Saturday, February 23, 2013

ကြက်ဆီထမင်း၊ ကြက်အရေခွံကြော်သုပ်


ကြက်ဆီထမင်း


" ကြက်ပေါင်းရည်ဖြင့် ချက်သော ကြက်ဆီထမင်း " 

 ၃ ပေါင်ခွဲ ကြက် တကောင်၊
  ဆား - လက်ဘက်ရည်ဇွန်း ( ၂ ) ဇွန်း
  ဂျင်း - လက်တဆစ် ( ၁ လက်မ သာသာ ) 
  နှမ်းဆီ - ထမင်းစားဇွန်း ( ၂ ) ဇွန်း
  ကြက်သွန်ဖြူ - ၄မွှာ 
 ဆန် - ၃ ခွက်
  ထမင်းချက်ချိန် - ၁၂ မိနစ် 
 သကြား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း 
 ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း ၂ ဇွန်း
  ကြက်သွန်မြိတ် - အနည်းငယ်
✪ ငရုတ်ကောင်းမှုန့် - အနည်းငယ်
  သခွားသီး အနည်းငယ်

ကြက်တကောင်လုံးကို ရေ သေချာဆေးပီးတာနှင့် ကြက်ကို ဆားများဖြင့် ပွတ်တိုက်ပေးပါ။ ပီးလျှင် ကြက်အတွင်းပိုင်းထဲသို့ ဂျင်း လက်တဆစ်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူများ ထည့်သွင်းပီး ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြူးပေးပါ။

Pressure Cooker ဖြင့် ကြက်တကောင်လုံး မြုပ်သည့်အထိ ရေဖြည့်ပီး မီးမြေးမြေးဖြင့် နာရီဝက် .. ၄၅ မိနစ်လောက် ပြုပ်ပေးပါ .. ကြက်သားပြုပ်ချိန် ကြာလေ .. ကြက်ပြုပ်ရည် ကြည်ကြည် ရနိုင်ပါသည်။

နှမ်းဆီ ထမင်းစားဇွန်း - ၂ ဇွန်း မီးအပူပေးပီးပါက ထောင်းထားသော ကြက်သွန်ဖြူ ၂ မွှာ ဆီသတ်ကြော်ပါ။
ဆန် ၃ ခွက်လောက် ထည့်ပီး ဆီ လူး ကြော်ပေးပါ။
သကြား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း ၂ ဇွန်း ပါ ထည့်ပီး ဆီ လူး ကြော်ပေးပါ။ တအောင့်ကြာမှ -
ကြက်ပြုပ်ရည် ထည့်ပါ။
Pressure cooker ဖြင့်ဆိုလျှင် ၁၂ မိနစ်လောက် မီးမြေးမြေးဖြင့် ချက်စားနိုင်ပါသည်။
Rice cooker ဖြင့်လည်း ချက်နိုင်ပါသည်။


ပဲငပိ အစပ်


ပဲငပိ အစပ် ပုလင်း 



ကြက်ဆီထမင်း


" ကြက်အရေခွံကြော် ဆီ နှင့် အတူ ကြက်ပေါင်းရည်ဖြင့် ချက်ထားသော ကြက်ဆီထမင်း " 

✦  ကြက်သား - ၄ပေါင်ခွဲ ( ရင်ဘုံ ၈တုံး ) အရေခွံများကို ခွါပလိုက်ပါ။
✦  အသားသပ်သပ်၊ အရေခွံသပ်သပ်မှာ 
✦ ဆား - လက်ဘက်ရည်ဇွန်း  (၂)ဇွန်း၊ 
✦ သကြား - လက်ဘက်ရည်ဇွန်း (၁)ဇွန်း၊ 
✦ ပဲငံပြာရည် အကြည် - လက်ဘက်ရည်ဇွန်း (၂)ဇွန်း၊ 
✦ ပဲငံပြာရည် အနောက် - လက်ဘက်ရည်ဇွန်း (၂)ဇွန်းနဲ့ နှယ်ပေးထားလိုက်ပါ။

✦ ကြက်သားကို  ရေဖြည့်ပီး .. ကြက်သွန်ဖြူ ( ၄ ) မွှာ
✦  ဂျင်း လက်တဆစ်တို့နှင့် အတူ 
✦ ငရုတ်ကောင်းမှုန့်- လက်ဘက်ရည်ဇွန်း ( ၁ ) ဇွန်း ထည့်ပီး ပြုတ်ထားလိုက်ပါ။

