Friday, February 22, 2013

ဘော့စ်စတန်



Phtoto credit : My sister


ဘော့စ်တန် လေဆိပ်မှ ဂျပန်လေကြောင်းလိုင်း




ဘော့စ်တန်မြို့










Boston cat













































ကိုယ်တို့ မိသားစုအပေါ်မှာ စိတ်သဘောထားကောင်းသော အိမ်နီးချင်းကောင်း မိတ်ဆွေ ... Connecticut ( ကွန်နတ်တီကတ် ) ကနေ Wisconsin ( ၀ှစ်(စ်)ကွန်စင် ) ကို ပြောင်းရွှေ့သွားတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။
Wisconsin က Chicago ( ရှီကာဂို ) နားမှာပါ။
Wisconsin ကနေ Chicago သွားမယ်ဆိုရင် ၃ နာရီလောက် ကားမောင်းရပါတယ်။
Michigan ( မစ်ရှီဂမ် )  နှင့်တော့ နည်းနည်းလှမ်းတယ်။
Cleveland, Ohio ( ကလီဗလန်၊ အိုးဟိုင်းရိုး )  နှင့်လည်း ဝေးသေးတယ်။
Wisconsin ~ Cleveland, Ohio ကို ကားနဲ့ဆို ၉ နာရီလောက်မောင်းရပါတယ်။
Connecticut နှင့်ဆိုရင် ၁၈ နာရီကျော်လောက် မောင်းရတယ်။
ပိုဝေးတယ်။ နောက်တခေါက် ပြန်ဆုံတွေ့ဖို့ ဆိုတာ သိပ်မလွယ်ကူတော့ပါဘူး။
သူမ ပြောင်းရွှေ့တော့ သူမပစ္စည်းတွေကို B & J Moving and Storage ကားဖြင့် သယ်ယူပါတယ်။




ကားခ အမေရိကန် ဒေါ်လာ ၃၀၀၀ နီးပါးလောက် ပေးရပါတယ်။
သူမ မြတ်နိုးသော ပစ္စည်းများမို့ပါ။
တော်တ်ာများများက State ပြောင်းရွှေ့ရင် ပစ္စည်းတွေ မသယ်တာများပါတယ်။
ပစ္စည်းတန်ဘိုးထက် ကားခက ဈေးများနေတာလည်း ပါသလို ပစ္စည်းများ အလွယ်တကူ ၀ယ်ယူနိုင်တာလည်းပါတယ်။

သူမ ... အိမ်ပြောင်းခါနီးညက ကိုယ့်ဆီမှာ ကြက်ဥ ၂ လုံး လာချေးပါသေးတယ်။ အိမ်ပြောင်းတော့မှာမို့ သူမက စားစရာ သိပ်မ၀ယ်တော့ဘူး။ ပစည်းတွေလည်း သိမ်းဆည်းပီးပီ။ ကိုယ်က ကြက်ဥ တကဒ်လုံး ပေးတာတောင် လိုသလောက်ပဲ ယူတယ်။ ပိုမယူဘူး။ ( အလကားပေးတာတောင် ကိုယ်လောဘကို ကိုယ်ရဲ့ အရှက်တရားနဲ့ ထိန်းတယ်။ ) 

အမေရိကားမှာ enough ဆိုတာ တော်တော်များများ သုံးပါတယ်။ အလကား ပေးပေမယ့်လည်း .. လိုမှ ယူတယ်။ မလိုရင် မယူဘူး။ သင့်တော်ရုံပဲ သူများဆီက အကူအညီ ယူတယ်။ ကိုယ့်အား ကိုယ်ကိုးကျတာများပါတယ်။

ကိုယ်ဆိုရင်ရော .. တကဒ်လုံး ပေးရင် ယူထားပီး .. ညစာ ၂ လုံးပဲ စား .. ကျန်တာ မနက်ကျရင် ကြက်ဥပြုတ်ပီး လမ်းမှာ ခရီးသွားရင်း စားဖြစ်မလား .. ( မသိပါဘူး။ မသေချာပါဘူး။ ကိုယ့်လည်းလေ " No, That's enough for me. Thank you" ) လို့ဘဲ ပြောဖြစ်ပါတော့မယ်။


B & J Moving and Storage FB : https://www.facebook.com/bandjmoving
B & J Moving and Storage တည်နေရာက Lansing, Michigan


တချို့က U-Haul ဖြင့် ပစည်းများ ရွှေ့ ပြောင်းကြပါတယ်။ U-Haul က အလုပ်သမား မပါဘူး။ ကိုယ့်ပစည်း ကိုယ့်ဘာသာ ကိုယ်သယ်ပီး Truck ကားကိုလည်း ကိုယ့်ဘာသာ မောင်းချင် မောင်း .. သို့မဟုတ် မောင်းမယ့်သူပါ ဌားရင် ဈေးတမျိုး နှင့် Truck ကား ပဲ ဆိုရင် ဈေးတမျိုးပါ။

ကိုယ့် အိမ်နီးချင်းက ဘီဒို၊ အလေး ပစည်းများ မသယ်နိုင်တာမို့ B & J Moving and Storage ဖြင့် အိမ်ပြောင်းရွှေ့တာပါ။ ကားခ ဈေးပိုကြီးသွားပါတယ်။ ကားမောင်းသူကော .. ပစည်း အတင် .. အချ ပါ လူပါတယ်။ ဟိုဘက်ရောက်ရင်လည်း ပစည်းတွေ သေချာ နေရာပြန်ချပေးပါတယ်။ 

U-Haul ကားဖြင့်ဆိုရင် ထက်ဝက်လောက် ဈေးသက်သာပါတယ်။


0 comments :