Saturday, March 23, 2013

မနက်စာ ပေါင်မုန့်များ


Bacon Buns


sugar buns


sausage buns


sugar buns


bunny buns
( အိမ်နီးချင်းကို လက်ဆောင်ပေးသော ယုန်ပေါင်မုန့် .. )


Piggy buns


bacon roll


Bread cups



Ingredients :
  1. All purpose flour - 2 1/3 cups
  2. Yeast - 7g  ( 1/4 oz )
  3. Salt - 1/8 tsp
  4. butter -  1 Oz
  5. Sugar - 1/8 cup = 1 oz
  6. Milk - 275 ml ( 1 cup )
  7. 1 egg
  8. 50 g / 1.8 oz flour ( for dusting )
  9. 1 egg beaten with 2 tbsps milk
  10. 0.5 tbsp - rock salt
  11. 1 tbsp - sesame seeds
Seasame seeds on the top.
  • Mix the flour, sugar, salt, egg and instant yeast in a bowl.
  • Mix the milk, butter into the mix.
  • Knead 1-2 times, form into a ball.
  • Cover with a damp kitchen towel and let rise in a warm, draft-free place for 1 hour to 2 hours depending on how warm your room is. The dough should double in size.
  • You can shape your bunny's how ever you want.
  • Preheat oven to 375ºF .
  • Make egg yolk and the 2 teaspoon milk and brush the bunnies, add a seasame seeds and decorate with the salt if desired.
  • Let rise in a warm palace. Bake at 375ºF - 12 minutes, or until bunnies are golden brown and firm to the touch.
  • Let cool on a wire rack. Serve at room temperature, or reheated.
 


 



 
  1. ဂျုံမှုန့် - 18 အောင်စ ( 2 1/3 cups )
  2. ဆား - အနည်းငယ်
  3. ထောပတ် - 1 အောင်စ .. သာသာလောက်
  4. သကြား - 1/8 cup
  5. Yeast - 1/4 oz
  6. ကြက်ဥ အနှစ် - ၁ လုံး
  7. နွားနို့ - 275 ml ( 1 cup ကျော်ကျော် )
  8. ဂျုံ လုံး နှယ်ဖို့ ဂျုံမှုန့် အနည်းငယ်
  9. ကြက်ဥ တလုံးကို နွားနို့ ထမင်းစားဇွန်း ၂ ဇွန်း နှင့် အတူ ကြက်ဥ ခေါက်ထားပါ ...
  10. ဆား အနည်းငယ်
  11. နှမ်း အနည်းငယ်


သမီး လုပ်ထားတဲ့ ပေါင်မုန့် ဒီဇိုင်း



ကြွေဇလုံ ထဲမှာ ..
ဂျုံမှုန့်၊ ဆား၊ ထောပတ်၊ သကြား၊ Yeast၊ ကြက်ဥ အနှစ် ထည့်ပါ ...
နောက်ပိတ်ဆုံးမှ နွားနို့ ထည့်ပါ ...
 မွှေစက် ဖြင့် ...
၅ မိနစ် slow speed မွှေပေးပါ ...
၅ မိနစ် ပြည့်ရင် ခဏလောက် ရပ်လိုက်ပီး မွှေတဲ့ အချောင်းမှာ ကပ်နေတဲ့ ဂျုံတွေကို ခွါချပီး ...
medium speed နဲ့ ၃ မိနစ်လောက်မွှေပေးပါ ...
မွှေစက် ဖြင့် မွှေပီးတဲ့ ဂျုံသားတွေကို ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားတဲ့ စားပွဲပေါ်မှာ ဂျုံသား ညက်အောင် လက်ဖနောင့်ဖြင့် ဖိ .. နှယ်ပေးပီး ညက်နေတဲ့ ဂျုံလုံးကို ပန်းကန်လုံးထဲ ထည့် ...
ရေစိုလက်ကိုင်ပုဝါ ဖြင့် ၁နာရီ မှ ၂ နာရီ လောက် အုပ်ထားပေးပါ ...
လက်ကိုင်ပုဝါ ဖြင့် တစ်နာရီလောက် အုပ်ပေးထားလိုက်ရင် ဂျုံသားတွေက Yeast တန်ခိုး နဲ့ ဖောင်းကြွနေပါလိမ့်မယ် ...
ဂျုံသားထဲမှာ ခိုနေသော လေများ ထွက်သွားအောင် လက်သီးဖြင့်  ထိုးလိုက်ပီး ဂျုံများကို ပန်းကန်လုံးထဲမှ ထုတ်လိုက်ပါ ...
ဂျုံမှုန့် အနည်းငယ်လေးပဲ ဖြူးထားသော စားပွဲပေါ်မှာ ဂျုံများကို အလုံးကနေ ... အလျားရှည် လုပ်လိုက်ပါ ...
တ၀က် ၀က် .. တ၀က်ကနေ ၄ ဖြတ်လောက် ဖြတ်လိုက်ပီး ...
 ဂျုံ ၁၀ ပိုင်းလောက် ဖြတ်ထားပါ ...
ဂျုံ ၁ တုံးကို ဂျုံ အချောင်း ရှည် ရှည် လက် ၂ ဖက်ဖြင့် လိမ့် လိမ့်ပေးပီး နောက် ...
မိမိနှစ်သက်ရာ ယုန်ပုံစံ ပြုလုပ်ပါ။
မုန့်ဖုတ်ဗန်းပေါ်က  မုန့်ဖုတ်စကူပေါ် တင် ပီးလျှင် လက်ကိုင်ပုဝါဖြင့်  မိနစ် ၃၀  လောက် အုပ်ထားပါ ...
( တနာရီလောက် လက်ကိုင်ပုဝါ .. အုပ်ထားလည်း ရပါသည် ...
၁ နာရီလောက် အုပ်ထားပီး လက်ကိုင်ပုဝါ ဖယ်လိုက်လျှင် Yeast တန်ခိုးဖြင့် မုန့်များ ကြီးထွားနေတာကို မြင်ရပါမည် )
တဆက်တည်းမှာပဲ .. oven ကို  မုန့်မဖုတ်ခင် 375 ºF နံပါတ် ထားပီး ကြိုဖွင့်ထားပါ ...
ကြက်ဥ တလုံးကို .. နွားနို့ ထမင်းစားဇွန်း - 2 ဇွန်း နဲ့ ခေါက်ထားတဲ့ အရည်ကို စုတ်တံလေး နဲ့ ပေါင်မုန့် ကို နေရာ အနှံ လိုက်သုတ်ပေးပီး နောက် ...
 ဆားလေး အနည်းငယ်လောက် နှမ်း ပက်သလို ပက်ပေးပါ ...
နှမ်းလေး အနည်းငယ်လောက် နှမ်း ဖြူးသလို နှမ်း ဖြူး ပေးပါ ...

