Monday, February 25, 2013

ဝက်သား ပေါင်မုန့်


 Pork buns

Evy's Kitchen - Tuna Buns ချက်နည်း အတိုင်း မုန့်ဖုတ်ထားသော ၀က်သား ပေါင်မုန့်


 

Thank you for sharing your recipe & cooking method, Evy. :)
 
 


ကိုယ် .. ဂရမ်တို့ .. မီလီလီတာ တို့ကို သိပ် မတွက်တတ်ဘူး။
အမေရိကန် စံနှုန်း - cup နှင့် tea spoon ပဲ တွက်တတ်ပါတယ်။ 


အိမ်မှာ ဒီ ချိန်တွယ်ခွက် နှင့် ချိန်တွယ်ဇွန်းပဲ ရှိတာလည်း ပါတယ်။




ပါဝင်ပစည်းများ


iPad နှင့် စာရွက်ကို မီးဖိုချောင် ထဲ ယူလာ ..


ကလစ်ဖြင့် ချိတ်ပီး ချက် ..
ဒီနေ့ ညနေ ပေါင်မုန့် ဖုတ်ထားတာမို့ လတ်လတ်ဆပ်ဆပ် ပေါင်မုန့် 


Yeast ( အထုတ်ကို နမူနာ ပြထားတာပါ။ အဲဒီ ဓာတ်ပုံက မနှစ်က ပိုစ့်ထဲက ဓာတ်ပုံ )


ဂျုံနှယ်ပီး


တစ်သျှူး အကြီး ကို ရေ နည်းနည်း စွတ် .. ရေစင်အောင် ညစ်


ဂျုံ ဖန်ဇလုံ မှာ အုပ်


Timer ပေးထား .. တစ်နာရီခွဲ 


နောက်တသုပ် .. ဂျုံ၊ သကြား၊ ကြက်ဥ၊ ထောပတ်တို့ဖြင့် ရောပီး နှယ် .. တစ်သျှူးစို အုပ်


၆ တုံးဖြတ်လိုက်တယ်။ 
ဂျုံချောင်း လိမ့်ပီး


S ပုံစံ ( သို့မဟုတ် ) 8 ပုံစံ 


တစ်သျှူးစိုဖြင့် အုပ်  ( ရေစင်အောင် ညစ်ထားသော အ၀တ်စိုဖြင့်အုပ် )


ပွဆေး တန်ခိုးဖြင့် ဂျုံများ ၂ဆ ထွားလာ


အိမ်မှာ ၀က်သားပဲ ရှိလို့ ၀က်သား၊ ကြက်သွန်နီ၊ mayoniase နည်းနည်းတင်ပီး ကြက်ဥ သုပ်


Preheat oven - 375ºF - 18 minutes
၁၅ မိနစ် အနေအထားလည်း စားကောင်းပါတယ်။
အခု မုန့်ဖုတ်ထားတာက ၀က်သား ကြိတ်သားမို့လို့ ၃ မိနစ်လောက် မီးနည်းနည်း ထပ်တင်လိုက်တာ။
ပူနေအောင် ကြိုဖွင့်ထားသော oven မှာ ၁၈ မိနစ်လောက် ပေါင်မုန့်ဖုတ်ပီး ..
၁၀ မိနစ် သာသာလောက်ပဲ အအေးခံပြီးတာနှင့် ကလေးများက ချက်ချင်းကို စားနေကြတာပါ။


ကလေးတွေကလေ အရမ်းကြိုက်တယ်။ သမီးဆို တစ်ယောက်တည်းနဲ့ ၃ ခုလောက် စားပီး .. သားသားက ၂ ခု ..
၆ ခု လုပ်တာ အခု ကုန်သွားပြီ ...


အရမ်း စားလို့ ကောင်းတာပဲ .. Evy ... ချက်နည်း မျှဝေပေးတာ ကျေးဇူး အထူးတင်ပါတယ်။




Chili sauce & tomato sauce

ဒီ ပုံလေးက ရန်ကုန် စီးတီးမတ် Season & bakery မှာ ရောင်းတဲ့ ပေါင်မုန့်ကို သမီးစားနေတာ .. သားသားက သူ့ ပေါင်မုန့် တခု ကုန်သွားပြီ .. အဲဒါ နောက်တခု ထပ်စားချင်နေတာလေ ..

