Monday, February 18, 2013

ကြက်သား လက်ဘက် အရည်သောက်ဟင်း




IMG_2593

လက်ဘက် ကြက်သား အရည်သောက်ဟင်း

  • ကြက်သား - ၄ပေါင်ခွဲ
  • ဆား - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း၊ ကြိုက်နှစ်သက်သလို အရသာ လိုတိုးပိုလျှော့ ပြင်နိုင်ပါတယ်။
  • ငရုတ်သီး အရောင်တင်မှုန့် - လက်ဘက်ရည်ဇွန်း ၁ ဇွန်း
  • ဆနွင်းမှုန့် - လက်ဘက်ရည်ဇွန်း ¼
  • လက်ဘက်ခြောက် - ¼ ခွက်
  • ကြက်သွန်ဖြူ - ၆ မွှာ
  • ကြက်သွန်နီ (ဥကြီး) - ၁ လုံး
  • ဂျင်း - လက်တဆစ်
  • ဆီ - ¼ ခွက် ( ဆီသတ်ချက်ရုံပဲမို့ ဆီကို လျှော့ပီး ထည့်ချက်လို့ ရပါတယ် )
  • မန်းကျည်းမှည့် အရည်

IMG_2595

  • Chicken  – 4.57lb
  • Salt – 1 tsp
  • Fish sauce - 2 tbsp, as you like taste
  • Paprika – 1 tsp
  • Turmeric Powder – ¼ tsp
  • Green tea - ¼ cup
  • Garlic – 6 cloves
  • ( Red ) Onion – 1
  • Ginger – 1 tbsp
  • Vegetable Oil – 1/4 cup
  • Tamarind sauce
 
IMG_2600


  • ကြက်သားကို ဆား၊ ငံပြာရည်၊ ငရုတ်သီး အရောင်တင်မှုန့်၊ ဆနွင်းမှုန့် တို့ဖြင့် နှံစပ်နေအောင် နှယ်ထားပါ။
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်းတို့ကို ထောင်းထားပါ။
  • ဆီ ကို မီးအပူပေးပီး
  • ဆီပူပီ ဆိုတာနှင့် ကြက်သွန်ဖြူ၊ နီ၊ ဂျင်းတို့ကို ရွှေအိုရောင် သန်းသည့်အထိ ဆီသတ်ပါ။
  • ပီးလျှင် လက်ဘက်ခြောက်ကို ထည့်ပါ။
  • လက်ဘက်ခြောက်နှင့် အနှစ်များ ရောမွှေကြော်ပီးတာနှင့် တပြိုင်နက် နှပ်ထားသော ကြက်သားကို ထည့်ပီး ...
  • အစာပလာများနှင့် ကြက်သားတုံးကို သေချာ နှံစပ်နေအောင် မွှေချက်ထားပါ။
  • ပီးမှ ရေကို ဖြည့်ပါ။
  • ငရုတ်သီးစိမ်းများကို ထည့်ပါ။
  • လက်ဘက် ကြက်သားဟင်းက ကြက်သားထဲ လက်ဘက်ခြောက် အရသာ အခါးလေး ၀င်မှ ပိုစားကောင်းတာမို့ ဖြစ်နိုင်လျှင် .. မီးမြေးမြေးထက် တထစ်လျှော့ဖြင့် ခပ်ကြာကြာလေး တည်ပါ။
  • အရည်သောက်မို့ ရေခမ်းသည့်အထိ .. ဆီပြန်သည့်အထိ ချက်စရာမလိုပါ။
  • ဆီပြန်ချက်မည်ဆိုလျှင် လက်ဘက်ခြောက်ကို လျှော့ထည့်ပါ။
  • ကြက်သားများ နူးလာပါက မန်းကျည်းမှည့်ရည် အနည်းငယ်လောက် ထည့်မွှေပေးပါ ...

ဒီဟင်းအရသာက ဘာနှင့် သဏ္ဍာန်တူသလဲး ဆိုလျှင် လက်ဘက် အသားကို ငံပြာရည်၊ ငရုတ်သီးစိမ်းဖြင့် နှပ်ထားသော လက်ဘက် နှင့် ထမင်းကို နှယ်ပီး
ကြက်သားဟင်း ဆီပြန်ဖြင့် တွဲဖက်စားသလို အရသာမျိုးနှင့် အနည်းငယ်တူပါတယ်။

အခုက ကြက်သား အရည်သောက်ကို လက်ဘက်ခြောက် အရသာ ခါးခါး ထည့်ချက် .. ငရုတ်သီးစိမ်း အနံမွှေးမွှေးဖြင့် ခါးခါး၊ စပ်စပ် ချက်ထားသော ဟင်းဖြစ်ပါတယ်။

မီးမြေးမြေးဖြင့် အသားနူးသည့်အထိ .. ကြက်သားထဲကို လက်ဘက်ခြောက် အရသာ ၀င်သည်အထိ ချက်ထားသော အရည်သောက်ဟင်း ဖြစ်ပါတယ်။

2 comments :

JuneOne said...

ထူးဆန်းလိုက်တာ...

သီရိရတနာ said...

@ June One - အံ့သြသွားသလား မမြ၀င်း ...

အဲ ... ထူးဆန်းသွားသလား ဂျွန် ..

ဟား .. ဟ ... ဟား :D

ဘဲသားလို အဆီဝဖြိုးတဲ့ အသားဖြင့် ချက်စားလျှင် ပိုစားကောင်းတယ်။ အီတဲ့ အသားကို အခါး အရသာ သွင်းပီး ချက်စားတာလေ ...

ကြက်သားကျတော့ မွေးမြူရေးကြက်က အဆီဖြိုးပီးသားလေ ...

အခါးအရသာသွင်းပီး ငရုတ်သီးစိမ်း ဖြင့် အုပ်ချက်ထားတာမို့ ခါး စပ်လေး ..

ကိုယ်က လက်ဘက်ခြောက်ကို အရမ်းကြိုက်တော့ အဲဒီ အရသာပါတဲ့ ဟင်းကို ကြိုက်ပါတယ် ...