Wednesday, March 13, 2013

3/13/13




Facebook မှာ မမလတ် ... မြန်မာနိုင်ငံ .. မုံရွာမြို့ ရောက်ရှိစဉ် .. ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံ ကြည့်ပီး သဘောကျလို့ Credit image ပေးပီး ....
Thiri Yatanar - Favourite Memories မှာ အမှတ်တရ မှတ်တမ်းတင်လိုက်ပါတယ်။
မြန်မာ့အလှ .. မြန်မာ့ရှုခင်းဆို အရမ်းသဘောကျတယ်။



Win Unity Hotel
Monywa, Myanmar


ဝင်းဟိုတယ်မှာ အမ ... တည်းခိုတာမို့ ... ၀င်းဟိုတယ်ကို မြင်ရတဲ့ မြင်ကွင်းများ ...

 

 


 

Hotel - Reception

 


ဟိုတယ်မှာ အင်တာနက် သုံးတဲ့ နေရာ ( Internet Cafe ) လို့ ထင်တာပဲ။


Reception ကောင်တာ မှာ ထားတဲ့ အောင်သပြေ ပန်းအိုး

နောက်ထပ် ဓာတ်ပုံ တစ်ပုံ ရှိပါတယ်။ အောင်စည်၊ အောင်မောင်း နှင့် အောင်သပြေ ပန်းအိုးက ထူးခြားလွန်းလို့ ဘလော့မှာ အမှတ်တရ ဓာတ်ပုံ တင်ချင်ပေမယ့် Receptisonist ( ဧည့်ကြို ၀န်ထမ်း ) မျက်နှာ သိသာ ထင်ရှားနေတာမို့ ဘလော့ပေါ်မှာ မတင်ပေးတော့ပါဘူး။

 

ဟိုတယ် ပန်းခြံ

ရေကူးကန်

 

ရေကူးကန် သွားတဲ့ လျှောက်လမ်း

ရေကူးကန် ဘေးက မြက်ခင်းအလှကွက်

 



မုံရွာမြို့

 


 


 

 ( သြဂုတ်လ - ၂၂ ရက်၊ ၂၀၁၂ ) ဗုဒဟူးနေ့  မနက်ဖက် ... ကျောင်းသွားနေကြတဲ့ မုံရွာမြို့ပေါ်က ကလေး ၂ ယောက်


သဘောင်္သီး နိမ့်နိမ့်လေး နဲ့ အသီးတွေ သီးနေတယ်။


Credit - All image from my sister



Monywa Trip, Myanmar

Credit - YouTube : http://youtu.be/LKJlWXt0Rcs

မုံရွာ ဆိုရင် မိုးညှင်း သဗ္ဓုဒ္ဓေ ကို တွဲပီး  မြင်မိမှာပါ။


Favourite Memories မှာ သြဂုတ်လ ၂၂၊ ၂၀၁၂ က တင်ထားသော ပိုစ့်ကို .. ဒီနေ့ ဖေ့ဘွတ်မှာ သတင်းထူး ဟိုဖတ်၊ ဒီဖတ် လုပ်ရင်း .. ဒီဘလော့မှာ မတင်ရသေးသော ပိုစ့်မို့ တင်လိုက်တာပါ။

အဲဒီဟိုတယ်မှာ တည်းခို နေထိုင်နေသော မြန်မာ့ခေါင်းဆောင် ကျန်းမာ၊ အသက်ရှည်ပါစေကြောင်း ဆုတောင်း မေတ္တာပို့ သလိုက်ပါတယ်။

ဒီနေ့ ဖေ့ဘွတ်ကို ဖတ်ရုံပဲ ဖတ်တယ်။ သူများပြောတာတွေ ထောက်ခံကြောင်း Like တော့ မနှိပ်တော့ဘူး။ ဖတ်စရာတွေက အများကြီးပဲ။ ကျော် .. ကျော် ဖတ်တာတောင် မနိုင်ဘူး။ အားလုံး သူ့ အမြင်၊ ကိုယ့်အမြင် မို့ .. မြန်မာဖေ့ဘွတ် ဖတ်ပြီး ..

အမေရိကား ဖေ့ဘွတ် ဖတ်တော့ အူလည်လည် ဖြစ်သွားတယ်။
:D ရီရတယ်။ ကိုယ်တို့ ကွန်နတ်တီကတ်မှာ နေထိုင်တဲ့ အမျိုးသား .. သူ့ Girl friend ရဲ့ ကလေးကို စနေနေ့ ညသန်းခေါင်ကျော် ၄ နာရီမှာ အကျီမပါ .. ကလေးချီပြီး လမ်း ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် လမ်းလျှောက်ရင်း ကလေးထိန်း၊ ကလေး ဖင်မှာ ၀တ်ထားတဲ့ Diaper ကို ချွတ်၊ လမ်းမပေါ် လွှင့်ပစ်၊ ဟိုဘက် လမ်းထိပ်၊ ဒီဘက် လမ်းထိပ် ကလေးချီရင်း လမ်းလျှောက်နေတာ။ ရဲ က ဖမ်းသွားပါလေရော .. ဒီနေ့ အဲဒီ သတင်း အင်တာနက်ပေါ်တက်လာတော့ ..  ဖေ့ဘွတ်ပေါ်မှာ .. ပြောချင် .. ဆိုချင် .. Netizen နိုင်ငံသားကတ် ကိုင်ထားတဲ့ လူတွေ ပါးစပ်နဲ့ တွေ့သွားတယ်။

အင်တာနက်ပေါ်ကို လမ်းမတိုင်းမှာ တပ်ဆင်ထားသော လုံခြုံရေး ကင်မရာနဲ့ ရိုက်ထားတဲ့ သူ့ဗီဒီယို နှင့် အတူ သူ့ ဓာတ်ပုံပါ တက်လာတာကိုး .. 

ကိုယ်တို့ ရပ်ကွက်မှာတော့ အမှိုက်ပုံးမှာတောင် လျှို့ဝှက် CCTV ကင်မရာ တပ်ဆင်ထားပါတယ်။ 
ဘယ်နေရာမှာ တပ်ထားတယ်ဆိုတာ မညွှန်ပြထားပေမယ့် စာရေးပေးထားတယ်။

နောက်ပိုစ့်တွေမှာ ကိုယ်တို့ ရပ်ကွက်က အမှိုက်ပုံးကို ဓာတ်ပုံရိုက်ထားတဲ့ ပုံ share ပေးမယ်။ အမှိုက်ပုံးမှာ CCTV တပ်ဆင်ထားကြောင်း စာပါ ရေးထားသေးတယ်။

အဲဒါနဲ့ပဲ .. ကိုယ်လေ .. မြန်မာ့ဖေ့ဘွတ် ဖတ်လိုက်၊ အမေရိကားဖေ့ဘွတ် ဖတ်လိုက်၊ ရီလိုက် နဲ့ ဒီနေ့ .. ဘလော့မှာ အသစ်မရေးဖြစ်တော့ဘူး။

အားလုံး ... ကျန်းမာ၊ ချမ်းသာကြပါစေ ... ဘေးရန် ကင်းရှင်းကြပါစေ လို့ သီရိရတနာ မိသားစုမှ ဆုတောင်း မေတ္တာပို့ သလိုက်ပါတယ်။

0 comments :