Friday, March 29, 2013

အမဲသားကြော်၊ ငပိရည်နှင့် တညင်းသီးပြုတ်


အမဲသားပြုတ်ကြော်၊ ငပိရည် နှင့် တညင်းသီးပြုတ်


အမဲသားပြုတ်ကြော် နှင့် ကြက်သွန်ကြော်


အမဲသား တစ်ပေါင်ကို 5.49 ဒေါ်လာ အသားဖြင့် ကြော်ထားသော အမဲသားပြုတ်ကြော်


Eye round roast လုပ်တဲ့ အမဲ .. အသားမျိုး .. အဆီလည်း ပါတယ်။

 



အမဲသားကို ဆား၊ ဆနွင်းမှုန့် တို့ဖြင့် သေချာ နှယ်ပြီး နှပ်ထားပါ။
ကြက်သွန်နီ ဥ အသေးကို ပါးပါးလှီးပြီး ဆီပူအိုးထဲမှာ မွှေပြီး ကြော်ပါ။ ပြီးရင် ကြက်သွန်ကြော်တွေကို ဆယ်ထားလိုက်ပါ။
ခုဏက ကြော်ထားသော ကြက်သွန်နီကြော်ဆီထဲမှာ နှပ်ထားသော အမဲသားများကို ထည့်မွှေကြော်ပါ။
အမဲသား အသားတုံး ကျစ်လာပြီဆိုမှ ... ရေဖြည့်ပြီး ... ၃ရေလောက် ပြုတ်ကြော်ပါ။
အပေါ်မှ ကြက်သွန်ကြော်ဖြူးပြီး စားလျှင် အမဲသားပြုတ်ကြော် ပူပူလေး ပိုစားကောင်းပါသည်။


ငပိရည် နှင့် တို့စရာ


တညင်းသီးကို ပြုတ်မယ့် ရေဆူဆူ အိုးထဲတွင် ထညက်တုံး ၁ တုံး နှင့် ဆီ ၁ ဇွန်းလောက် ထည့်ပြီး ပြုတ်ပါ။
တညင်းသီး နူး .. ရေခမ်းခါနီးတွင် တညင်းသီး စီးစီး အနေအထားကို ရပါလိမ့်မည်။


တညင်းသီးပြုတ်


ကြက်သွန်ကြော်ဖြူးထားသော အမဲသားပြုတ်ကြော်


Butter beans - ထောပတ်ပဲ ( ပဲထောပတ် )


ကြက်သွန်နီ - ဆနွင်းမှုန့် အနည်းငယ်ဖြင့် ကြော်ထားသော ပဲထောပတ်

2 comments :

Anonymous said...

Ma Ma Thet, Where you find
" တညင်းသီးပြုတ်". You buy it from Chinese supermarket?
I want to eat it too.
:)

သီရိရတနာ said...

@Anonymous - ဗီယက်နမ်ဆိုင် - A Dong Supermarket, CT မှာ ၀ယ်ပါတယ်။

1. ဒီပိုစ့်မှာ A Dong Super Market မှာ ရောင်းတဲ့ တညင်းသီး ပုလင်းတွေ ရှိပါတယ်။

2. ဒီပိုစ့်ကတော့ A Dong Super Market က အမ ၀ယ်လာသော တညင်းသီး ပုလင်းများ ... ယိုးဒယားကနေ လာတဲ့ တညင်းသီး

အဲဒီ ပိုစ့် အောက်နားမှာ " အရင်ပိုစ့် " ဆိုတဲ့ အောက်မှာ .. A Dong Super Market မှာ ၀ယ်လို့ ရနိုင်သော အေရှန် စားသောက်ကုန်များ အကြောင်း ရေးထားတဲ့ ပိုစ့်များ ၆ ပုဒ် နှင့် အတူ နယူးယောက် အေရှန် ဆိုင် မှာ ဈေးဝယ် အတွေ့အကြုံ ရေးထားတဲ့ ပိုစ့် ၁ ပုဒ်လည်း ရှိပါတယ်။