Saturday, March 16, 2013

သပွက်အူ


သပွတ်အူ

အတိအကျ ပြောရရင် ရောင်စုံ သပွတ်အူ

SANYO DIGITAL CAMERA

Myanmar artists's Art Exhibition
Date : 12.01.2010
Place : National Museum of Myanmar

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

နားရွက်လည်း ပုံသဏ္ဍာန် အမျိုးမျိုး ရှိသလို ...
နားကပ် ပုံစံလည်း အမျိုးမျိုး ရှိပါတယ်။

( နားတွေ .. မျက်စိတွေ ... ရှိနေလို့ကတော့ ကြားချင်သလို ကြားပြီး ...
မြင်ချင်သလို မြင်နေကြမှာပါပဲ ... )

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

ပန်းချီပြပွဲမှာ သမီးက ကြမ်းပြင်မှာ ဂျုံ - အရုပ် သေးသေးလေးတွေနဲ့ ပုံဖော်ထားတဲ့ performance ( အနုပညာ တင်ဆက်မှု ) ကို သဘောကျနေတာပါ။
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

ကြက်မောက်သီး
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

အရောင်စုံတွေထဲက ဖြူစင်သော အရောင်များကို သုံးထားတဲ့ အဖြူ၊ အစိမ်း နှင့် ကာလာစုံ ကစားစရာ
 
SANYO DIGITAL CAMERA 

ပစ်လိုက်တိုင်း အပြုံးမပျက် ထောင်နေသော ပစ်တိုင်းထောင်နှင့်
 ကောက်ကြောင်းများ
 
SANYO DIGITAL CAMERA 

သြော် .. နံရံတွေတောင် မျက်ရည်ကျကုန်ပြီလား ...
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

 ခေတ်ပေါ်ပန်းချီများ
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

အပြစ်ကင်းသော ကလေးတစ်ယောက်၏ အမူအရာမျိုးစုံ
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

ဌက်ပျော်သီးတစ်ဖီးကို ရှုထောင့်ပေါင်း မြောက်များစွာ ဆွဲချက်
 
SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

SANYO DIGITAL CAMERA 

သမီးလေးက မွေးကတည်းက ပန်းချီဆွဲတာ ၀ါသနာပါတယ်လို့ ပြောရမလားပဲ။
သမီး .. ခဲတံ ကိုင်တတ်တဲ့ အရွယ် ... ၂နှစ်ခွဲကျော်ကတည်းက ပန်းချီပုံတွေ ဆွဲနေပါပြီ။
သူ့ ခံစားတဲ့ အတိုင်း ပန်းချီဆွဲတတ်သလို ဇာတ်လမ်းလေးတွေ ဆင်ပြီးလည်း ပန်းချီဆွဲတတ်ပါတယ်။
အဲဒီ ပန်းချီပြပွဲကို သမီးလေး၏ ဆရာမ မှ ဖိတ်ကြားသောကြောင့် သားအမိ သုံးယောက် အမျိုးသားပြတိုက်မှာ ပန်းချီပြပွဲ သွားကြည့်ကြတာပါ။
သားသားက နှစ်နှစ်သား အရွယ်ပဲ ရှိပါသေးတယ်။
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၀
 
SANYO DIGITAL CAMERA 

မာမီက ပန်းချီကို မဆွဲတတ်ပါဘူး။ ဒါပေမယ့် ပန်းချီကို ခံစားတတ်တယ်။
မာမီ ခံစားလိုက်တဲ့ ပန်းချီ အမြင်ကို ပန်းချီဆရာ သိရင် ထိုင်ငိုချင်လောက်အောင်ကို မာမီက ပန်းချီ အမြင်ရှိတယ်။

ဘာဖြစ်လို့လည်း ဆိုရင် မာမီက ကိုယ့်မြင်ချင်သလို မြင်တတ်ပြီး .. ကိုယ့်အမြင်နှင့် ကိုယ် ကျေနပ်နေတတ်သူတစ်ဦးပါ။

ပန်းချီဆရာက သူ့ခံစားချက်ဖြင့် ဆွဲထားသော ပန်းချီများကို မာမီက တလွှဲမြင်တတ်လွန်းလို့ .. များသောအားဖြင့် ပန်းချီများကို သွားကြည့်တဲ့အခါ တိတ်ဆိတ်စွာ ကြည့်တယ်။ အမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်တယ်။ ပြီးရင် တစိမ့်စိမ့်ကြည့်ပြီး ကိုယ့်အမြင်နှင့် ကိုယ် ကျေနပ်၊ ပီတိဖြစ်နေတတ်သူတစ်ဦးပါ။
 
