Sunday, March 3, 2013

ပြန်စာ

 

ကိုယ့်ဆီကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က Facebook - other မေလ်း ရောက်လာပါတယ်။ ကိုယ့်ရဲ့ ဖေ့ဘွတ် ပါဆယ်နယ် အကောင့်ကို ရောက်လာတာပါ။ အဲဒီ အကောင့်က တစ်နေ့ကို ၅ ကြိမ်ထက်မနည်း .. ၀င်ချီ ထွက်ချီ လုပ်တတ်တဲ့ အကောင့် နေ့စဉ်သုံး ဖေ့ဘွတ် အကောင့် ( အမှန်က ဂိမ်း ဆော့တဲ့ အခါ ဆော့ .. မဆော့ရင် သူငယ်ချင်းများနှင့် အမျိုးများ၏  ဖေ့ဘွတ်စတိုင်လေးတွေဖတ်တတ်တာ။ ) 

စာပို့တဲ့ M ရဲ့ စာကို ပထမ ဖတ်တာ .. သူဆိုလိုချင်တာကို နားမလည်ဘူးရယ် ... ကိုယ်လည်း blog တွေကို Private မလုပ်ထားဘူးလေ ...  အဲဒီ စာပို့တဲ့ တစ်ယောက် M .. blogger ( လူမှားနေတာလို့ သူ့စာကို ဖတ်ပြီးပြီးချင်း ကိုယ့်က စိတ်ထဲထင်လိုက်တာ ) ငါလည်း ဘလော့ကို private မလုပ်ထားပဲ .. private လုပ်ထားတယ် ပြောနေလို့ ....

မနှစ်တုန်းက မြန်မာ ဘလော့လောကမှာ Private လုပ်သွားတဲ့ Recipe Blogger တစ်ယောက်နဲ့ လူမှားနေတာလား မသိဘူးဆိုပီး ကိုယ် လည်း .. M ရေးတဲ့ စာကို ဒီအတိုင်းပဲ ထားလိုက်တယ်။ စိတ်ထဲမှာတော့ ရှိတယ်။ ဘာကို သူဆိုလိုချင်မှန်းကို ကိုယ် နားမလည်တာ။ စာရေးပြီး ပြန်မေးဖို့လည်း ကိုယ့်မှာ လုံးလည် ချာလည်ရိုက်နေတယ်။



Colourful Recipes - Facebook Fan Page ကို ဖေဖော်ဝါရီ ၁၆ရက်နေ့ မေလ်း ပို့လာတော့ .. ဟာ .. ဒါဆို ငါနဲ့ ဆိုင်သွားပြီ ..  ဒါပေမယ့် .. ကိုယ့် လက်ရှိ ဘလော့ ၃ ခု Run နေပါတယ်။ ဘယ် ဘလော့မှ Private မလုပ်ထားပါဘူး။

blog တခုလုံးကို Blog လို့ပဲ ခေါ်တာပေါ့နော် ။
အဲဒီ blog ထဲမှာ Page ဆိုတာ ထက်ရှိပါသေးတယ်။

Wordpress blog မှာ ဆိုရင် Page ကို .. ကိုယ် .. ဘလော့ရဲ့ မာတိကာ အနေဖြင့် လုပ်ထားပါတယ်။
wordpress blogger တော်တော်များများက Page မှာ ကိုယ့်ရဲ့ အကြောင်း .. ကိုယ် ဘယ်သူလဲးဆိုတာ ဖော်ပြတတ်ကြပေမယ့် .. ကိုယ်က အဲဒီ Page နေရာမှာ Blog - Content လုပ်ထားလိုက်တာပါ။



Wordpress blog - Page မှာ ရေးထားသော ဘလော့၏ မာတိကာ စာမျက်နှာ

Blog မှာ Page ဆိုတာ ဒီစာမျက်နှာကို ခေါ်တာပါ။


အခု ရေးထားတဲ့ ပိုစ့်က Colorful Recipe Blog နှင့် သက်ဆိုင်ပေမယ့် .. ကိုယ် .. အဲဒီ ဘလော့မှာ .. ကိုယ့်ရေးကိုယ်တာတွေ .. ကိုယ့်ရဲ့  သဘောထားတွေ .. မရေးချင်ဘူး။ Recipe ဆိုရင် Recipe သပ်သပ်ပဲ ရေးချင်တာမို့ .. ဒီဘလော့ သီရိရတနာ ( personal blog ) မှာ ရေးသားလိုက်တာပါ။

အပေါ်က ဓာတ်ပုံက .. အဲဒီ ဘလော့မှာ ကြက်သား ချက်နည်း ဆိုရင် .. ကြက်သားကို .. ဟင်းချက်နည်း၊ သုပ်နည်း၊ ကင်နည်း၊ ကြော်နည်း၊ စွပ်ပြုပ် အရည်သောက်ချက်နည်း .. အမျိုးမျိုးကို Menu မှာ ခွဲပေးထားပါတယ်။

