Wednesday, March 20, 2013

နွေဦး နှင့် ရောင်စုံကျောက်ကျော

Happy First Day of Spring!


နွေဦးရာသီ၏ ပထမဦးဆုံး နေ့ရက်
( March - 20 ~ June - 20 )


Spring Season ဆိုပေမယ့် စနိုးများနှင့် နွေဦးရာသီ

 

အမေရိကားက ရာသီဥတု ၄ မျိုးထဲမှာ Spring Season ( နွေဦးရာသီဥတု ) ကို အကြိုက်ဆုံး ..

Winter, Spring, Summer & Fall Season
 
 

နွေဦး မနက်ခင်း နေရောင်ခြည် နွေးနွေးလေး
 
 

ဘေးနှစ်ဖက် စာတိုက်ပုံး နေရာ ကျဉ်းမြောင်းသော လမ်းသွယ်ထဲကနေ မြင့်မားသော အရိုးပြိုင်းပြိုင်း သစ်ပင် နှင့် ကောင်းကင်ပြာ


ကွန်နတ်တီကတ်က အခုထိ ဆောင်းရာသီပါပဲ။ စနိုးများ မကုန်သေးပါဘူး။

 

ကျောင်းကားစောင့်နေသော သမီးနှင့် သား
 


 

ချမ်းနေတာ ..


ဒီနေ့ မနက်စောစော ကျထားသော စနိုးမှုန်လေးတွေ .. မှန်မှာ ကပ်နေတဲ့ ပုံစံ

 

 

 

စနိုးပစ်တမ်းဆော့နေကြတာ ...
 
 


အနောက်နားမှာ တောင်လေ .. ဆောင်းတွင်းဆို အဲဒီ တောင်က အဖြူရောင် စနိုး ဖုံးလွမ်းနေပြီး ...
Spring ဆို အနီရောင် .. Summer ဆို အ၀ါရောင် .. Fall ဆို မီးခိုးရောင် .. ( အရွက်ကြွေကုန်လို့ )

 

မေဘဲလ် အဖူးလေးတွေ နှင့် ဆောင်းခိုဌက်
 

American robin bird


ဆောင်းခိုဌက်လေးတွေ ပြန်လာပြီလေ ..

 


Learning raz-kids.com

 

သားသား ကွန်ပြူတာ နှင့် စာလုပ်နေတာ ...
 
 


In the shopping cart 
Facebook video : Henry - In the shopping cart

 Get down Danny
Facebook video : Henry - Get down Danny




Snow slide
Facebook video : Henry - Snow slide

အိမ်က ကလေး နှစ်ယောက် ... သားသား နဲ့ သမီးကို မြန်မာစာ နှင့် ပတ်သက်ပြီး ကိုယ့်၏ သဘောထားက ဒီပိုစ့်မှာ ရေးထားပါတယ်။


 Colourful Jelly
 

colourful jelly
 

colourful jelly
 


Agar Agar -  1/3 Packet
Green Food Color
Yello Food Color
Pink Food Color
Red Food Color
Purple Food Color
Water - 2 cups
Sugar - 1 cup
~~~~
ရေ - ၂ ခွက်
သကြား - ၁ ခွက်
ကျောက်ကျောမှုန့် - ၃ ပုံ ၁ ပုံ
မီးဖိုပေါ်မှာ ကျောက်ကျောကျိုပါ။
( ကျောက်ကျော ကျိုနေစဉ် အဆက်မပြတ် မွှေပေးပါက ကျောက်ကျောများ ညက်ပါသည်။
ကျောက်ကျော အမှုန့် နှင့် ရေ၊ သကြားကို အပြင်မှာ မွှေပေးပီးမှ မီးဖိုပေါ် အပူပေး ကျောက်ကျောကျိုတာ ပိုကောင်းပါသည်။ )
ကျိုထားသော ကျောက်ကျောရည်များကို ကော်ဖီပန်းကန်လုံး တစ်လုံးစာ ( အနည်းငယ် ပမာဏ )
ပန်းကန်လုံး ၅ လုံးထဲ ထည့်ပြီးမှ အရောင်ဆိုးဆေးများကို အနည်းငယ် တစ်စက် မှ နှစ်စက် လောက် ထည့်ပြီး ကျောက်ကျောကို အရောင်ဆိုးပြီး နာရီဝက်လောက် ခဲထားပါ။
ကျောက်ကျောရည် နည်းတာမို့ ခဏလေးနှင့် ကျောက်ကျောများ ခဲသွားပါလိမ့်မယ်။
 

ခဲသွားသော ကျောက်ကျောများကို အတုံးသေးသေးလေး လှီးစိတ်ထားပါ။ သေးလေ လှလေပါပဲ ...
 


Agar Agar -  2/3 Packet
Water - 3 cups
Sugar - 1 cup
Coconut Milk - 1 can
~~~~
အုန်းနို့ တဗူးကို အရင် ကျိုထားပါ။ ...
ရေ  ... ကို ( ၃ ) ခွက်
သကြား ...  ( ၁ ) ခွက် ကို အရည်ပျော်အောင် မွှေပေးပီး ...
ကျောက်ကျောအမှုန့် ( ၃ ပုံ ၂ ပုံ ) ထည့် ... ပျော်နေအောင် အဆက်မပြတ်မွှေပေးပီးမှ မီးဖိုပေါ်မှာ အပူပေးပီး ကျောက်ကျောကျိုပါ။
အဖတ်လုံးဝ မကျန်အောင် ညက်နေအောင် မွှေပေးပီးမှ ကျောက်ကျောဗန်းထဲ ထည့်။
ခဏလောက် ၅ မိနစ်လောက် အအေးခံပါအုံး ...
ရေခဲသေတာ ထဲ ထည့်တာလည်း ရပါတယ်။
ခဏလေးမှ ခဏလေးပါ ..
ကျိုထားသော ကျောက်ကျောပူများ အပူချိန် လျှော့ကျပြီ ဆိုတာနှင့် လှီးစိတ်ထားသော ကာလာစုံ ကျောက်ကျောတုံးလေးများကို အားလုံး ရောမွေပြီး ကျောက်ကျောဗန်းထဲ ဖြန့်ထည့်လိုက်ပါ။
( မိမိကြိုက်နှစ်သက်သော စတိုင်ပုံစံ .. ကာလာ တူတူ .. လိုင်းလေးတွေ .. အစိမ်းရောင် တလိုင်း၊ အနီရောင် တလိုင်း .. ကြိုက်သလို ပုံစံလုပ်နိုင်ပါသည်။ )
ပြီးလျှင် ရေခဲသေတ္တာ အောက်ထပ်ထဲ တနာရီကျော်လောက် အအေးခံလိုက်ရင်ပဲ ကျောက်ကျောက လှီးလို့ ရနေပါပီ။


colourful jelly


colourful jelly

 

 

 

 


ရွှေချီ

 

0 comments :