SANYO DIGITAL CAMERA 

ပန်းချီကားထဲက အတိုင်း မောင်လေးကို ကျောပိုးချီထားသော မမ
 
SANYO DIGITAL CAMERA 

ဂျုံ - အနုပညာတင်ဆက်မှု
 
SANYO DIGITAL CAMERA 

သမီးဆော့တဲ့ ဂျုံလေးတွေကို ..
သမီးဆော့တဲ့ ကုလားမစည်းလိုမျိုး အကွက်သေးသေးလေးတွေ ဆွဲထားတဲ့ အထဲမှာ ဂျုံလေးတွေ တန်းစီ နေတာကို သဘောကျနေတာ။
 
SANYO DIGITAL CAMERA 

သမီးက အကြာကြီး ကြည့်နေလို့ .. အဲဒီ ဂျုံ အနုပညာတင်ဆက်သူ ၏ သူငယ်ချင်းက သမီးကို သဘောကျလို့ ဓာတ်ပုံရိုက်နေသော အချိန် ..
 
SANYO DIGITAL CAMERA 

သမီးလေးက .. ဂျုံ သေးသေးလေးတွေကို ဘယ်သွားနေတာလဲး .. ကြည့်ရင်း ကြည့်ရင်းနဲ့ သူစိတ်ထဲမှာ ကာတွန်းကားထဲကလို ဂျုံတွေ ရွှေ့ပြီး သွားနေသလို ဖြစ်နေတယ်။
 
SANYO DIGITAL CAMERA 

" ရှင်းလေ .. ရှုပ်လေ - သပွတ်အူ "

သပွတ်အူ ကို ရောင်စုံ ဆိုးပေးထားပြီး ... အရှုပ်ထုပ် .. မျိုးစေ့ကို အစပျိုး .. မြေလောင်း ပေါင်းသင်ပေးလိုက်တော့ အရှုပ်ထုပ်က ပင်စည် - မျိုးစေ့ သန်လာပြီး ...
တကယ့်ကို ရောင်စုံ အရှုပ်ထုပ် ( သပွတ်အူ ) သပွတ်အူ အသီး၊ အရွက်တွေဖြင့် မျိုးသန်နေပါတော့တယ်။

မျိုးစေ့ကြဲသူ .. ဘယ်သူလဲး ?

( အဲဒီ အနုပညာတင်ဆက်မှု့ကို ကိုယ်မြင်သလို ကိုယ်မြင်တာပါ။ အနုပညာတင်ဆက်သူက တခြား အမြင်၊ ခံစားချက်ဖြင့် performance လုပ်ထားပေမယ့် ... အိမ်ရှင်မ ဖြစ်တဲ့ ကိုယ့်က သပွတ်အူဆိုတာ မီးဖိုချောင်မှာ အိုးတိုက်ဖွဲပြာနှင့် အတူ အိုးတိုက်သော ပစည်း၊ မီးဖိုချောင်သုံးပစည်းအဖြစ် မြင်သလို .. သပွတ်အူ - အရှုပ်ထုတ် ကိုလည်း သိပါတယ်။ )

သပွတ်အူ အသီးလိုမျိုး သီးနေသော ဒီ အပင် ပန်းအိုးကို စိတ်ထဲ မြင်မြင်ချင်း ရှုပ်ထွေးတာတော့ အမှန်ပဲ။ သပွတ်အူ တစ်ခုနဲ့တင် ရှုပ်နေပြီ .. ဘယ်နှယ့် .. ဘယ်နှယ့်လုပ်ပီး အသီး၊ အရွက်တွေ ဖြစ်လာအောင် ဘယ်လိုလူမျိုးကများ မြေလောင်း၊ ပေါင်းသင်ထားတာပါလိမ့်။

ကြည့်ရင်းနဲ့ တွေးနေရာကနေ ... ဖြူစင်ကြယ် ... အဖြူရောင် သပွတ်အူ တစ်ခု ကို တွေ့မိလို့ .. တော်ပါသေးရဲ့လို့ စိတ်ဖြေမိပါတယ်။
 
SANYO DIGITAL CAMERA 

သားသမီးတွေရဲ့ ဘ၀ ခရီးလမ်း ချောချောမွေ့မွေ့ပဲ ဖြတ်သန်းစေချင်ပါတယ်။
ဆူးညှောင့် ခလုတ်ကသင်းတောင် မကြုံတွေ့စေချင်ပါဘူး။ 