oven ရဲ့ အလယ် နေရာမှာ မုန့်ဗန်းကို ထားပီး ...
375 ºF - ၁၂ မိနစ်လောက် ဖုတ်ပေးပါ ...




ဂျုံချောင်း ၂ ချောင်း အလယ်မှာ ဘေကွန် ထည့်ပီး လိပ်ထားသော bacon roll


 




ပေါင်မုန့်လုံး



bacon နှင့် Cheese


ပေါင်မုန့်လုံးကို အလယ်ကနေ ဖောက်ပြီး ပေါင်မုန့် အတွင်းပိုင်း အသားများကို ထုတ်ပစ်ပါ။
ခွက်ပုံစံ ပေါင်မုန့် ပြုလုပ်ပြီး


cheese ဖြူး


smoke bacon


smoke bacon ကို ကတ်ကျေးဖြင့် ပါးပါးညှပ်


အပေါ်မှ ကြက်ဥတစ်လုံးကို ဖောက်ထည့်ပြီး ငရုတ်ကောင်းမှုန့် နည်းနည်းဖြူးပါ။
oven ထဲ မိနစ် အနည်းငယ်လောက် ဖုတ်ပေးပါ။


ပေါင်မုန့်လုံး


ဒီတခါ ကလေးများ အကြိုက် ချိစ့်များများ ..


ဘေကွန်ကို ပေါင်မုန့်ပေါ်တင်ပြီး ဂျုံ ဇကာကွက် ဒီဇိုင်းဖြင့် ပြန်အုပ်ထားသော ပေါင်မုန့် ဒီဇိုင်း


သမီး လုပ်ထားသော ၀က်ပုံစံ ပေါင်မုန့် ဒီဇိုင်း နှင့် သားသား လုပ်ထားသော လိပ်ပုံစံ နှင့် လိပ် ပုံစံ ဘေး ပတ်ပတ်လည်လည်က သကြားလုံးတွေတဲ့ ...


ကလေးများ လုပ်ထားသော ပေါင်မုန့် ဒီဇိုင်းလေးများ

4 comments :

mi mi said...

i want to be your neighbour..too bad I am in PA. ;)

သီရိရတနာ said...

@ Mi Mi -
Welcome to my space. I love to share foods to my neighbor and share the information on how to make from blog. :)

Anonymous said...

မရောက်တာကြာပြီ..။
ပေါင်မုန့်တွေ လာငေးသွားတယ်..။

ပေါက်

သီရိရတနာ said...

@ ပေါက် - လာလည်တာ ကြိုဆိုပါတယ် ပေါက်ရေ .. ပေါင်မုန့် ပူပူနွေးနွေး သုံးဆောင်ပါအုံး .. ရေနွေးကြမ်း၊ လက်ဘက်ရည်၊ ကော်ဖီ ပါ တိုက်ပါမည်။ :)