Sunday, March 31, 2013

မိချောင်း - ပေါင်မုန့်


မိချောင်းပုံစံ ပေါင်မုန့်


Crocodile bread


Ingredients :
  1. All purpose flour - 2 1/3 cups
  2. Yeast - 7g  ( 1/4 oz )
  3. Salt - 1/8 tsp
  4. butter -  1 Oz
  5. Sugar - 1/8 cup = 1 oz
  6. Milk - 275 ml ( 1 cup )
  7. 1 egg
  8. 50 g / 1.8 oz flour ( for dusting )
  9. 1 egg beaten with 2 tbsps milk
  10. 0.5 tbsp - rock salt
  11. 1 tbsp - sesame seeds
  • Mix the flour, sugar, salt, egg and instant yeast in a bowl.
  • Mix the milk, butter into the mix.
  • Knead 1-2 times, form into a ball.
  • Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.
  • You can shape yourcrocodile's how ever you want.
  • Preheat oven to 375ºF .
  • Make egg yolk and the 2 teaspoon milk and brush the crocodile.
  • Let rise in a warm palace. Bake at 375ºF - 18 minutes, or until crocodile is golden brown and firm to the touch.
  • Let cool on a wire rack. Serve at room temperature, or reheated.
 
  1. ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups )
  2. ဆား - အနည်းငယ်
  3. ထောပတ် - 1 အောင်စ .. သာသာလောက်
  4. သကြား - 1/8 cup
  5. Yeast - 1/4 oz
  6. ကြက်ဥ အနှစ် - ၁ လုံး
  7. နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
  8. ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
  9. ကြက်ဥ တလုံးကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
  10. ဆား အနည်းငယ်
  11. နှမ်း အနည်းငယ်

ကြွေဇလုံ ထဲမှာ ..
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပါ ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ ...
မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...
ရေစိုလက်ကိုင်ပုဝါ ဖြင့် ၁နာရီ မှ ၂ နာရီ လောက် အုပ်ထားပေးပါ ...
လက်ကိုင်ပုဝါ ဖြင့် တစ်နာရီလောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...
ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့်  ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ ...
ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပါ ...
တ၀က် ၀က်ပါ။
ဂျုံ တ၀က်ကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...
ဒလိမ့်တုံးမှာ ဂျုံမှုန့် အနည်းငယ်သုပ်ပြီး ဂျုံကို ပြားသထက် ပြားအောင် ဆွဲ .. ဆွဲပြီး ဂျုံကို လိမ့်သွားပါ။


မိချောင်း ပေါင်မုန့်မှာ အသားထည့်စားချင်လည်း ရသလို .. အသား မထည့်စားပဲ ပေါင်မုန့် သပ်သပ် ပဲ မုန့်ဖုတ်စားလို့ ရပါတယ်။
အသား ထည့်စားမယ်ဆိုရင် ကြက်သား ( သို့မဟုတ် ) ၀က်သား၊ ကြက်သွန်နီ၊ မာရို့နိစ် တို့ကို သမနေအောင် ရောနှယ်ထားပါ။ ငရုတ်ကောင်းမှုန့် နည်းနည်း၊ ဆားနည်းနည်းပါ ထည့်နှယ်ထားပါ။


ဒလိမ့်တုံးဖြင့် ဂျုံကို အပြား ကြီးကြီး လိမ့်ပေးပြီးတဲ့နောက် ...


အနားများကို ညီညီညာညာ ဖြစ်သွားအောင် ဓါးဖြင့် တိ ဖြတ်လိုက်ပါ။


ဒီလိုမျိုးလေးဖြတ် ..


အသားတွေကို အလယ်မှာ ရှည်ရှည်မျှောမျှော စုံပုံ -


တစ်လိုင်းစီ အသားပေါ်မှာ ဂျုံပြားတွေကို လာအုပ် ---


မံမီလိုမျိုး အသားတွေကို တစ်ရစ်ခြင်းစီ --- တလိုင်းခြင်းစီ အုပ်ပါ ---


အပေါ်နှင့် အောက်ဘက်က တြိဂံ ပုံစံ ဂျုံများကိုပါ အုပ်ပါ။


နောက်တခု --- မိချောင်း ပေါင်မုန့် အတွက် --- လိုင်း ခပ်များများ ဖြတ်ထားသော ပုံစံ ---


အိမ်မှာ ဂျုံဖြတ်တဲ့ ဓါးက ပလတ်စတစ်ဓါး .. ဘေးနားမှာ ပန်းရောင် ပလတ်စတစ်ဓါးလေး .. အဲဒီလိုမျိုး တစ်ခါသုံး ပလပ်စတစ်ဓါးတွေက အသုံးတည့်တယ်။ ကြက်ဥပြုတ်၊ ဘဲဥပြုတ် အတွက်ပဲ ဖြစ်ဖြစ်၊ ပျော့ပျော့ အရာတွေကို သူနဲ့ တခါတည်း တိဖြတ်လိုက်ရင် တိတိ ရိရိ ပြတ်နေတာမျိုး ပုံစံ ရတယ်။ အိမ်က ဘဲဥပြုတ်တွေ ဖြတ်ထားတာ အပ်ချည်ကြိုးများဖြင့် ဖြတ်ထားတာ မဟုတ်ပါဘူး။ အဲဒီ ပလတ်စတစ်ဓါးဖြင့် ဖြတ်ထားတာပါ။ အခု ဂျုံများကိုလည်း အဲဒီ ဓါးဖြင့် ဖြတ်ထားတာ ---


ဂျုံကို တလိုင်းစီ အုပ်တဲ့ အခါ -- ရှည်နေလိမ့်မယ်။ ဒီလို ပုံစံမျိုး ဂျုံကို ခေါက်ပြီး အသားပေါ်မှာ အုပ်ပေးထားမှ မိချောင်း ဗိုက်ဖောင်းဖောင်းလေး ဖြစ်လာပါလိမ့်မယ်။


ပီးလျှင် တစ်နာရီလောက် အ၀တ်ဖြင့် အုပ်ထားပြီးမှ ---
မိချောင်းကို မျက်လုံးတွေ .. လက်ချောင်း၊ ခြေချောင်းတွေ တပ် ---
မိချောင်း အကြေးခွံအတွက် ကတ်ကြေးဖြင့် ညီညီညာညာ -- ခပ်ဖွဖွ -- အပေါ်ယံလောက်ကို လိုက်ဖြတ် ---
ကြက်ဥ အနှစ်ကို နွားနို့ ထမင်းစားဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မိချောင်းကို စုတ်တံလေးဖြင့် လိုက်သုပ်ပါ။
ပီးရင် ကြိုတင် ပူနေအောင် ဖွင့်ထားသော oven ထဲ ထည့်ပြီး ပေါင်မုန့်ဖုတ်ပါ။


Preheat oven - 375ºF - 18 minutes ~ 20 minutes

 


 

 

 

 

 

 

0 comments :