✦ (ကြက်သားပြုပ်သည့်အခါ ကြက်သားထဲက ရေလည်း ထွက်တတ်တာမို့ကြက်သားတုံးမြုပ်တဲ့အထိပဲ ရေကို ထည့်ပြုတ်ပေးထားပါ။)

✦ ဆီကို ထမင်းစားဇွန်း ၃ ဇွန်း မီးအပူပေးပီး ကြက်အရေခွံများကိုကြော်ပါ။ ပီးလျှင် ကြက်အရေခွံကြော်များကို ဆယ်ထားပါ။
✦ ကြက်အရေခွံကြော်တဲ့ဆီထဲကို ကြိတ်ထားသော ကြက်သွန်ဖြူ ၂မွှာလောက် ထည့် ဆီသတ်ပါ။
✦  ဆန် ထည့်ပါ။ ဆီဖြင့် ဆန်များ လူးပီး ကြော်ပီးပါက ..
✦  စောပိုင်းက ကြက်သားပြုတ်ထားတဲ့ ကြက်ပြုတ်ရည်ရယ်ပေါင်းပီး 
✦ ထမင်းအိုးထဲမှာ rice cooker cup နဲ့ ဆန်က ၅ ခွက်ခွဲဆို ကြက်ပြုတ်ရည်က ၅ ခွက်လောက်ပဲ ချိန်ပီး ထည့်ပေးလိုက်ပါ။
✦ ဆီဖြင့် ချက်သော ထမင်းဖြစ်တာမို့ ရေကို နည်းနည်း လျှော့ထည့်ချက်ပါ။ 
ကုလားပဲ ထမင်းဆိုလျှင် ပုံမှန် ထမင်းချက်သည့် ရေပမာဏလောက်ပါပဲ။ ဆီဖြင့် ချက်သော ထောပတ်ထမင်း၊ ကြက်ဆီထမင်းမှာ ရေကို အနည်းငယ်လောက် လျှော့ထည့်ချက်ပါက ထမင်းဆန်စေ့ လှပ ကော့စင်းပါသည်။ ထမင်း မာသွားတာ မဟုတ်ပါဘူး။ အခု ဆန်က ယိုးဒယားဆန် Jasmine rice ပါ။

✦ ကြက်ပြုတ်ရည် အိုးထဲက ဆယ်ထားသော ကြက်သားများကို oven ထဲမှာ ကင်လိုက်ပါ။

✦ oven 350°F နဲ့ 15 minutes သာသာလောက် မိမိ နှစ်သက်သလို ရွှေအိုရောင် သန်းလာသည့်အထိ ကင်ပေးပါ။ ပျားရည် ကြိုက်တတ်ရင် အပေါ်ကနေ ပျားရည် သုပ်ပီး ကင်လည်း ရသလို ဆီ အနည်းငယ် သုပ်ပီး ကင်နိုင်ပါသည်။


အိမ်ချက် .. ခရမ်းချဉ်သီး ပဲငပိချက်


ကြက်အရေခွံကြော်သုပ်၊ ကြက်ဆီထမင်း၊ ခရမ်းချဉ်သီး ပဲငပိချက်


ကြက်ဆီထမင်းအိုး


ကြက်အရေခွံကြော်


ကြက်အရေခွံကြော်သုပ်


✪ ကြက်အရေခွံကြော်
✪ ပါးပါးလှီးထားသော ကြက်သွန်နီ
✪ ငံပြာရည်
✪ ငရုတ်ဆီ
✪ ဆား အနည်းငယ်
နာနတ်ပွင့်၊ စော်ကားသီး ဆီသတ်ပီး ကြက်သွန်ဖြူထည့်ကြော်ထားသော ကြက်သွန်ဖြူဆီချက် အပါအ၀င်
✪ ဟင်းခတ်မှုန့် အနည်းမျှဖြင့် သုပ်ထားသော ကြက်အရေခွံကြော်သုပ်

  • အရင်ပိုစ့်များ



2 comments :

ခရစ္စတလ် said...

ထိုင်းက မပြန်ခင် ကြက်ဆီထမင်းချက်တတ်အောင်တော့ ကြိုးစားရအုံးမယ် :)

သီရိရတနာ said...

@ ခရစ္စတလ် -
ပြည်တော်ပြန်မှာလား .. ပျော်စရာကြီး ...
အစစ အဆင်ပြေပါစေနော် ...

ကိုယ်လည်း ပြည်တော်ပြန်ချင်တယ်။