Tuesday, February 19, 2013

ဌက်ပျော်သီး ပေါင်မုန့်ဝိုင်း


ဌက်ပျော်သီး ပေါင်မုန့်ဝိုင်း

  • ဌက်ပျော်သီး - ၄ လုံး၊ အမှည့်ဆို ပိုကောင်းပါသည်။ ခြေထားပါ။
  • ကြက်ဥ - ၂ လုံး
  • သကြား - ½ ခွက်
  • ထောပတ် - 1/3 ခွက်၊ ထောပတ် အရည်ဖျော်ထားပါ။
  • ဂျုံမှုန့် - 1 ½ ခွက်
  • Baking soda - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
  • Baking powder -  လက်ဘက်ရည်ဇွန်း ½ ဇွန်း
  • အပေါ်မှာ ဖြူးဖို့ ချောကလက် အတုံးသေးသေးလေးများ၊ စပျစ်သီးခြောက်များ၊ သီဟိုစေ့၊ ဗာဒံစေ့ ( Almond )  နှင့် ကြိုက်နှစ်သက်ရာ သစ်သီး အစေ့များ ...

IMG_2611


  • မုန့်ဖုတ်သည့် အာဗမ်ကို ပူနေအောင် အရင် ကြိုဖွင့်ထားပါ။
  • ဌက်ပျော်သီး ၄ လုံးကို အရင်ခြေထားပါ။
  • သကြား၊ ကြက်ဥ၊ ဂျုံမှုန့်၊ ထောပတ်၊ မုန့်ဖုတ် ပေါင်ဒါ၊ မုန့်ဖုတ် ဆိုဒါ ထည့်ပီး မွှေစက်ဖြင့် ညက်နေအောင် မွှေပါ။
  • muffin case ထဲကို ယောင်းမ တစ်ဇွန်းစီ ခပ်ထည့်ပါ။
  • အပေါ်မှာ ကြိုက်နှစ်သက်ရာ စပျစ်သီးခြောက်၊ ချောကလက်စေ့၊ ဗာဒံစေ့၊ သီးစုံ အချိုများ .. ကြိုက်နှစ်သက်ရာ ဖြူးပါ။
  • Preheat oven မှာ မိနစ် ၂၀ မုန့်ဖုတ်ပါ။
  • မုန့်ဖုတ် ကြာချိန် ၁၅ မိနစ်လောက်ဆိုလျှင် သွားကြားထိုးတံလေးဖြင့် မုန့်သား ကျက်မကျက် စမ်းကြည့်ပါ။
  • သွားကြားထိုးတံလေးမှာ မုန့်နှစ်ရည်များ ကပ်ပါနေလျှင် မုန့်သား မကျက်သေးပါဘူး။
  • သွားကြားထိုးတံမှာ မုန့်သားများ မကပ်တော့ဘူးဆိုလျှင် ရပါပီ။
  • အပြင်မှာ ၁၀ မိနစ်လောက် အအေးခံပီးလျှင် စားလို့ ရပါပြီ။

IMG_2613 
ဌက်ပျော်သီး ပေါင်မုန့်ဝိုင်း အပြင် မိမိ ကြိုက်နှစ်သက်ရာ စတော်ဘယ်ရီသီး၊ ထောပတ်သီး၊ ဒူးရင်းသီး ... အသီး အနှစ်အဖတ်များဖြင့် ပေါင်မုန့်ဝိုင်း မုန့်ဖုတ် လို့ ရပါသည်။ 

ဒီပေါင်မုန့်ဝိုင်း မုန့်ဖုတ်ရတာ အရမ်းကို လွယ်ပါတယ်။ အိမ်မှာ ကလေးများ ကိုယ်တိုင် စိတ်တိုင်းကျ မုန့်ဖုတ်တတ်ကြပါတယ်။ 

မုန့်ဖုတ်ဖို့အတွက် ပြင်ဆင်ချိန် ၁၀ မိနစ် နှင့်
မုန့်ဖုတ် ကြာချိန် - ၁၅ မိနစ် မှ မိနစ် ၂၀ အထိ သာ ကြာတာမို့ ဒီမုန့် က အရမ်းလွယ်သော ချက်နည်း တမျိုးပါ။


IMG_2614

အအေးခံမှ မုန့်နှင့် စကူ ခွါလို့ ရပါလိမ့်မည်။

IMG_2615

အတွင်းပိုင်း မုန့်သားလည်း ကျက်ပါတယ်။

IMG_2609

Banana muffin

Ingredients
  • Banana - 4, mashed
  • Egg - 2
  • Sugar - ½ cup
  • Butter - 1/3 cup, melted
  • All purpose flour - 1 ½ cup
  • Baking soda - 1 tsp
  • Baking powder - ½ tsp
  • Top with chocolate chip, raisin or any nuts as you like to sprinkle.
Preheat oven to 400ºF.
Bake for 20~22 minutes or until a toothpick inserted in center comes out clean.
Allow to cool in a tin for 10minutes.
Preparation time : 10 minutes
Cooking time : 20~22 minutes
Make : 12 muffin
Bake mini muffin for 10 ~ 15 minutes and Large muffin for 25 ~ 30 minutes.
Banana muffins are easy to make for kids.

0 comments :