SANYO DIGITAL CAMERA 

ကိုယ့် ပန်းချီကို မဆွဲတတ်ပေမယ့် ပန်းချီကားချပ်တွေကို ကြိုက်တယ်။ စကော့ဈေးက ကျောက်ပန်းချီကားချပ်တွေကို သဘောကျတယ်။ စကော့ဈေး နှင့် မျက်နှာချင်းဆိုင် ( အတိအကျ ဆို ) မျက်စောင်းထိုး အဲဒီ ဘက်က လမ်းတွေမှာ ကျောက်ပန်းချီကားချပ်တွေက စကော့ဈေးထက် ဈေးသက်သာသော ပင်ရင်းဆိုင်များ ရှိပါတယ်။ စကော့ဈေးမှ ငါးသောင်းတန် ကျောက်ပန်းချီကားကို အဲဒီမှာ ဈေးသက်သာစွာနဲ့ ရပါတယ်။ လမ်းနာမည်၊ ဆိုင်နာမည် မမှတ်မိတော့ဘူး။ စကော့ဈေးမှာတော့ မျက်နှာစာတန်းတွေမှာ ကျောက်ပန်းချီကားတွေ မျိုးစုံ ရှိတယ်။ ၀ါးပန်းချီ နှင့် ရေတံခွန် ပန်းချီက စီးပွားရေးအတွက်ကော၊ နေအိမ်အတွက်ကော လာဘ်လာဘ တိုးတက်စေတာမို့ ပိုပီးတော့ လက်ဆောင်ပေးလို့ ကောင်းပါတယ်။

စကော့ဈေး အနောက်ဘက်တမ်းက ဒေါ်လာ လေးထောင်တန် အသက်ဝင်လွန်းသော ကျားပန်းချီ ကားချပ်ကြီး ရှိသေးလား ဆိုတာလည်း သိချင်တယ်။

သမီးလေး ငယ်ငယ်တုန်းက .. ဘားလမ်း ဘုရားကျောင်းမှ အပြန် Mr. Brown မှာ မနက်စာ စားနေတုန်း ချန်ပီယံ ပေါ်ဆန်မွှေး လင်မယား နှစ်ယောက်က သမီးလေးကို ဓာတ်ပုံ ရိုက်ခွင့်တောင်းပြီး ဓာတ်ပုံရိုက်သေးတယ်။ သူတို့လင်မယား နှစ်ယောက်ဆွဲသော ပန်းချီပြပွဲကို စာတိုက်ကနေ စာပို့ပြီး ဖိတ်ပေမယ့် အဲဒီ အချိန်တုန်းက ကိုယ့် .. အလုပ်တဖက်၊ သမီးကို ကျောင်းပို့ရတာ တဖက်နှင့် သွားမကြည့်ဖြစ်ခဲ့ပါဘူး။ ပန်းဆိုးတန်း လောကနတ် ပန်းချီပြခန်းမှာပါ။

ပန်းချီကားချပ်တွေက နေရာတကာမှာ တွေ့နေရတာပါပဲ။ အဲလို တွေ့တိုင်းလည်း ကိုယ့် အမြဲ ကြည့်တတ်ပါတယ်။ ကိုယ့်မြင်ချင်သလို မြင်ပြီး ကြည့်နေရတာ၊ ကြည့်လို့ရနေတာကို ကျေနပ်နေတတ်တာပါ။

အဲဒီအတွက် ကိုယ့်မြင်ချင်သလို မြင်ခွင့်ပေးသော ပန်းချီကားချပ်တွေကို ကိုယ် တဖြည်းဖြည်း ကြိုက်လာတယ်။ 


 credit : Photography

ဒီပန်းချီကားချပ်ကို ကိုယ် နာမည်ပေးထားတာက " အမြင်ချင်းမတူ "

ကိုယ် လွတ်လပ်စွာ မြင်လိုက်တဲ့ အမြင်က အသက်ကြီးသော လူကြီးများက အနီးမြင် ...
လူငယ်တွေက အဝေးကြီးကို မြင်တယ်။

အဲဒီ ထောင်က တသက်တကျွန်းသမားတွေ ထောင်လား၊ နှစ် သမားတွေ ထောင်လား မသိဘူး။ အဲဒီအပေါ်မှာလည်း အမြင် အမျိုးမျိုး ကွဲပြားလို့ ရပါသေးတယ်။

အသက်အရွယ်ကို မကြည့်ပဲ မြင်မယ်ဆိုရင် ...

လက်ရှိအချိန်ကို မြင်ရင် အကျဉ်းထောင်ပေါ့။
အနာဂတ်ကို လှမ်းမျှော်ကြည့်နိုင်ရင်တော့ သာယာသော ရှုခင်းများ ...

