ဖြတ်ထားပါ ...
ဂျုံ ၁ တုံးကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...
မိမိနှစ်သက်ရာ ယုန်ပုံစံ ပြုလုပ်ပါ။
မုန့်ဖုတ်ဗန်းပေါ်က  မုန့်ဖုတ်စကူပေါ် တင် ပီးလျှင် လက်ကိုင်ပုဝါဖြင့်  မိနစ် ၃၀  လောက် အုပ်ထားပါ ...
( တနာရီလောက် လက်ကိုင်ပုဝါ .. အုပ်ထားလည်း ရပါသည် ...
၁ နာရီလောက် အုပ်ထားပီး လက်ကိုင်ပုဝါ ဖယ်လိုက်လျှင် Yeast တန်ခိုးဖြင့် မုန့်များ ကြီးထွားနေတာကို မြင်ရပါမည် )
တဆက်တည်းမှာပဲ .. oven ကို  မုန့်မဖုတ်ခင် 375 ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ ...
ကြက်ဥ တလုံးကို .. နွားနို့ ထမင်းစားဇွန်း - 2 ဇွန်း နဲ့ ခေါက်ထားတဲ့ အရည်ကို စုတ်တံလေး နဲ့ ပေါင်မုန့် ကို နေရာ အနှံ လိုက်သုတ်ပေးပီး နောက် ...
 ဆားလေး အနည်းငယ်လောက် နှမ်း ပက်သလို ပက်ပေးပါ ...
နှမ်းလေး အနည်းငယ်လောက် နှမ်း ဖြူးသလို နှမ်း ဖြူး ပေးပါ ...

oven ရဲ့ အလယ် နေရာမှာ မုန့်ဗန်းကို ထားပီး ...
375 ºF - ၁၂ မိနစ်လောက် ဖုတ်ပေးပါ ...

 
ပေါင်မုန့် မဖုတ်ခင် ... ကြက်ဥအနှစ်နှင့် နွားနို့ ရောစပ်ထားသော အရည် သုပ်လိမ်းပြီး .. နှမ်းဖြူး၊ ဆားဖြူး 

( ဒီအချိန်မှာ နှမ်းဖြူးမယ့်သူ .. ဆားဖြူးမယ့်သူ အတွက် အတော်ပါပဲ )

 
ပေါင်မုန့် ဖုတ်အပြီး 



ယုန် နားရွက်ကို သပ်သပ် ဂျုံ ထပ်မှပဲ နားရွက်ထောင်နေသော ယုန်လေး ပုံစံ ပိုပေါ်မယ်။ အခု ယုန်နား၇ွက်က ကတ်ကြေးဖြင့် ညှပ်ထားလို့ နား၇ွက်က နည်းနည်းသေးနေပါတယ်။
 
ယုန်ကလေးက နားရွက်ထောင်

 
ကြက်ဥချောင်း အဆာသွပ် ပေါင်မုန့်
 
 ယုန်လေး

 
ယုန်လေး၏ မိတ်ဆွေ .. ၀က်ဝံလေး
သြော် .. ၀က်ဝံလေးက အကျီပါတယ်နော်။ အကျီ ကြယ်သီးလေးတွေ တပ်ပေးထားတယ်။

 

 
 နှမ်းကို ဖြူးတဲ့ အခါ နှမ်းဖြူး
မဖြူးတဲ့ အခါ မဖြူးပဲ ထားပြီး စိတ်တိုင်းကျ ခြယ်မှုန်းထားသော ပေါင်မုန့်များ

 
တောက်ပ ရွှန်းလဲ့နေသော ပေါင်မုန့်လေးများ 

 
 တစ်ကောင်တည်း ..

 
စိတ်မပူနဲ့ ..

 
 နှစ်ကောင် အဖော်ရသွားပြီ ...