စာလာဖတ်သူ ရှာရ အချိန်ကုန် သက်သာအောင် Menu ( Label ) ခွဲပေးထားလိုက်တယ်။


ဒါက blog ရဲ့ Dashboard .. Comments အပေါ်နားလေးမှာ Page ဆိုတာ ရှိတယ်။ ကိုယ့်က အဲဒီ Page ဆိုတဲ့ နေရာမှာ Content ကို ထည့်ထားပါတယ်။ Page တွေ ထပ်ထည့်လို့ရပါသေးတယ်။ Add new ကို နှိပ်လိုက်ပီး Page တွေ ထပ်ထည့်လို့ရပါသေးတယ်။

ဒါပေမယ့် တော်တော်များများ ၀ပ်ဆိုဒ်တွေကို Web page လို့ သုံးတတ်ပါတယ်။ ကိုယ့် ကို Page လို့ ပြောတော့ ကိုယ်က Colourful Recipes ဘလော့ရဲ့ Page ကို သွားပြီး ကလိနေပါသေးတယ်။ :)

M ရေးထားတဲ့ အင်္ဂလိပ် စာလုံး အဓိပါယ်က ရှင်းရှင်းလေးပါပဲ .. ကိုယ့် ဖတ်လို့ နားလည်တယ်။ ဒါပေမယ့် ကိုယ့် မရှင်းဘူး။ ဘာကို ဆိုလိုချင်မှန်းလည်း ကိုယ် မသိဘူး။

အဓိက က .. ကိုယ့် ဘယ် ဘလော့ကို မှ Private မလုပ်ထားပါဘူး။
အကုန်လုံး ဖွင့်ထားတာတွေကြီးပါပဲ ..

~~~~~~~~

တနေ့က တစ်ယောက်က ထပ်ပြီး ပြောလာပါတယ်။ ကိုယ့်ရဲ့  အခု ဘလော့
thiriyatanar.blogspot.com
ကနေ မြန်မာနိုင်ငံမှာ နေတုန်းက ရေးထားတဲ့ ပိုစ့်မှာ ဓါတ်ပုံကို နှိပ်လိုက်ရင် အရင် ဘလော့ thetnandarfamily.wordpress.com
ကို ရောက်သွားပါတယ်။
ဒါပေမယ့် ဘာမှ မတွေ့ရပါဘူးတဲ့ ...

ကိုယ် .. သေချာ ပြန်ရှင်းပြပါမည်။

( ဟူး ) သက်ပြင်းချသံ ....


~~~~~~~~


ကိုယ် .. Live.com မှာ စာနည်းနည်းရေးဖူးတယ်။ ၂၀၀၆ ခုနှစ်တုန်းက
နောက် ..
myspace.com/thetnandar
ကျတော့ ဓာတ်ပုံတွေ တင်တာ သဘောကျတယ်။ အဲဒီမှာ စာတွေ ရေးတာထက် ဓာတ်ပုံတွေ တင်တာကို သဘောကျနတတ်ပြီ ...

၂၀၀၈ နှစ်မှာ ကိုယ် Google site မှာ ရေးပါတယ်။ အဲဒီ တုန်းက မြန်မာနိုင်ငံမှာ blogspot.com က ပိတ်ထားလို့ အဲဒီ Google site မှာ ရေးပါတယ်။ အဲဒီတုန်းက သိတဲ့လူတွေက June One နှင့် The Queen ပါ။ အဲဒီ ဆိုဒ်က  ...
https://sites.google.com/site/thetnandarfamily

ကိုယ် ဘယ်လောက်ထိ ဓာတ်ပုံတင်တာ များသလဲးဆို အဲဒီ ဆိုဒ်က ၂ လ .. ၃ လ လောက်ပဲ သုံးရသေးတယ်။ ဖိုင်ဆိုဒ် ပြည့်သွားတယ်။ အဲဒါနဲ့

Wordpress ကို နေရာရွှေ့လာပါတယ်။ wordpress နာမည်က
thetnandarfamily.wordpress.com
ပါ ... အဲဒီ ဘလော့ကို 05/16/2009 မှာ စရေးပါတယ်။

အဲဒီတုန်းက အဲဒီ ဘလော့ ပေါက်သွားတာက .. ဖေ့ဘွတ် ကောင်းကောင်း ခေတ်မစားသေးလို့ပါ။ မြန်မာ တော်တော်များများ ဖေ့ဘွတ် သုံးနေပြီ .. ဒါပေမယ့် လူမစုံသေးဘူး။

အဲဒီ အချိန်မှာ ကိုယ်က မြန်မာက အစားအသောက်များ၊ နေ့စဉ်သုံး ကုန်ကျစရိတ်ဈေးနှုန်းများနှင့် စဖွင့်ခါစ မြန်မာ ရှော့ပင်းမောလ်များကို ဘလော့ပေါ်မှာ တင်လိုက်တာ အဲဒီဘလော့က နေ့စဉ် ..  စာလာဖတ်သူ - ( ၃၀၀ ) အနည်းဆုံးပါပဲ .. တစ်ခါတလေ  ( ၅၀၀ ) လောက် လာလည်တတ်ကြပါတယ်။

