Friday, February 22, 2013

Kid Chef


" 2010 "

No.1

I fill the water in the pot.

No. 2

Instant Spaghetti

No. 3

Boil the noodles in a pot with water.

No. 4

Throw in the vegetable and meat.

No. 5

Take out the noodles, and throw away the boil water.

No .6

Throw in the powder and let the noodles cook for 3 minutes

No. 7

Stir it in well. I like Spaghetti.

" 2009 "


ထမင်း ဟင်းချက်တာ ၀ါသနာပါတဲ့ သမီး Angel အရုပ်လေးတွေနဲ့အတူ တကယ်ချက်နည်း ကစားနေတာ။ ဖယောင်းတိုင်ကတော့ အိမ်မှာ အလှထွန်းတဲ့ ဖယောင်းခွက်လေးတွေကို သုံးလိုက်တယ်။ မီးအတွက်လည်း စိတ်ချရတယ်လေ။ နေ့လယ် နေ့ခင်းဆိုရင်တော့ ၀ါရန်တာက သံမံတလင်းမှာ ချက်တမ်း ပြုတ်တမ်း ဆော့တာပဲ။ အခုက ညနေစောင်းနေပီဆိုတော့ လေတွေက တိုက်တော့ ဖယောင်းတိုင်က ခဏ ခဏ ငြိမ်းသွားတာနဲ့။  ဒီနေ့ကတော့ အိမ်ထဲမှာ ဆော့လို့ စားပွဲသေးသေးလေး ခင်းပေးလိုက်တယ်။ သမီး အရုပ်တွေထဲက ဒန်နဲ့ လုပ်ထားတဲ့ ဒန်အိုးထဲကို သောက်ရေသန့်ထည့် မီးဖိုပေါ်တင်ပီး ရေနွေးတည်။
 


ဒန်ဒယ်အိုးထဲကို ဆီထည့် ဆီပူလာရင် sausage ကို ပါးပါးလှီးထားတာ ထည့်ကျော်။ တခြားနေ့တွေကတော့ သီဟိုစေ့ကျော်၊ ကြက်ဥခေါက်ထားတာကျော်။ ဒီနေ့ကတော့ sausgae ပဲ ကျော်။



ကျက်ရင် သားသားက စား။



City Mart က ၀ယ်လာတဲ့ ရေခဲမုန့်ဗူး လေးယောက်စားလို့ရတဲ့ဗူးအလတ် (၁၅၀၀ ကျပ်) ကို အိမ်မှာရှိတဲ့ သီဟိုစေ့၊ ဂျယ်လီ၊ စပျစ်သီးခြောက်၊ သရက်သီးစိပ်၊ ချောကလက်ရည်ဆမ်းပီးစား။


" 2008 "

အချက်အပြုတ် ၀ါသနာပါသော သမီးလေး ၆ နှစ်သမီး အရွယ်မှာ မီးဖိုချောင် ၀င်တတ်နေပီ။ ထမင်းလည်း ချက်တတ်နေပီ။ Rice cooker နဲ့ ရယ်ပါ။


SANYO DIGITAL CAMERA

6 years old girl ” Angel “


( ဒီ ဓာတ်ပုံလေးက သမီးကိုယ်တိုင် ဖန်တီး ရေးဆွဲထားတဲ့ ထမင်းချက်နည်း  cook book လေး ကိုင်ပီး ထမင်းချက် ၀တ်စုံ အပြည့်လေး နဲ့ သမီးလေး။
ခေါင်းမှာ ဆောင်းတဲ့ ဦးထုပ်က မ၀ယ်ရသေးတာနဲ့ လသား အရွယ် သားသား ရဲ့ အနှီးကို ခေါင်းမှာ ပတ်ထားတာ။
လက် အပူ မမိအောင် လက်အိတ်ကလေးလည်း ၀တ်ထားသေး။ ဆန်ဆေးတဲ့အခါ အကျီ ရေမစိုအောင် မီးဖိုချောင် ခါးစည်း အကျီလည်း ၀တ်ထားလိုက်သေးတယ်)

angel 3

6 years old girl " Angel "

ဆန် တစ်ခွက်ဆို ဆန် ခွက် နဲ့ ရေ ၂ ခွက်၊
ဆန် ၂ ခွက်ဆို ရေ ၃ ခွက်၊
ဆန် ၃ ခွက် ဆို ရေ ၄ ခွက်။
အဲလိုမျိုး သင်ပေးထားတော့ မှတ်လွယ်ပီး သမီးက ကောင်းကောင်းကို ထမင်းချက်တတ်နေတာ ၅ နှစ်သမီးကတည်းကပါ။

angel

ဒီ ဓာတ်ပုံလေးက သမီးလေး ရဲ့ အကိုတ၀မ်းကွဲ အမေရိကားက အပြန် လက်ဆောင် ၀က်ဝံရုပ်ကို ဖက်ပီး အိပ်နေတဲ့ အမှတ်တရအချိန်လေး




0 comments :