အသက်ကြီး ( မေးစိနှင့် မျက်နှာပြင် အနေအထား ကျနေခြင်း ကြောင့် အသက်ကြီးသောသူ ) အကျဉ်းထောင်မှပဲ သက်တမ်း ကုန်ဆုံးမှာမို့ .. အကျဉ်းထောင် အမြင်ပဲ ရှိပေမယ့် ..

လူငယ် ကျတော့ ထောင်ကလွတ်ရင်ဆိုတဲ့ နောင် အနာဂတ် မျှော်လင့်ချက် ရှိပါသေးတယ်။

ရလိုက်တဲ့ အသိက လက်ရှိအချိန်တော့ အနာခံလိုက်အုံးပေါ့ ... ထောင်နန်းစံ ( အကျဉ်းကျနေတာကိုး ) .. နောင် အနာဂတ်ကို မျှော်လင့်ခြင်းများစွာဖြင့် ဖြတ်သန်းခြင်း ...

လက်ရှိအချိန် ( အနီးကြည့် ) မှာ အမြင် မကောင်းပေမယ့် ....
အနာဂတ် ( အဝေးကြည့် ) မှာ သာယာလှပခြင်းတွေ ရှိနေတယ်။

ပန်းချီဆွဲသောသူက လူငယ်များလားလို့ .. ( လူကြီးကို ဘာလို့ မကောင်းမြင်သောသူ .. အနီးကိုပဲ မြင်သောသူနေရာမှာ ထားပြီး ပန်းချီဆွဲထားတာလည်း မသိဘူး။ )

အမြင် နောက်တစ်ခုက ...
လူငယ်က မျက်မှန်တပ်ထားတော့ မျက်မမြင် .. မျက်မမြင်ရဲ့ ပန်းချီကားချပ်က သာသာယာယာ ...

မှန်ပါတယ်။ တခါတလေကျရင် ... မရှိခြင်းက နာမည်သာဆိုးတာပါ။
မရှိတဲ့အခါမှာ ရှိခြင်း ဒုက္ခ၊ သောက ကို ခံစားစရာမလိုအောင် အေးချမ်းတာကို မရှိတဲ့အခါကျမှ ပိုသတိထားမိမှာပါ။
မရှိတဲ့အခါ စိတ်သောက မရောက်ပါနဲ့ .... စိတ်ဓာတ်မကျပါနဲ့ ...
တချို့အရာတွေက ကိုယ့်မှာ မရှိတဲ့ အတွက် .. ရှိတဲ့ လူတွေထက်ပိုပြီး သောကအပူမီးကင်းသလို ... ရန်ငြိုး ရန်စလည်း ကင်းပါတယ်။

ဘလော့မှာ မီးမရှိတဲ့ မြို့တော် CT ဆိုပီး ကိုယ်ရေးခဲ့ဖူးပါတယ်။
အဲဒီ အချိန် အမေရိကားမှာ ကိုယ်နေထိုင်စဉ် နှင်းမုန်တိုင်းကြောင့် အမေရိကားမှာ မီး ၁၀ ရက် ပြတ်သွားတယ်။ အင်တာနက် သုံးမရဘူး။
အင်တာနက် မသုံးတော့ ကိုယ့်အတွက် သိလည်း ဘာမှ မထူးတဲ့ နိုင်ငံတကာ သတင်းဆိုးတွေ မမြင်ရ၊ မဖတ်ရ၊ မသိရတော့ဘူး။ မီးမရှိတော့ မိသားစု စုစည်းမိတယ်။ ကွန်ပြူတာရှေ့၊ တီဗီရှေ့မှာ သွားမစုတော့ပဲ မိသားစု မျက်နှာခြင်းဆိုင် စုံဖြစ်တယ်။
ညဆို စောစောအိပ်ဖြစ်တော့ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။

" မီးမရှိတော့ ဂိမ်းအတွက်
အင်တာနက် အတွက် အချိန်မကုန်ပဲ
စားတဲ့ အချိန်မှန်၊
အိပ်တဲ့ အချိန်မှန်၊
တကိုယ်ရည် သန့်ရှင်းမှု အချိန်မှန် (မီးမလာတာတောင် ရေနွေးတည်ပီး ရေချိုးကျ၊ နေ့တိုင်း ရေပတ်တိုက်ကျနဲ့) "

ဒါက အခု ညနေ .. တီဗီကနေ လာလို့ ကြည့်နေသော အဆိုတော် Andrea Bocelli ၏ သီချင်း ..
အဲလို သီချင်းအေးအေးလေးတွေကို ရှုခင်းလှလှလေးတွေနှင့်အတူ ကြည့်ရတာ အကြိုက်ဆုံးပါ။




Credit : Andrea Bocelli ( Facebook Fan Page )
Source : PBS Video








အရင်ပိုစ့် - 

0 comments :