Monday, February 4, 2013

Garden by the bay - III


Garden by the bay က သစ်ပင်များကို သတိထားပီး ကြည့်ရင် တွေ့နေကျ သစ်ပင်များနှင့် မတူပဲ ရှားပါးသစ်ပင်လိုမျိုး .. မျိုးစပ်ထားတဲ့ အပင်လိုမျိုး၊ ဆူးပင်ဆို ဒီဇိုင်း အမျိုးမျိုး တွေ့ရှိရမှာပါ။

ကိုယ်ပြောနေကျ စကားထပ်ပြောမယ်နော်။ Digital ခေတ်မှာ လူတိုင်း ဓာတ်ပုံဆရာ ဖြစ်နေပါပီ။ Digital ခေတ်လို့ ဘာလို့ပြောလည်းဆိုရင် Digital Camera က ဓာတ်ပုံ ရိုက်ရတာ ကလေးတောင် ရိုက်တတ်အောင် လွယ်လွန်းတာမို့ လူတိုင်းနီးပါး .. Digital Camera နဲ့ အမှတ်တရ ဓာတ်ပုံ မှတ်တမ်းတင်နိုင်ကြပါပီ။
 
  

စကားလုံးတွေ အများကြီး ပြောချင်တယ်။ 
ဒါပေမယ့် ကိုယ် မပြောတတ်ဘူး။ 
စကားလုံးတွေ လှအောင် မစီတတ်ဘူး။ 

ကလေးတွေကို သဘောကျတယ်။ 
ကလေးတွေဆီကနေ ကိုယ် ပြန်ပီး သင်ယူရမယ့် အရာတွေရှိတယ် ...

မနှစ်က Yahoo မှာ ပေါ်ပြူလာ ဖြစ်သွားတဲ့ ဗီဒီယိုထဲမှာ ၂နှစ်ကျော် ယောက်ျားလေး တယောက်နဲ့ သူ့အမေ ဘောလုံးကန်တာ မတော်တဆ အဲဒီ ကလေးရဲ့ မျက်နှာကို အမေက ဘောလုံးနဲ့ ကန်မိတယ်။ ကလေးက ဖြစ်ဖြစ်ချင်း ငိုတာပေါ့ ... အနီးကပ် ကန်ဘောဆိုတော့ တော်တော်ကို နာမှာပဲ ...
ဒါပေမယ့် အဲဒီ ကလေးက ၅ မိနစ်တောင် မပြည့်ဘူး။ အငိုရပ်ပီး သူ့နာကျင်တာကို မေ့သွားပီး ဆက်ကစားတယ်။

သူ့နေရာမှာ လူကြီးဆိုရင်ရော .. ကလေးတယောက်လိုမျိုး သူ့ကို အသားနာကျင်အောင် လုပ်တဲ့လူနှင့် နာကျင်မှု့ကို မေ့မေ့ပျောက်ပျောက် နေနိုင်ပါ့မလား ...

မြန်မာစကားမှာ တချို့စကားလုံးတွေက " အဲဒီတယောက်က ကလေးဆန်လိုက်တာနော် " ဆိုရင် ကိုယ် သေချာအောင် ပြန်ကြည့်ရတယ်။ ဘယ်လို ကလေးဆန်တာလဲး .. ကလေးလေးလို ... ချစ်ဖို့ကောင်းတာလားဆိုရင် ထောက်ခံပါတယ်။

အငြိုးအတေးကြီးပြီး တစ်ယောက်ကို တစ်ယောက် မခေါ်နိုင် မပြောနိုင်တဲ့သူကို တခြားတဖက်က ကလေးဆန်လိုက်တာ ... ဝေဖန်တာကို ကိုယ် နည်းနည်း စောဒက တက်ချင်ပေမယ့် .. 

နဂိုကတည်းက .. စကားက သိပ်မပြောတတ်ရတဲ့အထဲ .. 
ကိုယ့်စကားလုံးနဲ့ ကိုယ် လိပ်ပတ်မလည် .. 
သူ့တို့အချင်းချင်း ပြသနာက ကိုယ့်ပြသနာ ဖြစ်လာမှာစိုးလို့ 
ဟဲ .. ဟဲ ..
 ခေါင်းမညိတ် .. ခေါင်းမခါဘဲ လှည့်ထွက်လာတယ်။

ကိုယ် သိရသလောက် အငြိုးအတေးကြီး မခေါ်နိုင် မပြောနိုင်တဲ့သူကို mature မဖြစ်ဘူးလို့ပဲ ဆိုလိုချင်ပါတယ်။

ကလေးဆန်လိုက်တာနော် လို့ ဆိုတာကြီးက ကလေးတွေ သိက္ခာကျလွန်းပါတယ်။

 ( ကလေးများဘက်ကနေ အခမဲ့ ရှေနေလိုက်ပါသည်။ ) :P

0 comments :