အမေရိကားကို ရောက်လာတော့ blogspot ကို ကူးလိုက်တယ်။ အခု ဒီဘလော့ ပေါ့ ...

thiriyatanar.blogspot.com

ဒီဘလော့ကလည်း ဓာတ်ပုံ များများတင်ရင် မရပေမယ့် တခြားကနေ ဓာတ်ပုံကို ကော်ပီကူးပီး တင်ရင်ရတယ်။ တခြားကနေ ဓာတ်ပုံကို Copy image location ဆိုပီး Link ယူပီး ထည့်ရင်လည်း ရတယ်။ ဥပမာ Flickr ဆိုဒ်ကနေ ယူလာပီး ဒီမှာ Link ချလိုက်ရင် ရတယ်။

wordpress က ဆိုဒ် အလကားပေးတာ  3072 MB ပဲ အလကားပေးတယ်။ 2009 က ရေးထားတဲ့ ဆိုဒ်က 2330 MB လောက် သုံးပြီးပြီ .. အလကားပေးတဲ့ space နည်းနည်းပဲ ကျန်တော့တယ်။ ကိစ မရှိပါဘူး။ နောက်ထပ် ဘလော့ တစ်ခုလောက် ထပ်ဖွင့်လို့ ရပါတယ်။

ကိုယ် နှင့် တလ .. နှစ်လ လောက် အဆက်ပြတ်သွားတဲ့လူတွေ .. နှစ်နဲ့ ချီပီး အဆက်ပြတ်သွားတဲ့ လူတွေ မျက်စိလည်သွားကြတယ်။ ကိုယ့်ကို လိုက်ဖမ်းလို့ မရတော့သလို ကိုယ်ကလည်း ဘလော့တွေကို ဟိုဘက် ပြောင်းချလိုက် .. ဒီဘက် ပြောင်းချလိုက်နဲ့ ဘလော့ နာမည်ပြောင်းလိုက်တော့ သူတို့တွေ တော်တော် မျက်စိလည်သွားတယ်။ :)


" 8.8.2012 " မှာ thetnandarfamily.wordpress.com ဘလော့ကို လိပ်စာပြောင်းလိုက်တယ်။
thiriyatanar.wordpress.com ဆိုပီး ပြောင်းလိုက်တော့ .. ဒီ ဘလော့မှာ ရှိတဲ့ ပိုစ့်တွေမှာ ထည့်ထားတဲ့ ဓာတ်ပုံတွေ ပျောက်သွားရော .. ဓါတ်ပုံတွေက Link ယူလာတာလေ .. ဘလော့ လိပ်စာ ပြောင်းလိုက်တော့ ဓာတ်ပုံတွေက လိပ်စာ မသိတော့ဘူး။ ဓာတ်ပုံပျောက်ပီး စာပဲ မြင်တော့ စာဖတ်သူတွေ အူလည်လည် ဖြစ်သွားတယ်။ အကွက် သေးသေးလေးကို သူတို့ နှိပ်တော့ ဟိုဘက် thetnandarfamily.wordpress.com ကို ရောက်သွားရော .. Page not found ဆိုပီး သွားပေါ်ရော .. အဲဒါနဲ့ ကိုယ့် ဘလော့ကို Private လုပ်ထားတယ် ထင်နေကြတာ .. မလုပ်ပါဘူး။

~~~~~~~~


( ရန်ကုန်က လူတွေ ၂၀၁၁ မှာ ဘလော့စပေါ့ကို တိုက်ရိုက် ဖွင့်ဖတ်လို့ မရသေးဘူး။ ကွန်းပလိန်းတက်လို့ ဒီဘက်က ဘလော့စပေါ့က ပိုစ့်တွေကို Export ကူးပီး အဲဒီ thetnandarfamily.wordpress.com မှာ import သွင်းပေးထားရပါတယ်။ အဲဒါကြောင့် အဲဒီ ဘလော့က ၂ ခုပေါင်း သလို ဖြစ်သွားတယ်။ ) 

( ဒီဘလော့မှာ ဓာတ်ပုံတွေ တင်တာ ထစ်နေတာ တကြောင်း၊ ဘလော့ကို ချက်နည်း ဘလော့ သပ်သပ်၊ ကိုယ်ရေးကိုယ်တာ ဘလော့ သပ်သပ် ခွဲထုတ်ချင်တာ တကြောင်းမို့ .. wordpress blog ထပ်လုပ်လိုက်ပါတယ်။ )


  •  Colourful Recipes .. လေးပတ် ပြည့် ဘလော့ အမှတ်တရ Screen Shot ဓာတ်ပုံများ 

Colourful Recipes - Screen Shot















Colourful Recipes ဘလော့ ( 4 weeks ) လေးပတ်ပြည့် အမှတ်တရ အနေနဲ့ Screen Shot ဖြင့် မှတ်ထားလိုက်ပါတယ်။

Colourful Recipes - blog မှာ လာလည်တဲ့ လူတွေက နိုင်ငံခြားသားတွေ များပါတယ်။
အခုဆိုရင် ဘလော့ သက်တမ်း ၆ လခွဲ အတွင်းမှာ
အမေရိကား စတိတ် ၅၁ ပြည်နယ်မှာ စတိတ် ၄၁ ပြည်နယ်က လာလည်ကြတယ်။
 နိုင်ငံပေါင်းက ၆၁ နိုင်ငံ ..
Page view -  26416