 
ဘလော့ပေါ် ပိုစ့်တင်တော့ ပုံတွေက များနေတယ်။ ရွှေးရခက်နေတယ်။ အဲလိုပါပဲ.. ကိုယ့်စတိုင် အတိုင်း ... ရှိသမျှ ဓာတ်ပုံတွေ တင်ပါတော့တယ်။ အဲဒါနဲ့ပဲ ဘလော့လည်း ဆိုဒ်တွေ တဖြည်းဖြည်း များလာပါတော့တယ်။

 

 
 မဖုတ်ခင်က ယုန်ပုံစံ ထွက်ပြီး .. ပေါင်မုန့်ဖုတ်လိုက်တော့ ယုန်ပုံစံ ပျောက်ပြီး .. ဘာပုံစံ ပေါက်နေမှန်း မသိသော ပေါင်မုန့်

 

 

 

 

 
 ဒီပုံစံလေးက ခရုပုံစံလေးနဲ့ ဆင်တယ်။


နောက်တခေါက်မှ ၀က်ဝံလေးကို မျက်လုံးမှာ နှမ်းအမဲလေး ကပ်ပေးလိုက်ပီး ပုံစံ သေချာ လုပ်ပေးလိုက်မည်။


3 comments :

Anonymous said...

ခုမှတွေ့တယ်။ ဘလော့ပို့စ်တွေကို ကော်ပီမကူးနဲ့တဲ့။ မကူးထားရင် တော်တော်ကြာ ဟိုဘလော့ဂါတယောက်လို စာအုပ်ထုတ်၊ စာအုပ်ဝယ်တဲ့သူမှ ဘလော့ပါ့စ်ဝပ်ပေးမယ်ဆိုပြီး လုပ်ချလိုက်ရင် ဘယ်လိုလုပ်မလဲ။ ဟွန့် .. . ဟီးဟီးစတာနော်။ ယုံရုပ်လေးတွေကချစ်စရာ။ လုပ်စားကြည့်ဦးမယ်။ မုန့်လုပ်နည်းတွေကို သေချာဓါတ်ပုံနဲ့ရိုက်တင်ပေးတာရှယ်၊ လုပ်ပုံလုပ်နည်းတွေကို တကူးတကမျှဝေပေးတဲ့ သီရိရတနာမိသားစုလေး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးတယ်နော်။ သမီးလေးရော သားလေးရော ပိုပိုချောလာကြပြီ။
PN

သီရိရတနာ said...

@ PN - ကိုယ် အိပ်ခါနီး ကိုယ့်ဖုန်းထဲကို ကွန့်မန့်ရောက်နေတယ်ဆိုပီး ဖုန်းမက်ဆေ့ခ်ျပေါ်လာတယ်။ ဖတ်ကြည့်ရင်း ... မအိပ်သေးဘဲ ကွန်ပြူတာ ပြန်ဖွင့်ပြီး ကွန့်မန့်စာ ပြန်လိုက်ပါတယ်။

ဒါက Favourite Memories Blog မှာ စက်တင်ဘာ ၁၈ ရက်နေ့တုန်းက ရေးထားသော ပိုစ့် -

လွှဲနေပေမယ့် ကျေနပ်ပါတယ်။

လွှဲနေပေမယ့် ကျေနပ်ပါတယ်။

" အလကားရတဲ့ ဒီဘလော့တွေမှာ …

ဒီနေ့ခေတ် …. လူ တော်တော်များများက ကိုယ့်သိ … ကိုယ်တတ်ထားတာတွေကို သူတပါးကို သိစေချင်တယ်။ တတ်စေချင်တာမို့ sharing လုပ်နေကြတဲ့ ဒီခေတ်ကြီးထဲမှာ … ကိုယ့်လည်း ကိုယ့်ရဲ့ အတွေ့အကြုံတွေကို အလကား မျှဝေသွားမှာပါ။

တခုပဲ ပြန်ရချင်တာက ကိုယ့်ကို negative တော့ မပေးပါနှင့်။

အပြုသဘောနှင့် ထောက်ပြချင်တယ်ဆိုရင် ကောင်းကောင်းမွန်မွန် ပြောဆိုပေးပါ။

ကိုယ့်ရဲ့ အချိန်တွေကို လေးစားပေးပါ။

ဘလော့ကို ၀ါသနာအရ – ရေးချင်ရုံ သပ်သပ် ရေးနေတာမို့ …

နာမည်ကြီးဖို့ အတွက် ကိုယ့် ဘလော့လိပ်စာကို လိုက်ပီး မကြေညာဖြစ်ပါဘူး။ "

ဒါက ခင်မင်ရသော ဘလော့ဂါ တစ်ယောက်ကို ကွန့်မန့်ပြန်ပေးထားသော စာ -

အင်းလေး

" အမက ဘလော့ရေးတာ ၀ါသနာ ပါတယ်လေ။

sharing ခေတ်ကြီးထဲမှာ … ကိုယ်လည်း သူများဆီက ပညာတွေ အလကားယူ … ကိုယ့်ဆီက အတွေ့အကြုံတွေနှင့် အမှတ်တရလေးတွေကို အလကား ပြန်ပေးချင်တာပါ။ "

