Friday, March 1, 2013

ဆိတ်ကလီစာဟင်း



လက်ဆောင်ရသော ဆိတ်ကလီစာဟင်း

နယူးယောက်မှာ ဆိတ်ကလီစာ ၀ယ်လို့ရတယ်။
ကိုယ်တို့ Connecticut မှာတော့ ၀ယ်လို့ မရဘူး။

ဆိတ်ကလီစာ ချက်မယ်ဆိုရင် ....
အရင်ဆုံး -
ဆိတ်ကလီစာကို သံပုရာသီးညစ်ပီး ရေသေချာဆေး၍ အနေတော် အသားတုံးများ တုံးထားပါ။
သံပုရာသီး အစား ဆိတ်ကလီစာများကို ရှာလကာရည်ဖြင့် စိမ်ပီး ရေသေချာဆေး .. ချက်လို့လည်း ရပါသည်။
သန့်စင်ပီးသား ဆိတ်ကလီစာ အတုံးများကို -
ဆနွင်းမှုန့်၊ ငရုတ်သီး အစိမ်းမှုန့်၊ ဆားဖြင့် နှယ်ပါ။
ဆီအိုးတည်။
ဆီပူလျှင် ငရုတ်ကောင်းစေ့၊ ကရဝေးရွက် ထည့် ဆီသတ်။
ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ဆီသတ်ပါ။
ဆီကျက်လျှင် ဆိတ်ကလီစာ ထည့်မွှေပါ။
၃ ရေ လောက် ချက်ပီးလျှင် ပျဉ်တော်သိမ်ရွက် အုပ်ပါ။



8 comments :

monmon yoko said...

အစ်မရေ လျှာလည်စရာဟင်းတစ်ခွက်ပါပဲ။ ဆိတ်သားသိပ်စားလေ.မရှိတဲ. ညီမတောင် စားချင်စိတ်ဖြစ်မိတယ်။

သီရိရတနာ said...

@ Mon Mon Yo Ko - ဆိတ်ကလီစာဟင်းကလေ ကြိုက်ရင် ဆိတ်သားဟင်းထက် ပိုပြီး အရသာရှိလို့ အမလည်း ဆိတ်ကလီစာဆိုအရမ်းကြိုက်တယ်။

အိမ်လာလည်တာ ကျေးဇူးပါနော်

Tommy Girl said...

လာလည်ဗိုက်ဆာသွားကြောင်းသတင်းပို.အပ်ပါသည်....း)
ဖြစ်နိုင်လျှင် ဘလော့ပိုင်ရှင်မှ တာဝန်ယူသည့်အနေဖြင့် ထမင်းစား ဖိတ်စေလိုပါသည်...
:D

သီရိရတနာ said...

@ Tommy Girl -

Tommy ကို ဗိုက်ဆာသွားအောင် လုပ်မိသည့်အတွက် အပြစ်ရှိပါသည်။

အပြစ်ရှိသည့်အတွက် Tommy အား ထမင်းစား ဖိတ်ပါကြောင်း ...

ကျွန်မ ရိုက်မိ အပြစ်ရှိပါသောကြောင့် အမေရိကား ကွန်နတ်တီကတ် နေအိမ်သို့ ဆက်ဆက် ထမင်းစားကြွရောက်ပါရန် လေးစားစွား ဖိတ်ကြားအပ်ပါသည်။

တိန် ... တိန် ... တိန် ..တိန် ... ဗြောင် .. ဂျိ

Tommy Girl said...

ဟိဟိ... Tommy ဆိုတော့ သိတဲ့အတိုင်းဘဲ.. ဘာမှချက်တတ်ဝူး.. သူများချက်ကျွေးတာဘဲ အလကားလိုက်စားတယ်.. ဟိဟိ
ထမင်းစားဖိတ်တဲ့အတွက် ကျေးဇူးပါ... လေယာဉ်ခမရှိလို. လာတော့ဝူး... အွန်လိုင်းကနေဘဲ ၀ငစားသွားတော့မယ်နော်.. ကျေးဇူး..

သီရိရတနာ said...

@ Tommy Girl - ဟီး .. ဟီး

ကိုယ့် Tommy ဘလော့အိမ်လာခဲ့အုံးမယ်။ ဟိုတနေ့က Tommy ပိုစ့်တင်ထားတဲ့ Harlem Shake ကိုယ့် FB မှာ အမျိုးမျိုး ရှိတယ်။ ရေကူးကန်မှာ ကတာ၊ မြန်မာလူငယ်၊ ရုံးခန်းထဲမှာ ကတာ။ အ၀တ်လျှော်စက် ကတာ။ FB မှာ share ထားတဲ့ အထဲက ပြန်ရှာပြီး ကွန့်မန့်ရေးမယ်ဆိုပီး တေးထားတာ။ အခု ထိ မပေးရသေးဘူး။ အားတဲ့ အခါ Tommy ဟားဖို့ လာပီး ကွန့်မန့် ရေး ပေးအုံးမယ်။ :)

Tommy Girl said...

Okie dokie... I'll watch it.. please give me video clips.. :D
Harlem Shake!!!!
Hilarious... <3 <3 <3
အခု ကလပ်သွားတိုင်း အဲဒီသီချင်းနဲ့ Britney Bitch ဘဲ ဖွင့်နေကြတာ... အိုးပါး ဂဧန်းစတိုင်တောင် ငြိမ်သွားပြီ... :D

သီရိရတနာ said...

@ Tommy Girl - ကိုယ့် အခုပဲ Tommy ဘလော့အိမ်မှာ Harlem Shake နှင့် ရီရတဲ့ ဗီဒီယို ၀ပ်ဆိုဒ်လင့်တွေ ကွန့်မန့် ရေးပီးသွားပီ။ အမေရိကားမှာတော့ အဲဒီ အကကို လူတိုင်းကြိုက်ကြတယ်။ ဟာသအနေဖြင့်လည်း မြင်တယ်။ အဲဒီ အက ကရင် လူတွေ စိတ်ဝင်စားလို့ ပေါ်ပြူလာ ဖြစ်တာလည်း ပါတယ်။ ဖေ့ဘွတ်မှာတော့ အဲဒီ အကကို ဗာရှင်း အမျိုးမျိုးနဲ့ ထွင်နေကြတာပဲ ...

Tommy Girl's Harlem Shake Blog Post