~~~~~~~~

ကိုယ်က Wordpress ဘလော့ အသစ်များနှင့် အဆင်ပြေနေပြီ .. အောက်တိုဘာလ၊ ၂၀၁၂ မှာ ကိုယ်ရေးကိုယ်တာ မိသားစု ဓာတ်ပုံ တစ်ပုံ ဒီဘလော့ကနေ ယူသွားလို့ ဒီဘလော့မှာ ပြန်လာပြီး ပြန်ရေးရတယ်။ အဲဒီ ပိုစ့် ရေးပြီး .. ဒီဘလော့ကို ဒီအတိုင်းပဲ ထားလိုက်တယ်။ 
အဲဒီမှာ သူငယ်ချင်းတွေက ကြည့်မကောင်းဘူး မိသားစု ဘလော့ အနေဖြင့်ဆိုလျှင် အဲလိုပိုစ့်မျိုး ဘလော့ စာမျက်နှာ မျက်နှာစာမှာ ရှိတာ ကြည့်မကောင်းဘူး ပြောဆိုကြလို့ .. ဒီ ဘလော့ကို ပြန်ပြီး ဆက်ရေး နေရတော့တယ်။ 




 
ကိုယ် အသိ မိတ်ဆွေက သီရိရတနာ ဘလော့စပေါ့ နှင့် ပတ်သက်ပီး လာပြောနေလို့ ..
ဘလော့ စ စ ခြင်း ပိုစ့်မှာ …
မိသားစု အမှတ်တရ ဒိုင်ယာရီ ပိုစ့် နှင့်
ပိုစ့် မြင်ရတာလည်း ဖြစ်စေချင်တာမို့ ..
ဒီနေ့ .. အဲဒီ ဘလော့မှာ ပိုစ့် ၂ ပုဒ် ( အဟောင်း ) တင်လိုက်ပါတယ်။
လောလောဆယ် မအားတာတော့ အမှန်ပဲ။
ဒီရက်ပိုင်းတွေမှာ ကိုယ့်ကို gtalk ကနေ chat ပေးတဲ့ လူတွေ … Facebook ကနေ မျှဝေပေး တဲ့လူတွေကို ကျေးဇူးတင်ပါတယ်။
တကယ့်ကိုလည်း စိတ်အပြောင်းအလဲ အနေဖြင့် တကယ့်ကို stress ပျောက်ပါတယ်။
သူတို့နှင့် စကားပြောလိုက်ရတာ စိတ်အပြောင်းအလဲလည်း ဖြစ်တယ်။
ကိုယ့်မှာလေ .. ပိုစ့်တွေ အများကြီးပဲ .. ရေးချင်တာတွေ အများကြီးပဲ ..
သမီး ကျောင်းသင်ခန်းစာ .. သားသား ကျောင်းသင်ခန်းစာကို ဦးစားပေးပီး ပိုစ့် အသစ်တင်ပါမယ်။
ဒီ ဘလော့က (( ၃လခွဲ  ))   အတွင်းမှာ …  အမေရိကန် ပြည်နယ် စတိတ် ၅၁ ခု ရှိတဲ့အထဲက ပြည်နယ် ၄၆ ခု က လာလည်ပီး ဖတ်တဲ့အတွက် .. ဒီဘလော့ကို အားရတယ်။
နိုင်ငံပေါင်း ၆၆ နိုင်ငံ မှ လာလည်ပီး ဖတ်တဲ့ အတွက်ကြောင့်မို့လို့ ပျော်တယ်။



Favourite Memories ( Personal Blog ) ဘလော့သက်တမ်း ၆လခွဲ အတွင်းမှာ
လာလည်သူ နိုင်ငံပေါင်း - 78 နိုင်ငံ
အမေရိကန် စတိတ် - ပြည်နယ် ၄၆ ခု
Page Views - 13521



ကိုယ့် ဘယ် ဘလော့ကိုမှ မပိတ်ထားပါဘူး။ အကုန်လုံး ဖွင့်ပေးထားပါတယ်။ လောလောဆယ် ဘလော့တွေကို ဒီအတိုင်းလေးပဲ ကောင်းပါတယ်။ ကိုယ့်လည်း ပတ်ချာလည်နေပြီ .. စာဖတ်သူလည်း လည်နေလိမ့်မယ်။