ဒါက Colourful Recipes blog မှာ ရေးထားသော -

စပါ့ကတီ ခရမ်းချဉ်သီး ငံပြာရည်ချက်

" ကိုယ့်၏ ကာလာစုံ ဘလော့မှ ပိုစ့်များကို လာပီး like လုပ်ပေးထားသော wordpress blogger များထဲတွင် … တကယ့်ကို စိတ်ရင်း စေတနာ အပြည့်ဖြင့် … သူတို့တတ်ထားသော ဟင်းချက်နည်း အမျိုးစုံကို အလကား sharing လုပ်ထားသော wordpress blogger များ အမြောက်အများ ရှိပါတယ်။ အဲဒီ wordpress blogger များ အားလုံးမှာ တူညီတာလေး တချက်က ကိုယ့် ဘလော့အိမ်ကို ဧည့်သည် လာလို့ ကွန့်မန့်လေးများ ရေးသွားရင် မင်းရဲ့ ကွန့်မန့်အတွက် .. ကွန့်မန့်ရေးရင်း ကုန်လွန်သွားတဲ့ မင်းရဲ့ အချိန်တွေအတွက် ငါ အရမ်းကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားကို ပြောတတ်ကြပါတယ်။ ဘလော့ဂါတိုင်းပါပဲ …"

ဒီ ဘလော့ သီရိရတနာ - ဒီနေ့မနက် ပိုစ့်

ဒီနေ့မနက်

" ကိုယ့် .. အင်တာနက်ကို ကျေးဇူးတင်တယ် ..
ကိုယ့် မသိသေးတဲ့ အရာတွေကို အင်တာနက်ပေါ်ကနေ အလွယ်တကူ ရှာဖွေ .. သိရှိနိုင်သလို ...
လူ သာ သေသွားတယ် .. သူ ထားခဲ့တဲ့ Sharing ခေတ်ကြီးထဲက သူ့ရဲ့ အတွေ့အကြုံတွေ .. သူ့ရဲ့ နည်းပညာတွေ .. ဆရာစား မချန် ထားခဲ့တဲ့ စိတ် စေတနာ ကောင်းတဲ့ လူတွေကိုလည်း အရမ်း ကျေးဇူးတင်ပါတယ် .."

စာအုပ်ထုတ်မယ်ဆို အင်္ဂလိပ်လို ပုံနှိပ်ထုတ်ဝေတာ ပိုကောင်းပါတယ်။ မြန်မာ စာအုပ်တန်ဘိုးက တစ်အုပ်မှ ငါးရာကျပ် သာသာလောက် အမြတ်ရရင် ကံကောင်းပါ။

စာစီပီးသား ကို ကာလာဖလင်ခွဲခ၊ ပုံနှိပ်စက်ဘိုး၊ ဘိုင်းနင်း စာအုပ်ချုပ်ခ၊ ဖြန့်ချီခ၊ စာပေစစ်ဆေးရေးကို စာအုပ်ထုတ်ဝေခွင့် လိုင်စင် အများကြီးပါပဲ။

ကိုယ် .. စာအုပ်ထုတ်ဖို့ အစီအစဉ် မရှိပါဘူး။ ထုတ်ဖြစ်ရင်လည်း အင်တာနေရှင်နယ်ကို သွားနိုင်တာ ပိုကောင်းတယ်လို့ မြင်ပါတယ်။

ကိုယ်တို့ မျိုးရိုးက " သီရိ " ပါသော နာမည်နှင့် ပုံနှိပ်လုပ်ငန်း၊ စာအုပ်၊ ဖြန့်ချီတဲ့ လုပ်ငန်းကို လုပ်ကိုင်ပါတယ်။

ဒါပေမယ့် ကိုယ့် စာအုပ်ဈေးကွက်ကို ကောင်းကောင်းသိလို့ မထုတ်ပါဘူး။

ထုတ်ရင် အလကားတောင်းမယ့်သူတွေချည်းပါပဲ ... :P




သီရိရတနာ said...

@ PN - ပိုစ့်တွေကို ၀ပ်ဆိုဒ်လင့် တခါတည်း ချိတ်ပေးထားပါတယ်။ အိပ်ပီ။

Have a nice day!