Friday, February 22, 2013

ခဲနဲ့ပေါက်



မြစ်

canoe စီးပီး မြစ်ရိုး တလျှောက် စုန်ဆန် ဆင်းသွားရင် မန်ဆာချုဆက်အထိ ရောက်ပါတယ်။


မြစ်ကို ဖြတ်ကူးသော တံတား


အစိမ်းရောင် ရေညှိ


သမီးက အစိမ်းရောင် ရေညှိ ဆယ်ယူ ပြပါတယ်။


မြစ်ကမ်းပါးမှာ ပေါက်နေသော သစ်ပင်


မိသားစု


မြစ်ထဲကို ဘယ်လောက်ဝေးဝေး ခဲနဲ့ ပစ်နိုင်လည်း ပြိုင်ပစ်နေကြပါတယ်။


သားသားက အနောက်နားကနေ ခဲလုံးကြီးကြီးနဲ့ ပစ်ဖို့ ချိန်နေတော့ သမီးကို လှမ်းသတိပေးလိုက်တယ်။ သမီးလေး လန့်သွားတယ်။


ရေကန်ရှေ့မှာ နေရာယူပီး ခဲနဲ့ပစ်ဖို့ ပြောလိုက်တယ်။

" ခဲလုံး သေးသေးလေးနဲ့ ပစ်လေ "


ကမ်းစပ်နားရောက်လာပါပြီ။


ခဲပေါက်နေတာ မြင်တော့ ... ငါးတွေလည်း ကမ်း မကပ်နိုင်တော့ပါဘူး။


ခဲလုံးကိုင်ထားလို့ လက်ကို မြစ်ရေနှင့် ဆေးနေသော သားသား


ကောင်းကင်မှာ ပျံသန်းနေသော လေယာဉ်ပျံ


ရေက ကြည်နေတယ်။ ရေကူးနေတဲ့ ငါးတွေတောင် မြင်နေရတယ်။


ကုန်းပေါ်က သစ်ပင် စိမ်းလန်းစိုပြေကြားမှာ ...


သီး နေသော ဘလူးဘယ်ရီသီးများ



0 comments :