အတတ်နိုင်ဆုံး Colourful Recipes ဘလော့မှာ ချက်နည်းတွေ စုံအောင် ဖြည့်ပေးသွားပါမယ်။ အဲဒီ ဘလော့ကို ပြည့်စုံ သထက် ပြည့်စုံအောင် မွှမ်းမံပေးသွားပါမယ်။ ကတိတော့ မပေးဘူး။ ဖြစ်ချင်တာကို ပြောတာပါ။

( ကတိပေးပြီး ကိုယ့်မှာ အချိန် နှင့် အခြေအနေ မရှိမှာ ကြောက်တယ်။ ) အဲဒီ ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေ မထည့်ဘူး။ Recipe Blog style ပဲ ...

Favourite Memories blog မှာ မြန်မာနည်းတယ်။ နိုင်ငံခြားသားများတယ်။


Note:


( နာမည်ပြောင်းလိုက်တော့ thetnandarfamily.wordpress.com ဖွင့်လိုက်ရင် ပိုစ့် တစ်ပုဒ်မှ မရှိတော့ဘူး။ ဟိုဘက် thiriyatanar.wordpress.com ရောက်သွားလို့ ) 


( မြန်မာမှာ နေတုန်းက ရေးထားတဲ့ ဘလော့ စတိုင် ပုံစံ အတိုင်းပဲ မြင်ချင်လို့ အမေရိကားရောက်မှ တင်ထားတဲ့ ပိုစ့်တွေ ဖြုတ်ချပလိုက်တယ်။ အခုဆိုရင် မြန်မာမှာ blogspot ကို တိုက်ရိုက် ကြည့်လို့ရနေပြီလေ။ ၂၀၁၁ ခုနှစ်တုန်းက blogspot ကို မြန်မာမှာ ပိတ်ထားလို့ အဲဒီဘလော့မှာ ပေါင်းပေးထားတာ။ ) 

  • 03.03.2013 - thetnandarfamily.wordpress.com မှာ ပိုစ့်တွေ ပြန်ဖြည့်ပေးလိုက်ပြီနော်။ 
 ကွန်းပလိန်းတက်လွန်းလို့ .. thetnandarfamily.wordpress.com မှာ ပိုစ့်များ ပြန်ထည့်ပေးလိုက်ပါပြီ .. ဘလော့နာမည်ပြောင်းလိုက်တော့ အဲဒီ ဘလော့မှာ ပိုစ့် တစ်ပုဒ်မှာ မရှိဘူး။ အခု ပြန်ထည့်ပေးလိုက်တယ်။ ဘယ်လောက်မှ မကြာပါဘူး။ Export .. Import လုပ်ရုံနဲ့ .. Theme ကစားလိုက်ရုံပဲ .. တစ်နာရီလောက်ပဲ အချိန်ယူလိုက်တယ်။

( မြန်မာမှာ နေတုန်းက ရေးထားတဲ့ ပိုစ့်တွေပါ။ ) 

ဘလော့ အားလုံးပေါင်းဆိုရင် ပေါင်းတာ ၁၀ မိနစ်တောင် မကြာပါဘူး။ ဒါပေမယ့် ဖိုင်ဆိုဒ်တွေ ပြည့်သွားလိမ့်မယ်။ မပေါင်းတော့ဘူး။

ဒီအတိုင်းလေးပဲ ကောင်းတယ်။

မြန်မာမှာနေတုန်းက ရေးတဲ့ ဘလော့တွေက

Wordpress ဆိုရင် - thetnanfarfamily

Blogspot ဆိုရင် - thetnandar & thetnandarfamily

အမေရိကားရောက်မှ ရေးတဲ့ ဘလော့က

blogspot ဆိုရင် - thiriyatanar

ဓာတ်ပုံတွေ တင်တာ အရမ်းများသွားလို့ ... ဘလော့ အသစ်ထပ်လုပ်တယ်။

Wordpress မှာ -

Recipes blog - Colourful Recipe
Personal Blog - Favourite Memories

( နောက် ၂ နှစ် .. ကိုယ် အသက်ရှင်သေးတယ်။ အချိန်နှင့် အခြေအနေ ပေးတယ်ဆိုရင် နောက်ထပ် ဘလော့တွေ အသစ်ထပ်ထွက်လာပါအုံးမည်။ ဘာလို့လည်း ဆိုရင် အဲဒီ ဘလော့မှာ အလကားပေးတာက space - 3072 MB ပဲ ရှိတာမို့ အဲလောက်ဆို ဘလော့ ဆိုဒ် ပြည့်သွားလောက်ပြီ )

ဟီး ..  ဟီး

လောလောဆယ် ကိုယ် ထိန်းထားတဲ့ ဘလော့က ...