အိမ်က ကလေးတွေက အဲလို မုန့်ဖုတ်ထားတဲ့ ပေါင်မုန့် ဆို အရမ်းကြိုက်တယ်။

သူ့အရသာက hamburger အရသာ နှင့်လည်း မတူဘူး။ sandwich လိုလည်း မဟုတ်ပါဘူး။ 
စင်ကာပူမှာတုန်းက Tampines bus station မှာ ရောင်းတဲ့ အခုလို ပေါင်မုန့်မျိုးကို အဲဒီမှာ ဘက်စ်ကား ပြောင်းစီးတိုင်း ၀ယ်စားဖြစ်တယ်။ 


ဒါက Foxwood - Connecticut, USA သွားတုန်းက ၀ယ်စားတဲ့ ပေါင်မုန့်ဆိုင် ..
အဲလို ပေါင်မုန့်ဆိုင်မျိုးက နေရာ တကာ မရှိပါဘူး။ 

 ရန်ကုန်၊ season and bakery က ပေါင်မုန့်ဆိုင်လိုမျိုး၊ ဒယ်ဒီက အဲဒီ ပေါင်မုန့်တွေ ကြိုက်လို့ ၀ယ်စားနေတာပါ။ ဈေးတွေက အသေးစိတ်တော့ မရေးတော့ပါဘူး။ ရန်ကုန်မှာ ၅၀၀၀ကျပ်ဖိုး ၀ယ်တဲ့ ပေါင်မုန့် အမျိုးစားစုံ တွေက ဒီမှာဝယ်ရင် ဒေါ်လာ ၂၀ဖိုးပါ။ ^o^


အရင်ပိုစ့် 


2 comments :

Evy said...

ခုမှတွေ့လို့မရေ။ မလဲ ပေါင်မုန့်လေးတွေဖုတ်ထားတာ စုံနေတာပဲနော်။ အိမ်လုပ်ပေါင်မုန့်တွေက ပိုပြီးလတ်ဆတ်လို့ စားလို့သိပ်ကောင်းတယ်

သီရိရတနာ said...

@ Evy .. အိမ်လာလည်တာ ကျေးဇူးပါ Evy ရေ ...
အိမ်က ကလေး ၂ယောက်ကလေ အဲလိုမျိုး အေရှန် ပေါင်မုန့်ကို ပိုကြိုက်တယ်။ ဒီမှာ အလွယ်တကူ ၀ယ်လို့ရသော ပေါင်မုန့်တွေက နည်းနည်း ကြမ်းတယ်။ သိပ်ပြီးတော့ မနူးညံဘူး။ ပီးတော့ cinnamon ဆင်နမွန် ( သစ်ကြားပိုးခေါက်တွေလည်း ပါတယ်။ ) ဒီမှာ ကွတ်ကီး၊ သကြားလုံး၊ ပီကေ၊ ပေါင်မုန့်၊ေ၇ခဲမုန့်၊ ကိတ်မုန့်၊ ဆပ်ပြာ၊ ဖယောင်းတိုင်၊ အကုန် ကုန် .. သစ်ကြားပိုးခေါက်တွေနဲ့ လုပ်တတ်လွန်းလို့ .. ဈေးဝယ်ရင် ပါဝင်ပစည်းကို သတိထားပြီး ကြည့်နေရတယ်။ သစ်ကြားပိုးခေါက်ကို ဟင်းအနေဖြင့်ပဲ ကြိုက်တယ်။ ကွတ်ကီး ၊ ပေါင်မုန့်ထဲ ထည့်တာတော့ မကြိုက်ဘူး။ သူ့က ကျန်းမာရေးအတွက် ကောင်းပေမယ့် ငယ်ငယ်လေးကတည်းက စားနေမကျတော့ မကြိုက်ဘူး။ လက်ဘက်ရည်ထဲလည်း သူ့ကို ထည့်ဖျော်သေးတယ်။ ကော်ဖီထဲကောပဲ။ :D

Facebook မှာ Evy ပေါင်မုန့် ဓာတ်ပုံတင်ကတည်းက သဘောကျနေတာ .. Evy ပိုစ့်တင်ပီးသားနဲ့ ၁ ရက် ၂ ရက်တောင် မစောင့်နိုင်ဘူး။ ချက်ချင်း ပေါင်မုန့် ဖုတ်တာလေ။ :D