Sunday, February 10, 2013

ကွန်နက်တီကတ် စနိုးမုန်တိုင်း


IMG_2874

အဖြူရောင် လမ်းကလေး

IMG_2875

လျှောက်ခဲ့ဖူးတဲ့ လမ်းတွေလည်း စနိုးများနှင့် ပိတ်နေဆဲ ...

IMG_2876

တနင်္လာနေ့ မနက် စနိုး နည်းနည်း ထပ်ကျနှင့်
နေ့လည် မိုး ရွာရင်တောင် ဒီစနိုးတွေက အရည်ပျော်ပါ့မလား ..

IMG_2878

ကျောင်းကား school bus တောင် လယ်ထွန်စက် ကားဘီး ပြောင်းတပ်ဖို့ ရပ်ကွက်နေ ပြည်သူများက နောက်ပြောင်နေကြပါတယ်။ 
တနလာင်္နေ့ ကျောင်းတောင် ဖွင့်ပါ့မလား မသိ ...
ကွန်နက်တီကတ် ပြည်နယ် တခုလုံးနီးပါး စနိုးထိတာ...
အောက်တိုဘာ စနိုးမုန်တိုင်းတုန်းက သစ်ပင်တွေ လဲတာ .. အဲဒီ သစ်ပင်တွေ လဲတာ လိုက်ရှင်းတဲ့ ကားတောင် မနိုင်ဘူး။
ကားနည်းပီး သစ်ပင်များနေတာ။
၁၀ ရက်လောက် ကြာတယ်။ ကိုယ်တို့ ရပ်ကွက်က လဲကျနေတဲ့ သစ်ပင်ကို ဘေးနားမှာ ပုံထားရပီး .. ကျိုးကျနေတဲ့ သစ်ပင်ကိုတော့ ၃ ရက်လောက်နေမှ ကားက လာခုတ်ပီး သယ်သွားနိုင်တာ .. အခုလည်း ရပ်ကွက်နေ ပြည်သူများ ကိုယ်ထူ ကိုယ်ထ စနိုးတွေ ရှင်းနေပေမယ့် တပိုင် တနိုင်ပဲ စနိုးများ ရှင်းနိုင်ကြပါတယ်။ စနိုးထုက အရမ်းများတော့ ကားဖြင့် ကော်မှပဲ ရပါတယ်။

IMG_2879


အိမ်ေ၇ှ့မှာ ဒယ်ဒီ ရှင်းထားသော စနိုး အပုံ

IMG_2882

လမ်းက လူတယောက် လျှောက်လှမ်းစရာ လမ်းကလေး ..
တကယ်တန်း လျှောက်တဲ့အခါ စနိုးပေါ်မှာ လျှောက်ရတာမို့ အိ ကျနေတယ်။ 
လျှောက်လို့ ကောင်းတယ်။  အိ အိလေး လျှောက်နေရသလိုပဲ ... 

IMG_2886


IMG_2888


IMG_2890


IMG_2892

ကားတွေလည်း စနိုးများဖြင့် မြုပ်နေပီ .. နေပူတုန်း ကားပေါ်က စနိုးမှုန်တွေကို အမြန် ရှင်းထားမှပါ ...
နို့မို့ဆိုရင် ညကျ အေးတော့ အဲဒီ စနိုးတွေက ရေခဲတုံးလို ခဲသွားပီး ကားပေါ်က စနိုးခဲကို ရှင်းထုတ်ရတာ အရမ်းခက်ပါတယ်။ ခြစ်ထုတ်ပစ်ယူရတာ အချပ်လိုက်ကြီးကို .. ဒါကြောင့် တော်တော်များများ နေပူတုန်း ကားကို စနိုးရှင်းနေကြတာ ...

IMG_2895


IMG_2897

ကားအကြီးကြီး ခဏလာပီး စနိုး၇ှင်းပေးသွားတာ .. သူ့ ရှင်းပေးသွားတာ ကားလမ်းတော့ ၇ှင်းသွားပါရဲ့ ၃ ပေကျော်လောက် စနိုးအမြင့်ကို ဖြတ်ပီး ကားက ဘယ်လို ဖောက်ထွက်ရမှာလဲး ... ကျော် ခွပီး ထွက်ရမှာလား ...

ကားတစီးရဲ့ အရှေ့က စနိုးတွေကို ဂေါ်ပြားဖြင့် ကျုံး ဘေးကကားတွေ ထွက်မယ့် လမ်း ( အတတ်နိုင်ဆုံး ) သွား မပိတ်အောင် ဟိုဘက် ဒီဘက် ကားတွေကြားမှာ စနိုးတွေကို ပုံ .. ပီးမှ ကားက ထွက်လို့ ရပါတော့တယ်။ 

IMG_2898

အဲဒီ ကားရဲ့ ကားဘိမ်းရာတွေလေ ..

ကားကြီးက .. ညနေ အထိ ပြန်လည်း မပေါ်လာဘူး။ 

IMG_2899

တောင်ပေါ်တက်တဲ့ ဂီယာနံပါတ် ပြောင်းချိန်းပီး ကားများ ကျော် ခွပီး ဖောက်ထွက်ပါတော့မယ် ...

IMG_2900


IMG_2901


IMG_2902



IMG_2903



IMG_2904


IMG_2905

ဒီ လမ်းကျဉ်းလေးက တကယ့်ကို လျှောက်လို့ ကောင်းတာပါ ... ပေါင်ဒါမှုန့်ထဲမှာ လျှောက်နေရသလို .. မွှ မွလေး .. 

IMG_2906

ကလေးများက အရမ်းပျော် ..
စနိုး လျှောလည်း စီးလို့ ရတယ်။

IMG_2928

ဒါ အိမ်ရာက စနိုးကျုံးတဲ့ ကားလေ .. အောက်တိုဘာ စနိုးမုန်တိုင်းက နိုင်သမျှ ဒီတခေါက် Blizzard Connecticut ကျမှပဲ အင်ဂျင်တောင် လက်မှိုင်ချ သွားပါတယ်။ 

သြော် .. ဒီနေ့ Mohegan casino မှာ Bon Jovi စတိတ်ရှိုးပွဲ ရှိပါတယ်။ သူ့ကို အရှုးအမူး ကြိုက်တဲ့ တစ်ယောက်က အဲဒီ ပွဲ သွားဖို့  စနိုးအောက်မှာ မြုပ်နေတဲ့ သူ့ကားကို တူးဖော်ထုတ်နေတုန်း .. ဘွန်ဂျိုဗီ စတိတ်ရှိုး ရက်ရွှေ့လိုက်ကြောင်း ကြေငြာလိုက်တာ သူ့မှာ အတိုင်းမသိကို ၀မ်းသာ အားရ ဖေ့ဘုတ်ပေါ် update တင်ပါတော့တယ်။ 

IMG_2929


IMG_2931


IMG_2932


IMG_2937

IMG_2938

0 comments :