colourful recipes facebook fan page ကလေ .. ကိုယ် ထိန်းသိမ်းရတာ မနိုင်ရင် ဖြုတ်ချင် ဖြုတ်ပလိုက်မှာပါ။ ဖွဘုတ် သမားတွေ လာကြောင်တဲ့ အခါမှပါ။

ဒီအတိုင်းလေး ကောင်းကောင်းမွန်မွန် ရှိနေရင်တော့ ဒီအတိုင်းပဲ ထားလိုက်ပါ့မယ်။ wordpress blog ဖွင့်တော့ သူ့က ဘလော့နှင့် ဆိုရှယ်ဆိုဒ်တွေကို ချိတ်ဆက်လို့ရတယ်။ အဲဒါနဲ့ပဲ ကိုယ်လည်း Facebook Fan page ဖွင့်ပီး ဘလော့နှင့် ချိတ်ဆက်ပေးလိုက်တာ။ တခု ကောင်းတာက .. ဘလော့မှာ ပိုစ့်တင်လိုက်တာနှင့် ဖေ့ဘွတ်မှာ ချက်ချင်း တန်းပေါ်တယ်။ ကိုယ့်ကို message ပို့ချင်ရင် ဒီ ဘလော့ အပေါ်နားလေးမှာ စာအိတ်လေး ရှိတယ်။ အဲဒီမှာ ကိုယ့်ရဲ့ အီးမေလ်း ရှိပါတယ်။ Facebook ကို ပို့လည်း ရပါတယ်။ ဒါပေမယ့် ကိုယ် နေ့တိုင်း သုံးတာ ကိုယ့်ရဲ့ ကိုယ့်ရေးကိုယ်တာ ဖေ့ဘွတ် အကောင့်ပါ။

M .. စာပြန်တာ တလ နီးပါးလောက် ကြာသွားတာ တောင်းပန်ပါတယ်။ M ဆိုလိုချင်တာကို ကိုယ့် အခုထက်ထိ သဘောမပေါက်သေးဘူး။ 

ဘယ် ဘလော့ကို ပြောတာလဲး မသိတာလည်း ပါတယ်။

ကိုယ့်မှာ ဘလော့တွေက အများကြီးပဲ ...

ဒါတောင် ... တခြား ဘလော့တွေ ကျန်သေးတယ်။ :)



 





6 comments :

Rehana said...

Hi there, No worries at all & many thanks for your reply.

My apologies for the confusion re: my facebook msg.
I didn't meant to say/complaint that you've made your blog/wordpress account private.

I know it's personal choice of the account holder and I am greatly appreciate that you have shared your posts with all of us (Huge thanks for your effort & love!)

I was just looking for the details/info that used to have on your following blogspot account I believe:

Thetnandarfamily.blogspot.com - from memory it was at bottom right hand corner section (restaurant in Myanmar info, Myanmar books library info/details to read/download books including adipati cook books + Nilar danbauk website info)

Unfortunately that's all I remember to describe you in best way & I know I should have bookmark all those pages :-)

I hope this make sense and sorry once again for the confusion.

I do not use facebook on daily basics and did tried to contact you via your blog (no luck so far this is why I sent you msg on facebook).
However I have now located the tiny icon on the blog page to contact you via email so I shall try to reach you via email next time (I promise I won't confuse you next time :D)

Many thanks for the detailed info re: all your blog/wordpress accounts.

Please let me know if there is anything unclear and thanks again for your time.

PS: thanks a million for not publishing my full name.

Rehana said...

Hi there, No worries at all & many thanks for your reply.

My apologies for the confusion re: my facebook msg.
I didn't meant to say/complaint that you've made your blog/wordpress account private.

I know it's personal choice of the account holder and I am greatly appreciate that you have shared your posts with all of us (Huge thanks for your effort & love!)

I was just looking for the details/info that used to have on your following blogspot account I believe:

Thetnandarfamily.blogspot.com - from memory it was at bottom right hand corner section (restaurant in Myanmar info, Myanmar books library info/details to read/download books including adipati cook books + Nilar danbauk website info)

Unfortunately that's all I remember to describe you in best way & I know I should have bookmark all those pages :-)

I hope this make sense and sorry once again for the confusion.

I do not use facebook on daily basics and did tried to contact you via your blog (no luck so far this is why I sent you msg on facebook).
However I have now located the tiny icon on the blog page to contact you via email so I shall try to reach you via email next time (I promise I won't confuse you next time :D)

Many thanks for the detailed info re: all your blog/wordpress accounts.

Please let me know if there is anything unclear and thanks again for your time.

PS: thanks a million for not publishing my full name.

သီရိရတနာ said...

ကိုယ် သဘောပေါက်ပြီ ...
ရီတော့ ရီရတယ်။ ကိုယ့်ရဲ့ လွှဲချက်က ..

ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ဖေ့ဘွတ် အကောင့်ကို ပို့တဲ့ သူ့စာကို ပထမ ကိုယ် ဖတ်တုန်းက အဲဒီ cook book ကို တွေ့တယ်။ စာပါ အကြောင်းအရာကို ... ကိုယ်က လတ်တလော အခြေအနေကိုပဲ တွေးပီး စာဖတ်လိုက်တာ။

ဘလော့ဂါ - ( လူ ) ချင်းမှားနေတယ်ပဲ စိတ်က ထင်နေတာ။ သူ့စာကို ကိုယ် မရှင်းလို့ ပြန်မေးရမှာလည်း မမေးဖြစ်ဘူး။ လူမှားပီး စာပို့တာ ဆိုပီး reply လာမှာလည်း စိုးလို့ပါ။ :P

သူပြောတဲ့ thetnandarfamily.blogspot.com ဆိုဒ်က ပြန်ဖွင့်ထားတာ လ ပိုင်းပဲ ရှိပါသေးတယ်။

ကိုယ့် မြန်မာမှာ နေတုန်းက ရေးထားတဲ့ ဘလော့ နောက်ထပ် ၂ ခု ...

အစားအသောက်များ ဘလော့ - အိမ်အလွမ်းပြေ
မိသားစု အကြောင်း ဘလော့ - Thet Nandar Family

အဲဒီ ဘလော့ ၂ခုက ဘလော့တွေ များလို့ ဆိုပီး private လုပ်ပီးမှ မနှစ်က ခရစ်စမတ်နားလေးမှာ ပြန်ဖွင့်လိုက်တဲ့ ဘလော့ အဟောင်းတွေပါ။

သူ့ပြောချင်တဲ့ အကြောင်းအရာကို ကိုယ် သဘောပေါက်ပြီ ...

၂၀၁၁ ခုနှစ် သြဂုတ်လ လောက်က ဒီဘလော့မှာ " ပဲထမင်း ပဲထမင်း " ပိုစ့် တင်ဖူးပါတယ်။ အဲဒီ ဘလော့ပိုစ့်ထဲမှာ ကိုယ် က နီလာ ဒန်ပေါက်ဆိုင် ၀ပ်ဆိုဒ် လိပ်စာ ထည့်လိုက်တယ်။

နောက် ကိုယ့်ရဲ့ ဘလော့ ဒီဘက် side bar တွေမှာ ချက်နည်း၊ ပြုပ်နည်း စာအုပ် ဆိုဒ် ရှိတဲ့ ၀ပ်ဆိုဒ်တွေ ထည့်လိုက်ပါတယ်။

နီလာဒန်ပေါက်ဆိုင် - Myanmar Nilar

အွန်လိုင်းပေါ်မှာ တွေ့တဲ့ စာအုပ်တွေ ရေးပေးမယ်နော်။

မိုက်ခရိုဝေ့နှင့် ချက်နည်းများ - မိုက်ခရိုဝေ့နှင့် ချက်နည်းများ

မြန်မာ ကျူးပစ် - မြန်မာ ကျူးပစ် ဟင်းချက်နည်းများ

ဟင်းလျားများ - ဖွယ်ဖွယ်ရာရာ အာဟာရ ဟင်းလျာများ

လုလု ဟင်းချက်နည်း - Lu Lu Cooking

အဓိပတိ ဟင်းချက်နည်း - အဓိပတိ ဟင်းချက်နည်းများ


ဝိညာဉ်သစ် မြန်မာ အွန်လိုင်း စာကြည့်တိုက် - ၀ိညာဉ်သစ် စာကြည့်တိုက်

ဇာတ်တော်ကြီး ဆယ်ဘွဲ့ - ပန်းချီ ဦးဘကြည် ၏ ဇာတ်တော်ကြီး ဆယ်ဘွဲ့

အမ .. အလွယ်ကူဆုံး .. နား လည် လွယ်ဆုံး ပြောပြမယ်နော် ....

အခု အမ ဘလော့ရဲ့ side bar မှာ ထည့်ထားတာတွေက .. အပေါ်ဆုံးနားမှာ

ရုပ်ရှင်မင်းသားကြီး ဦးကျော်ဟိန်း ၊ရဟန်းဘွဲ့တော် (ဦးကိတ္တိသာရ) ၏ လမ်းညွန်မှု့ဖြင့် ဓမ္မ website ဖြစ်သော အသိ - သတိ

သူ့ အောက်နားမှာ ဘလော့ဂါတွေရဲ့ ဘလော့ လိပ်စာတွေ ....

