Wednesday, February 27, 2013

ဝက်သား စပါးလင် ချို-စပ်


ဝက်သား စပါးလင် အချိုချက်


Pork with lemon grass curry

Ingredients
  1. 2.5 lb   - pork
  2. 4 cloves garlic, crushed
  3. 1 lemon grass, chopped
  4. 1/4 cup finely chopped fresh corinder stalks
  5. Red onion ( Medium ) - 1
  6. 2 tbsp - soy sauce
  7. 2 tbsp - fish sauce
  8. 3 tbsp - seasame oil
  9. 1 tbsp - sugar
  10. 1/4 cup - Chilli Sauce

fresh corinder stalks ( နံနံပင် ရိုးတံများ )


  1. ၀က်သား - ၂ပေါင်ခွဲ
  2. ကြက်သွန်ဖြူ - ၄ မွှာ
  3. စပါးလင် - ၁ ချောင်း
  4. နံနံပင် ရိုးတံ - အနည်းငယ်
  5. ကြက်သွန်နီ  - ၁ ဥ
  6. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း     ( ၂ ) ဇွန်း
  7. ငါးငံပြာရည် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
  8. နှမ်းဆီ - ထမင်းစားဇွန်း ( ၃ ) ဇွန်း
  9. သကြား - ထမင်းစားဇွန်း ( ၁ ) ဇွန်း
  10. ငရုတ်ဆီ - ခွက် လေးပုံ ၁ ပုံ
  • ၀က်သားကို တစ်လက်မ အရွယ် အသားတုံး တုံးထားပါ။
  • ၀က်သားကို ပဲငံပြာရည်၊ ငါးငံပြာရည်၊ နှမ်းဆီ ထမင်းစားဇွန်း ( ၂ ) ဇွန်း၊ သကြား၊ ငရုတ်ဆီတို့ဖြင့် နှံစပ်နေအောင် နှယ်ပီး နာရီဝက်လောက် နှပ်ထားပါ။
  • ကြက်သွန်ဖြူ - ၄ မွှာကို ကြိတ်စက်ဖြင့် ကြိတ်ထားပါ။
  • စပါးလင် တချောင်းကို ကြိတ်စက်ဖြင့် ညက်နေအောင် ကြိတ်ပါ။
  • နံနံပင် ရိုးတံများကို  နှုတ်နှုတ်စင်းထားပါ။
  • ကြက်သွန်နီ တဥ ကို လေးစိတ် စိတ်ထားပါ။

အသားများ နှပ်ထားပီး နာရီဝက်အကြာမှာ -
  • ချက်မယ့်အိုးထဲ ဆီကို ထမင်းစားဇွန်း တစ်ဇွန်းထည့် အပူပေးပါ။
  • ဆီပူပီ ဆိုတာနှင့် ကြက်သွန်ဖြူ ထည့် အရင်မွှေပီး ဆီသတ်ပါ။
  • ပီးလျှင် စပါးလင် ထည့် မွှေ ကြော်ပါ။
  • နှုတ်နှုတ်စင်းထားသော နံနံပင် ရိုးတံများထည့်ပါ။
  • ဆီကိုမွှေးနေအောင် ဆီသတ်ကြော်ပီး တအောင့်ကြာမှ -
  • နှပ်ထားသော ၀က်သားများကို ထည့်မွှေပါ။
  • ၀က်သား အသားကျစ်သည့် အထိ မွှေပါ။
  • ပီးမှ ရေ ထည့်ပါ။
  • ရေ ၃ ရေလောက် ချက်ပီးလျှင် ၀က်သား အသား နူးအိနေပါပြီ။
  • ၀က်သား ဆီပြန်လာခါနီးမှာ ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း ( သို့မဟုတ် ) လက်ဘက်ရည်ဇွန်း တ၀က် ဆားဖြူးပီး မွှေ ... ဆီကျန် ရေကျန် အနေအထားလောက် ရပြီဆိုလျှင် မီးဖိုမီး ပိတ်လို့ရပါပြီ။


ဝက်သား စပါးလင် အချိုချက် ...
ငရုတ်ဆီကြောင့် အစပ် အရသာလည်း ပါသလို ... ( ခပ်စပ်စပ်လေး စားနိုင်လျှင် ငရုတ်ဆီကို ခွက် ၁ ခွက်လောက် ထည့်ချက်နိုင်ပါတယ်။ )
စပါးလင် အနံမွှေးမွှေး .. နံနံပင် ရိုးတံ မွှေးမွှေးလေးဖြင့် စားချင်စဖွယ် ဟင်းလျှာ တစ်မျိုးပါ။
စပါးလင်ကိုလည်း ၂ချောင်းလောက် ထည့်ချက်နိုင်ပါသေးတယ်။


Colourful Muffin

2 comments :

Phyo Evergreen said...

အစ်မ ပုံတွေနဲ့နှိပ်စက်တယ်နော်..။ ကျွန်တော်က စပါးလင်တို့ ပင်စိမ်းတို့ အနံ့ဆို သိပ်ကြိုက်။

သီရိရတနာ said...

@ Phyo Evergreen - ဟီး ... ဟီး
အမလည်း စပါးလင်၊ ပင်စိမ်း အပြင် ငရုတ်ပွ ကို ဆီပြန် ချက်ပီး အုပ်ထားတဲ့ ဟင်းတွေလည်း ကြိုက်ပါ့ ...

အိမ်လာလည်တာ ကျေးဇူးနော် ... :)