အဲဒီ ၀ပ်ဆိုဒ် လိပ်စာတွေ အားလုံးဟာ မူရင်း ပိုင်ရှင်များက သူတို့ ၀ပ်ဆိုဒ်လိပ်စာကို လာလည်၊ ဖတ်ရှုရင် ကျေနပ်ကြသော လူများမို့ ဘလော့ရဲ့ side bar မှာ ၀ပ်ဆိုဒ် လိပ်စာ ချိတ်ပေးထားတာပါ။

အခု ကွန့်မန့်ထဲမှာ ရေးထားသော အဓိပတိ ဖြူး ချက်နည်း စာအုပ်တို့ ဆိုတာ အခကြေးငွေဖြင့် ဖတ်ရှုရသော စာအုပ်များပါ။ မူရင်း ပိုင်ရှင် ခွင့်ပြုချက် မရှိပါဘူး။ စာဖတ် ၀ါသနာပါသူ တယောက်ရဲ့ စာကြည့်တိုက်ကနေ အမ .. ၀ပ်ဆိုဒ် လိပ်စာ ယူလာတာပါ။

အမရဲ့ ဘလော့ side bar မှာ အဲဒီ လိပ်စာ ချိတ်ဖို့ ဆိုတာက .. နောင်တချိန် .. အမ .. weak ဖြစ်နေတဲ့ အချိန် .. အလုပ်ရှုပ်နေတဲ့ အချိန်မှာ ဒါတွေက ပြသနာ ဖြစ်လာနိုင်တာမို့ မူရင်းပိုင်ရှင် ခွင့်မပြုနိုင်တဲ့ ၀ပ်ဆိုဒ်လိပ်စာတွေကို ဘလော့ရဲ့ side bar မှာ မတင်ဖြစ်တာကို နားလည်ပေးပါ။

စကားချပ် ။ ။ စာကြည့်တိုက် ပိုင်ရှင်ကို အမ ဘာမှ မပြောဘူးနော်။ သူ့ကြောင့် စာအုပ်များအလကား ဖတ်လို့ ရနေလို့ သူတို့တွေကိုလည်း ကျေးဇူးတင်ပါတယ်။ :D

သီရိရတနာ said...

@ R - ကွန့်မန့်မှာ စာအုပ်တွေကို တခါတည်း ၀ပ်ဆိုဒ်လင့် ချိတ်ပေးထားပါတယ်။ စာအုပ် နာမည်တွေကို ကလစ်နှိပ်ပြီး သွားဖတ်လို့ ရပါတယ်။ အပြာရောင် စာလုံးတွေက ၀ပ်ဆိုဒ်လင့် တခါတည်း ချိတ်ပေးထားတဲ့ စာအုပ်တွေ ...

မနေ့က ကွန့်မန့်မှာ ထည့်ရေးဖို့ မေ့သွားလို့ ( လင့် တခါတည်း ချိတ်ပေးထားတာ မသိမှာစိုးလို့ )

အဲဒီ လင့်တွေကို ကိုယ့်ဘလော့ရဲ့ side bar မှာ ချိတ်ပေးထားတာ။ ၂၀၁၁ ခုနှစ်တုန်းကနော်။

ကိုယ်တောင် မေ့တေ့တေ့ ဖြစ်နေပြီ။ R ပြောမှ ပြန်မှတ်မိတော့တယ်။ ဘလော့ကို template ပြောင်းရင်း .. နဲ့ အဲဒီ ဆိုဒ်ဘားတွေ လည်း ပြုပ်ကျ ကျန်ခဲ့တာ။ ၂၀၁၂ ကျတော့ ဘာမှ မကျန်တော့ဘူး။ :)

အခုလို အချိန်မျိုး 2013 မှာ အဲလို လင့်တွေ ပြန်ချိတ်ဖို့ ဆိုတာက မလွယ်တော့ဘူး။ တချို့ ဘလော့တွေတောင် Private သီးသန့် ဖတ်နေရတဲ့ ဘလော့ ဖြစ်နေပြီ။ ( ပိုင်ရှင် ခွင့်မပြုရင် ဖတ်လို့ မရဘူးလေ ) ... ဒီလို အခကြေးငွေဖြင့် ယူသော စာအုပ်တွေကျတော့ အမလည်း လက်ရှောင်တယ်။ မူရင်းပိုင်ရှင် ခွင့်မပြုနိုင်လို့ပါ။

Have a nice day, Rehana!



Rehana said...

Hey there,

Apologies for the late reply.

Thanks a million for your help & links ..... love your work and understand your point of view re: copyright materials (truly appreciated).

I have bookmarked those websites for future reading so many thanks again for your help finding those links again :D

Take care & hope you have a wonderful week.

PS: I am so addicted to your cooking blog & my morning routine before breakfast is to check new recipes ;-)

သီရိရတနာ said...

@ Rehana - ကိုယ်လည်း ကျေးဇူးတင်ပါတယ်။ မြန်မာ ဘလော့တွေ ကြားထဲမှာ ကိုယ့်ရဲ့ ဘလော့ကို ရှာတွေ့ပြီး အိမ်လာလည်တာကိုလည်း ကျေးဇူးတင်ပါတယ်။

အပြန်အလှန် စာရေးရတာ တကယ့်ကို အမှတ်တရပါပဲ ....

နောက် ၄ .. ငါးနှစ်လောက် ကြာရင် .. ကိုယ့် အတွက် ဒီ အဖြစ်အပျက်ဟာ အမှတ်တရ အဖြစ်နဲ့ ရှိနေမှာပါ။